← Chapters

ထူးဆန်းသော လက်ဖဝါး၊ အသက် ၂၀,၀၀၀ ပြည့်ခြင်း

Vol. 44 Ch. 486

ထူးဆန်းသော လက်ဖဝါး၊ အသက် ၂၀,၀၀၀ ပြည့်ခြင်း

Vol. 44 Ch. 486

ကျင်းတုန်ကုန်း ထွက်ခွာသွားတဲ့အချိန်ကစလို့ နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ဂူအောင်းကျင့်ကြံရင်း တာအိုပညာရှိမင်ကျွယ်ကို ပုံမှန်ကျိန်စာတိုက်ကာ စာစောင်တွေကိုလည်း စစ်ဆေးပါတယ်။

စာစောင်တွေထဲမှာ အများဆုံးပါတဲ့ အကြောင်းအရာကတော့ အခွင့်အလမ်းမျိုးစုံပါ။ ဟန်ကျွယ်ဟာ အတော်ပျင်းသွားပါတယ်။ ဒါပေမဲ့ အခုအချိန်က ငြိမ်းချမ်းနေတဲ့ ကာလဖြစ်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်း အင်အာကြီးထွားလာဖို့ အခွင့်ကောင်းပါ။

တိတ်ဆိတ်ဂိုဏ်းတပည့်တွေရဲ့ ကျင့်ကြံမှုဟာလည်း ဆက်တိုးတက်လာပါတယ်။ ဘယ်သူ့ကျင့်ကြံမှုကမှ ရပ်သွားတယ် မရှိပါဘူး။ ဒီလိုဖြစ်ရတာက အန္တိမမူလ မဟာတာအိုကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ တိတ်ဆိတ်ဂိုဏ်း တပည့်အားလုံးဟာ ဒီအန္တိမမူလ မဟာတာအိုကို နားထောင်တိုင်း တစ်ခုမဟုတ် တစ်ခု ရလိုက်တာချည်းပါပဲ။

ဟန်ကျွယ်ဟာ မဟာတာအိုကို နားလည်လာလေလေ ကျင့်ကြံမှုလမ်းစဉ်မှာ အရည်အချင်းက သိပ်အရေးမကြီးမှန်း သိလာပါတယ်။ ကျင့်ကြံမှုလမ်းစဉ်မှာ အမှန်တကယ် အရေးပါအရာရောက်တာက သုံးသပ်နားလည်နိုင်စွမ်းပါ။

ဒီနေ့မှာတော့ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ဝူတောက်ကျန့်ဟာ နဝမအဆင့် အင်မော်တယ်ဧကရာဇ်မို့ နတ်မင်းအဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။ ဝူတောက်ကျန့် ဟန်ကျွယ်ဆီ လာတာကလည်း ဒီကိစ္စအတွက် အကူအညီ လာတောင်းတာပါ။

ဟန်ကျွယ်ကလည်း နတ်မင်းအဆင့်ကို အဓိကထားပြီး တာအိုဟောကြားပေးလိုက်ပါတယ်။

နှစ် ၂၀ ကြာတဲ့အခါမှာတော့ ဝူတောက်ကျန့်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။ ဒီလိုနဲ့ နောက်ထပ် ၁၃၉ နှစ် ကြာတဲ့အခါမှာတော့ ဝူတောက်ကျန့်ဟာ နတ်မင်းအဆင့်ကို အောင်မြင်စွာ ထိုးဖောက်ပြီး မူလဆန်းကြယ် နတ်စွမ်းအားတစ်ပါးကို ရရှိသွားပါတယ်။

တိတ်ဆိတ်ဂိုဏ်းမှာ နောက်ထပ် နတ်မင်းအဆင့် ကျင့်ကြံသူတစ်ဦး ထပ်တိုးလာခဲ့ပါပြီ။

တိတ်ဆိတ်ဂိုဏ်းရဲ့ အောက်ဆုံးမှာရှိတဲ့ ရှန်တျန်သက်ရှိတွေဟာလည်း ကျင့်ကြံမှုကို စပြီးတော့ အာရုံစိုက်လာကြပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် ပတ်လည်မှာလည်း ရှန်တျန်သက်ရှိတွေ ပိုပိုတိုးလာပါတယ်။ ဒါပေမဲ့ ရှေးမိစ္ဆာယင် ရှုံးနိမ့်ပြီးကတည်းက ဘယ်သူမှ တာအိုစက်ကွင်းထဲဝင်ဖို့ မကြိုးစားရဲတော့ပါဘူး။

“ဝုန်း...”

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးက မြေပြင်ဟာ ပြင်းထန်စွာ လှုပ်ခါသွားတဲ့အတွက် ရှန်တျန်သက်ရှိတွေနဲ့ သားရဲကြမ်းတွေကို အလန့်တကြား ဖြစ်သွားစေပါတယ်။

ဧရာမလက်ချောင်းတွေဟာ မြေကြီးထဲကနေ ထိုးထွက်လာပြီး မကြာခင်မှာပဲ လက်ဖဝါးတစ်ခုလုံး ပေါ်လာပါတယ်။ မြေကြီးပေါ်မှာ မတ်မတ်ရပ်နေတဲ့ ဒီဧရာမလက်ဖဝါးဟာ တောင်တစ်လုံးထက်တောင် ပိုကြီးပြီး သူ့လက်ချောင်းတွေက တိမ်ကိုတောင် ထိနေပါတယ်။

ဒီလက်ဖဝါးဟာ သွေးတွေစိုရွှဲနေပြီး အလောင်းကောင်လို တောင့်တင်းနေပါတယ်။

ဖူစန်းသစ်ပင်အောက်က ကျန်းယီဟာ ဧရာမလက်ဖဝါးကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ငါ ဒီလက်ဖဝါးကို တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ”

ငရဲကြက်နက်က လေသံအေးအေးလေးနဲ့ ပြောလိုက်ပါတယ် “လွန်ခဲ့တဲ့နှစ်ထောင်ချီက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကင်ပေါ်ကနေ ကျလာတာလေ၊ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ပါးပါးက တစ်ခုခုကို ကြံစည်နေတာ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် အဲဒီအစိတ်အပိုင်းတွေ ငါတို့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ မပေါ်လာမချင်း ငါတို့တွေ စိုးရိမ်စရာမလိုပါဘူး”

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက လူတိုင်းဟာ ဒီလက်ဖဝါးအကြောင်း ဆွေးနွေးကြပါတယ်။

တာအိုဘုံကျောင်းထဲမှာရှိတဲ့ ဟန်ကျွယ်ကတော့ လက်ဖဝါးကိုကြည့်ပြီး ထူးဆန်းသွားပါတယ် ‘ဒီလက်ဖဝါးက... ဇုထူရဲ့လက်ပဲ... ဒါပေမဲ့ ဒီလက်ဖဝါးက ပိုပြီးတော့ မိစ္ဆာဆန်တယ်... ဇုထူရဲ့ အလောင်းကို တာအိုပညာရှိတစ်ပါးပါးက ယူသွားတာလား’

ဇုထူဟာ ကပ်ဘေးအစမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပါ။ ဟန်ကျွယ်ရဲ့ ကျိန်စာတိုက်မှုကြောင့်သာ မဟုတ်ရင် ကပ်ဘေးကို အနိုင်ရဖို့ အလားအလာ တော်တော်များပါတယ်။ အခုဇုထူရဲ့ လက်ဖဝါးက တာအိုစက်ကွင်းနားမှာ ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ နည်းနည်းတော့ စိုးရိမ်သွားပါတယ်။

“ဒီလက်ဖဝါးက ငါ့တာအိုစက်ကွင်းနားမှာ ဘာလို့ ပေါ်လာရတာလဲ” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ဧကရာဇ်ရှောင်၏ လက်ချက်ဖြစ်သည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘တကယ်ပဲ ဒီကောင် လက်ချက်ကိုး’

အင်မော်တယ်ကမ္ဘာမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လိုက်ကြဲတဲ့လူကလည်း ဧကရာဇ်ရှောင်ပါပဲ။ ဧကရာဇ်ရှောင်က မိစ္ဆာမျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ပါး ဖြစ်တဲ့အတွက် မိစ္ဆာမျိုးနွယ်စုရဲ့ အထောက်အပံ့ကို ရရှိထားပါတယ်။ ဧကရာဇ်ရှောင် ဟန်ကျွယ်ကို သတိထားမိသွားတာကလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြလို့ပါပဲ။

ဟန်ကျွယ်ဟာ မိစ္ဆာမျိုးနွယ်စုက နောက်အနန္တကပ်ဘေးကျရင် ပြန်ပေါ်လာပြီး အင်အားပြန်ကြီးလာလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အများကြီး မတွေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဧကရာဇ်ရှောင် ကိုယ်တိုင်လာရင်တောင် သူ့တာအိုစက်ကွင်းကို ထိုးဖောက်လို့မရဘူးဆိုတာ သေချာနေလို့ပါပဲ။

ဧရာမလက်ဖဝါးကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိတွေ ထွက်ပြေးကုန်ကြတဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ ပြန်လည်အေးချမ်းသွားပါတယ်။

ဇုထူရဲ့ လက်ဖဝါးဟာ အကုသိုလ်ကံတွေနဲ့ ရန်ငြိုးတွေကို စုပ်ယူထားခဲ့တဲ့အတွက် ဒီလက်ဖဝါးကနေ ထုတ်လွှတ်နေတဲ့ ကြမ္မာဆိုးရောင်ဝါဟာ သက်ရှိတွေကို မသက်မသာ ဖြစ်စေပါတယ်။ နှစ်အနည်းငယ် အတွင်းမှာပဲ ကြမ္မာဆိုးရောင်ဝါကို မခံနိုင်တဲ့ သက်ရှိတွေဟာ ထွက်ပြေးကုန်ကြပါတယ်။

ဒါကလည်း ဟန်ကျွယ် လိုချင်တဲ့အရာပါ။

ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တစ်ခုတည်း မဟုတ်ဘဲ ချီစွမ်းအင် ပေါများကြွယ်ဝတဲ့ နေရာတိုင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိနေတာကို တွေ့လိုက်ရပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဧကရာဇ်ရှောင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပါတယ် ‘ဒီကောင်က ရှန်တျန်သက်ရှိတွေ အင်အားကြီးလာမှာကို တားဆီးချင်တာပဲ’

ဟန်ကျွယ်ဟာ သူ့ကို ပစ်မှတ်ထားတာ မဟုတ်တဲ့အတွက် ဂရုမစိုက်တော့ပါဘူး။ ဒီလိုနဲ့ နောက်ထပ် နှစ် ၇၀၀ ကုန်ဆုံးသွားပါတယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်က ကျင့်ကြံသူ တော်တော်များများ ပေါ်လာပါတယ်။ ဒီကျင့်ကြံသူတွေဟာ ဇုထူရဲ့ လက်ဖဝါးဆီ အပြေးသွားပြီး အစီအရင်တစ်ခုကို တည်ဆောက်ကြပါတယ်။

ဒီမြင်ကွင်းက တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။

လုံဟောင်ဟာ ဒီကျင့်ကြံသူတွေ ဝတ်ဆင်ထားတဲ့ တာအိုဝတ်ရုံကို မှတ်မိတဲ့အတွက် တအံတဩ ပြောလိုက်ပါတယ် “ကျယ်ကျောင်းတော် တပည့်တွေ”

‘ကျယ်ကျောင်းတော် ဂိုဏ်းချုပ်က ဒီကို ရောက်လာခဲ့ပြီးပြီပဲ၊ ဘာဖြစ်လို့ ဒီလောက်များတဲ့ တပည့်တွေ ထပ်ရောက်လာရတာလဲ၊ သူတို့တွေက ဘာလိုချင်တာလဲ’

တခြားသူတွေဟာလည်း ကျယ်ကျောင်းတော် တပည့်တွေကို စိုက်ကြည့်လိုက်ကြပါတယ်။

ဟန်ကျွယ်ကိုယ်တိုင်လည်း တာအိုဘုံကျောင်းထဲကနေ ကြည့်နေတာပါ။

လေးငါးဆယ်ရက် အကြာမှာတော့ ကျယ်ကျောင်းတော် တပည့်တွေဟာ ဇုထူရဲ့ လက်ဖဝါးကို ဝန်းရံပြီး အစီအရင်ကို နိုးလိုက်ပါတယ်။ အစီအရင် အသက်ဝင်လာပြီး ရွှေရောင်ချိန်းကြိုးတွေ ဖြစ်ပေါ်လာကာ ဧရာမလက်ဖဝါးကို ရစ်ပတ်နှောင်ဖွဲ့လိုက်ပါတယ်။ တစ်ချိန်တည်းမှာ အနက်‌ရောင်မီးလျှံတွေနဲ့ ထူးဆန်းတဲ့ အနီရောင်ချီလည်း ပေါ်လာပါတယ်။

ကျယ်ကျောင်းတော်ရဲ့ တပည့်ထောင်ချီဟာ မန္တန်တွေကို ဆက်တိုက် အသုံးပြုကြပါတယ်။

ကောင်းကင်ယံမှာ ရွှေဘီးစကြာတစ်ခု ပေါ်လာပါတယ်။ ဒီရွှေဘီးစကြာဟာ ရွှေကွင်းဒါဇင်ကျော်ကနေ ဖြစ်ပေါ်လာပြီး အတော်လေး ခမ်းနားကြီးကျယ်ပုံ ပေါ်ပါတယ်။

ဒီအချိန်မှာပဲ ဧရာမလက်ဖဝါးဟာ ပြင်းထန်စွာ လှုပ်ခါလာပါတယ်။

“ဝုန်း...”

ထူးဆန်းတဲ့ အင်အားတစ်ခုအာ ရုတ်တရက် ထွက်ပေါ်လာပြီး ကျယ်ကျောင်းတော် တပည့်တွေကို ရိုက်ခတ်သွားပါတယ်။ ချက်ချင်းဆိုသလိုပဲ ‌ရှေ့ဆုံးက ကျယ်ကျောင်းတော် တပည့်တွေဟာ တစ်ခါတည်း ကျောက်ရုပ်ဖြစ်ပြီး အမှုန့်အဖြစ် ပြောင်းလဲသွားပါတယ်။

ဒီမြင်ကွင်းက တစ်ခြားတပည့်တွေကို ကြောက်ရွံ့ထိတ်လန့်သွားစေပါတယ်။

ဒီလောက်နဲ့ မပြီးသေးပါဘူး။ ဇုထူရဲ့ လက်ဖဝါးဟာ လက်သီးဆုပ်လိုက်တဲ့အခါ အရပ်ဆယ်မျက်နှာကနေ လေပြင်းတွေ တိုက်ခိုက်လာပြီး ပတ်ဝန်းကျင်က အစီအရင်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။

တခြားတပည့်တွေလည်း အတော်လေး အထိနာသွားပါတယ်။ သူတို့တွေဟာ တောတောင် မြစ်ချောင်းတွေထဲ ပြုတ်ကျပြီး အသွေးအသားတွေ အစုပ်ယူခံရသလို တစ်ကိုယ်လုံး ခြောက်ကပ်ကုန်ပါတယ်။ ကျယ်ကျောင်းတော် တပည့်တွေဟာ အကူအညီတောင်းချင်ပေမဲ့ ဘာအသံမှ မထွက်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ ကျယ်ကျောင်းတော် တပည့်အားလုံး သေဆုံးသွားပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် ပတ်လည်ဟာ ပြန်လည် ငြိမ်သက်သွားပါတယ်။

တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ကြက်သေသေသွားကြပါတယ် ‘ဒီလက်ဖဝါးက ဒီလောက်တောင် အစွမ်းထက်တာလား’

ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်နေပြီဖြစ်တဲ့ တာအိုအရှင်သခင်ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဇုထူရဲ့လက်ဖဝါးက တာအိုပညာရှိအတုနီးပါး စွမ်းအားရှိနေတာကို ခံစားမိပါတယ်။ ဒါကြောင့်လည်း အင်မော်တယ်ဧကရာဇ် သုံးလေးပါးပဲပါတဲ့ ကျယ်ကျောင်းတော်တပည့်တွေက ဒီလက်ဖဝါးကို မနိုင်တာပါ။

‘ကျင်းတျန်ကုန်းက သူတို့ကို ဘာလို့ ဒီလာပြီး သေခိုင်းတာလဲ’ ဟန်ကျွယ်ဟာ ဒီကိစ္စအတွက် အဖြေရှာမရပါဘူး။

ဟန်ကျွယ်မသိတာက ကျယ်ကျောင်းတော် တစ်ခုလုံးက နေရာတကာမှာရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လိုက်ပြီးတော့ နှိမ်နင်းနေတာပါ။

ကျယ်ကျောင်းတော် တပည့်တွေ သေဆုံးသွားတဲ့အခါ ဇုထူရဲ့ လက်ဖဝါးဟာ နဂိုပုံစံကို တဖြည်းဖြည်း ပြန်ရောက်သွားပါတယ်။

ဒီတိုက်ပွဲက တိတ်ဆိတ်ဂိုဏ်းသားတွေကို ထိတ်လန့်သွားစေပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ဘာမှမပြောတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ စိုးရိမ်ခြင်းတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ ဇုထူရဲ့ လက်ဖဝါးကို မြင်တိုင်း ကျောချမ်းကုန်ကြပါတယ်။

လျှပ်တစ်ပြက်အတွင်း နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။

[သင်သည် အသက် ၂၀,၀၀၀ ပြည့်ပြီဖြစ်သောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]

[၁။ အပြင်ထွက်ပြီး အနန္တကပ်ဘေး လက်ကျန်များကို ရှင်းလင်းပါ။ ဆုလာဘ်အဖြစ် အနန္တကုသိုလ်ကံ၊ မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[၂။ သိုသိုသိသိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။

‘နောက်ဆုံးတော့ ပေါ်လာပြီပဲ...’

‘နောက်ဆုံးတော့ ငါ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထပ်ရပြီ...’

ဟန်ကျွယ်ဟာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပြီး တာအိုပညာရှိမင်ကျွယ် သေဆုံးမဲ့အချိန်ကို မျှော်တွေးကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

ကြမ္မာဆိုးစာအုပ်က ကောင်းကင်ဘဝဂ် အကောင်းစား ရတနာ ဖြစ်နေပါပြီ။ နောက်တစ်ဆင့်သာ ထပ်တက်မယ်ဆိုရင် အဆင့်ကြီးတစ်ဆင့်ကို တက်သွားမှာ ကျိန်းသေပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်း ထုတ်ယူပြီး ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။

‘ငါ့စာအုပ်က တာအိုပညာရှိအတု အဆင့်ရှိတဲ့ ဓမ္မရတနာ ဖြစ်လာမှာလား ဒါမှမဟုတ် တစ်ခါတည်း ကောင်းကင်တာအို ဓမ္မရတနာ ဖြစ်သွားမှာလား၊ ဒီလိုဆိုရင် ငါ့စာအုပ်ရဲ့ ကျိန်စာစွမ်းအားက...’

“ဂလု...”

ဟန်ကျွယ်ဟာ ဆက်မတွေးရဲတော့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters