← Chapters

လီတောက်ခုံးနှင့် လီရွှမ်အောက် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ခြင်း

Vol. 45 Ch. 492

လီတောက်ခုံးနှင့် လီရွှမ်အောက် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ခြင်း

Vol. 45 Ch. 492

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ လီရွှမ်အောက်က တာအိုပညာရှိကို သစ္စာဖောက်ရဲတဲ့အထိ ထင်ရာစိုင်းလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။

‘ငါ သူတို့ကို လက်ခံရင် ကောင်းမလား မကောင်းဘူလား’

ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးရဲ့ မျက်လုံး ဖောက်ထုတ်ခံခဲ့ရတဲ့ ကိစ္စကို အခုထိ မမေ့သေးပါဘူး။

စဉ်းစားပြီးတဲ့နောက် ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ခင်ဗျားတို့နှစ်ယောက်ကို လက်ခံဖို့က မလွယ်ဘူး၊ ပထမဆုံး ခင်ဗျားတို့နှစ်ယောက်က တိတ်ဆိတ်ဂိုဏ်းထဲဝင်ပြီး အေးအေးဆေးဆေး ကျင့်ကြံပါ့မလား၊ နေရာတကာမှ ပြဿနာလိုက်ရှာနေရင် ဘယ်လိုလုပ်မလဲ၊ နောက်ပြီး ခင်ဗျားရဲ့ ဂိုဏ်းတူညီက ကျုပ်တပည့်ရဲ့ မျက်လုံးကို ဖောက်ထုတ်ပြီး ကံတရား အထောက်အပံ့ကို လုယူခဲ့ဖူးတယ်”

လီတောက်ခုံးဟာ မှင်သက်သွားပြီး လီရွှမ်အောက်ကတော့ မျက်နှာပျက်သွားပါတယ်။

လီတောက်ခုံးဟာ လီရွှမ်အောက် မျက်နှာကို တစ်ချက်ကြည့်လိုက်တာနဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာကို သိလိုက်ပါတယ်။

ဒီအချိန်မှာပဲ...

လီတောက်ခုံးဟာ ရုတ်တရက်ဆိုသလို လီရွှမ်အောက်ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်လိုက်ပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းတဲ့အတွက် လီရွှမ်အောက်ခ‌ဗျာ ရှောင်တိမ်းချင်တောင် မရလိုက်ပါတယ်။

လီတောက်ခုံးဟာ ညာလက်ကို ဖျစ်ညှစ်ပြီး လီရွှမ်အောက်ရဲ့ မျက်လုံးတစ်စုံကို အမှုန့်ဖြစ်အောင် ချေမွပစ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “အဲဒီကိစ္စက မှန်လား မှားလားဆိုတာက ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါ့ဂိုဏ်းတူညီကို ဒီအကြွေး ပြန်ဆပ်ခိုင်းမယ်၊ ဘာပဲဖြစ်ဖြစ် မင်းတပည့်ရဲ့ မျက်လုံးရော ငါ့ဂိုဏ်းတူညီရဲ့ မျက်လုံးရော သူတို့ဘာသာ ပြန်ထွက်လာမှာပဲ၊ ဒီလောက်ဆို ငါ့စိတ်ရင်းကိုပြဖို့ လုံလောက်ပြီ ထင်တယ်”

“မင်းသာ ငါတို့ကို လက်ခံမယ်ဆိုရင် မင်းရဲ့အမိန့်အတိုင်းကို ငါတို့ နားထောင်မယ်၊ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ မင်းရဲ့အမိန့်တွေက ငါတို့ရဲ့နောက်ဆုံးစည်းကိုတော့ မကျော်ရဘူး၊ မင်းရဲ့ တပည့်အတွက်ကတော့ တောင်းပန်တဲ့အနေနဲ့ ငါ့ဂိုဏ်းတူညီကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးခိုင်းလိုက်မယ်” လီတောက်ခုံးက ဟန်ကျွယ်ကို မျက်တောင်မခတ် စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။

လီရွှမ်အောက်ဟာ ‌ဒေါသထွက်နေပေမဲ့ ဘာမှ မပြောပါဘူး။ သူ့မျက်လုံးကိုသာ လက်နဲ့ဖုံးအုပ်လိုက်ပါတယ်။ ဒါပေမဲ့ သွေးတွေကတော့ လီရွှမ်အောက်ရဲ့ လက်ချောင်းတွေကနေ စီးကျလာပါတယ်။

ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ ပြတ်သားမှုကြောင့် ဆွံအသွားပါတယ်။ ဒါပေမဲ့ အရင်တုန်းက လီတောက်ခုံးကို တိတ်ဆိတ်ဂိုဏ်းထဲဝင်ဖို့ ဟန်ကျွယ်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပါ။

“ငါ့တိတ်ဆိတ်ဂိုဏ်းထဲကို ဝင်ပြီးရင် ငါ့ခွင့်ပြုချက်မရဘဲ အပြင်ထွက်လို့ မရဘူး၊ ပုံမှန်ဆို မင်းတို့တွေ ငါ့အတွက် ဘာမှလုပ်ပေးစရာ မလိုဘူး၊ ငါက မင်းတို့ကို တာအိုဟောကြားတာနဲ့ တာအိုစက်ကွင်းကို ထောက်ပံ့ပေးမယ်၊ ဒီနေရာမှာရှိတဲ့ အင်မော်တယ်ချီနဲ့ ရှန်တျန်ချီက တခြားနေရာတွေထက် ပိုသိပ်သည်းနေတာကို မင်းတို့ ခံစားမိမှာပါ၊ မင်းတို့တွေ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ချင်တာ သေချာပြီလား”

လီရွှမ်အောက်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “ငါ့ဂိုဏ်းတူအစ်ကိုက တာအိုပညာရှိအတုနော်၊ မင်းက တကယ်ပဲ တာအိုပညာရှိအတုကို တာအိုဟောကြားနိုင်တာလား”

“ဟုတ်တယ်”

“ဒါဆိုရင် ငါတို့ရဲ့ ရာထူးအဆင့်အတန်းကရော”

“မင်းတို့ရဲ့ အစွမ်းအစကို အရင်ဆုံးကြည့်အုန်းမယ်၊ ပြီးတော့မှ မင်းတို့နေရာအတွက် စီစဉ်ပေးမယ်”

အဲဒီနောက် ဟန်ကျွယ်ဟာ ရှီတုတောက်ကို ပုံတူပွားထားတဲ့ တျန်ဝေကို ခေါ်လိုက်ပါတယ်။ တျန်ဝေက လီတောက်ခုံးထက် ပိုစွမ်းပါတယ်။

လီတောက်ခုံးက ပြောလိုက်ပါတယ် “ကောင်းပြီ၊ ငါတို့တွေလည်း တာအိုပညာရှိတွေ ပစ်မှတ်ထားတာကို ရှောင်တိမ်းချင်နေတာ”

“မင်းတို့သွားလို့ရပြီ၊ အပြင်မှာရှိတဲ့လူက မင်းတို့ကို တိတ်ဆိတ်ဂိုဏ်းနဲ့ မိတ်ဆက်ပေးလိမ့်မယ်”

လီတောက်ခုံးဟာ ခေါင်းညိတ်ပြီး လီရွှမ်အောက်နဲ့အတူ ထွက်ခွာသွားပါတယ်။ တာအိုဘုံကျောင်း အပြင်ကို ရောက်တဲ့အခါမှာ တျန်ဝေကို တွေ့လိုက်ရတဲ့ လီတောက်ခုံးဟာ မှင်သက်သွားပါတယ်။

“ဘယ်လိုဖြစ်ပြီး မင်း ဖြစ်နေတာလဲ” လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ်။

လီရွှမ်အောက်လည်း ပဟေဠိ ဖြစ်သွားပါတယ် ‘ဒီလူက ဘယ်သူလဲ၊ လီတောက်ခုံးက သူ့ကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ’

လီရွှမ်အောက်ဟာ မျက်စိမရှိလို့ မမြင်ရဘူးဆိုပေမဲ့ နတ်အာရုံ ရှိနေသေးတဲ့အတွက် မျက်လုံးမရှိတာက အရေးကြီးတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။

တျန်ဝေက ခံစားချက်မရှိတဲ့ မျက်နှာနဲ့ ပြန်ဖြေပါတယ် “ကျုပ်က တျန်ဝေ၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အစောင့်တစ်ယောက်၊ ကျုပ်နောက်က လိုက်ခဲ့ပါ၊ ခင်ဗျားတို့ကို အရင်ဆုံး နေရာတချို့ လိုက်ပြမယ်”

‘အစောင့်...’ လီတောက်ခုံးဟာ အံဩတုန်လှုပ်သွားပါတယ် ‘ရှီတုတောက်က ဘယ်လိုလုပ်ပြီး တိတ်ဆိတ်ဂိုဏ်းရဲ့ အစောင့် ဖြစ်သွားတာလဲ’

လီတောက်ခုံးတင် မဟုတ်ပါဘူး။ လီရွှမ်အောက်လည်း တုန်လှုပ်သွားပါတယ်။ လီရွှမ်အောက်ဟာ ရှီတုတောက်ကို မသိပေမဲ့ တျန်ဝေက သူ့ဂိုဏ်းတူအစ်ကိုထက် စွမ်းအားပိုကြီးနိုင်တာကို ခံစားမိပါတယ်။

တျန်ဝေဟာ လီတောက်ခုံးနဲ့ လီရွှမ်အောက်ကို နေရာအစုံ လိုက်ပြပြီး ဖူစန်းသစ်ပင်မှာ တအောင့် ရပ်လိုက်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေ အကုန်လုံးဟာ လီတောက်ခုံးနဲ့ လီရွှမ်အောက် အကြောင်းကို သိချင်လာကြပါတယ်။

လုံဟောင်က တအံတဩ ပြောလိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်နှစ်ယောက်တောင် ရောက်လာပါသကောလား၊ တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားက ထပ်ကြီးထွားသွားပြန်ပြီ”

ပဋိပက္ခကောင်းကင်ခွေးကတော့ လီရွှမ်အောက်ကို မြင်လိုက်ရတဲ့အတွက် သေးထွက်ကျလုနီး ဖြစ်သွားပါတယ်။ ဒါပေမဲ့ လီရွှမ်အောက်ရဲ့ မျက်လုံးတွေကို သတိထားမိသွားပြီး သူ့သခင်က သူ့အတွက် လက်စားချေပေးတယ်လို့ တွေးမိလိုက်တာကြောင့် ပဋိပက္ခကောင်းကင်ခွေးဟာ ဟန်ကျွယ်ကို ပိုပြီးတော့ ကြည်ညိုလေးစားသွားပါတယ်။

လီရွှမ်အောက်လည်း ပဋိပက္ခကောင်းကင်ခွေးကို သတိထားမိလိုက်တာကြောင့် အဖြစ်အပျက် အလုံးစုံကို သဘောပေါက်သွားပါတယ်။ လီရွှမ်အောက်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “မင်းမှာ ဒီလောက်စွမ်းတဲ့ ဆရာသခင် ရှိနေတာတောင် အရင်တုန်းက ငါ့ကို ဘာလို့ မပြောခဲ့တာလဲ”

ပဋိပက္ခကောင်းကင်ခွေးဟာ တိတ်ဆိတ်သွားပါတယ်။ တကယ်တော့ ပဋိပက္ခကောင်းကင်ခွေးက တမင်သက်သက် မပြောခဲ့တာ မဟုတ်ပါဘူး။ သူ့သခင်က အဲဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားခဲ့တာပါ။

“ငါ့ရဲ့ ဂိုဏ်းတူညီကိုယ်စား ငါကပဲ တောင်းပန်ပါတယ်၊ ဒီကိစ္စကို တောင်းပန်တဲ့အနေနဲ့ ငါ့ရဲ့ဂိုဏ်းတူညီက မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးလိမ့်မယ်၊ ဒီရန်ငြိုးက ဒီမှာတင် ပြီးသွားဖို့ ငါ မျှော်လင့်တယ်”

ပဋိပက္ခကောင်းကင်ခွေးဟာ ရင်တထိတ်ထိတ် ခုန်နေတာမို့ အလျင်စလို ခေါင်းညိတ်လိုက်ပါတယ်။ ဒါကို မြင်တဲ့ ငရဲကြက်နက်ဟာ မနေနိုင်ဘဲ ဒေါသထွက်သွားပါတယ် “မင်းက တော်တော် အသုံးမကျတာပဲ၊ နည်းနည်းလေးတောင် အိုက်တင်မခံနိုင်ဘူးလား”

ပဋိပက္ခကောင်းကင်ခွေးဟာ ဆန်စေ့ကောက်စားတဲ့ ကြက်လို ခေါင်းညိတ်လိုက်ပြန်ပါတယ်။

လီတောက်ခုံးဟာ မာနကြီးသူမို့ ဘာမှ ထပ်ပြီးတော့ မပြောတော့ပါဘူး။ ဒီကိစ္စက သူတို့အမှားဆိုပေမဲ့ လီတောက်ခုံးဟာ အလွယ်လေး ခေါင်းငုံ့မဲ့လူစား မဟုတ်ပါဘူး။

အဲဒီနေ့မှာပဲ လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ တောအုပ်ထဲမှာ တာအိုဘုံကျောင်းတွေ ဆောက်လုပ်ကြပါတယ်။ သူတို့နေရာက အမည်ခံတပည့်သိန်းချီနဲ့ သိပ်တော့ အလှမ်းမဝေးလှပါဘူး။

ဟန်ကျွယ်ဟာ ဒီလီမျိုးနွယ် နှစ်ယောက်ကို ပထမတော့ အာရုံစိုက်ပါသေးတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့ အခါမှာတော့ လီမျိုးနွယ်နှစ်ယောက်က ဘာပြဿနာမှရှာတဲ့အတွက် ဟန်ကျွယ်လည်း စိတ်ချလက်ချ ဖြစ်သွားပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ ခန်းမတစ်ခု။

လီမုယဲ့ရဲ့ မျက်နှာဟာ မိုးမီးလောင်ထားသလိုပါပဲ။ ကျန်တုကူး အပါအဝင် တခြားပုဂ္ဂိုလ်တွေလည်း ခန်းမထဲမှာ ရှိနေကြပါတယ်။

“ဘာ... လီတောက်ခုံးနဲ့ လီရွှမ်အောက်က ရွမ်လိန့်ကျောင်းတော်ကို သစ္စာဖောက်သွားပြီ ဟုတ်လား”

“ယုတ္တိမရှိလိုက်တာ၊ ကျုပ်တို့တွေ သူတို့နှစ်ယောက်ကို ပြန်ဖမ်းရမယ်”

“ရွမ်လိန့်ကျောင်းတော်မှာ ဘယ်လိုလုပ်ပြီး သစ္စာဖောက် ပေါ်လာရတာလဲ”

“သူတို့နှစ်ယောက် ဘယ်ရောက်သွားပြီလဲ”

“လီတောက်ခုံးက မာနကြီးလွန်းတယ်၊ ကျုပ်တို့လို အကြီးတွေကိုတောင် မလေးစားဘူး”

ရွမ်လိန့်ကျောင်းတော်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဆဲဆိုကြိမ်းမောင်းနေပေမဲ့ ကျန်းတုကူးကတော့ ပါးစပ်တစ်ချက် မဟပါဘူး။ ကျန်းတုကူးရဲ့ မျက်နှာဟာ မည်းမှောင်နေပေမဲ့ သူ့မျက်လုံးထဲကို သေချာကြည့်မယ်ဆိုရင် ပျော်ရွှင်မှုအရိပ်အ‌ယောင် ယှက်သမ်းနေတာကို တွေ့မြင်ရမှာပါ။

ကျန်းတုကူးဟာ လီတောက်ခုံးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားရင် ခေါင်းခြောက်နေတာပါ။ အခုတော့ လီတောက်ခုံးက ရွမ်လိန့်ကျောင်းတော်ကို သစ္စာဖောက်သွားပြီ ဖြစ်တဲ့အတွက် ကျန်းတုကူးရဲ့ ရင်ထဲက အလုံးကြီးလည်း ကျသွားပါတယ်။

လီမုယဲ့က ပြောလိုက်ပါတယ် “သူတို့နှစ်ယောက်က တိတ်ဆိတ်ဂိုဏ်းကို သွားတယ်၊ ဘယ်သူ သွားချင်လဲ”

တာအိုဝတ်ရုံနဲ့ ယောက်ျားတစ်ယောက်က ချက်ချင်း မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “စီနီယာ... ကျွန်တော်ကို သွားခွင့်ပြုပါ၊ ကျွန်တော် ဂူအောင်းကျင့်ကြံနေတာ နှစ်ပေါင်း သန်း ၇၀ ရှိပြီဆိုတော့ ကိုယ်လက်လှုပ်ရှားဖို့ အချိန်ရောက်ပြီ”

ဒီလူ မတ်တတ်ထတာကို တွေ့တာနဲ့ တခြားလူတွေကလည်း ကြည်ကြည်ဖြူဖြူ သဘောတူကြပါတယ်။

“တန့်လုံ... မင်း အဲဒီကို ရောက်ရင် အရင်ဆုံး စမတိုက်နဲ့၊ ပြေရာပြေကြောင်း ပြော...” လီမုယဲ့က ညွှန်ကြားလိုက်ပါတယ်။

တန့်လုံဟာ လက်သီဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် ခန်းမထဲကနေ လှည့်ထွက်သွားပါတယ်။

ဟန်ကျွယ်ဆီကို လီတောက်ခုံးနဲ့ လီရွှမ်အောက် ရောက်လာတာ နှစ်ပေါင်း ၁၃၀ ရှိသွားပါပြီ။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်လာပါတယ် “ငါ တာအိုဟောကြားမယ်၊ တာအိုနားထောင်ဖို့ ပြင်ဆင်ကြတော့”

ဟန်ကျွယ်ရဲ့ စကားကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တစ်ခုလုံး ပွက်ပွက်ညံသွားပြီး တပည့်အကုန်လုံး တာအိုဟောကြားတဲ့နေရာကို ရောက်လာပါတယ်။ ရှန်တျန်သက်ရှိတွေလည်း တာအိုနားထောင်ဖို့ ပြင်ဆင်ကြပါတယ်။

လီတောက်ခုံးနဲ့ လီရွှမ်အောက်လည်း တခြားတပည့်တွေနည်းတူ တာအိုဟောကြားတဲ့နေရာကို ရောက်လာကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဟန်ကျွယ် ဘာပြောမလဲဆိုတာကို အတော်လေး စိတ်ဝင်တစား ရှိနေကြပါတယ်။

လူတိုင်း နေရာယူပြီးတဲ့အခါ ဟန်ကျွယ်ဟာ တောင်ထိပ်ပေါ်မှာ ထိုင်ပြီး တာအိုစတင်‌ ဟောကြားပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို ဟောကြားတာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ လီရွှမ်အောက်ကိုလည်း သူ့တာအိုကျင့်ကြံစေချင်ပါတယ်။

စစချင်းတော့ လီတောက်ခုံးဟာ သိပ်ပြီးတော့ အံဩခြင်းမရှိပါဘူး။ လီရွှမ်အောက်က ဟန်ကျွယ် တာအိုဟောကြားတာကိုတောင် အထင်အမြင် သေးနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က တာအိုပညာရှိတွေ တာအိုဟောကြားတာကို တစ်ကြိမ်ထက်မက ကြားနာဖူးလို့ပါပဲ။

ဒါပေမဲ့ အချိန်တွေ ကြာလာတဲ့အခါမှာ လီတောက်ခုံးနဲ့ လီရွှမ်အောက်နှစ်ယောက်လုံး မအံဩဘဲ မနေနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်‌ ဟောကြားနေတာက မဟာတာအိုစစ်စစ် ဖြစ်နေလို့ပါပဲ။ ဒါ့အပြင် ဟန်ကျွယ် ဟောကြားနေတဲ့ တာအိုက သူတို့ဆရာသခင် လီမုယဲ့ဟောကြားတဲ့ တာအိုထက်တောင် ပိုပြီးတော့ နက်နဲ့သိမ်မွေ့နေပါသေးတယ်။

ဒီထက်ပိုပြီး အရေးကြီးတာက တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို လွယ်လင့်တကူ ဝင်ရောက်နိုင်တာပါ။

‘သူက တာအိုပညာရှိပဲ’

လီရွှမ်အောက်ရဲ့ ရင်ထဲမှာ မုန်တိုင်းထန်သွားပါတယ်။ ပြန်ထွက်ခါစရှိသေးတဲ့ လီရွှမ်အောက်ရဲ့ မျက်လုံးတွေဟာ မယုံနိုင်အောင် ဖြစ်နေပါတယ်။

[လီရွှမ်အောက်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်ပေမဲ့ ဂရုမစိုက်ဘဲ တာအိုဆက်ဟောပါတယ်။ လီရွှမ်အောက်ထက်စာရင် ဟန်ကျွယ်ဟာ လီတောက်ခုံးကို ပိုပြီးတော့ ဂရုစိုက်ပါတယ်။

လီတောက်ခုံးက အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်းအတွက် ထောက်တိုင်တစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ ကျိုးဖန်နဲ့ လီယောင်တို့ရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့ လီတောက်ခုံးနဲ့ယှဉ်ရင် မာန်ရှိဖို့ အတော်လိုပါသေးတယ်။

တစ်နည်းအားဖြင့် ပြောရရင် ပြိုင်ဘက်ကင်းတဲ့ ရောင်ဝါ အားနည်းနေကြပါသေးတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters