← Chapters

စိတ်နေသဘောထား ပြောင်းလဲခြင်း၊ တန့်လုံ

Vol. 45 Ch. 493

စိတ်နေသဘောထား ပြောင်းလဲခြင်း၊ တန့်လုံ

Vol. 45 Ch. 493

ဒီတာအိုဟောကြားတာက နှစ်တစ်ရာ ကြာပါတယ်။ လီတောက်ခုံးရဲ့ ဟန်ကျယ် အပေါ် မျက်နှာသာပေးမှုကလည်း ကြယ်ငါးပွင့်ခွဲထိ ရောက်သွားပြီး လီရွှမ်အောက်ရဲ့ မျက်နှာသာပေးမှုကလည်း နောက်ထပ် ကြယ်တစ်ပွင့် ထပ်တိုးသွားပါတယ်။

သူတို့နှစ်ယောက်ဟာ ရွမ်လိန့်ကျောင်းတော်ကို သစ္စာဖောက်ပြီးတဲ့နောက် သွားစရာ နေရာမရှိခဲ့ပါဘူး။ ဟန်ကျွယ်က သူ့အစွမ်းကို ပြသပြီး သူတို့နှစ်ယောက်ကို လက်ခံတဲ့အတွက် လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ မပျော်ဘဲ မနေနိုင်ပါဘူး။

လီရွှမ်အောက်က ဟန်ကျွယ်ကို အထင်သေးတယ် ဆိုတာကလည်း စီနီယာကျတာနဲ့ ကျင့်ကြံမှုမြင့်တာကနေ လာတာပါ။ ဒါပေမဲ့ ဒီတာအိုဟောကြားမှု အဆုံးမှာတော့ ဟန်ကျွယ်က ဂျူနီယာတစ်ယောက် မဟုတ်ဘဲ ကျိန်းသေပေါက် တာအိုပညာရှိ ဖြစ်ရမယ်လို့ လီရွှမ်အောက်က မှတ်ယူလိုက်ပါတယ်။

‘သူက ကပ်ဘေးထဲ မဝင်တာ အံဩစရာ မရှိတော့ပါဘူး၊ တာအိုပညာရှိက ဘာကိစ္စနဲ့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်မှာလဲ’

လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ဟန်ကျွယ်က သူတို့ဆရာသခင်ထက် ပိုစွမ်းလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတာအိုဟောကြားမှု တစ်ခုတည်းနဲ့တင် လီမုယဲ့ဆီမှာ တာအိုနားထောင်တုန်းကထက် အတွေးအမြင် အသိဉာဏ်တွေ ပိုရလိုက်လို့ပါပဲ။

လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ မဟာတာအိုက လီမုယဲ့ရဲ့ မဟာတာအိုထက် စွမ်းအား ပိုကြီးတယ်လို့ ခံစားလိုက်ရပါတယ်။

တာအိုဟောကြားမှု ပြီးဆုံးတာနဲ့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကို တစ်ယောက်တည်း ပြန်ပါတယ်။

ရှစ်နှစ် ကြာတဲ့အခါမှာတော့ လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ဟန်ကျွယ်က သူတို့နှစ်ယောက်ကို ဝင်ခွင့်ပြုလိုက်ပါတယ်။

လီတောက်ခုံးက တာအိုဘုံကျောင်းထဲကို ရောက်တာနဲ့ မေးလိုက်ပါတယ် “မင်းက တာအိုပညာရှိလား”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။

လီရွှမ်အောက်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဒါဆို မင်း ဟောကြားတဲ့ တာအိုက ဘာတာအိုလဲ”

“အန္တိမမူလ မဟာတာအို”

လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီတာအိုကို ဘယ်တုန်းကမှ မကြားခဲ့ဖူးပါဘူး။

“ဒါက ငါ ဖန်တီးထားတဲ့ မဟာတာအို၊ သူများတွေကို လျှောက်မပြောနဲ့”

လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘မဟာတာအိုကို ဖန်တီးတယ်... သူ ခေါင်းခါတာ မထူးဆန်းတော့ပါဘူး၊ သူက တာအိုပညာရှိထက် အဆင့်ပိုမြင့်နေတာကိုး... မဟုတ်မှလွဲရော တာအိုဘိုးဘေးလို တည်ရှိမှုမျိုးလား...’

လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ဟန်ကျွယ် လိမ်နေတယ်လို့ မထင်ပါဘူး။ ဒါ့အပြင် ဟန်ကျွယ် ဟောကြားတဲ့ အန္တိမမူလ မဟာတာအိုကလည်း သူတို့နားထောင်ဖူးထက် မဟာတာအိုတွေထက် ပိုနက်နဲပြီး စွမ်းအားပိုကြီးနေတယ် မဟုတ်ပါလား။

[လီရွှမ်အောက်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ကြည့်ပြီး မျက်ခုံး ပင့်တက်သွားပါတယ် ‘ဒီကောင်... ဒီရေခဲတုံးက သိမ်သွင်းရ လွယ်လှချည်လား... ဒါမှမဟုတ် သူက ဆရာကြီးတွေကို လေးစားတာလား...’

လီရွှမ်အောက်က ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပါဘူး၊ ကျွန်တော်တို့က တိတ်ဆိတ်ဂိုဏ်းသားတွေ ဖြစ်နေပြီပဲ၊ ဂိုဏ်းချုပ်... လီမုယဲ့ ကိုယ်တိုင်ရောက်လာရင် ကျွန်တော်တို့နှစ်ယောက်ကို လီမုယဲ့လက်ထဲ ပြန်ထည့်လိုက်မှာလား”

လီရွှမ်အောက် ပါးစပ်ကထွက်လာတဲ့ ဂိုဏ်းချုပ်ဆိုတဲ့ စကားလုံးကြောင့် ဟန်ကျွယ်ဟာ နေသာထိုင်သာ ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ တခြားလူတွေရဲ့ အပြုအမူ လုံးဝပြောင်းလဲသွားတာကို ကြည့်ရတာ နှစ်သက်ပါတယ်။

လီတောက်ခုံးဟာ လီရွှမ်အောက်ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှမပြောပါဘူး။ လီရွှမ်အောက်ရဲ့ စရိုက်ကို လီတောက်ခုံး အသိဆုံးပါ။

“မင်းတို့တွေ အေးအေးဆေးဆေး ကျင့်ကြံပြီး ဂိုဏ်းပြင်မှာရော ဂိုဏ်းထဲမှာရော ပြဿနာမရှာဘူးဆိုရင် ငါ မင်းတို့ကို ကာကွယ်ပေးမယ်” ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လီမုယဲ့ကို မကြောက်ပါဘူး။ တာအိုစက်ကွင်းထဲမှာ ရှိနေသမျှကာလပတ်လုံး ဟန်ကျွယ်ဟာ ဘယ်ကောင်းကင်တာအိုပညာရှိကိုမှ မကြောက်ပါဘူး။

အတိတ်မှာတုန်းက ဟန်ကျွယ်ကို တာအိုပညာရှိတွေက အကောက်ကြံခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို ရန်သူလောင်းတွေလို့ သတ်မှတ်ခဲ့ပါတယ်။

လီရွှမ်အောက်ကလည်း ပြဿနာမရှာဘူးလို့ ချက်ချင်း ကတိပေးလိုက်ပါတယ်။ အဲဒီနောက် စကားနည်းနည်းပါးပါး ထပ်ပြောပြီးမှ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။

သူတို့နေရာကို ပြန်ရောက်တဲ့အခါမှာတော့ လီတောက်ခုံးက လီရွှမ်အောက်ကို ဆူပါတော့တယ် “မင်းက ဒီလောက်မြန်မြန် အညံခံလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး၊ ကြည့်ရတာ ငါ မင်းရဲ့ မျက်လုံးကို ဖောက်ထုတ်လိုက်တာ အလကား မဖြစ်ဘူးပဲ”

“ဟွန်း... ဂိုဏ်းတူအစ်ကို ဘာတွေ ဟန်ဆောင်နေတာလဲ၊ ဂိုဏ်းတူအစ်ကိုက တိတ်ဆိတ်ဂိုဏ်းဝင် ဖြစ်နေပြီနော်၊ ကိုယ်အဆင့်အတန်းကို ကိုယ်သိသင့်တယ်၊ နောက်ပြီး ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ရောက်‌ရောက်ချင်း တာအိုဟောကြားပေးတာပဲ၊ ဒါက ကျွန်တော်တို့တွေ သူ့နောက်လိုက်ဖို့ မလုံလောက်ဘူးလား...”

လီတောက်ခုံးဟာ ပါးစပ်ပိတ်သွားပြီး သူ့တာအိုဘုံကျောင်းကို ပြန်သွားပါတယ်။ လီရွှမ်အောက်ကတော့ ချက်ချင်း မကျင့်ကြံဘဲ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နှစ် ၂၀၀ ကုန်ဆုံးသွားပါတယ်။

လီရွှမ်အောက်ဟာ တိတ်ဆိတ်ဂိုဏ်းနဲ့ လုံးဝပေါင်းစပ်သွားပါပြီ။ လီရွှမ်အောက်ဟာ ရန်ငြိုးကို ဖြေဖျောက်တဲ့အနေနဲ့ ပဋိပက္ခကောင်းကင်ခွေးကို ဆန်းကြယ်စွမ်းအား တစ်မျိုး သင်ပေးပါတယ်။ ဒါ့အပြင် တာအိုအရှင်သခင်တို့ ကျိုးဖန်တို့နဲ့လည်း အသွင်တူလက်ရည်စမ်းပွဲထဲမှာ မကြာခဏ ပညာချင်း ဖလှယ်ပါတယ်။

လီရွှမ်အောက်နဲ့ တာအိုအရှင်သခင်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်မှာ ရှိနေကြတာပါ။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက အနိုင်အရှုံး ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ လီရွှမ်အောက်က တာအိုအရှင်သခင်ထက် အသက်ပိုကြီးတဲ့အပြင် အတွေ့အကြုံလည်း ရင့်ကျက်တဲ့အတွက် တိုက်ပွဲအများစုမှာ လီရွှမ်အောက်က အသာစီးရပါတယ်။

လီတောက်ခုံးကတော့ လီရွှမ်အောက်လို သိပ်မလှုပ်ရှားဘဲ အမြဲလိုလို ဂူအောင်းကျင့်ကြံနေတဲ့အတွက် တာအိုဘုံကျောင်း အပြင်ကိုထွက်တာ အတော်ရှားပါတယ်။

လီတောက်ခုံးနဲ့ လီရွှမ်အောက်က ရည်မှန်းချက် မတူသလို စရိုက်ချင်းလည်း မတူပါဘူး။ တိတ်ဆိတ်ဂိုဏ်းမှာ သူတို့ကို ဖိနှိပ်နိုင်တာက ဟန်ကျွယ်တစ်ယောက်ပဲ ရှိပါတယ်။

ဒီနေ့မှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးက လူသားမြို့တွေဆီကနေ တာအိုဟောကြားသံကို ကြားလိုက်ရပါတယ်။ နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် လူသားမျိုးနွယ်စုရဲ့ လူဦးရေက ဒလဟော တိုးပွားလာပါတယ်။ ဒါကြာင့် လူသားတွေ နေထိုင်တဲ့ မြို့တွေလည်း တစ်မြို့ပြီးတစ်မြို့ ပေါ်ပေါက်လာပါတယ်။

ဒါပေမဲ့ လူသားမျိုးနွယ်စုမှာ ထိပ်သီးကျင့်ကြံသူတွေ သိပ်မရှိသလို တာအိုဟောကြားတာက ပိုလို့တောင် ရှားပါးပါသေးတယ်။ ဒီတာအိုဟောကြားမှုက ကျယ်ပြန့်လွန်းတဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က တိတ်ဆိတ်ဂိုဏ်းသားတွေတောင် တာအိုဟောကြားသံကို ကြားရပါတယ်။

လီရွှမ်အောက်ဟာ လေးနက်တဲ့မျက်နှာနဲ့ ကောင်းကင်ပေါ် ပျံတက်လိုက်ပါတယ်။

တာအိုအရှင်သခင်လည်း အပြေးရောက်လာပြီး မေးလိုက်ပါတယ် “ဘာလဲ... မင်း သူ့ကို သိလို့လား”

လီရွှမ်အောက်ဟာ တာအိုအရှင်သခင်နဲ့ မကြာခဏ တိုက်ခိုက်တဲ့အတွက် တာအိုအရှင်သခင်ကို တခြားသူတွေထက်စာရင် ပိုရင်းနှီးနေပါပြီ။

“တန့်လုံက ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိအတုပဲ၊ သူက ငါတို့ရဲ့ ဆရာတူဦးလေးလို့ ပြောလို့ရတယ်၊ သူက ရွမ်လိန့်ကျောင်းတော်ရဲ့ ဒုတိယတပည့် ဖြစ်ခဲ့ဖူးတယ်” လီရွှမ်အောက်ရဲ့ မျက်နှာဟာ အတော်လေး ဆိုးရွားနေပါတယ်။

လီရွှမ်အောက်ဟာ တန့်လုံက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သိပါတယ်။ နောက်ပြီး ဒီလိုအချိန်မျိုးမှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးနားကို ရောက်လာတာက တိုက်ဆိုင်မှု မဖြစ်နိုင်ပါဘူး။

တာအိုအရှင်သခင်က အားပေးလိုက်ပါတယ် “မကြောက်စမ်းပါနဲ့၊ မင်း အပြင်မထွက်ဘူးဆိုရင် ဒီကောင် ငါတို့ကို ဘာမှလုပ်လို့ မရဘူး”

လီရွှမ်အောက်ဟာ အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ် “ကြည့်ရတာ လီမုယဲ့က တကယ် ဒေါသထွက်သွားပုံပဲ”

“ဟမ်... ငါတို့နှစ်ယောက်ကို ဖမ်းဆီးဖို့ ရွမ်လိန့်ကျောင်းတော်က ဒီလိုထိပ်သီး ကျင့်ကြံသူကို လွှတ်လိုက်တယ်၊ ပြီးခဲ့တဲ့ကပ်ဘေးမှာ ငါတို့အကူအညီ တောင်းတုန်းကတော့ မကူညီတဲ့အပြင် ပြဿနာရှာဖို့ ကျန်းတုကူးကိုတောင် လွှတ်လိုက်သေးတယ်”

လီရွှမ်အောက် ပြောလေလေ ဒေါသထွက်လေလေပါပဲ။

တာအိုအရှင်သခင်ဟာ ဘာမှမပြောဘဲ လီရွှမ်အောက် ပြောသမျှကို တိတ်တဆိတ် နားထောင်ပါတယ်။ အရင်တုန်းက တာအိုအရှင်သခင်ဟာ ကောင်းကင်ရုံးတော်မှာ ရှိခဲ့ပါတယ်။ အဲဒီတုန်းက လီတောက်ခုံးနဲ့ လီရွှမ်အောက်ဆီမှာ ဒီလိုမျိုး အခက်အခဲတွေ ရှိနေလိမ့်မယ်လို့ တာအိုအရှင်သခင် ထင်မထားခဲ့ပါဘူး။

ပြောရမယ်ဆိုရင် ကောင်းကင်ရုံးတော်က စွန့်ပစ်ခံလိုက်ရတာပါ။ လီတောက်ခုံးနဲ့ လီရွှမ်အောက်သာ ကပ်ဘေးပြီးဆုံးတဲ့အထိ ကောင်းကင်ရုံးတော်ဘက်က ရပ်တည်ပေးခဲ့တာပါ။

ဒီတာအိုဟောကြားတဲ့ ကိစ္စက တိတ်ဆိတ်ဂိုဏ်း တစ်ခုလုံးကို ပျံ့နှံ့သွားတဲ့အတွက် ရွမ်လိန့်ကျောင်းတော်က ပြဿနာလာရှာတာကို တပည့်အားလုံး သိသွားကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် မလှုပ်ရှားတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ သိပ်တော့ မစိုးရိမ်ပါဘူး။

ဟန်ကျွယ်ဟာ တန့်လုံရဲ့ တည်ရှိမှုကို ရှာတွေ့ထားတာ ကြာပါပြီ။ တန့်လုံက တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ဆိုပေမဲ့ ဟန်ကျွယ်က တစ်ချက်တည်းနဲ့ သတ်နိုင်နေတုန်းပါပဲ။ ဒါကြောင့်လည်း ဟန်ကျွယ်က တန့်လုံကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေး ဆက်ကျင့်ကြံနေတာပါ။

နှစ် ၅၀ ကြာတဲ့အခါမှာတော့ တန့်လုံဟာ စိတ်မရှည်နိုင်တော့ပါဘူး။ တန့်လုံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားကို ရောက်လာပြီး အော်ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်း ဂိုဏ်းချုပ်... ကျုပ်တို့ ရွမ်လိန့်ကျောင်းတော်က တပည့်နှစ်ယောက်ကို အပြင်ထုတ်ပေးပါ”

ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။

အတော်အတန်ကြာတဲ့အထိ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က တိတ်ဆိတ်နေတဲ့အတွက် တန့်လုံဟာ မျက်မှောင်ကြုတ်သွားပြီး ဆက်အော်ပြောလိုက်ပါတယ် “ဒါက တာအိုပညာရှိရဲ့ ဆန္ဒပါ၊ တကယ်လို့ တိတ်ဆိတ်ဂိုဏ်းက လောကီရေးရာထဲ ဝင်မရှပ်ရှင်ချင် တခြားဂိုဏ်းရဲ့ ကိစ္စကိုလည်း ဝင်မနှောင့်ယှက်တာ ကောင်းပါလိမ့်မယ်။

လီရွှမ်အောက်ဟာ လီတောက်ခုံးရဲ့ တာအိုဘုံကျောင်းထဲမှာ ရင်တထိတ်ထိတ် ဖြစ်နေပါတယ် “ဂိုဏ်းချုပ်ရဲ့ အစီအစဉ်က မသိချင်ယောင်ဆောင်တာလား”

လီတောက်ခုံးက လေသံအေးလေးနဲ့ ပြောလိုက်ပါတယ် “ဆက်ပြီးတော့ စောင့်ကြည့်ပါအုန်း”

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ တိတ်ဆိတ်နေတုန်းပါပဲ။ ဒီတစ်ကြိမ်မှာတော့ တန့်လုံဟာ အတော်စိတ်ဆိုးသွားပါတယ်။

‘လွန်လွန်းတယ်... ဒီတိတ်ဆိတ်ဂိုဏ်း ဂိုဏ်းချုပ်က ငါ့ကိုတောင် မျက်နှာသာ မပေးဘူး’

တန့်လုံ တိုက်ခိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ ဟန်ကျွယ်ရဲ့အသံ ထွက်ပေါ်လာပါတယ် “ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်နှစ်ယောက်က ဘယ်သူတွေလဲ”

တန့်လုံဟာ ဒေါသကို ဖိနှိပ်ပြီး ဖြေလိုက်ပါတယ် “လီတောက်ခုံးနဲ့ လီရွှမ်အောက်”

“သူတို့တွေ ဒီမှာမရှိဘူး၊ ငါ့တပည့်တွေထဲမှာလည်း အဲဒီနာမည်နဲ့တူတဲ့လူ တစ်ယောက်မှ မရှိဘူး၊ ကြည့်ရတာ စီနီယာ နေရာမှားလာခဲ့တယ်နဲ့ တူတယ်”

“မင်း ပြောတာကို ငါက ယုံရမှာလား၊ ရှိမရှိ ငါကိုယ်တိုင် စစ်ဆေးမယ်”

“အဲဒါတော့ မဖြစ်နိုင်ဘူး၊ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ကျုပ်ကို သတ်ဖို့ဆိုရင် ဘယ်လိုလုပ်မလဲ၊ ကျုပ်က အဲဒီလောက်တောင် မအသေးဘူး”

ဟန်ကျွယ်စကားကြောင့် တန့်လုံဟာ ဒေါသတကြီး ရယ်မောလိုက်ပါတယ် “ဟားဟား.... ကောင်းတယ်... ကောင်းတယ်... မင်း သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ ငါကတော့ ရှာမှာပဲ”

အဲဒီနောက် တန့်လုံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ပြေးဝင်လိုက်ပါတယ်။ ဒါပေမဲ့ အကာအကွယ် အရံအတားကို ဝင်တိုးမိပြီး ရှေ့ဆက်တိုးလို့ မရတော့ပါဘူး။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ အကာအကွယ် အရံအတား ရှိနေတဲ့အတွက် တန့်လုံဟာ အံအားသင့်ခြင်း မရှိပါဘူး။

တန်လုံဟာ အဖြူရောင် ကျောက်စိမ်းဓားကို ထုတ်ယူပြီး အရံအတားကို ခုတ်ပိုင်းလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters