စန့်ချွမ်အဂ္ဂဘိုးဘေး
Vol. 45 Ch. 495
ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်ပေမဲ့ စိတ်လေးလံရတဲ့ အကြောင်းအရင်းကို ရှာမတွေ့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။
“ငါ ဘာဖြစ်လို့ စိတ်လေးနေရတာလဲ”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဒါက ကောင်းကင်တာအိုပညာရှိကို တွက်ချက်ရတဲ့ ပမာဏပဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး ဟန်ကျွယ် မြင်ကွင်းထဲမှာလည်း စာကြောင်းတွေ ပေါ်လာပါတယ်။
[စန့်ချွမ်အဂ္ဂဘိုးဘေး: တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်၊ အနန္တဧကရာဇ်၊ တာအိုပညာရှိတစ်ပါး၏ ဓမ္မကိုယ်ပွားနှင့် ပေါင်းစပ်ထားသည်။ တာအိုဘိုးဘေး၏ တပည့်ဖြစ်ပြီး အင်မော်တယ်ကမ္ဘာ အတွင်း၌ အစွမ်းအထက်ဆုံး ဖြစ်သည်။ လီတောက်ခုံးနှင့် လီရွှမ်အောက်ကို သင့်လက်ခံလိုက်သောကြောင့် အခြားတာအိုပညာရှိများသည် လီမုယဲ့အား ကဲ့ရဲ့ လှောင်ပြောင်ခဲ့၏။ ယမ်းပုံမီးကျ ဖြစ်သွားသော လီမုယဲ့သည် စန့်ချွမ်အဂ္ဂဘိုးဘေးအား လွှတ်ပေးလိုက်သည်။ သူသည် အင်မော်တယ်ကမ္ဘာ၌ တာအိုဟောကြားပြီး တိတ်ဆိတ်ဂိုဏ်းနှင့် အခြားသော ကံတရား အထောက်အပံ့ဂိုဏ်းများအား ဖိနှိပ်ရင် ပြင်ဆင်နေ၏။]
စန့်ချွမ်အဂ္ဂဘိုးဘေးက ဆံပင်တွေ ဖြူဖွေးနေတဲ့အတွက် ပညာရှိလို့ ထင်စရာရှိပါတယ်။ သူ့ရပ်ရည်ကတော့ သာမန်ပါပဲ။ သူများထက် ပိုပြီး ဘာမှမထူးခြားပါဘူး။
‘ဒီစန့်ချွမ်အဂ္ဂဘိုးဘေးက တာအိုပညာရှိရဲ့ ဓမ္မကိုယ်ပွားနဲ့ ပေါင်းစပ်ခဲ့တာလား၊ သူ့ကို လောင်ဇီနဲ့ တခြားကောင်းကင်အရှင်တွေက လောကဦးခေတ်မှာ ဖန်တီးခဲ့တာများလား၊ ဒီလိုဆိုရင် ဒီကောင်က အတော်စွမ်းမဲ့ပုံပဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စနစ်ကို မေးလိုက်ပါတယ် “ငါ စန့်ချွမ်အဂ္ဂဘိုးဘေးကို အနိုင်ယူနိုင်လား”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[စန့်ချွမ်အဂ္ဂဘိုးဘေးအား ကောင်းကင်တာအိုအတွင်း၌ သတ်ဖြတ်ရန် မဖြစ်နိုင်ပါ။ ကောင်းကင်တာအို အပြင်ဘက်၌သာ သင် သတ်နိုင်လိမ့်မည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ကြမ်းလှချည်လား... ဒီလိုဆို အင်မော်တယ်ကမ္ဘာတစ်ခုလုံးက စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ တာအိုစက်ကွင်းပေါ့၊ မသေနိုင်မှတော့ သူ့ကို ဘယ်သူ ယှဉ်နိုင်အုန်းမှာလဲ’
ဒါပေမဲ့ ဟန်ကျွယ်ဟာ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စန့်ချွမ်အဂ္ဂဘိုးဘေးက တာအိုပညာရှိ မဟုတ်လို့ပါပဲ။ တာအိုပညာရှိတောင် မချိုးဖြတ်နိုင်တဲ့ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းကို တာအိုပညာရှိအတုက ဘယ်လိုလုပ်ပြီး ချိုးဖြတ်နိုင်မှာလဲ။
ဒါ့အပြင် စန့်ချွမ်အဂ္ဂဘိုးဘေးက ဟန်ကျွယ် တစ်ယောက်တည်းကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုတွေ အကုန်လုံးကို ပစ်မှတ်ထားတာပါ။
‘ကပ်ဘေးပြီးတာမှ နှစ် ၂၀,၀၀၀ မကြာသေးဘူး၊ မင်းတို့တွေ ငါ့ကို ပြဿနာလာမရှာဖို့ မျှော်လင့်ပါတယ်၊ မဟုတ်လို့ကတော့ ငါ့အဆိုး မဆိုနဲ့...’
ပုံမှန်အခြေအနေမှာ နောက်ထပ် အနန္တကပ်ဘေး ရောက်ဖို့က နှစ်ပေါင်းဘီလီယံချီ လိုပါသေးတယ်။ ဒါပေမဲ့ တာအိုပညာရှိတွေ ဝင်ပါရင်တော့ ဒီထက်အစောကြီး ရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ တာအိုပညာရှိတွေ လှုပ်ရှားချင်ရင်တောင် အင်မော်တယ်ကမ္ဘာမှာ လုံလောက်တဲ့ သက်ရှိတွေ ရှိနေဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကစားစရာအရုပ် မရှိဘဲနဲ့ တာအိုပညာရှိတွေက ဘယ်ကစားပွဲကို သွားကစားနိုင်မှာလဲ။
ကောင်းကင်တာအိုက ဝန်ထုပ်ဝန်းပိုး မရှိတဲ့အတွက် မဆုံးနိုင်တဲ့ အကုသိုလ်ကံတွေကိုလည်း ထုတ်လွှတ်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်း အပြင်ကို ထွက်လိုက်ပါတယ်။ စန့်ချွမ်အဂ္ဂိဘိုးဘေး နှောင့်ယှက်တာကို ခံလိုက်ရတာကြောင့် ဟန်ကျွယ်ဟာ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်တာပါ။
တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာလည်း သူတို့နေရာတွေက ထွက်လာပြီး အံဖွယ်ဖြစ်ရပ်အကြောင်း ဆွေးနွေးကြပါတယ်။
ဟန်ကျွယ် ဖူစန်းသစ်ပင်ဆီ လျှောက်သွားတဲ့အခါ တပည့်တွေက ဟန်ကျွယ်ကို ချက်ချင်းပဲ ဝန်းရံလိုက်ပါတယ်။
“သခင်... ဒီအံဖွယ်ဖြစ်ရပ်က ဘာအဓိပ္ပာယ်လဲ” ငရဲကြက်နက်က ပထမဆုံး မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပေါ်လာတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ရွမ်လိန့်ကျောင်းတော်က ငါတို့ကို တစ်ခုခုလုပ်ချင်တာလည်း ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ အပြင်ထွက်ရင် သေဖို့က ၉၉ ရာခိုင်နှုန်း သေချာနေပြီ”
ငရဲကြက်နက်က ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် အပြင်မထွက်ပါဘူး၊ အပြင်ထွက်တဲ့လူတွေက သောက်ရူးတွေ”
ထူလင်းအာဟာလည်း ဟန်ကျွယ်နား ရောက်လာပါတယ် “ဆရာ... ကျွန်မ ဘယ်အချိန်ကျမှ ဆရာရဲ့ တာအိုဘုံကျောင်းဆီ လာနိုင်မှာလဲ”
ဟန်ကျွယ်ဟာ ထူလင်းအာ ဘာပြောချင်တယ်ဆိုတာကို သိပါတယ် “မင်း အဆင့်ထိုးဖောက်ပြီးတဲ့အထိ စောင့်ပါအုန်း”
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ လျှပ်တပြက် ရောက်သွားပြီး မေးလိုက်ပါတယ် “ဒီအတောအတွင်း အခြေအနေ ဘယ်လိုရှိလဲ”
ဖူစန်းသစ်ပင်က ပြန်ဖြေပါတယ် “ကျွန်တော်ဆီမှာ နောက်ထပ် အချိန်-အာကာသ ဝဲကတော့နှစ်ခု ဖြစ်တည်လာတယ်၊ ဒါပေမဲ့ သခင်ရဲ့ ခွင့်ပြုချက်မရဘဲ ကျွန်တော် အဲဒါတွေကို အသက်မသွင်းပါဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မဆိုးဘူး၊ မင်းလည်း လိမ္မာလာပြီပဲ၊ ငါ တစ်ချက် ကြည့်အုန်းမယ်”
အဲဒီနောက် ဟန်ကျွယ်ရှေ့မှာ အချိန်-အာကာသ ဝဲကတော့နှစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ ဝဲကတော့နှစ်ခုကို စစ်ဆေးလိုက်တဲ့အခါမှာ ကမ္ဘာနှစ်ခုရဲ့ အခြေအနေ အရပ်ရပ်ကို တခဏချင်း သိသွားပါတယ်။
တရှီကျဲ့လောကနဲ့ နှိုင်းယှဉ်ရင် ဒီလောကနှစ်ခုက အများကြီး အားနည်းပါတယ်။ ဒီလောကနှစ်ခုမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူက ကောင်းကင်ဘဝဂ် အဆင့်ပဲ ရှိပါတယ်။
‘သူတို့တွေက သူတို့ဘာသာ ကောင်းကင်တာအို ဖြစ်တည်လာတာပဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဒီလောကနှစ်ခုရဲ့ ကောင်းကင်တာအိုနဲ့ အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်တာအိုကြားက ကံတရားဆက်စပ်မှုဟာ အလွန်တရာမှ အားနည်းပါတယ်။ တာအိုပညာရှိအတုပဲ ရှိသေးတဲ့ ဟန်ကျွယ်တောင် စနစ်ကို မသုံးဘဲ ဒီအတိုင်း တွက်ချက်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ အတော်လေး သိချင်လာပါတယ်။ အင်မော်တယ်ကမ္ဘာနဲ့ အဆုံးသတ်အပျက်စီးရဲ့ နတ်ဘုံကလွဲရင် နောက်ထပ် ကောင်းကင်တာအိုလောက ဘယ်လောက်များများ ရှိမလဲဆိုတာကို သိချင်လာတာပါ။
‘ဒီဟာက တာအိုပညာရှိ အရေအတွက်နဲ့ ဆက်စပ်နေတာလား’
ဟန်ကျွယ်ဟာ အစွမ်းအထက်ဆုံး ကျင့်ကြံသူက အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ ရှိနေလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံရဲ့ အင်မော်တယ်ကမ္ဘာကို အမှောင်တားမြစ်နယ်မြေက ခြားထားပါတယ်။ ဒီဘုံနှစ်ခုက တစ်ခုနဲ့တစ်ခု ရောနှောခြင်း မရှိပါဘူး။
အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကိုတော့ ဟန်ကျွယ်ဟာ သွားဖို့ စိတ်ကူးမရှိပါဘူး။ ဟန်ကျွယ်ရဲ့ သဘောထားက ခြင်္သေ့နောက်လိုက် လုပ်မဲ့အစား ခွေးဘုရင်ပဲ လုပ်မှာပဲ။
အတန်ကြာ ကြည့်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ စိတ်ဝင်စားခြင်း မရှိတော့ပါဘူး။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ဝဲကတော့နှစ်ခု ပိတ်ခိုင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ကျင့်ကြံမှုအကြောင်း မေးဖို့ ပြင်လိုက်စဉ်မှာပဲ ငရဲကြက်နက်ရဲ့ အော်ဟစ်သံကို ကြားလိုက်ရပါတယ်။
“အမလေး... ကောင်းကင်ကြီး အက်လာပြီ” ငရဲကြက်နက်ရဲ့အသံက စူးရှလွန်းပါတယ်။
ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ခရမ်းရောင် ကောင်းကင်ပြင်မှာ မိုးကုပ်စက်ဝိုင်းထိ ရှည်လျားတဲ့ အနက်ရောင် အက်ကြောင်းတစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ချောင်းကြည့်နေတဲ့ မျက်လုံးတစ်စုံကို ရိုးတိုးရိပ်တိတ် တွေ့လိုက်ရပါတယ်။
ဒီမျက်လုံးတစ်စုံရှေ့မှာ အရာအားလုံးက ပုရွတ်ဆိတ်ထက်တောင် သေးငယ်နေပါသေးတယ်။ ဒီမျက်လုံးတစ်စုံဟာ အမှောင်ထုထဲမှာ ပုန်းအောင်းနေပြီး အေးစက်လှပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို သုံးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပေမဲ့ ဘယ်ရန်သူကိုမှ ရှာမတွေ့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီမျက်လုံးပိုင်ရှင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ အလွန်တရာ အလှမ်းဝေးတဲ့နေရာမှာ ရှိနေတာကို သိနိုင်ပါတယ်။
‘စန့်ချွမ်အဂ္ဂဘိုးဘေးလား... မဟုတ်ဘူး...’
ဟန်ကျွယ်ဟာ သတ်ဖြတ်ငွေ့ကို ခံစားလိုက်ရပါတယ်။ ဒီသတ်ဖြတ်ငွေ့က အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို သတ်ဖြတ်ချင်နေတဲ့ သတ်ဖြတ်ငွေ့ပါ။ မကြာခင်မှာပဲ ကောင်းကင်ပြင်က အက်ကြောင်းဟာ သူ့ဘာသာ ပြန်ဖာထေးသွားပြီး ခရမ်းရောင်း အလင်းတန်းတွေလည်း ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပါတယ်။ ကောင်းကင်ပြိုကျရင်တောင် တာအိုစက်ကွင်းကို ဘာသက်ရောက်မှုမှ ဖြစ်စေမှာ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ သိပ်တော့ မစိုးရိမ်ပါဘူး။
‘ကြည့်ရတာ ဒီအတောအတွင်း ငါ ဘဝမြင့်လာသလိုပဲ’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြန်သုံးသပ်လိုက်ပါတယ်။ တာအိုစက်ကွင်း အဆင့်မြှင့်တင်ပြီးကတည်းက ဟန်ကျွယ်ဟာ အရင်လို သတိမကြီးတော့တာပါ။
‘မဖြစ်ဘူး... ငါ တာအိုပညာရှိ ဖြစ်ရမယ်၊ မဟုတ်ရင် ငါဘာပဲလုပ်လုပ် အချိန်မရွေး တက်နင်းခံရနိုင်တဲ့ ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေအုန်းမှာပဲ၊ အသတ်မခံရဘူးဆိုရင်တောင် ပုရွတ်ဆိတ်က ပုရွတ်ဆိတ်ပေလဲ’
နန်းတော်တစ်ခုထဲမှာ လီမုယဲ့၊ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်တို့ တရားထိုင်နေကြပါတယ်။
“ဟွန်း... ရှီတုတောက်လုပ်ရပ်က ဘာအဓိပ္ပာယ်လဲ” ဂိုဏ်းချုပ်တျန်ကျွယ်က မကျေမနပ် မေးလိုက်ပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ မျက်နှာကလည်း သိပ်တော့ မကောင်းလှပါဘူး “သူနဲ့ စန့်ချွမ်အဂ္ဂဘိုးဘေး ဘယ်တုန်းက ရန်ငြိုးရန်စ ရှိသွားလဲဆိုတာ ငါလည်း မသိဘူး”
လီမုယဲ့က ပြောလိုက်ပါတယ် “ရှီတုတောက်က စွမ်းအားကြီးတယ်ဆိုပေမဲ့ အင်မော်တယ်ကမ္ဘာထဲမှာ စန့်ချွမ်အဂ္ဂဘိုးဘေးကို သတ်နိုင်မှာ မဟုတ်ဘူး၊ ငါတို့တွေ ဘာမှစိုးရိမ်စရာ မရှိဘူး”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ လီမုယဲ့ကို ကြည့်ပြီး နှာတစ်ချက် မှုတ်ထုတ်လိုက်ပါတယ် “မင်းဘာဖြစ်လို့ စန့်ချွမ်အဂ္ဂဘိုးဘေးကို အပြင်ထွက်ခိုင်းရတာလဲ”
တောင်ဘက်စွန်း ကောင်းကင်အရှင်ကလည်း လီမုယဲ့ကို မကြည်တော့ပါဘူး။
လီမုယဲ့က ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းက စွမ်းလွန်းတယ်၊ ငါတို့သာ သူတို့ကို ဒီအတိုင်း ဆက်ကြည့်နေမယ်ဆိုရင် အင်မော်တယ်ကမ္ဘာက ပါရမီရှင်တွေအကုန်လုံး တိတ်ဆိတ်ဂိုဏ်းထဲ ရောက်ကုန်လိမ့်မယ်၊ နောက်ပြီး တာအိုဂိုဏ်း အနေနဲ့လည်း တာအိုဟောကြားဖို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး လိုတယ်လေ”
ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ လီမုယဲ့ရဲ့ စကားကို မယုံကြည်တဲ့အတွက် မျက်မှောင်ကြုတ်နေတုန်းပါပဲ။
လီမုယဲ့က ဆက်ပြောပါတယ် “ရှီတုတောက်က တာအိုပညာရှိ တာအိုစက်ကွင်းနားမှာ လျှောက်သွားနေတာ၊ အရင်တုန်းက သူက တာအိုဘိုးဘေးရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လုနီးနီးပဲ၊ သူနဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးသာ တိုက်ခိုက်ရင် ဘယ်သူနိုင်နိုင် တာအိုဂိုဏ်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုပဲ ဖြစ်လိမ့်မယ်၊ ငါတို့က တာအိုဂိုဏ်းတပည့်တွေဆိုတော့ ဒီကိစ္စကို လက်ပိုက်ကြည့်နေလို့ မရဘူးလေ”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်စိကျဉ်းသွားပါတယ် “စန့်ချွမ်အဂ္ဂဘိုးဘေးက ငါတို့တာအိုဂိုဏ်းနဲ့ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကြားက အဟန့်အတား တစ်ခုပဲ၊ တာအိုဘိုးဘေးက ချုံရှီလိုင်နဲ့ တာအိုပညာရှိမင်ကျွယ်ကို တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား သင်ပေးခဲ့တယ်၊ ငါတို့အတွက်လည်း စန့်ချွမ်အဂ္ဂဘိုးဘေးကို ဖန်တီးပေးခဲ့တယ်၊ စန့်ချွမ်အဂ္ဂဘိုးဘေးက သက်ရှိအားလုံးကို သတ်ဖြတ်နိုင်စွမ်းရှိတယ်၊ တာအိုဘိုးဘေးက ငါတို့က အေးအတူပူအမျှ ယှဉ်တွဲနေထိုင်စေချင်တာ၊ ဒါပေမဲ့ တာအိုပညာရှိမင်ကျွယ်က ရူးနေပြီ၊ ဒီလိုအချိန်မှာ စန့်ချွမ်အဂ္ဂဘိုးဘေး ထွက်ပေါ်လာတာက ထူးဆန်းရာ ရောက်မနေဘူးလား”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်တောင်ခတ်လိုက်ပါတယ်။ သူဘာတွေးနေတယ်ဆိုတာ သူကလွဲပြီး ဘယ်သူသိနိုင်မှာလဲ။
ဒါကိုကြည့်ခြင်းအားဖြင့် ဒီတာအိုပညာရှိသုံးပါးက တစ်ယောက်ကို တစ်ယောက် မယုံကြည်တာ အထင်ရှားကြီးပါ။
လီမုယဲ့က တစ်လုံးချင်း ပြောလိုက်ပါတယ် “အရင် ကောင်းကင်တာအိုပညာရှိတွေ အနားယူပြီးကတည်းက စန့်ချွမ်အဂ္ဂဘိုးဘေးကို ငါပိုင်တယ်၊ ငါ့မှာ သူ့ကို ထိန်းချုပ်ပိုင်ခွင့် အပြည့်အဝရှိတယ်၊ မင်းတို့ပြောနေတဲ့ အမှောင်သခင်ကြီးကတော့ တကယ်ရှိတယ်လို့ ငါတော့ မထင်ဘူး”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “ဒီလိုဆိုမှတော့ ကြိုက်သလိုသာ လုပ်တော့”
အဲဒီနောက် ဂိုဏ်းချုပ်တျန်ကျွယ်ဟာ နေရာကနေ ပျောက်ကွယ်သွားပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်လည်း မတ်တတ်ရပ်လိုက်ပါတယ် “ဒါနဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို ခံနိုင်ရဲ့လား” စကားဆုံးတာနဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ အရိပ်နက်အသွင် ပြောင်းလဲပြီး မြူခိုးလို လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။