တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်
Vol. 45 Ch. 498
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေမှာ ဘာရည်မှန်းချက် ရှိတယ်ဆိုတာကို ထပ်မတွက်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကိုမှ မသက်ရောက်တာ။
တာအိုပညာရှိမင်ကျွယ်ကို ရူးသွားအောင် ကျိန်စာတိုက်ထားတာနဲ့ လုံလောက်နေပါပြီ။ ဟန်ကျွယ်သာ ဆက်ပြီးတော့ ကျိန်စာတိုက်နေမယ်ဆိုရင် ကောင်းကင်တာအိုက ပြိုလဲကောင်း ပြိုလဲသွားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုစက်ကွင်းမှာပဲ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်ချင်တာပါ။
သုံးနှစ်ကြာပြီးနောက်...
“ငါက တာအိုသခင် ချင်တျန်ပဲ၊ တောင်ဘက်စွန်းအရပ်ရဲ့ ရှင်းဟုန်ပင်လယ်မှာ ငါ တာအိုစက်ကွင်း တည်ဆောက်ပြီး သက်ရှိအကုန်လုံးကို တာအိုဟောကြားမယ်၊ ငါ ဟောကြားမှာက အင်မော်တယ်တာအိုနဲ့ တာအိုပညာရှိရဲ့ တာအိုအကြောင်းပဲ၊ နှစ်တစ်ရာအတွင်း ဟောကြားမှု စတင်မယ်၊ ဘယ်သူမဆို လာနားထောင်နိုင်ပြီး အင်မော်တယ်စွမ်းအားကို ဆန်းစစ်သုံးသပ်ပါ” ဒီအသံဟာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ဒီအသံပိုင်ရှင်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
‘ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က တာအိုပညာရှိ တာအိုကို ဟောကြားရဲတာာလား... ဒီကောင်က အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်၊ တာအိုပညာရှိကို ရန်စမိမှာ မကြောက်ဘူးလား မသိဘူး’
အဲဒီနောက် ဟန်ကျွယ်ဟာ ဒီလူက တာအိုပညာရှိရဲ့ တပည့်တစ်ယောက် ဖြစ်နိုင်တယ်လို့ တွေးမိသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
နောက်နှစ်တစ်ထောင်အတွင်း စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများဟာ အင်မော်တယ်ကမ္ဘာလုံးကို ကြော်ငြာပြီး တာအိုဟောကြားကြပါတယ်။ အပြိုင်အဆိုင်ကို တာအိုဟောကြားကြတာပါ။
နှစ်တစ်ထောင် ကုန်ဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်နဲ့ နီးကပ်သွားပါတယ်။ ဟန်ကျွယ် အဆင့်မတက်ခဲ့တဲ့ အခုဆိုရင် နှစ် ၇,၀၀၀ နီးပါး ရှိသွားပါပြီ။
စိတ်လှုပ်ရှားသွားတဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ပြီး အောင်ပွဲခံပါတယ်။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ရပ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ တစ်ခါတည်းနဲ့ ထိပ်ဆုံးအဆင့်ကို ထိုးဖောက်ဖို့ ဆုံးဖြတ်ထားပါတယ်။
တစ်ချိန်တည်းမှာပဲ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်ရှိလို့လာပါတယ်။ ဒီဧည့်သည်ကတော့ လူသားတွေနဲ့ တူပေမဲ့ လူသားမျက်နှာမရှိတဲ့ သက်ရှိသုံးယောက် ဖြစ်ပါတယ်။ သူတို့တွေဟာ တောင်ထိပ်တစ်ခုပေါ်ကို ရောက်ရှိလာကြပါတယ်။ ဒီသုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူသူက သိမ်းငှက်ခေါင်းနဲ့ လူသားခန္ဓာကိုယ်ရှိပြီး ကြက်သွေးရောင် အနားရှိတဲ့ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။
သိမ်းငှက်ခေါင်းနဲ့ သက်ရှိဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါ့နတ်အာရုံနဲ့ လုံးဝ ချောင်းကြည့်လို့မရဘူး၊ အင်မော်တယ်ကမ္ဘာရဲ့ နံပါတ်တစ် တားမြစ်နယ်မြေလို့ မပြောရဘူး”
သိမ်းငှက်ခေါင်းနောက်မှာရှိတဲ့ မြွေခေါင်းနဲ့ သက်ရှိက မေးလိုက်ပါတယ် “အစ်ကိုကြီး... ကျွန်တော်တို့တွေ အားသုံးပြီး အတင်းဝင်ကြမှာလား”
သိမ်းငှက်ခေါင်းနဲ့ သက်ရှိဟာ ခေါင်းခါလိုက်ပါတယ် “ငါတို့တွေ ၁၀၀ ရာခိုင်နှုန်း မသေချာဘဲ အလျင်စလို မလုပ်သင့်ဘူး၊ ငါတို့အင်မော်တယ်သုံးပါး ဒီလောက်ထိ ရောက်လာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ငါတို့တွေ ဂရုမစိုက်လို့ မရဘူး၊ အင်မော်တယ်ကမ္ဘာမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အများကြီးပဲ၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာက အဲဒီလိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီးရှိတာ၊ ငါတို့တွေ ယဉ်ကျေးတာ အကောင်းဆုံးပဲ”
တခြားသက်ရှိနှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြပါတယ်။ အဲဒီနောက် အင်မော်တယ်သုံးပါးဟာ သင့်လျောရာနေရာ ရှာဖွေပြီး ကျင့်ကြံခြင်းလိုဏ်ဂူတွေ တည်ဆောက်ကြပါတယ်။
ဖူစန်းသစ်ပင်အောက်…
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ အသွင်ပြောင်းပြီးတဲ့ သက်ရှိသုံးကောင် ရောက်နေတယ်၊ ဒီသုံးကောင်လုံးက အင်မော်တယ် ဧကရာဇ်တွေ”
အာတက နှာမှုတ်သံ ပြုလိုက်ပါတယ် “ဟွန့်... အင်မော်တယ်ဧကရာဇ်ကိုများ ဘာဂရုစိုက်စရာ ရှိလို့လဲ”
ရှောင်အာဟာ အာတစကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
အင်မော်တယ်ဧကရာဇ်။ တိတ်ဆိတ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ် မရှားပါဘူး။
နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အတွက် ငရဲကြက်နက်တို့တွေနဲ့ ရှကျဲ့မျိုးနွယ်စုတို့ဟာ နတ်မင်းအဆင့်ကို စတင်ထိုးဖောက်နေကြပါပြီ။
ပဋိပက္ခ ကောင်းကင်ခွေးက စပ်စုလိုက်ပါတယ် “ဒီသုံးကောင်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို အတင်းဝင်ချင်တာလား...”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ကျွတ်..ကျွတ်... သူတို့တွေမှာ ခွေးဦးနှောက်ရှိတယ်လို့ ထင်နေတာလား”
“မင်းစကားက ဘာကြီးလဲ၊ ယဉ်ယဉ်ကျေးကျေး ပြောစမ်းပါ၊ ဒီခွေးက ဆရာကြီးကြက်ရဲ့ သားနော်”
“မင်း.... မင်းတို့ အကုန်လုံးက လူသားတွေ မဟုတ်ဘဲနဲ့”
“တော်ပြီ... ကောင်းကင်ခွေးကို အနိုင်မကျင့်ကြနဲ့၊ သူ့နောက်မှာ ဒုတိယအစောင့်အရှောက်ရှိတယ်”
ဖူစန်းသစ်ပင်အောက်က တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ပျော်ပျော်ပါးပါး စကားစမြည် ပြောဆိုကြပါတယ်။ သူတို့တွေဟာ အပြင်ဘက်က အင်မော်တယ်သုံးယောက်ကို စိတ်ကူးထဲတောင် မထည့်ပါဘူး။ အင်မော်တယ်ဧကရာဇ် မပြောနဲ့။ တာအိုပညာရှိအတု တိုက်ခိုက်ရင်တောင် တိတ်ဆိတ်ဂိုဏ်းသားတွေက အထိတ်တလန့်ဖြစ်မှာ မဟုတ်ပါဘူး။
နှစ် ၅၀၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်နိုင်တဲ့ အခြေအနေကို ရောက်ရှိလို့လာပါတယ်။ စိတ်ကောင်းဝင်သွားတဲ့ ဟန်ကျွယ်ဟာ ချက်ချင်းပဲ အဆင့်စတက်ပါတော့တယ်။
ဟန်ကျွယ် အဆင့်တက်နေတုန်း အပြင်ဘက်က အင်မော်တယ်သုံးယောက်ဟာ နောက်ဆုံးမှာ ဆက်ပြီး မစောင့်နိုင်တော့တာကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကိုဝင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အရံအတားရဲ့ ဟန့်တားမှုကြောင့် သူတို့ရဲ့ ကြိုးစားမှုက အချည်းနှီးပါပဲ။
“ရဲတင်းလှချည်လား...”
ကျယ်လောင်တဲ့ ကြိမ်းမောင်းသံကြောင့် အင်မော်တယ်သုံးယောက်ဟာ ဝိညာဉ်လွင့်လုနီး ကြောက်လန့်သွားကြပါတယ်။
ဝတ်ရုံဖြူအမျိုးသားတစ်ဦးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ ကောင်းကင်ယံမှာ ပေါ်လာပြီး အင်မော်တယ်သုံးယောက်ကို ငုံ့ကြည့်လိုက်ပါတယ်။
‘ထိပ်သီးကျင့်ကြံသူပဲ...’ အင်မော်တယ်သုံးပါးဟာ ဝတ်ရုံဖြူအမျိုးသားရဲ့ အရှိန်အဟုန်ကို ကြည့်ပြီး ဒဏ္ဍာရီထဲက တာအိုပညာရှိအလား ထင်မှတ်ကာ လန့်ဖျပ်သွားကြပါတယ်။
သိမ်းငှက်ခေါင်းနဲ့ အင်မော်တယ်က ပြောလိုက်ပါတယ် “ကျွန်တော်တို့က ချီကျွင်းအင်မော်တယ်သုံးပါးပါ၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က စွမ်းအားကြီးပုဂ္ဂိုလ်ကို အရိုအသေပေးဖို့ အထူးတလည် ရောက်လာတာပါ၊ ဒီကိစ္စအတွက်နဲ့ ကျွန်တော်တို့တွေ ဒီနေရာမှာ နှစ်ငါးရာကြာအောင် နေထိုင်ခဲ့တာပါ၊ ဒါပေမဲ့ ဘယ်သူမှ မတွေ့ရလို့ ကျွန်တော်တို့တွေ အထဲဝင်ဖို့ ကြိုးစားမိတာပါ၊ စီနီယာ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်၊ ဒါ့အပြင် စီနီယာအနေနဲ့ ကျွန်တော်တို့ကို လက်ခံပေးနိုင်မလား မသိဘူး”
ဝတ်ရုံဖြူ အမျိုးသားဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းတို့ကို လက်ခံရမယ်၊ ဒီကိစ္စကို ငါဆုံးဖြတ်လို့ မရဘူး၊ မင်းတို့တွေ လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်၊ တာအိုပညာရှိအတုတောင် ဒီအရံအတားကို ထိုးဖောက်နိုင်တာ မဟုတ်ဘူး”
‘သူက ဆုံးဖြတ်ချက် မချနိုင်ဘူးလား’ သိမ်းငှက်ခေါင်းနဲ့ အင်မော်တယ်က ဂရုတစိုက် မေးလိုက်ပါတယ် “တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ တာအိုရောင်းရင်းရဲ့ အဆင့်အတန်းက ဘယ်လိုရှိလဲ၊ သိခွင့်ရရင် သိပါရစေ...”
“အမည်ခံတပည့်... ဘာအဆင့်မှ မဟုတ်ဘူး၊ ငါက နယ်စပ်မှာနေလို့ မင်းတို့ကို သတိလာပေးတာ၊ မင်းတို့တွေ စိတ်ထင်ရာ မလုပ်ဖို့ ငါ အကြံပေးချင်တယ်၊ မဟုတ်ရင် ငါတို့တိတ်ဆိတ်ဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က မင်းတို့ရုပ်နာမ်နှစ်ပါးစလုံးကို တစ်ချက်တည်း ဖျက်ဆီးပစ်လိမ့်မယ်” ဝတ်ရုံဖြူ အမျိုးသားက စိတ်မရှည်စွာ ပြောလိုက်ပါတယ်။
‘အမည်ခံတပည့်...’ အင်မော်တယ်သုံးပါးဟာ လန့်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဝတ်ရုံဖြူအမျိုးသားဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ပြန်ဝင် ပျောက်ကွယ်သွားပါတယ်။
မြွေခေါင်းနဲ့ အင်မော်တယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “အစ်ကိုကြီး... ဒီနေရာမှာ တကယ်ကြီး ပြိုင်စံရှားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ရှိနေတာပဲ”
သိမ်းငှက်ခေါင်း အင်မော်တယ်ဟာ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး ပြောလိုက်ပါတယ် “ငါတို့တွေ ထွက်သွားလို့ မဖြစ်ဘူး၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ငါတို့ကို မတိုက်ခိုက်မှတော့ ငါတို့ကို စိတ်ဝင်စားတယ်ဆိုတာ ထင်ရှားတယ်၊ ငါတို့တွေကသာ ငါတို့ရဲ့ စိတ်ရင်းအမှန်ကို ပြသနိုင်မယ်ဆိုရင် သူက ငါတို့ကို ကျိန်းသေပေါက် လက်ခံလိမ့်မယ်၊ နောက်ပြီး ငါတို့ရဲ့ အရည်အချင်းကလည်း သိပ်ဆိုးတာ မဟုတ်ဘူးလေ”
တခြားအင်မော်တယ်နှစ်ပါးဟာ သိမ်းငှက်ခေါင်း အင်မော်တယ်ရဲ့ စကားကို ခေါင်းညိတ် ထောက်ခံကြပါတယ်။ သူတို့သုံးယောက်ဟာ သူတို့ကိုယ်သူတို့ အင်မော်တယ်လို့ ခေါ်ပေမဲ့ အင်မော်တယ်စစ်စစ် မဟုတ်တာကို သူတို့တွေ သိကြပါတယ်။ သူတို့သုံးယောက်မှာ နောက်ခံကြီးကြီး လိုအပ်ပါတယ်။
ချီကျွင်းအင်မော်တယ်သုံးပါးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် ဘေးနားမှာ ဆက်နေပါတယ်။ ဒါ့အပြင် အထဲက စွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ အာရုံစိုက်ခံရအောင် မကြာခဏဆိုသလိုလည်း အရံအတားဆီသွားပြီး ဦးချရှိခိုးပါတယ်။
ဒီလိုနဲ့ နှစ် ၅၀ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်နိုင်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ထိုးတက်သွားပါတယ်။ စွမ်းအားပိုကြီးမားလာတာက ဟန်ကျွယ်ရဲ့ နှလုံးသားကို အတော်လေး ကျေနပ်အားရစေပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၂၇,၅၅၃/၉,၈၉၀,၀၀၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အတု ထိပ်ဆုံးအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဒီတစ်ခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ နှစ်ဆမတိုးပေမဲ့ သုံးပုံတစ်ပုံတော့ တိုးသွားပါတယ်။ ဒါပေမဲ့ ဒီသက်တမ်းထက် ပိုပြီး အရေးကြီးတဲ့ အရာတစ်ခုကိုလည်း ဟန်ကျွယ် ရလိုက်ပါတယ်။ အဲဒါကတော့ တာအိုကိုရယူဖို့ အခွင့်အရေးပါပဲ။
ဟန်ကျွယ်ဟာ နောက်ထပ် ၂၇ နှစ် အချိန်ယူပြီး ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ပါတယ်။ အဲဒီနောက် လအနည်းငယ်အတွင်းမှာပဲ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိရောက်အောင် မြှင့်တင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရုပ်သွင်ကို ကျင့်ကြံဖို့ ပြင်လိုက်စဉ်မှာပဲ ဟွမ်ဇွမ်တျန် တွေ့ခွင့်တောင်းတာကို ခံလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ဒီအတောအတွင်း အသွင်ပြောင်းပြီးတဲ့ သက်ရှိတော်တော်များများ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်လာကြတယ်၊ သူတို့တွေက ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးက လာကြတာ၊ သူတို့ပြောတာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ တာအိုကို ရယူနိုင်တဲ့ လောကဦး ခရမ်းရောင်ချီ ရှိနေတယ်တဲ့၊ ဒါ ကျွန်တော်တို့အတွက် မကောင်းဘူး”
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အရံအတားက သန်မာတယ်ဆိုပေမဲ့ အပြင်ဘက်မှာ သက်ရှိတွေ စုစည်းလာတာကိုတော့ ဟန့်တားနိုင်စွမ်း မရှိပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “လာချင် လာပလေ့စေ၊ သူတို့တွေ အထဲဝင်နိုင်မှာမှ မဟုတ်တာ”
ဟန်ကျွယ်ဟာ ဒီကောလဟာလကို ဘယ်သူဖြန့်လိုက်လဲ မသိပေမဲ့ နောက်မှရှင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလောလောဆယ်မှာ ဟန်ကျွယ် လုပ်ချင်တာက တာအိုကို အရယူဖို့ပါ။
ဟွမ်ဇွမ်တျန်က ဂရုတစိုက် ပြောလိုက်ပါတယ် “အပြင်ဘက်က သက်ရှိတွေဆီကနေ ကြားတာတော့ ဒီစကားကို တာအိုပညာရှိတစ်ပါးက ပြောတာတဲ့၊ တာအိုပညာရှိရဲ့စကားကို ဘယ်သူက မယုံဘဲနေမှာလဲ၊ အဲဒီအချိန်ကျရင် တာအိုပညာရှိအတုတောင် ရောက်လာနိုင်တယ်၊ ကျွန်တော်တို့ အရံအတားက သူတို့ကို ဟန့်တားနိုင်ပါ့မလား”
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ် “ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ပြီး သွားကျင့်ကြံစမ်းပါ၊ တိတ်ဆိတ်ဂိုဏ်းက အနန္တကပ်ဘေးကိုတောင် ကျော်ဖြတ်ခဲ့ပြီးပြီ၊ မမြင်ဖူး မကြုံဖူးတာ ဘာများရှိလို့လဲ၊ ဒီလိုစကားတွေကို ဂိုဏ်းထဲမှာ လျှောက်မဖြန့်နဲ့၊ သူများတွေ ကျင့်ကြံတာကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်၊ ငါ ပြောတာကို နားလည်လား”
ရုတ်ခြည်းဆိုသလိုပဲ ဟန်ဇွေတျန်ဟာ အသက်ရှူကြပ်မတက် ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရတာကြောင့် အမြန်ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး အပြင်ထွက်သွားဖို့ အချက်ပြလိုက်တဲ့အတွက် ဟွမ်ဇွေတျန်ဟာ တာအိုဘုံကျောင်းထဲကနေ မပြေးရုံတမယ် ထွက်ခွာသွားပါတယ်။
‘တာအိုပညာရှိတဲ့လား...’ ဟန်ကျွယ်ဟာ မထီပြုံး ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘယ်တာအိုပညာရှိက ဒီစကားပြောလဲဆိုတာကို မတွက်ချက်ပါဘူး။ ဒီလိုအချိန်မျိုးမှာ တာအိုပညာရှိကို ကျိန်စာတိုက်လိုက်ရင် အမှောင်သခင်ကြီးရဲ့ သရုပ်မှန်က ပေါ်သွားဖို့ များပါတယ်။
ဘာပဲဖြစ်ဖြစ် တာအိုပညာရှိ ကိုယ်တိုင်လာရင်တောင် တာအိုစက်ကွင်းကို ထိုးဖောက်နိုင်တာမှ မဟုတ်တာ။
အခုအချိန် ဟန်ကျွယ်မှာ ရည်မှန်းချက် တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ တာအိုပညာရှိ ဖြစ်ဖို့ပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။