တာအိုပညာရှိနှင့် တိုက်ခိုက်ခြင်း
Vol. 45 Ch. 499
ဟန်ကျွယ်ဟာ သေချာတွေးတော စဉ်းစားပြီးတဲ့နောက်မှာတော့ ကောလဟာာလကို ဘယ်သူဖြန့်လဲဆိုတာ တွက်ချက်လိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တောင်ဘက်စွန်း ကောင်းကင်အရှင်]
ဟန်ကျွယ်ဟာ ကောလဟာလတွေရဲ့ လက်သည်ကို တွေ့လိုက်ရလို့ မအံဩပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဟန်ကျွယ်အတွက် အရေးမကြီးပါဘူး။ တောင်ဘက်စွန်း ကောင်းကင်အရှင်က ချန်ကျောင်းတော် ဂိုဏ်းချုပ်ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို လက်စားချေတဲ့ အနေနဲ့ ချန်ကျောင်းတော်ကို ပစ်မှတ်ထားမယ်ဆိုရင် အမှောင်သခင်ကြီး ဘယ်သူဘယ်ဝါဆိုတာက အလွယ်တကူ ပေါ်နိုင်မှာ မဟုတ်ပါဘူး။
ဒီကိစ္စက လောကဦး ခရမ်းရောင်ချီနဲ့ ပတ်သက်နေတာ ဖြစ်တဲ့အတွက် တာအိုပညာရှိကိုယ်တိုင် စီစဉ်တာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဒီကိစ္စကို ခဏဘေးဖယ်ထားလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိအကုန်လုံး စုစည်းပြီး တိုက်ခိုက်မယ်ဆိုရင်တောင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါပဲ။
တာအိုပညာရှိအောက်မှာ အရာအားလုံးက ပုရွက်ဆိတ်ပါ။ ဒါ့အပြင် တာအိုပညာရှိတွေရဲ့ ခန္ဓာစစ်က အင်မော်တယ်ကမ္ဘာထဲ ဝင်လာလို့ မရပါဘူး။
ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို စတင်ပြီးတော့ ကျင့်ကြံပါတယ်။ ဒီတစ်ခါ နတ်ဘီလူး ဓမ္မရုပ်တု ဘယ်လောက်များများကို ကျင့်ကြံနိုင်မလဲ ဆိုတာတော့ ဟန်ကျွယ် မသိသေးပါဘူး။
နှစ်သုံးဆယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မင်းမဲ့နတ်ဘီလူး၊ သက်တန့် နတ်ဘီလူး၊ ဟင်းလင်းပြင် နတ်ဘီလူး၊ ကျိန်စာအလင်း နတ်ဘီလူး၊ ကျောက်တုံးနတ်ဘီလူး၊ အာကာသခွဲ နတ်ဘီလူး၊ အချိန် နတ်ဘီလူး၊ ဖြတ်သန်း နတ်ဘီလူး၊ လျှို့ဝှက်ဆန္ဒ နတ်ဘီလူး၊ ကြောက်ရွံ့မှု နတ်ဘီလူး၊ ပဋိပက္ခလှိုင်း နတ်ဘီလူး၊ တစ်ဖက်ဓား နတ်ဘီလူး၊ ပုန်းကွယ် နတ်ဘီလူး၊ ချီနတ်ဘီလူးနဲ့ နှလုံးသား နတ်ဘီလူးဆိုတဲ့ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ၁၅ မျိုးကို တက်မြောက်သွားပါတယ်။
ဒါကြောင့် အခုဆိုရင် ဟန်ကျွယ်ဆီမှာ နတ်ဘီလူးဓမ္မရုပ်တုပေါင်း ၄၉မျိုး ရှိသွားပါပြီ။ ဟန်ကျွယ်ရဲ့ စွမ်းအားဟာလည်း များစွာ တိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့အစွမ်းကို စမ်းသပ်ချင်တာကြောင့် အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
အရင်လိုပဲ ဟန်ကျွယ်ဟာ တာအိုပညာရှိအောက်က လူတိုင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ပါတယ်။ အရင်နဲ့ ဘာကွာသွားလဲဆိုတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိကို ခုခံနိုင်လာတာပါ။
ဟန်ကျွယ်ဟာ ဖူရှီကို စိန်ခေါ်လိုက်ပါတယ်။ နတ်ဘီလူး ဓမ္မရုပ်တု ၄၉ ခုရဲ့ ပူးပေါင်းမှု တိုက်ခိုက်မှုကြောင့် ဟန်ကျွယ်ဟာ ဖူရှီကို သရေကျအောင် တိုက်ခိုက်နိုင်သွားပါတယ်။ ဒီနတ်ဘီလူး ဓမ္မရုပ်တု ၄၉ ရုပ်ရဲ့ တစ်ရုပ်ချင်းဆီဟာ နိယာမတစ်ခုစီကို ကိုယ်စားပြုနေပါတယ်။ အတိအကျပြောရရင် မဟာတာအို အသေးစားလေးတွေပေါ့။ ဒါကြောင့် သူတို့တွေ ပူပေါင်းတိုက်ခိုက်တဲ့အခါ လောကကြီးကိုတောင် ဖျက်ဆီးနိုင်တဲ့အထိ စွမ်းအားကြီးမားကြပါတယ်။
သရေပဲကျတဲ့အတွက် ဟန်ကျွယ်ဟာ အတော်လေး ဒေါသထွက်သွားပါတယ် ‘ဒီလောက်လေးနဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ၊ ဒီစွမ်းအားလောက်နဲ့ အနာဂတ်မှာ ရန်သူကို အဆင့်ကျော်ပြီး ဘယ်လိုသတ်နိုင်မှာလဲ’
ဟန်ကျွယ်ဟာ သူ့တိုက်ခိုက်ရည်ကို အတော်လေး မကျေမနပ် ဖြစ်သွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဖူရှီနဲ့ မရပ်မနား ဆက်တိုက် တိုက်ခိုက်ပါတော့တယ်။
ဆယ်နှစ်ကျော်သွားပေမဲ့ ဟန်ကျွယ်ဟာ ဖူရှီကို မသတ်နိုင်သေးပါဘူး။ ကောင်းကင်တာအိုပညာရှိတွေက အတော်ကို အသက်ပြင်းတာပါ။
“ကောင်းကင်တာအိုပညာရှိကို သတ်ဖို့ဆိုရင် သူတို့ရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ဖြတ်တောက်ဖို့ လိုအပ်တယ်” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ဒီတိုက်ပွဲတွေမှာ ဟန်ကျွယ်ဟာ ဖူရှီကို အကြိမ်ပေါင်းများစွာ သတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖူရှီက မသေနိုင်တဲ့လူလို့ ချက်ချင်း အသက်ပြန်ရှင်လာပါတယ်။ ဒီလိုမသတ်နိုင်တဲ့ တည်ရှိမှုကို ရင်ဆိုင်ရတဲ့အတွက် ဟန်ကျွယ်ဟာ ပြိုလဲလုနီး ဖြစ်သွားပါတယ်။
‘အနာဂတ်မှာ ငါ တာအိုပညာရှိတွေနဲ့ ရင်ဆိုင်ရရင် သူတို့က သူတို့ခန္ဓာကိုယ်ကို ဖောက်ခွဲပြီး ငါ့ကို လှည့်စားမှာ ကျိန်းသေတယ်’ ဟန်ကျွယ်ဟာ ဒီအတွေးကြောင့် တစ်ကိုယ်လုံး စိမ့်တက်သွားပါတယ်။
ကံကောင်းတာတစ်ခုက အသွင်တူ လက်ရည်စမ်းပွဲထဲမှာ မို့လို့ပါ။ အပြင်မှာဆိုရင် ဟန်ကျွယ် ကျိန်းသေပေါက် ရှုံးနိမ့်သွားလောက်ပါပြီ။
ဟန်ကျွယ်ဟာ သူ့ရဲ့ လက်တလော စွမ်းအားနဲ့ ကောင်းကင်တာအိုပညာရှိတွေကို မသတ်နိုင်မှန်း ခန့်မှန်းမိတာကြောင့် တာအိုကို ရယူပြီးမှ တာအိုပညာရှိတွေနဲ့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဆက်တိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ တာအိုပညာရှိတိုင်းနဲ့ နှစ်တစ်ရာကျော် တိုက်ခိုက်ပြီး တစ်ချက်တည်းနဲ့ ဘယ်လိုသုတ်သင်ရမလဲဆိုတာကို ရှာဖွေမှာပါ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ် အကြောဆန့်လိုက်ပြီး တာအိုဘုံကျောင်း အပြင်ကို ထွက်လိုက်ပါတယ် “အားလုံးပဲ... တာအိုနားထောင်ဖို့ ပြင်ဆင်ကြတော့” ဟန်ကျွယ်ရဲ့ အသံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဟိန်းထွက်သွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းသား တိုင်းဟာ စိတ်လှုပ်ရှားသွားကြပြီး တာအိုဟောကြားတဲ့နေရာကို အပြေးသွားကြပါတယ်။ ဒီလို အပြေးသွားတဲ့ အထဲမှာ လီတောက်ခုံးနဲ့ လီရွှမ်အောက်လည်း ပါပါတယ်။ သူတို့နှစ်ယောက်ဟာ ဟန်ကျွယ် တာအိုဟောကြားတာကို စောင့်မျှော်နေတာ ကြာပါပြီ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာတော့ မရေမတွက်နိုင်တဲ့ သက်ရှိတွေ စုစည်းနေကြပါတယ်။
ငှက်ကြီးတစ်ကောင်ဟာ မြင့်မားတဲ့ ကောင်းကင်ယံမှာ စက်ဝိုင်းပုံ ပျံသန်းနေပါတယ်။ ဒီငှက်ကြီးရဲ့ အနက်ရောင် ငှက်မွေးတွေက သံမဏိလို ချွန်ထက် တောက်ပနေပြီး ပေတစ်ထောင်နီးပါး ရှည်လျားတဲ့ တောင်ပံတစ်စုံ ရှိပါတယ်။ ဒီငှက်ကြီးဟာ သိမ်းငှက်တစ်ကောင်နဲ့တူပြီး ကြောင်မြီးလိုမျိုး အမြီးသုံးချောင်းလည်း ရှိပါတယ်။
“အထဲမှာ အင်မော်တယ်တွေ အများကြီးပဲ” သုံးမြီးသိမ်းငှက်ကြီးက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ အင်မော်တယ် နတ်ဘုရားတွေ အများကြီးရှိနေတဲ့အတွက် လောကဦးခရမ်းရောင်ချီနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီကလည်း အမှန်ဖြစ်လိမ့်မယ်လို့ ယုံကြည်သွားကြပါတယ်။
“အင်မော်တယ် နတ်ဘုရားတွေ...”
‘ဂလု... ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် များရတာလဲ’
“လူသားအသွင် ပြောင်းပြီးရင် အင်မော်တယ် နတ်ဘုရားလို့ ယူဆလို့ရတယ်”
“တိတ်ဆိတ်ဂိုဏ်းက တကယ် တည်ရှိတာပဲ”
“သူတို့တွေ ဘာလုပ်နေကြတာလဲ”
“ငါ သူတို့ရဲ့ ရောင်ဝါကို ခံစားလို့မရဘူး၊ အားကောင်းတဲ့ အရံအတားတစ်ခုက ဟန့်တားထားတယ်”
သက်ရှိတွေဟာ အချင်းချင်း စပြီးတော့ ဆွေးနွေးကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းထဲမှာ အင်မော်တယ် နတ်ဘုရားတွေ အများကြီးရှိနေတဲ့အတွက် ဒီသက်ရှိတွေဟာ ဘယ်လိုထိုးဖောက်ဝင်ရမလဲဆိုတာ မသိကြတော့ပါဘူး။
ဒီအချိန်မှာပဲ မြေကြီးဟာ သွက်သွက်ခါသွားပြီး ပေတစ်သောင်းကျော် မြင့်မားတဲ့ ကြောက်မက်ဖွယ် ဧရာမလူသန်ကြီးတစ်ယောက်ဟာ မိုးကုပ်စက်ဝိုင်းကနေ ထွက်ပေါ်လာပါတယ်။ ဒီဧရာမလူသန်ကြီးရှေ့မှာ ဘယ်အရာမှ တားဆီးမရပုံပါပဲ။
ဒီဧရာမလူသန်ကြီးဟာ ဗလာကျင်းနေတဲ့ ရင်ဘက်ရှိပြီး ကြွက်သားတွေက ကျောက်စိုင်ကျောက်ခဲလိုပါပဲ။ ဧရာမလူသန်ကြီးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အရံအတားကို တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ဝင်တိုက်ပါတယ်။
ဧရာမလူသန်ကြီးနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အရံအတားတို့ တိုက်ခိုက်မိရာကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် လှိုင်းအရှိန်ဟာ သက်ရှိထောင်သောင်းချီကို လေထဲ လွှင့်စဉ်သွားစေပါတယ်။
“ဒါ ရှန်တျန်ကျောက်တုံးမျိုးနွယ်စုက ရှေးဟောင်းနတ်ဘုရားပဲ” တစ်ယောက်ယောက်က အံဩတကြီး အော်ပြောလိုက်ပါတယ်။ သူ့လေသံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အရံအတား ကျိုးပြတ်မှာကို မြင်ရတော့မဲ့ အတိုင်းပါပဲ။
ရှေးဟောင်းနတ်ဘုရားဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အရံအတားကို မထိုးဖောက်နိုင်လို့ပါပဲ။ ရှေးဟောင်းနတ်ဘုရားဟာ လက်မလျှော့လိုတဲ့အတွက် အကောင်းဆုံး ဆက်ကြိုးစားပါတယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ အသုံးမဝင်ပါဘူး။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တောင်ထိပ်မှာထိုင်ပြီး တာအိုဟောကြားနေတဲ့ ဟန်ကျွယ်ဟာ အပြင်ဘက်က ဝုန်းဒိုင်းအသံတွေကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ တပည့်တွေလည်း စိတ်အနှောင့်အယှက် ဖြစ်သွားကြပါတယ်။
ဟန်ကျွယ်ဟာ ညာလက်ကို ရုတ်တရက် မြှောက်လိုက်ပါတယ်။ ဟန်ကျွယ်ကို ဂရုတစိုက် ကြည့်နေကြတဲ့ တပည့်တွေဟာ မနေနိုင်ဘဲ ကြည့်လိုက်ကြပါတယ်။
“ဝှစ်...”
ဓားချီတစ်စဟာ ဟန်ကျွယ်ရဲ့ ညာလက်ညိုးကနေ ပျံထွက်သွားပြီး ကျောက်တုံးမျိုးနွယ်စု ရှေးဟောင်းနတ်ဘုရားရဲ့ ခေါင်းကို ထိမှန်ကာ ကျောက်တုံးကျောက်စတွေ မွှစာကျဲသွားစေပါတယ်။
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ သက်ရှိအားလုံး တုန်လှုပ်ချောက်ချားသွားကြပါတယ်။
“မကြောက်ကြနဲ့... ကျောက်တုံမျိုးနွယ်စုရဲ့ ရှေးဟောင်းနတ်ဘုရားက သတ်လို့မရဘူး” သက်ရှိတချို့က လူအများရဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းဖို့ အော်ပြောလိုက်ကြပါတယ်။
ဒါပေမဲ့ သူ့အသံမဆုံးခင်မှာပဲ ကျောက်တုံးမျိုးနွယ်စုရဲ့ ရှေးဟောင်းနတ်ဘုရားဟာ မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ ပြိုကျကုန်ပါတယ်။ ပေတစ်သောင်းကျော် မြင့်မားတဲ့ ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ဟာ တစ်ခါတည်း ပြိုလဲသွားတာပါ။
ဟန်ကျွယ်ဟာ ကျောက်တုံးမျိုးနွယ်စုရဲ့ ရှေးဟောင်းနတ်ဘုရားကို ဂရုမစိုက်ဘဲ တာအို ဆက်ဟောကြားပါတယ်။
နတ်မင်းအဆင့် ကျင့်ကြံသူလေးက ဟန်ကျွယ်လိုမျိုး တာအိုပညာရှိအတုရဲ့ ဓမ္မစွမ်းအားကို တောင့်ခံချင်တာက ကိုယ်သေတွင်း ကိုယ်တူးတာပါပဲ။ ဘယ်လောက်ပဲ မသေမျိုးခန္ဓာကိုယ် ဆိုစေအုန်းတော့ နောက်ဆုံးမှာ မရဏလမ်း မြန်းရတာချည်းပါပဲ။
တာအိုပညာရှိတွေရဲ့ မသေမျိုးတည်ရှိမှုနဲ့ နှိုင်းယှဉ်ရင် ကျောက်တုံးမျိုးနွယ်စု ရှေးဟောင်းနတ်ဘုရားရဲ့ မသေမျိုးခန္ဓာကိုယ်က ကလေးကစားစရာအဆင့်တောင် မရှိပါဘူး။
ကျောက်တုံးမျိုးနွယ်စုရဲ့ ရှေးဟောင်းနတ်ဘုရား ဖျက်ဆီးခံလိုက်ရတဲ့အတွက် ပတ်ဝန်းကျင်က သက်ရှိအားလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားကြပါတယ်။ ဘယ်သူမှ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို မဝင်ရဲတော့ပါဘူး။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အေးအေးဆေးဆေး တာအိုဟောကြားလို့ ရသွားပါတယ်။
ဒီတာအိုဟောကြားမှုဟာ နှစ် ၅၀ ကြာပါတယ်။ နှစ်ငါးဆယ်ကြာလို့ ဟန်ကျွယ် မတ်တတ်ရပ်ခါနီးမှာ လီတောက်ခုံးက အသံလွှင့်ပြီး မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော် ဒီကိစ္စကို ထွက်ရှင်းဖို့လိုလား”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “ကောင်းတာပေါ့၊ ဒါပေမဲ့ လက်မလွန်စေနဲ့၊ မဟုတ်ရင် တာအိုပညာရှိတွေ ရှာတွေ့သွားလိမ့်မယ်”
လီတောက်ခုံးဟာ ခေါင်းညိတ်ပြီး ပျံထွက်သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းမှာ အပေါက်တစ်ခု ဖွင့်ပေးပြီး လီတောက်ခုံးကို အပြင်ထွက်ခွင့် ပြုလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းဆီ လျှောက်သွားပါတယ်။
တာအိုဘုံကျောင်းဆီ ပြန်တဲ့လမ်းမှာ တိုက်ခိုက်သံတွေနဲ့ အော်ဟစ်ငိုယိုသံတွေကို ဟန်ကျွယ် ကြားလိုက်ရပါတယ်။ ဒီလိုအချိန်မှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူက ကျိန်းသေပေါက် ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုမျိုးပါ။
တိုက်ပွဲသံတွေကြောင့် တာအိုသုံးသပ်နားလည်နေတဲ့ တပည့်တွေလည်း နိုးထလာကြပါတယ်။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်၊ မိုးကောင်းကင်မျိုးနွယ်စု ညီလာခံ။
ဂျိရှင်းရှန်ဟာ အင်္ကျီလက်စကို ခါယမ်းပြီး ဒေါသတကြီး အော်ပြောလိုက်ပါတယ် “ဒါ ဘာသဘောလဲ၊ ဗုဒ္ဓဂိုဏ်းက မိုးကောင်းကင်မျိုးနွယ်စုကို စစ်ကြော်ငြာချင်တာလား”
ညီလာခံထဲက မိုးကောင်းကင်မျိုးနွယ်စုဝင်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဘယ်သူကမှ ဂျိရှင်းရှန်ရဲ့ မေးခွန်းကို ပြန်မဖြေကြပါဘူး။ ဒီအဖြစ်ကြောင့် ဂျိရှင်းရှန်ဟာ ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။
အပြင်ပန်းကကြည့်ရင် မိုးကောင်းကင်မျိုးနွယ်စု ဂုဏ်ရှိန်ဂုဏ်ဝါ တောက်ပပြီး အင်အားကြီးမားတယ် ဆိုပေမဲ့ အတွင်းမှာတော့ တော်တော်လေးကို ယိုင်နဲ့နေပါတယ်။ မိုးကောင်းကင်မျိုးနွယ်စု ဘိုးဘေးဖြစ်တဲ့ ဂျိရှင်းရှန်တောင် မိုးကောင်းကင်မျိုးနွယ်စုထဲက အင်အားစုတွေကို မထိန်းနိုင်ပါဘူး။
ကောင်းကင်နတ်ဘုရား စစ်သူကြီးက မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “ဗုဒ္ဓဂိုဏ်းကို သင်ခန်းစာပေးဖို့ ကျွန်တော် တာဝန်ယူချင်ပါတယ်”
ဂျိရှင်းရှန်ဟာ ဒေါသနည်းနည်း ပြေသွားပါတယ် “ငါတို့တွေ ဒီကိစ္စကို ဆွေးနွေးရအုန်းမယ်၊ ဗုဒ္ဓဂိုဏ်းက မိုးကောင်းကင်မျိုးနွယ်စုရဲ့ ဩဇာအာဏာကို ပေါ်တင်ကြီး ရန်စတယ်ဆိုတော့ သူတို့နောက်မှာ တစ်ယောက်ယောက် ရှိနေတာ ဖြစ်ရမယ်၊ ငါတို့တွေ ဒီကိစ္စကို စုံစမ်း စစ်ဆေးဖို့ လိုအပ်တယ်”
“ဒါနဲ့ မင်းတို့အကုန်လုံး လောကဦးခရမ်းရောင်ချီနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ကြားထားကြတယ်မလား၊ အခု ကံတရား အထောက်အပံ့ဂိုဏ်း အားလုံးက သူတို့လက်ထဲမှာ လောကဦး ခရမ်းရောင်ချီ ရှိတယ်ဆိုပြီး ပြောနေကြတယ်၊ ငါတော့ မယုံဘူး၊ တာအိုကိုရယူဖို့ ဘယ်လိုလုပ်ပြီး ဒီလောက်အခွင့်အရေး များရမှာလဲ၊ နောက်ပြီး တာအိုပညာရှိတစ်ပါးပဲ ကျရှုံးသေးတာ”
“မင်းတို့တွေ မိစ္ဆာမျိုးနွယ်စုကို ဘယ်လိုထင်ကြလဲ”
မိစ္ဆာမျိုးနွယ်စုဆိုတဲ့ နာမည်ကြောင့် ညီလာခံထဲက မိုးကောင်းကင်မျိုးနွယ်စု အကုန်လုံး နှလုံးလှုပ်သွားကြပြီး လေထုတစ်ခုလုံး လေးနက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။