← Chapters

လောကဦး ခရမ်းရောင်ချီ ပေါ်လာခြင်း၊ ယမမင်းအသစ်

Vol. 46 Ch. 504

လောကဦး ခရမ်းရောင်ချီ ပေါ်လာခြင်း၊ ယမမင်းအသစ်

Vol. 46 Ch. 504

ချီကျွင်း အင်မော်တယ်သုံးပါးဟာ အတန်ကြာ အော်ဟစ်တဲ့အတွက် နောက်ဆုံးမှာတော့ တိတ်ဆိတ်ဂိုဏ်းတပည့်တစ်ဦး သူတို့ဆီ ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။ ဒီတပည့်က ချီကျွင်းအင်မော်တယ်သုံးပါးကို အရင်တစ်ခေါက်က သတိပေးခဲ့တဲ့ ဝတ်ရုံဖြူအမျိုးသားပါ။ ဒီဝတ်ရုံဖြူဟာ ဟန်ဇွေတျန်လက်အောက်က အသွင်ပြောင်းပြီးတဲ့ ရှန်တျန်သက်ရှိ ဖြစ်ပြီး မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိနေပါပြီ။

ဝတ်ရုံဖြူဟာ စိတ်မရှည်စွာ ပြောလိုက်ပါတယ် “ဒီကောင်လား... ဒီကောင်က ဘယ်လိုလုပ်ပြီး တိတ်ဆိတ်ဂိုဏ်းကို ခြိမ်းခြောက်နိုင်မှာလဲ”

ဝတ်ရုံဖြူဟာ ချီကျွင်းအင်မော်တယ်သုံးပါးက စိတ်ရင်းမှန်လို့သာ ထွက်လာတာပါ။ နို့မို့ဆို ဒီနားကို လာတောင် မလာချင်ပါဘူး။

သိမ်းငှက်ခေါင်း အင်မော်တယ်က အရှက်မရှိ ပြောလိုက်ပါတယ် “ဒီကောင်က ကောင်းကင်မျိုးနွယ်စုရဲ့ အင်မော်တယ် နတ်ဘုရားပဲ၊ သူက ကျွန်တော်တို့ကို မြေနတ်သားရာထူး ပေးချင်နေတယ်၊ သူပြောတာက နောက်ကျရင် မိုးကောင်းကင်မျိုးနွယ်စုက တိတ်ဆိတ်ဂိုဏ်းကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ဖယ်ရှားပြီး ကျွန်တော်တို့ကို မြေနတ်သားတွေ ဖြစ်စေမယ်တဲ့”

မြေနတ်သားဟာ တစ်ခုခုပြောချင်လို့ ပါးစပ်ဟလိုက်ပေမဲ့ ဘာအသံမှ ထွက်မလာပါဘူး။

ဝတ်ရုံဖြူဟာ ချီကျွင်းအင်မော်တယ်သုံးပါးရဲ့ စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် “ခဏစောင့်နေ”

ဝတ်ရုံဖြူ အထဲကို ပြန်ဝင်သွားပြီး မကြာခင်မှာပဲ ဟန်ဇွေတျန်နဲ့ လီရွှမ်အောက်တို့ ရောက်လာပါတယ်။ လီရွှမ်အောက်ဟာ မြေနတ်သားကို အကဲခတ်ပြီး ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ဒီကောင်က မိုးကောင်းကင်မျိုးနွယ်စုရဲ့ အင်မော်တယ် နတ်ဘုရားပဲ”

လီရွှမ်အောက်ဟာ မြေနတ်သားကို မသိပါဘူး။ ဒါပေမဲ့ လီရွှမ်အောက်ဟာ မိုးကောင်းကင်မျိုးနွယ်စုက လာခဲ့တာမို့ မိုးကောင်းမျိုးနွယ်စုရဲ့ ရောင်ဝါနဲ့ ကံတရား အထောက်အပံ့ကို ခွဲခြားသိပါတယ်။

ဟန်ဇွေတျန်ဟာ ချီကျွင်းအင်မော်တယ်သုံးပါးကို ကြည့်လိုက်ပါတယ် “ငါ မင်းတို့သုံးယောက်ကို သိတယ်၊ မင်းတို့ရဲ့ စိတ်ရင်းမှန်တာကိုလည်း သိတယ်၊ ငါ မင်းတို့ကို ဆရာဘိုးဘိုးရှေ့မှာ ပြောပေးမဲ့၊ တိတ်ဆိတ်ဂိုဏ်းထဲ မဝင်ရမှာ မစိုးရိမ်ကြနဲ့”

ဒီစကားကြောင့် ချီကျွင်းအင်မော်တယ်သုံးပါးဟာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်းပဲ ဟန်ဇွေတျန်ကို ကျေးဇူးတင်စကား ဆိုကြပါတယ်။

ဟန်ဇွေတျန်ဟာ လီရွှမ်အောက်ကိုကြည့်ပြီး မေးလိုက်ပါတယ် “ဒီမြေနတ်သားကို ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ”

လီရွှမ်အောက်က လေသံအေးနဲ့ ပြောလိုက်ပါတယ် “သတ်ပစ်ရမှာပေါ့၊ မင်းတို့သုံးယောက်... ဒီကောင့်ကို ရှင်းလိုက်တော့”

မြေနတ်သားဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။

စကားအပိုမပြောဘဲ သိမ်းငှက်ခေါင်း အင်မော်တယ်ဟာ မြေနတ်သားရဲ့ ခေါင်းပေါ် လက်တင်ပြီး ဝိညာဉ်ကို စုပ်ထုတ်လိုက်ပါတယ်။ မြွေခေါင်း အင်မော်တယ်က မြေနတ်သားရဲ့ ခန္ဓာကိုယ်ကို မြိုချလိုက်ပါတယ်။ သိမ်းငှက်ခေါင်း အင်မော်တယ်ဟာ မြေနတ်သားရဲ့ ဝိညာဉ်ကို သူ့ရဲ့တတိယညီ ကောင်းကင်အင်မော်တယ်ဆီ ပစ်ပေးလိုက်ပါတယ်။

ကောင်းကင်အင်မော်တယ်ရဲ့ မျက်လုံးကနေ ထူးဆန်းတဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြေနတ်သားရဲ့ ဝိညာဉ်ကို တစ်ခါတည်း ငြိမ်းသတ်ပစ်လိုက်ပါတယ်။

လီရွှမ်အောက်ဟာ ချီကျွင်းအင်မော်တယ်သုံးပါးရဲ့ လုပ်ရပ်ကိုကြည့်ပြီး မျက်ခုံပင့်တက်သွားပါတယ် ‘မဆိုးဘူး... ဒီသုံးကောင်က သူတို့အရည်အချင်းနဲ့ သူတို့ရှိသားပဲ’

လီရွှမ်အောက် မြေနတ်သားကို သတ်ခိုင်းတာကလည်း ချီကျွင်းအင်မော်တယ်သုံပါးကို စမ်းသပ်ဖို့ပါ။ ချီကျွင်းအင်မော်တယ်သုံးပါးရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုက တိတ်ဆိတ်ဂိုဏ်းဘက်မှာ ရှိနေကြောင်း လီရွှမ်အောက်ကို သက်သေပြလိုက်ပါတယ်။

လီရွှမ်အောက်ဟာ အားရစွာ ပြုံးလိုက်ပါတယ် “မင်းတို့မှာ အမြင်တော့ ရှိသားပဲ၊ ခဏစောင့်အုန်း”

ချီကျွင်းအင်မော်တယ်သုံးပါးဟာ လီရွှမ်အောက်ကို ချက်ချင်း ကျေးဇူးတင်လိုက်ကြပါတယ်။ အဲဒီနောက် လီရွှမ်အောက်နဲ့ ဟွမ်ဇွေတျန်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ပြန်ဝင်သွားကြပါတယ်။

ကောင်းကင်မှာ ပျံသန်းရင်း လီရွှမ်အောက်က ပြောလိုက်ပါတယ် “ဒီသုံးယောက်က မဆိုးဘူး၊ မင်း သူတို့ကို လက်ခံပြီး ကောင်းကောင်း ဂရုစိုက်ရင် အနာဂတ်မှာ လူယုံတွေ ဖြစ်လာလိမ့်မယ်”

ဟန်ဇွေတျန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

အဲဒီနေ့မှာပဲ လီရွှမ်အောက်ဟာ ဟန်ကျွယ်ဆီသွားပြီး ချီကျွင်းအင်မော်တယ်သုံးပါး အကြောင်း ပြောပြလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးတာနဲ့ ချီကျွင်း အင်မော်တယ်သုံးပါးကို တာအိုစက်ကွင်းထဲ ရွှေ့ပြီး လီရွှမ်အောက်လက်ထဲ အပ်လိုက်ပါတယ်။

လီရွှမ်အောက် ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ မျက်နှာဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ဒီလီရွှမ်အောက်က ဘယ်လိုလုပ်ပြီး အတွင်းရေး စီမံခန့်ခွဲတဲ့နေရာမှာ အရည်အချင်း ရှိနေရတာလဲ’

ဟန်ကျွယ်ဟာ လီရွှမ်အောက်က အမြဲတမ်း အားသုံးတဲ့လူလို့ တွေးခဲ့တာပါ။ ဒါပေမဲ့ လီရွှမ်အောက်ဟာ တိတ်ဆိတ်ဂိုဏ်းထဲ ရောက်လာပြီးနောက်ပိုင်း အစီအစဉ်ဆွဲတာတွေ ဆုံးဖြတ်ချက်ချတာတွေကို ပိုပြီးတော့ သဘောကျလာပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လီရွှမ်အောက် သူ့အပေါ်ထားရှိတဲ့ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့် ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ လီရွှမ်အောက် သစ္စာဖောက်မှာကို စိုးရိမ်စရာ မလိုပါဘူး။

တစ်နေ့ကျလို့ လီရွှမ်အောက်ရဲ့ မျက်နှာသာပေးမှုက လျော့ကျသွားခဲ့ရင် ကြယ်ပွင့်ခွဲလေးဆိုရင်တောင် ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို သတိပေးမှာပါ။

အင်မော်တယ်ကမ္ဘာမှာ နာရီမရှိပါဘူး။ လူတချို့ကလွဲရင် သက်ရှိအားလုံးနီးပါးက အချိန်ကို မတွက်ချက်ကြပါဘူး။ အင်မော်တယ်ကမ္ဘာက စိတ်ဝိညာဉ်ချီတွေနဲ့ ပြည့်နှက်နေတာ ဖြစ်တဲ့အတွက် ရန်သူမရှိဘူးဆိုရင် အချိန်အကြာကြီး အသက်ရှင်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အချိန်ဆိုတာက အရေးမပါတဲ့အရာတစ်ခု ဖြစ်လာပါတယ်။

ဟန်ကျွယ်ကတော့ အချိန်ကို ဂရုစိုက်တဲ့ လူနည်းစုထဲက တစ်ယောက်ပါ။ ဟန်ကျွယ်ဟာ စနစ်ရှိတဲ့အတွက် သူ့သက်တမ်းကို မပြတ်ကြည့်ရှုတာက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။

နှစ်တွေကုန်ဆုံးသွားတာနဲ့ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေဟာ တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။

ဒီအကြိမ်က ပထမဆုံး ရှန်တျန်သက်ရှိ အရေအတွက် ထိုးတက်သွားတာပါ။ ရှန်တျန်သက်ရှိတွေဟာ ကျင့်ကြံမှုမြင့်မားလာတဲ့အတွက် မျိုးဆက်ပွားဖို့ကို စတင်ပြီးတော့ အာရုံစိုက်လာကြပါတယ်။

အခုဆိုရင် အင်မော်တယ်ကမ္ဘာမှာ အင်အားစုကြီး ၇ စု ရှိပါတယ်။ အဲဒီခုနစ်စုကတော့ ကျယ်ကျောင်းတော်၊ ချန်ကျောင်းတော်၊ ရွမ်လိန့်ကျောင်းတော်၊ ဗုဒ္ဓဂိုဏ်း၊ မိုးကောင်းကင်မျိုးနွယ်စု၊ ရှေးဟောင်းမျိုးနွယ်စုနဲ့ တိတ်ဆိတ်ဂိုဏ်းတို့ပဲ ဖြစ်ပါတယ်။

ရှေးမိစ္ဆာယင် သေဆုံးသွားပြီဆိုပေမဲ့ ရှေးဟောင်းမျိုးနွယ်စုဟာ ဆက်လက်ရှင်သန် ကျန်ရစ်ခဲ့ပြီး အရင်ကထက် အင်အားပိုကြီးလာပါတယ်။ ဒီလိုဖြစ်ရတာက သူတို့တွေဟာ ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ ရှန်တျန်သက်ရှိတွေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် သက်ရှိအများစုကလည်း သူတို့ကိုယ်သူတို့ ရှေးဟောင်းမျိုးနွယ်စုလို့ ခံယူကြပါတယ်။

ဒီလိုနဲ့ နှစ်ပေါင်း ၁,၂၀၀ ကုန်ဆုံးသွားပါတယ်။

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရဲ့ မြင်ကွင်းထဲမှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။

[လောကဦး ခရမ်းရောင်ချီသည် အင်မော်တယ်ကမ္ဘာသို့ ဆင်းသက်လာကြောင်း ရှာဖွေတွေ့ရှိထား၏။ သင့်တွင်‌ အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ လောကဦး ခရမ်းရောင်ချီအတွက် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအားတစ်ပါးကို အမွေဆက်ခံ ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿများနှင့် ဝေးရာတွင် နေထိုင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစတစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]

‘လောကဦး ခရမ်းရောင်ချီ’ ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘နွီဝါပြောတော့ ငါ့အတွက် သိမ်းထားပေးမယ်ဆို... ဒါမှမဟုတ် နောက်ထပ် လောကဦး ခရမ်းရောင်ချီ တစ်ခုလား’

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် အ‌ကောင်းစား ရတနာတစ်ပါးအား ရရှိပါသည်။]

[ကောင်းကင်တာအို စိတ်ဝိညာဉ် ရတနာ ကောင်းကင်မူလ လက်‌ကောက်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ကောင်းကင်မူလ လက်ကောက်: ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာ။ အလွန်တရာ မာကျောပြီး ဝိညာဉ်အား ဝင်တိုက်နိုင်သကဲ့သို့ ကမ္ဘာတစ်ခုကိုလည်း ပတ်နိုင်သည်။]

‘ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာလား... မဆိုးဘူး... မဆိုးဘူး....’

ဟန်ကျွယ်ဟာ ကောင်းကင်မူလ လက်ကောက်ကို တိတ်တဆိတ် ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်းလုပ်ပါတယ်။ ဟန်ကျွယ်အတွက်တော့ ရတနာတွေက များလေ ကောင်းလေပါပဲ။ လောလောဆယ် အသုံးမဝင်ပေမဲ့ တစ်ချိန်ချိန်မှာ အသုံးဝင်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

အထူးသဖြင့် နတ်ဘုရားရွေးချယ်ပွဲထဲမှာ အရှင်သုံးပါးက သူတို့တပည့်တွေကို နတ်လက်နက်တွေပေးပြီး တိုက်ခိုက်စေတာက တော်တော်လေး အထင်ကြီးဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ရဲ့ အကောင်းစား ရတနာတွေကို သူ့တပည့်တွေဆီပေးဖို့ စိတ်ကူးမရှိပါဘူး။ သူမကြိုက်တဲ့ ရတနာတွေကိုသာ သူနှစ်သက်တဲ့ တပည့်တွေဆီ ပေးအပ်မှာပါ။

လေးငါးဆယ်ရက် အကြာမှာတော့ ကောင်းကင်မူလ လက်အောက်ဟာ ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဟန်ကျွယ်လည်း ကောင်းကင်မူလ လက်‌ကောက်ကို ညာလက်မှာ တစ်ခါတည်း ဝတ်ဆင်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံအားထုတ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် တာအိုပညာရှိအတု၏ နတ်လက်မောင်းကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ပန်ရှင်းသည် ရွမ်လိန့်ကျောင်းတော် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၉၂

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် လောကဦး ခရမ်းရောင်ချီအား ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ငရဲပြည်ဟာ ပြန်လည်တည်ထောင်လိုက်၏။]

[သင့်မိတ်ဆွေ ကျန်းတုကူးသည် ရှေးကပ်ဘေးသခင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် တာအိုပညာရှိအတု ဖြစ်သွား၏။]

[သင့်တပည့် ရန်ထျန်တုန်းသည် ယမမင်း ဖြစ်လာ၏။]

‘ဂျိရှင်းရှန် တာအိုပညာရှိအတုရဲ့ အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး၊ ဒီကောင် ဘာတွေများ လုပ်နေတာလဲ’ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်က ကောင်းကင်တာအိုဗီလိန်အဖြစ် ပြောင်းလဲနေတယ်လို့ ခံစားလိုက်ရပါတယ်။

အဲဒီနောက် ရွှမ်ချင်းကျွင်းက လောကဦး ခရမ်းရောင်ချီ ရရှိသွားတာကို တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ မှင်သက်အံဩသွားပါတယ် ‘ဒီလိုဆို လောကဦး ခရမ်းရောင်ချီ အင်မော်တယ်ကမ္ဘာဆီ ဆင်းသက်လာတာက ရွှမ်ချင်းကျွင်းကြောင့်လား... သူ ဘယ်လိုများ လုပ်လိုက်တာလဲ’

‘ကောင်းကင်ဧကရာဇ်ကလည်း တာအိုပညာရှိအတု ဖြစ်သွားပါပြီလား’ ဟန်ကျွယ်ဟာ သက်ပြင်းသာချလိုက်ပြီး အံအားသင့်ခြင်း အလျဉ်းမရှိပါဘူး။

ကောင်းကင်ဧကရာဇ်ဟာ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို ရောက်သွားတကည်းက အခွင့်အရေးတွေ အများကြီး ရခဲ့တာပါ။ နောက်ပြီး ကောင်းကင်ဧကရာဇ် ကိုယ်တိုင်ကလည်း ကောင်းကင်ဘဝဂ် ကျင့်ကြံသူဖြစ်တဲ့အတွက် တာအိုပညာရှိအတု ဖြစ်လာတာက ထူဆန်းတာတော့ မဟုတ်ပါဘူး။

အဲဒီနောက် ရန်ထျန်တုန်း ယမမင်း ဖြစ်လာတာကို ဟန်ကျွယ် သတိထားမိသွားပါတယ်။ ဒီကိစ္စက ဧကရီဟုတ်ထိုရဲ့ လက်ချက်ဆိုတာကို ဘယ်သူမှမပြောလည်း ဟန်ကျွယ် သိပါတယ်။

ရန်ထျန်တုန်းဟာ ပြီးခဲ့တဲ့ ကပ်ဘေးမှာ သေဆုံးသွားခဲ့ပေမဲ့ ချုံရှီလိုင် ကာကွယ်ပေးတာကို ခံခဲ့ရပါတယ်။ ဒါကြောင့် ရန်ထျန်တုန်းရဲ့ ဝိညာဉ်ဟာ ငရဲပြည်မှာ အမြဲတမ်း ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဧကရီဟုတ်ထိုက ရန်ထျန်တုန်းက ယမမင်းဖြစ်လာတဲ့အထိ ထောက်ပံ့ပေလိမ့်မယ်လို့ ဟန်ကျွယ် မမျှော်လင့်ထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ သူ့ရဲ့ပထမဆုံးတပည့် ရန်ထျန်တုန်းရဲ့ ဘဝဇတ်ကြောင်းကို ပြန်တွေးမိပြီး သက်ပြင်းချလိုက်ပါတယ် ‘နှမြောစရာပဲ...’ ဟန်ကျွယ်ဟာ ‌ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်နေ့ကျရင် ဧကရီဟုတ်ထိုက ရန်ထျန်တုန်းကို သူ့ဆီလာခိုင်းလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို အကြွင်းမဲ့သန့်စင်ခြင်းနဲ့ သန့်စင်ပစ်မှာပါ။

အကြွင်းမဲ့သန့်စင်ခြင်းကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ နေရာကနေ မတ်တတ်ရပ်လိုက်ပြီး တိတ်ဆိတ်ဂိုဏ်းတပည့်အားလုံးကို သန့်စင်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုသန့်စင်မဲ့အထဲမှာ လီတောက်ခုံးနဲ့ လီရွှမ်အောက်လည်း ပါပါတယ်။

ဒီလိုနဲ့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လျှောက်သွားတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ဟန်ကျွယ်ကို တွေ့ချင်ပေမဲ့ မျက်နှာချင်းတွေ့ဖို့ ကြောက်နေကြပါတယ်။

ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေနဲ့ ရောက်တက်ရာရာ ပြောဆိုရင်း တစ်ဘောက်ပြီးတစ်ယောက် သန့်စင်ပစ်ပါတယ်။ ဒီလိုသန့်စင်တဲ့အတွက် ကုန်ဆုံးသွားတဲ့ သက်တမ်းပမာဏက ဟန်ကျွယ်အတွက် မပြောလောက်ပါဘူး။ ဒီလောက်သက်တမ်းက တာအိုပညာရှိကိုတောင် ရူးသွားအောင် ကျိန်စာမတိုက်နိုင်ပါဘူး.

နှစ် ၆၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့တပည့်တွေကို သန့်စင်လို့ ပြီးသွားပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်အားလုံးဟာလည်း ဟန်ကျွယ်ကို မြင်ဖူးသွားကြပါတယ်။ ဒီလိုမြင်တွေ့လိုက်ရလို့ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်ကို အကြည်ညို မလျော့သွားဘဲ ပိုလို့တောင် ကြည်ညို လေးစားလာကြပါတယ်။

ဟန်ကျွယ်ရဲ့ ရောင်ဝါက အားကောင်းလွန်းတဲ့အပြင် နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပမှုကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်နဲ့ မျက်နှာချင်းဆိုင် စကားပြောရင်တောင် ဟန်ကျွယ်ရဲ့ မျက်နှာကို မမြင်နိုင်ကြပါဘူး။

လျှိုဝှက်ဆန်းကြယ်တာ။

စွမ်းအားကြီးတာ။

ဒါတွေက အမည်ခံတပည့်တွေရဲ့ နှလုံးသားထဲမှာရှိတဲ့ ဟန်ကျွယ်ရဲ့ ပုံရိပ်ပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters