← Chapters

တာအိုစက်ကွင်း အဆင့်မြှင့်တင်ခြင်း

Vol. 47 Ch. 511

တာအိုစက်ကွင်း အဆင့်မြှင့်တင်ခြင်း

Vol. 47 Ch. 511

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တစ်ခါတည်း ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်မိစ္ဆာတွေကို ဂရုမစိုက်ပါဘူး။ တာအိုစက်ကွင်း အဆင့်မြှင့်တင်တာက ဟန်ကျွယ်အတွက် အရေးကြီးဆုံး မဟုတ်ပါလား။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် တာအိုစက်ကွင်း အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]

[တာအိုစက်ကွင်းအား အဆင့်စမြှင့်နေပါပြီ။]

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို နေသာထိုင်သာ ရှိသွားပါတယ်။ ကောင်းကင်မိစ္ဆာပဲ ဖြစ်ဖြစ် တာအိုပညာရှိပဲဖြစ်ဖြစ် တာအိုစက်ကွင်းထဲမှာ နေနိုင်တဲ့ ဟန်ကျွယ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ သူ့ရွေးချယ်မှုကို ပြန်စဉ်းစားလိုက်ပါတယ် ‘ကောင်းကင်တာအို ဆင့်ကဲပြောင်းလဲတာ...’

ဟန်ကျွယ်ဟာ သေချာစဉ်းစားကြည့်လိုက်ပါတယ် ‘ လောကဦး ဒဏ္ဍာရီမှာ ပထမဆုံး ကောင်းကင်တာအို ကပ်ဘေးက တာအိုနဲ့ မိစ္ဆာကြားက တိုက်ပွဲပဲ... ဒါတွေအကုန်လုံးက ကောင်းကင်တာအိုရဲ့ ကံကြမ္မာများလား...’

ဒီကိစ္စတွေက ကံကြမ္မာကြောင့် ဖြစ်ဖြစ် တခြားအကြောင်းကြောင့် ဖြစ်ဖြစ် ဟန်ကျွယ်ဟာ စိတ်မဝင်စားပါဘူး။

‘ငါ့တာအိုစက်ကွင်းက ဒီတစ်ခါ အဆင့်မြှင့်တင်ပြီးသွားရင် မဟာတာအိုအဆင့် တိုက်ခိုက်မှုကို ဟန့်တားနိုင်မှာလား’ ဒီအတွေးကြောင့် ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။

တာအိုစက်ကွင်းက အဆင့်မြှင့်တင်တိုင်း အချိန်ယူရတာချည်းပါပဲ။

တစ်ချိန်တည်းမှာပဲ...

တာအိုစက်ကွင်းရဲ့ အရံအတားဟာ သဲကြီးမဲကြီး ရွာကျလာတဲ့ ရွှေရောင်မိုးကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ မရောက်အောင် ဟန့်တားလိုက်ပါတယ်။

တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဒီအဖြစ်အပျက်ကြောင့် တစ်ခုခုမှားနေပြီဆိုတာကို ခံစားမိလိုက်ပါတယ်။ အရံအတားကို နိုးထစေတယ် ဆိုကတည်းက ဒီရွှေရောင်မိုးဟာ သာမန်မဟုတ်ဘဲ အန္တရာယ်ရှိတယ်ဆိုတာ သေချာသလောက် ရှိနေပါပြီ။

“ဒီရွှေရောင်မိုးက ကျိန်းသေပေါက် အန္တရာယ်ရှိရမယ်”

“ဘယ်သူက ငါတို့ကို ထပ်ပြီးတော့ ဒုက္ခပေးချင်ပြန်ပြီလဲ”

“တကယ် ထူးဆန်းတာပဲ၊ ငါတို့တိတ်ဆိတ်ဂိုဏ်းက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ အမြဲတမ်း ပုန်းနေတာ၊ ဂိုဏ်းချုပ်ကလည်း အမြဲတမ်း ဂူ‌အောင်းကျင့်ကြံနေတာ၊ ဘာလို့ ဒီအင်အားစုတွေက ငါတို့ကိုပဲ ပြဿနာလာရှာနေရတာလဲ”

“ငါလည်း မသိဘူး၊ ငါ့အထင်တော့ တိတ်ဆိတ်ဂိုဏ်းက အင်အားကြီးလို့ ဖြစ်မယ်”

“ကောင်းကောင်းမွန်မွန် ကြိုးစားကျင့်ကြံပြီး ကိုယ်ပိုင်တပည့်ဖြစ်အောင်အောင် လုပ်စမ်းပါ၊ ဒါမှ အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်းအတွက် အကျိုးဆောင်နိုင်မှာ”

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြပါတယ်။ အမည်ခံတပည့် အများစုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို အသွင်မပြောင်းခင် ရောက်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ သူတို့ရဲ့ အိမ်ပါပဲ။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ မွေးဖွားလာတဲ့ သက်ရှိတွေကတော့ ပြောမနေပါနဲ့။

လီရွှမ်အောက်ရဲ့ စည်းရုံးမှုအောက်မှာ တိတ်ဆိတ်ဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်တွေဟာ အမည်ခံတပည့်တွေကို တာအိုဟောကြားတာ သူတို့ကြိုက်တဲ့လူတွေကို တပည့်အဖြစ် လက်ခံတာတွေ လုပ်လာကြပါတယ်။

တိတ်ဆိတ်ဂိုဏ်း တစ်ခုလုံးရဲ့ စည်းလုံးညီညွတ်မှုက အတော်လေးကို ခိုင်မြဲပါတယ်။ သံမဏိချောင်းတွေကို ဝရိန်ဆော်ထားသလိုပါပဲ။ တာအိုပညာရှိတွေက သူတို့တပည့်တွေလွှတ်ပြီး မီးလောင်ရာ လေပင့်ရင်တောင် အသုံးမဝင်ပါဘူး။

တာအိုစက်ကွင်း အရံအတားရဲ့ ကာကွယ်မှုအောက်မှာ ကောင်းကင်မိစ္ဆာတွေရဲ့ ရွှေရောင်မိုးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို မြူတစ်မှုန့်တောင် မထိခိုက်စေပါဘူး။ နေ့တစ်ဝက်ကြာတဲ့အခါမှာတော့ ရွှေရောင်မိုးဟာ ပျောက်ကွယ်သွားပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ တစ်ဖန်ပြန်ပြီးတော့ ငြိမ်းချမ်းသွားပါတယ်။

အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နှစ်တစ်ရာ ကြာသွားပါတယ်။

[တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ပြီးပါပြီ။ အကာအကွယ် အရံအတားသည် လွတ်လပ် တာအိုပညာရှိ အဆင့်သို့ အဆင့်မြင့်သွားပါသည်။ တာအိုစက်ကွင်း၏ အတွင်းအာကာသလည်း ပိုမို ကျယ်ပြန့်သွားပါပြီ။]

[တာအိုစက်ကွင်း၏ အင်မော်တယ်ချီသည် ဆယ်ဆတိုးတက်ပြီး ရှန်တျန်ချီသည် ငါးဆ တိုးသွားပါသည်။]

[တာအိုစက်ကွင်းသည် မဟာတာအို နတ်စိတ်ဝိညာဉ် တည်ရှိမှုများ၏ ချောင်းကြည့်မှုကို ဟန့်တားနိုင်သည်။]

ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တစ်ခုလုံးရဲ့ စိတ်ဝိညာဉ်ချီဟာ စတင် တိုးတက်လာတဲ့အတွက် တပည့်အကုန်လုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေပါတယ်။

‘ဂိုဏ်းချုပ်က ဆန်းကြယ်စွမ်းအားက ထပ်သုံးပြန်ပြီ’

ဟန်ကျွယ်ဟာ လွတ်လပ် တာအိုပညာရှိအဆင့်ကို တွေ့လိုက်ရတဲ့အတွက် လီဇီဇိုင်ကို တွေးမိလိုက်ပါတယ် ‘ဒီလီဇိဇိုင်က နှစ်သောင်းချီအတွင်းမှာ ဘယ်လိုလုပ်ပြီး လွတ်လပ် တာအိုပညာရှိ ဖြစ်သွားတာလဲ၊ ဒါမှမဟုတ် လီဇိဇိုင်က နဂိုကတည်းက တာအိုပညာရှိဖြစ်ပြီး သူ့ရဲ့ ဓမ္မကိုယ်ပွားတစ်ခုက လီမိသားစုရဲ့ အင်မော်တယ်ဧကရာဇ် အဆင့်ရှိတဲ့ ဘိုးဘေးများလား၊ ဓမ္မကိုယ်ပွားထောင်ချီ ပြန်ပေါင်းပြီးတဲ့နောက်မှာ လီမိသားစုရဲ့ ဘိုးဘေးက သူ့ရဲ့ခန္ဓာစစ် ဖြစ်သွားတာလား...’

ဟန်ကျွယ်ဟာ ဒီတစ်ခုပဲ ယုတ္တိရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ကျန်တဲ့ ဖြစ်နိုင်ချေတွေက တစ်ခုမှ အဓိပ္ပာယ်မရှိပါဘူး။

“ကောင်းကင်တာအို ပညာရှိတွေ အတူတူ တိုက်ခိုက်ရင် ငါရဲ့ တာအိုစက်ကွင်းကို ထိုးဖောက်နိုင်လား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။

[မထိုးဖောက်နိုင်ပါ။]

ဒီမေးခွန်းမှာတော့ စနစ်ကို ဟန်ကျွယ်ရဲ့ သက်တမ်းကို မနှုတ်ယူပါဘူး။ ပြီးခဲ့တဲ့ တွက်ချက်မှုတွေထဲက တစ်ခုခုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ‘မထိုးဖောက်နိုင်ပါ’ ဆိုတဲ့ အဖြေကို တွေ့လိုက်ရတာကြောင့် ရင်ထဲက အလုံးကြီး ကျသွားပြီး စိတ်ထဲမှာ လန်းဆန်းသွားပါတယ်။

‘မင်းတို့တွေက ငါ့ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့’ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကိုတောင် ရန်စချင်စိတ် ပေါက်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့စိတ်ကို သူ ထိန်းလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မောက်မာတာက ကောင်းကျိုးတစ်ခုမှ မရှိပါဘူး။

ဟန်ကျွယ်ဟာ သူ့ရဲ့ တာအိုနှလုံးသား မတည်ငြိမ်တာကြောင့် သူ့ကိုယ်သူ ဆုံးမလိုက်ပါတယ် ‘တာအိုစက်ကွင်းကြောင့်နဲ့ ငါ မာန်တက်လို့ မဖြစ်ဘူး၊ တာအိုစက်ကွင်းက ငါ့စွမ်းအား မဟုတ်ဘူး၊ ငါ့ကျင့်ကြံမှုကသာ အရေးကြီးဆုံး...’

ဟန်ကျွယ်ဟာ သူ့စိတ်ကိုသူ ပြုပြင်လိုက်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကျန်တုကူးသည် တာအိုပညာရှိအတု ဖြစ်လာပြီး ကျင့်ကြံမှု ပြောင်းလဲသွား၏။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကောင်းကင်ဘဝဂ်အဆင့်သို့ ရောက်ရှိသွားပြီး သူ့ခန္ဓာကိုယ်၌ ပါဝင်သော အင်အားကောင်းသည့် စိတ်ဆန္ဒများကြောင့် တာအိုနှလုံးသား ဝရုန်းသုန်းကား ဖြစ်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်မင်းအဆင့်သို့ ရောက်ရှိသွား၏။]

[သင့်တပည့် စုချီသည် ပဋိပက္ခ နတ်ဘီလူး ဖြစ်လာပြီး မဟာတာအိုအား ခဲနေ၏။]

[သင့်မိတ်ဆွေ ပန်ရှင်းသည် ဗုဒ္ဓကျင့်ကြံသူတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၃၉၂

[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော်၏ ဂိုဏ်းချုပ် ဖြစ်လာပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

အင်မော်တယ်ကမ္ဘာဟာ တစ်ဖန်ပြန်ပြီးတော့ စည်ကားလာပါပြီ။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်တစ်ယောက် ကောင်းကင်ဘဝဂ်အဆင့် ရောက်သွားတာကို သတိထားမိလိုက်တဲ့အတွက် တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပါတယ်။ ဂျိရှင်းရှန်ရဲ့ အခြေအနေက ဗီလိန်လမ်း လျှောက်နေသလိုပါပဲ။ တာအိုနှလုံးသား ဝရုန်းသုန်းကား ဖြစ်နေတဲ့အတွက် အချိန်မရွေး ရူးသွားနိုင်ပါတယ်။

ဟွမ်ဂျိဟောင်ကတော့ ဟန်ကျွယ် သေမျိုးကမ္ဘာမှာကတည်းက သိခဲ့တဲ့ ပါရမီရှင်ပါ။ ဟွမ်ဂျိဟောင်ဟာ မွေးရာပါဓားနှလုံးသားရှိပြီး နောက်ပိုင်းမှာ လီရွှမ်အောက်ကို ဆရာတင်ခဲ့ပါတယ်။ အရင်တုန်းက ဟွမ်ဂျိဟောင်နဲ့ ပတ်သက်ပြီး ဟန်ကျွယ် လီရွှမ်အောက်ကို မေးမြန်းခဲ့ပါသေးတယ်။ အဲဒီတုန်းက လီရွှမ်အောက်ဟာ ဟွမ်ဂျိဟောင် သေသွားလောက်ပြီလို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီတုန်းက ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်ရဲ့ ပုံရိပ်ရှိနေသေးတဲ့အတွက် ဟွမ်ဂျိဟောင် အသက်ရှင်နေသေးတာကို သိပါတယ်။ ဘယ်ရောက်နေလဲသာ မသိတာပါ။ ဒါပေမဲ့ ဟန်ကျွယ် မမျှော်လင့်ထားခဲ့တာက ဟွမ်ဂျိဟောင်ဟာ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီး ဘယ်သူ့အကူအညီမှ မယူဘဲ နတ်မင်းအဆင့်ကို တစ်ကိုယ်တော် ရောက်ရှိသွားတာပါ။

ဒါကလည်း သိပ်တော့ မထူးဆန်းပါဘူး။ အနန္တကပ်ဘေးကို ဖြတ်ကျော်နိုင်သူတိုင်းက သာမန်မှမဟုတ်တာ။

အဲဒီနောက် စုချီ ပဋိပက္ခ နတ်ဘီလူး ဖြစ်လာတာကို တွေ့လိုက်ရတဲ့အတွက် သူ့အကြံ အောင်မြင်ပြီဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ပဋိပက္ခ နတ်ဘီလူးအဖြစ် ပြောင်းလဲနိုင်ပါပြီ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့တပည့် အကုန်လုံးကို ပဋိပက္ခ နတ်ဘီလူးအသွင် ပြောင်းလဲဖို့ အစီအစဉ် မရှိပါဘူး။ ဒီကိစ္စက အားအများကြီး စိုက်ထုတ်ရမဲ့အပြင် မတည်ငြိမ်တဲ့ အကြောင်းအရာတွေလည်း ရှိပါသေးတယ်။ သူ့တပည့်တွေက ပဋိပက္ခ နတ်ဘီလူး ဖြစ်လာပြီးနောက်ပိုင်း စိတ်တွေ မပြောင်းလဲသွားနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ရင်း ချုံရှီလိုင်နဲ့ ဧကရီဟုတ်ထို ကျိန်စာတိုက်ခံရတာကို တွေ့လိုက်ရတဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ် ‘တာအိုပညာရှိတစ်ပါးပါးက ငါ့ယောင် ဆောင်နေပြီပဲ’

ဒီလိုအခြေအနေက ပြီးခဲ့တဲ့ ကပ်ဘေးမှာလည်း အကြိမ်များစွာ ဖြစ်ခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စအတွက် အံအားသင့်ခြင်း မရှိဘဲ ပျော်တောင် ပျော်သွားပါသေးတယ်။ ဟန်ကျွယ် ကိုယ်တိုင်လည်း မျက်နှာနှစ်ဖက် ရှိတယ်ဆိုပေမဲ့ ကိုယ်တိုင်လုပ်တဲ့အခါ ပျော်စရာကောင်းပေမဲ့ တခြားသူလုပ်တဲ့ အခါမှာတော့ လုံးဝ အကောင်းမမြင်ပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ရင်း အင်မော်တယ်ကမ္ဘာက စိတ်လှုပ်ရှားစရာ ကောင်းလာတာကို ရှာတွေ့သွားပါတယ်။ ဒါပေမဲ့ ဒီစိတ်လှုပ်ရှားစရာကောင်းတာက ဟန်ကျွယ်နဲ့ရော တိတ်ဆိတ်ဂိုဏ်းနဲ့ရော ဘာမှမဆိုင်ပါဘူး။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ကျင့်ကြံတဲ့ အခြေအနေကို ပြန်ဝင်ရောက်သွားပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ မဟာအန္တိမခန်းမ။

ဘိုးဘေးရှီတျန်ဟာ တာအိုပညာရှိတွေကို ခံစားချက် ကင်းမဲ့တဲ့မျက်နှာနဲ့ စိုက်ကြည့်နေပါတယ်။ လီမုယဲ့၊ တာအိုပညာရှိ ကျင်းအန်း၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ချုံရှီလိုင်နဲ့ ဧကရာဇ်ရှောင်တို့လည်း ဒီနေရာမှာ ရှိနေပါတယ်။

တာအိုပညာရှိကျင်းအန်းက ပြောလိုက်ပါတယ် “ဘိုးဘေး... ဘိုးဘေးရဲ့ ဓမ္မမျက်လုံးက အရာအားလုံးကို ထိုးဖောက်မြင်နိုင်ပါတယ်၊ သူက တကယ်ပဲ ပဋိပက္ခ နတ်ဘီလူးလား”

တခြားတာအိုပညာရှိတွေဟာလည်း ဘိုးဘေးရှီတျန်ကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးဆိုရင် အမှောင်သခင်ကြီးဆိုတာ သေချာသလောက် ရှိသွားပါပြီ။ သူတို့တွေ ဟန်ကျွယ်ကို သံသယမဝင်တာက ဟန်ကျွယ်က အားနည်းလွန်းလို့ပါ။

ဒါပေမဲ့ အခု စန့်ချွမ်အဂ္ဂဘိုးဘေးတောင် ရှုံးနိမ့်သွားပြီဆိုတော့ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ အစွမ်းကို အရင်လို အထင်မသေးတော့ပါဘူး။

ဘိုးဘေးရှီတျန်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ဒီကောင်းကင်တာအိုမှာ ပဋိပက္ခ နတ်ဘီလူး လုံးဝ မရှိဘူး၊ ဒီကိစ္စကို မင်းတို့ စိတ်ချလို့ရတယ်၊ မသိကိန်းအတွက်ကတော့ မသိကိန်းဆိုမှတော့ ငါ ပြောလို့မရဘူး”

ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဧကရာဇ်ရှောင်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘိုးဘေး... ဘိုးဘေးက ဒီမသိကိန်းဘက်ကို မျက်နှာလိုက်နေတာလား၊ ဒီမသိကိန်းက ဘိုးဘေးရဲ့ တပည့်များလား...”

ဘိုးဘေးရှီတျန်ဟာ ဧကရာဇ်ရှောင်ကို စိုက်ကြည့်လိုက်ပါတယ် “ဒီမသိကိန်းက အင်မော်တယ်ကမ္ဘာကို ဒုက္ခမပေးဘူး၊ ကံတရား ဆက်စပ်မှုလည်း သိပ်ရှိတာ မဟုတ်ဘူး၊ မင်းတို့တွေကသာ သူ့ကို မကောင်းကြံစည်နေတာ၊ ငါသာ မင်းတို့ကို ကူညီလိုက်ရင် သူ့ကို ပစ်မှတ်ထားတာ ငါ ဖြစ်သွားလိမ့်မယ်”

ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ မျက်နှာထားစရာ နေရာမရှိအောင် ဖြစ်သွားရပါတယ်။ လီမုယဲ့ကတော့ တောင်ဘက်စွန်းကို မနေနိုင်ဘဲ စိုက်ကြည့်လိုက်ပါတယ်။ တာအိုဂိုဏ်းရဲ့ တာအိုပညာရှိလေးပါးထဲမှာ ဟန်ကျွယ်ကို မကောင်းကြံဆုံးက တောင်ဘက်စွန်း ကောင်းကင်အရှင် မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters