← Chapters

တာအိုပညာရှိအသီးသို့ စတင်အသွင်ပြောင်းခြင်း

Vol. 47 Ch. 515

တာအိုပညာရှိအသီးသို့ စတင်အသွင်ပြောင်းခြင်း

Vol. 47 Ch. 515

ဒီနှစ်မှာတော့ ဟန်ထော်အသက် ၁၃ နှစ် ပြည့်ပါပြီ။ ခန်းမထဲမှာ ဟန်ကျွယ်၊ ဟန်ထော်နဲ့ ချင်းလွမ်အာဟာ ဟန်ထော်ရဲ့ မွေးနေ့ပွဲကို ကျင်းပနေကြပါတယ်။ ဟန်ထော်ဟာ အလွန်ပဲ ပျော်ရွှင်နေပါတယ်။ မွေးနေ့ပွဲကြောင့်ပဲ ပျော်တာလား တခြားအကြောင်းကြောင့် ပျော်တာလားတော့ မပြောတက်ပါဘူး။

ချင်းလွမ်အာဟာ ဟန်ကျွယ်ရဲ့ ပန်းကန်လုံးထဲကို ဟင်းထည့်ပေးပါတယ်။ ဟန်ကျွယ်ဟာ အရက်ခွက်ကို ကိုင်ပြီး ဟန်ထော်ရဲ့ အိမ်စာအကြောင်း မေးမြန်းပါတယ်။ လက်ရှိ လူသားမျိုးနွယ်စုမှာ ပညာရေးစနစ် ရှိနေပါပြီ။

ဟန်ထော်က အမှန်အတိုင်း ဖြေပါတယ်။ ဒါပေမဲ့ ဟန်ထော်ရဲ့စိတ်က အိမ်စာတွေမှာ ရှိမနေဘူးဆိုတာကို ဟန်ကျွယ် ကောင်းကောင်းကြီး မြင်ရပါတယ်။

“ဖေဖေ... ဖေဖေရဲ့ မွေးနေ့က ဘယ်တော့လဲ” ဟန်ထော်က ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။

“ငါ မမှတ်မိတော့ဘူး”

“ဘာဖြစ်လို့ မမှတ်မိရတာလဲ၊ ဖေဖေရဲ့ မိဘတွေရော၊ သူတို့က သားရဲ့ အဘိုးနဲ့အဘွားလေ”

“ငါက မိဘမရှိဘဲ မွေးလာတာ”

“ဟင်...”

ဟန်ထော်ဟာ မှင်သက်သွားပြီး သူ့အဖေအကြောင်းကို ငယ်ငယ်ကတည်းက ဂရုမစိုက်ခဲ့ဘူးဆိုတာကို ရုတ်တရက် သတိရသွားပါတယ်။ ဟန်ထော်စိတ်ထဲမှာ ကျင့်ကြံတာကလွဲပြီး တခြားဘာမှမရှိခဲ့ပါဘူး။

ချင်းလွမ်အာဟာ ပြုံးပြီး ဝင်ပြောလိုက်ပါတယ် “တွေ့လား... သားအဖေက ခက်ခက်ခဲခဲ ကြီးပြင်းလာခဲ့ရတာ၊ သာ ကြီးလာရင် သာအဖေကို ပြန်စောင့်ရှောက်ရမယ်နော်...”

ဟန်ထော်ဟာ ခေါင်းညိတ်ပြီး ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “အနာဂတ်မှာ ကျွန်တော်က ကျင့်ကြံသူဖြစ်လာပြီး ထာဝရ ရှင်သန်နိုင်မှာ၊ ဖေဖေနဲ့ မေမေကိုလည်း ထာဝရရှင်သန်အောင် လုပ်ပေးမယ်”

“ထော်အာက ရည်မှန်းချက် ကြီးတာပဲ” ချင်းလွမ်အာဟာ ပြုံးရယ်ရင်း ဟန်ထော်ရဲ့ခေါင်းကို ပွတ်သပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အရက်ခွက်ကို မော့ရင်း ချင်းလွမ်အာတို့ သားအမိနှစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်ပါတယ်။

ဘာပဲပြောပြော နှစ်ပေါင်း ၃၀,၀၀၀ ကျော် ကျင့်ကြံပြီးနောက်မှာ ဒီလိုမျိုး သေမျိုးဘဝမှာ နေထိုင်ရတာက အတော်လေး ခံစားလို့‌ကောင်းပါတယ်။ ဒါပေမဲ့ သေမျိုးတွေရဲ့ ဘဝက ရေရာသေချာမှု မရှိပါဘူး။ သူတို့တွေဟာ ကျင့်ကြံသူတွေလိုမျိုး သူတို့ဘဝကို သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိကြပါဘူး။

သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသက် ၁၆ နှစ် ပြည့်သွားပါတယ်။

ဒီနှစ်မှာပဲ အရှေ့အစောင့်မြို့ဟာ နောက်ထပ် ဘေးအန္တရာယ်တစ်ခုကို ထပ်ရင်ဆိုင်ရပါတယ်။ လုံးလုံးလျားလျား မမျှော်လင့်ထားတဲ့ သားရဲတွေ သောင်းကြမ်းတာကို ထပ်ခံရတာပါ။ ဒီတစ်ခါမှာတော့ ဘေးနားဝန်းကျင်က မြို့တွေတောင် သားရဲတွေလက်ချက်နဲ့ ပြိုလဲသွားပါတယ်။ ဒါကြောင့် မြို့ထဲမှာ ကောလဟာလတွေ ပလူပျံပြီး မြို့သူမြို့သားတိုင်း ထိတ်လန့်ချောက်ချားကုန်ပါတယ်။

အရှေ့အစောင့်မြို့ရဲ့ မြို့စားမင်းဟာ စစ်သားတွေကို အမိန့်နဲ့ စုဆောင်းပါတယ်။ အသက် ၁၅ နှစ်ထက်ကြီးတဲ့ ဘယ်ယောက်ျားလေးမဆို စစ်တပ်ထဲ ဝင်ရတဲ့အတွက် ဟန်ထော်လည်း စစ်တပ်ထဲ ရောက်သွားပါတယ်။

နှင်းတွေ ထပ်ကျတဲ့အတွက် အရှေ့အစောင့်မြို့ရဲ့ ဘယ်နေရာကို ကြည့်ကြည့် အဖြူရောင်ချည်းပါပဲ။ ဟန်ကျွယ်ဟာ စားသောက်ဆိုင်တစ်ခုဆီကို လျှောက်သွားပါတယ်။ ဒီစားသောက်ဆိုင်က ဟန်ကျွယ် အရှေ့အစောင့်မြို့ကို ရောက်ရောက်ချင်း ပထမဆုံးသွားခဲ့တဲ့ တည်းခိုခန်းပါ။ ဟန်ကျွယ် အားတဲ့အချိန်ကျရင် ဒီတည်းခိုးခန်းကိုလာလေ့ ရှိပါတယ်။

ဟန်ကျွယ်ဟာ အရင်ထိုင်နေကျ ဒုတိယအထပ်ရဲ့ ပြတင်းပေါက်‌ဘေးမှာ ထိုင်ပြီး လမ်းသွားလမ်းလာတွေကို ကြည့်လိုက်ပါတယ်။ အရင်နဲ့စာရင် လမ်းမပေါ်မှာ လူသိပ်မရှိပါဘူး။ ရှိတဲ့ လမ်းသွားလမ်းလာတွေကလည်း ခပ်သုတ်သုတ်သွားပြီး ခပ်သုတ်သုတ် ပြန်ကြတာချည်းပါပဲ။

“မိတ်ဆွေလေး... မတွေ့တာတောင် အတော်ကြာပြီ၊ မင်းဆံပင်တွေတောင် ဖြူသွားပြီပဲ၊ အချိန်က တကယ်ကို ဘယ်သူ့ကိုမှ ချမ်းသာမပေးတာပဲ”

ရယ်‌မောသံနဲ့အတူ တာအိုရောင်းရင်းတစ်ယောက် ထွက်ပေါ်လာပါတယ်။ ဒီတာအိုရောင်းရင်းက ဟန်ကျွယ် အရှေ့အစောင့်မြို့ကို ရောက်ရောက်ချင်း စကားစပြောဖြစ်ခဲ့တဲ့ မဟာညီညွတ်မှု ရွှေအင်မော်တယ်ပါ။

နှစ်တွေ ကြာသွားတဲ့အတွက် ဟန်ကျွယ်ဟာ သူ့ဆံပင်တွေထဲက တချို့ကို ဖြူအောင် လုပ်ထားပါတယ်။ ဟန်ကျွယ်ရဲ့ ရုပ်ရည်က ချောမောနေတုန်းဆိုပေမဲ့ အရင်လို ငယ်ရွယ်တဲ့မျက်နှာ မဟုတ်တော့ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “စီနီယာ... စီနီယာဆံပင်ကတော့ အရင်လို ဖြူနေတုန်းပဲနော်...”

တာအိုရောင်းရင်းဟာ ပြုံးလိုက်ပါတယ် “အရင်အတိုင်းပဲလား...”

ဟန်ကျွယ်ဟာ ခေါင်းအသာ ညိတ်လိုက်ပါတယ်။

တာအိုရောင်းရင်းဟာ အရက်တစ်ခွက် ကောက်ငှဲ့ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မိတ်ဆွေလေး... မိတ်ဆွေလေးက သာမန်လူ မဖြစ်နိုင်ဘူး၊ မိတ်ဆွေလေးရဲ့ပုံစံက သာမန်သေမျိုးနဲ့ လုံးဝကို မတူဘူး၊ ဒီမြို့ ပျက်စီးခါနီးတာတောင် အရင်လို တည်ငြိမ်နေတုန်းပဲ၊ မိတ်ဆွေလေးက သေမျိုးဘဝကို ဖြတ်ကျော်ပြီးလို့များလား”

ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “စီနီယာကရော...”

“ငါက သေမျိုးဘဝကို ကျော်လွန်သွားပြီ၊ လောကအနှံ့ ခြေဆန့်တာက ငါ့စိတ်အခြေအနေကို လေ့ကျင့်ဖို့ပဲ”

“ဘယ်အဆင့်မှာလဲ...”

“နတ်ဖြစ်အောင် လုပ်နေတာ၊ မင်းလည်း အင်မော်တယ်ဖြစ်အောင် ကျင့်ကြံနေတာမလား၊ ငါတို့တွေက ရေစက်ပါတယ်၊ တကယ်လို့ မိတ်ဆွေလေး ဆန္ဒရှိရင် အနာဂတ်မှာ ကောင်းကင်ဂိတ်ကိုလာပြီး မဟာတာအိုကို လေ့လာလိုက်စားနိုင်တယ်”

တာအိုရောင်းရင်းဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုရောင်းရင်းကို ကျေးဇူးတင်ပြီး စကားစပြောပါတယ်။ သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ နားအူထွက်လောက်အောင် ကျယ်လောင်လှတဲ့ သားရဲတွေရဲ့‌ အော်ဟစ်သံဟာ မြို့ပြင်ကနေ ထွက်ပေါ်လာပါတယ်။

လမ်းမပေါ်မှာ ရှိနေတဲ့ ကျိုးတိုးကျဲတဲ လမ်းသွားလမ်းသွားဟာ ချက်ချင်းဆိုသလိုပဲ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်နဲ့ တာအိုရောင်းရင်းကတော့ အရက်သောက်ရင်း သူတို့ရဲ့ လောကအနှံ့ ခြေဆန်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြကြပါတယ်။

[ချန်ယဇီသည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ဂရုမစိုက်ပါဘူး။

အချိန် အတော်ကြာတဲ့အခါမှာတော့ ချန်ယဇီဟာ မတ်တတ်ရပ်ပြီး ထွက်ခွာဖို့ ပြင်လိုက်ပါတယ် “ဘဝက အနှောင်အဖွဲ့တွေနဲ့ ပြည့်နေတာ၊ ဒီအနှောင်အဖွဲ့တွေက လွတ်မြောက်ချင်ရင် ဘာမှကို မလိုချင်မှပဲ ဖြစ်နိုင်လိမ့်မယ်”

ချန်ယဇီရဲ့ စကားက ဟန်ကျွယ်ကို ခံစားသွားရစေပါတယ်။

လိုချင်စိတ်မရှိတာ။ ဒါက သာမန်အင်မော်တယ်တွေ ရောက်ချင်တဲ့ အဆင့်တစ်ခုပါ။ သူတို့တွေဟာ ကံတရားကနေ ဝေးဝေးနေချင်ကြပါတယ်။

ဟန်ကျွယ်ဟာ အသိဉာဏ်ပဲ လင်းလက်ပြီး နှလုံးတောင် မလှုပ်သွားပါဘူး။ ဟန်ကျွယ်ရဲ့ တာအိုက လိုချင်စိတ်မရှိတာ မဟုတ်ပါဘူး။ အဲဒီအစား လိုချင်တာတွေ အများကြီးပါ။ ဟန်ကျွယ်ဟာ ထာဝရ ရှင်သန်ချင်ပါတယ်။ ဟန်ကျွယ်ရဲ့ လိုအင်ဆန္ဒက ထာဝရအသက်ပါ။

ဟန်ကျွယ်ဟာ သူလိုချင်တာကို ရဖို့အတွက် ဆက်ကျင့်ကြံဖို့ အားကောင်းတဲ့ စိတ်ခွန်အားတစ်ခု ရှိပါတယ်။ အဲဒါကတော့ သေမျိုးတွေရဲ့ ဘဝပါ။

‘ငါက လောကကြီးကို ရှောင်ခွာနေတာ အတော်ကြာပြီ၊ ဒါတွေ အကုန်လုံးက အစွမ်းအထက်ဆုံးဖြစ်ဖို့ မဟုတ်ဘူးလား၊ အစွမ်းအထက်ဆုံး ဖြစ်သွားရင် ငါ လုပ်ချင်တာကို လုပ်လို့ရပြီ’

ဟန်ကျွယ်ရဲ့ အကြည့်ဟာ အောက်ထပ်မှာရှိတဲ့ တုန်လှုပ်ချောက်ချားနေတဲ့ လူတွေဆီ ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့တာအိုကို ပိုနားလည်သွားပြီး ယုံကြည်ချက်ကလည်း ပိုနက်နဲသွားပါတယ်။

သေမျိုးလောကမှာ အချိန်အကြာကြီး နေထိုင်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ သေမျိုးတွေ ကြုံတွေ့သင့်တဲ့ အရာရာတိုင်းကို တွေ့ကြုံခံစားခဲ့ရပြီးပါပြီ။ မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ အချစ်၊ အမုန်းနဲ့ ကွေကွင်းတာတွေ စုံလို့ပါပဲ။

သေမျိုးတိုင်းဟာ သူတို့ဘဝကို ထိန်းချုပ်ဖို့ ကြိုးစားကြတာချည်းပါပဲ။ ဟန်ကျွယ်ကိုယ်တိုင်လည်း တာအိုပညာရှိအတု ဖြစ်နေတာတောင် သူ့တာအိုနှလုံးသားနောက်ကို လိုက်တုန်းပါ။

‘ငါ တာအိုပညာရှိ ဖြစ်သွားရင် ငါ လုပ်ချင်တာကို လုပ်လို့ရပြီ’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ကျောက်စိုင်ကျောက်ခဲလို မြဲမြံသွားပါတယ် ‘ဒါက ငါ့ရဲ့ တာအိုပညာရှိ တာအိုပဲ၊ ငါလိုချင်တဲ့ ဆန္ဒပဲ’

ဟန်ကျွယ်ဟာ တရားထိုင်တဲ့ အခြေအနေကို ဝင်ရောက်သွားပြီး အန္တိမမူလ မဟာတာအိုကို သုံးသပ်နားလည်ပါတယ်။ ဟန်ကျွယ်ဟာ နှောင့်ယှက်ခံရမှာကို မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့အစောင့်မြို့ထဲက လူတွေမပြောနဲ့ မြို့ပြင်ဘက်က သားရဲတွေ အကုန်လုံး ဝိုင်းတိုက်ရင်တောင် သူ့ရဲ့ဆံခြည်တစ်မျှင်ကို ထိခိုက်နိုင်မှာ မဟုတ်လို့ပါပဲ။

အရှေ့အစောင့်မြို့ရဲ့ ဒီတစ်ခါကပ်ဘေးက အတော်လေး ကြာညောင်းပါတယ်။ သားရဲတွေနဲ့ လူသားတွေကြားက တိုက်ပွဲဟာ ရက်စက်လွန်းတဲ့အပြင် အတောမသတ်နိုင်အောင် ရှိပါတယ်။

နှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ခြံဝင်းထဲရပ်ရင်း နှင်းကျတာကို ခံစားပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုအသီးဟာ စပြီးတော့ အသွင်ပြောင်းလဲနေပါပြီ။ အတိအကျပြောရရင် တာအိုပညာရှိရဲ့ တာအိုအသီးဆီကို ပြောင်းလဲနေတာပါ။

ဟန်ကျွယ်ရဲ့ တာအိုနှလုံးသား ပိုခိုင်မာသွားလို့ ထင်ပါတယ်။ အရင်က မတိုးတက်နိုင်တော့တဲ့ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ထပ်ပြီးတော့ တိုးတက်လာပါတယ်။ ဒီအဖြစ်အပျက်တွေကနေ အဆင့်ထိုးဖောက်ဖို့ မလိုတော့ဘူးဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြင်သွားသင့် မသင့်ကို ချီတုံချတုံ ဖြစ်နေပါတယ်။ ဟန်ကျွယ်ဟာ အများဆုံး နှစ်တစ်ရာအတွင်း အဆင့်ထိုးဖောက်နိုင်တော့မှာကို သိပေမဲ့ ချင်းလွမ်အာနဲ့ ဟန်ထော်ကို တွေးမိလိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ နှလုံးသား ပျော့ပျောင်းသွားပါတယ်။ ဟန်ကျွယ်ဟာ ချင်းလွမ်အာနဲ့ ဟန်ထော်ကို အဆုံးထိ အဖော်ပြုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ထော်အပေါ် ထားရှိတဲ့ သူ့အစီအစဉ်ကို ပြောင်းလိုက်ပါပြီ။ အရင်တုန်းက ဟန်ကျွယ် ဟန်ထော်ရဲ့ သွေးစည်းကို ဖိနှိပ်ခဲ့တာက ဟန်ထော် ပြဿနာရှာပြီး သူ့အတွက် ကံတရားတွေ အများကြီး ဆောင်ယူလာမှာကို ကြောက်လို့ပါ။

အခုအချိန်မှာတော့ ဟန်ကျွယ်ဟာ ဒီဟာကို မကြောက်ရွံ့တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရိမ်လွန်တာကလည်း နှောင်ကြိုးတစ်ခု ဖြစ်နေလို့ပါပဲ။

ဟန်ကျွယ်ဟာ စိတ်လွတ်ကိုယ်လွတ် ပြုံးလိုက်ပါတယ်။

[ဧကရီဟုတ်ထိုသည် သင့်အား အိပ်မက်ထဲတွင် တွေ့ဆုံချင်၏။ လက်ခံမည်လော။]

ရုတ်တရက် ရှေ့မှာ ပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “လက်ခံလိုက်ရင် အန္တရာယ်ရှိနိုင်လား”

[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ ချက်ချင်းပဲ လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လိုအင်ဆန္ဒတွေ ရှိတာက စိတ်လိုက်မာန်ပါ လုပ်တယ်လို့ မဆိုလို့ပါဘူး။ တခြားသူက ကိုယ့်အသက်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ သတိကြီးကြီးထားတာက မှားတယ် မရှိပါဘူး။

အိပ်မက်နယ်မြေက နွေဦးပင်လယ်ပါ။

ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ်။

“ကောင်းကင်မိစ္ဆာတွေ ပေါ်လာပြီ၊ သူတို့ကို သတ်တာက ကောင်းကင်တာအိုကို အကျိုးဆောင်တာပဲ၊ တိတ်ဆိတ်ဂိုဏ်းက ကံတရား အထောက်အပံ့ဂိုဏ်း ဖြစ်ချင်တယ်ဆိုရင် ဒီအခွင့်အရေးကို လက်မလွှတ်မိစေနဲ့”

ဧကရီဟုတ်ထိုရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဧကရီရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ ငရဲပြည်ကရော ကောင်းကင်မိစ္ဆာတွေကို ရှင်းလင်းဖို့ ပြင်ဆင်နေတာလား”

“ဟုတ်တယ်၊ ငါတို့က ကောင်းကင်မိစ္ဆာတွေကို ဖမ်းပြီး သရဲထိန်း လုပ်ခိုင်းမလို့၊ ဒီကောင်းကင်မိစ္ဆာတွေကို ကြမ်းတမ်းပေမဲ့ ဉာဏ်နီဉာဏ်နက် မများဘူး၊ ဒီတော့ သိပ်ကြောက်စရာ မကောင်းဘူး”

“ကောင်းကင်မိစ္ဆာတွေက ဘယ်ကနေ လာတာလဲ”

“မိစ္ဆာမျိုးနွယ်စုရဲ့ တာအိုပညာရှိ လှုပ်ရှားတာက ကောင်းကင်တာအိုရဲ့ စည်းမျဉ်းနဲ့အညီပဲ၊ ကောင်းကင်မိစ္ဆာက ကပ်ဘေးတစ်ခုဆိုပေမဲ့ တစ်ချိန်တည်းမှာ ကံတရား အထောက်အပံ့ အများကြီးရှိတဲ့ လူတွေလည်း ပေါ်လာလိမ့်မယ်၊ အဲဒါပြီးရင် တာအိုပညာရှိ နေရာအတွက် တိုက်ခိုက်ကြလိမ့်မယ်”

ဧကရီဟုတ်ထိုဟာ စိုးရိမ်ကြောင့်ကြတဲ့ မျက်နှာနဲ့ ဆက်ပြောပါတယ် “ငရဲပြည်မှာရှိတဲ့ ဘယ်သူကမှ တာအိုပညာရှိနေရာအတွက် တိုက်ခိုက်ဖို့ အရည်အချင်း မရှိဘူး၊ တာအိုပညာရှိနေရာကို မင်းရရင် ကောင်းလိမ့်မယ်၊ ပြဿနာတက်မှာ ကြောက်ရင်လည်း တိတ်ဆိတ်ဂိုဏ်းထဲက တစ်ယောက်ယောက်ကို ပေးလိုက်၊ ဒီတာအိုပညာရှိနေရာကို တာအိုဂိုဏ်းကပဲရရ တခြားတာအိုပညာရှိတွေကပဲ ရရ အချိန်အကြာကြီး တည်ရှိခဲ့တဲ့ ဟန်ချက်ညီမျှမှုကို ပျက်စီးသွားစေလိမ့်မယ်”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဟန်ကျွယ် လက်ထဲမှာ မဟာတာအို ခရမ်းရောင်ချီနဲ့ လောကဦး ခရမ်းရောင်ချီ ရှိတဲ့အတွက် တာအိုပညာရှိနှစ်ပါးကို ပြိုးထောင်ဖို့ လုံလောက်ပါတယ်။

‘ငါသာ ဒီတာအိုပညာရှိနေရာကို ထပ်ရရင်... တိတ်ဆိတ်ဂိုဏ်းမှာ ငါကလွဲပြီး တာအိုပညာရှိသုံးပါး ဖြစ်သွားမှာပဲ၊ ငါက မတိုက်ခိုက်ချင်ပါဘူး၊ ဒါပေမဲ့ မင်းတို့တွေက တံခါးလာခေါက်ရင်တော့...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters