← Chapters

သေမျိုးလောကမှ ကံတရား အဆုံးသတ်ခြင်း

Vol. 47 Ch. 517

သေမျိုးလောကမှ ကံတရား အဆုံးသတ်ခြင်း

Vol. 47 Ch. 517

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်တို့ စကားပြောတာကို ကြားပြီး ပြုံးလိုက်ပါတယ် ‘ကြည့်ရတာ မိုးကောင်းကင်မျိုးနွယ်စုက တကယ်ကို ဖရိုဖရဲ ဖြစ်နေပြီပဲ၊ ဂျိရှင်းရှန်တောင် ကိုယ်ပိုင်အင်အား တည်ဆောက်ဖို့ ရှေ့ထွက်လာရတယ်’

‘ကျွတ်...ကျွတ်... မင်းတို့တွေ အမြင်မှားပြီ၊ ဟောဒီနေရာမှာ လောကကြီးရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင် ပုန်းအောင်းနေတာ’

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ အထင်အမြင်သေးတဲ့ စကားကိုကြားပြီး ရုတ်တရက်ဆိုသလို ဟန်ထော်ကို နာမည်ကြီးအောင် လုပ်ပေးချင်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ထော်က သူ့သား ဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ ဟန်ထော်ရဲ့ နာမည်သာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားရင် ဟန်ကျွယ်ကိုယ်တိုင်လည်း ဂုဏ်ယူမိမှာပါ။

ဟန်ကျွယ်ဟာ ဟန်ထော်ကို ကြည့်လိုက်ပါတယ်။

ဟန်ထော်ဟာ အရှေ့အစောင့်မြို့ထဲက တောင်ငယ်လေးထဲမှာ ကျင့်ကြံနေပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဟန်ထော်ဟာ စစ်မြေပြင်ကို မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်တွေမှာ အရှေ့အစောင့်မြို့ ရင်ဆိုင်ရတဲ့ သားရဲတွေက သိပ်ပြီးတော့ အန္တရာယ်မများလို့ပါ။

ချင်းလွမ်အာ သင်ပေးထားတဲ့ ခန္ဓာကျင့်စဉ်က သိပ်တော့ မဆိုးပါဘူး။ အရှေ့အစောင့်မြို့ထဲက ရွယ်တူတွေထဲမှာ ကျင့်ကြံသူတွေအပါအဝင် ဟန်ထော်ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။

ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ဓမ္မစွမ်းအားလုံးတစ်လုံး ထွက်ပေါ်လာပြီး ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထဲကို ပျံသန်းသွားပါတယ်။ ဒီဓမ္မစွမ်းအားလုံးက ဟန်ထော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ချိပ်ပိတ်ထားတဲ့ သွေးစည်းကို အနည်းငယ် ဖြေလျှော့ပေးလိုက်ပါတယ်။ ဒီလောက်နဲ့တင် ဟန်ထော်ရဲ့ ကျင့်ကြံမှုစွမ်းရည်က ထိပ်တန်းစာရင်း ဝင်သွားပါပြီ။

ဟန်ကျွယ် ဟန်ထော်ရဲ့ သွေးစည်းကို အကုန်လုံး ဖြေမလျှော့ပေးတာက လောကဦးနတ်ဘီလူးရဲ့ သွေးစည်းက အရမ်းစွမ်းမှာကို ကြောက်လို့ပါ။ ဟန်ထော်သာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ရင် တာအိုပညာရှိတွေရဲ့ အာရုံကိုတောင် ဆွဲဆောင်ကောင်း ဆွဲဆောင်မိမှာပါ။ ဒီလိုဆိုရင် ဟန်ထော်အတွက်ရော ဟန်ကျွယ်အတွက်ရော ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

ဒီနေ့မှာတော့ ဟန်ထော်ဟာ ရုတ်တရက်ဆိုသလို အကြောတွေ ပြေလျော့သွားပြီး တစ်ကိုယ်လုံး အားအင်တွေ ပြည်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ သူ့ကျင့်ကြံမှုကလည်း ချောချောမွေ့မွေ့နဲ့ ရှေ့ရောက်သွားပါတယ်။

ဒီနှစ်မှာပဲ အရှေ့အစောင့်မြို့မှာ ခန္ဓာကျင့်ကြံသူ ပါရမီရှင်တစ်ပါး ပေါ်လာပါတယ်။ ဒီပါရမီရှင်က တခြားသူ မဟုတ်ပါဘူး။ ဟန်ထော်ပါ။ ဟန်ထော်ဟာ အသက်နှစ်ဆယ် မပြည့်သေးပေမဲ့ ပေါင်ချိန်တစ်သန်းရှိတဲ့ ကျောက်စိုင်ကျောက်ခဲတွေကို မနိုင်နေပါပြီ။ ဒီဖြစ်ရပ်က အရှေ့အစောင့်မြို့ထဲမှာရှိတဲ့ အင်မော်တယ်တိုင်းကို နိုးနိုးကြားကြား ဖြစ်သွားစေပါတယ်။

ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ထော်ဟာ သူ့ကိုယ်ပိုင် အင်အားကို အသုံးပြုပြီး အရှေ့အစောင့်မြို့နားမှာရှိတဲ့ သားရဲကြမ်းအကုန်လုံးကို ရှင်းပစ်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဟန်ထော်ရဲ့ ဂုဏ်သတင်းဟာ အနီးအနားမှာရှိတဲ့ လူသားမြို့တွေအထိ ပျံ့နှံ့သွားပါတယ်။

ဒီညမှာတော့ ဟန်ကျွယ်၊ ချင်းလွမ်အာနဲ့ ဟန်ထော်ဟာ ညစာ အတူစားနေပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ထော်ဟာ သူ့ထမင်းပန်းကန်းလုံးနဲ့ တူကို အောက်ချလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ် “ဖေဖေ... သား ဖေဖေ အကြံပေးတဲ့အတိုင်း အရှေ့အစောင့်မြို့ကနေ ထွက်ခွာပြီး အင်မော်တယ်တာအိုနောက်လိုက်ဖို့ စဉ်းစားထားတယ်”

ဟန်ထော်ရဲ့ စကားကြောင့် ထမင်းပန်းကန်းလုံး ကိုင်ထားတဲ့ ချင်းလွမ်အာရဲ့ လက်တွေဟာ အနည်းငယ် တုန်ယင်သွားပါတယ်။ ဒါပေမဲ့ ချင်းလွမ်အာဟာ အားတင်းပြုံးလိုက်ပါတယ် “ထော်အာ... သား သေချာစဉ်းစားပြီးပြီလား၊ အိမ်ကနေ ထွက်သွားရင် သားကိုယ်သားပဲ အားကိုးရလိမ့်မယ်”

ချင်းလွမ်အာဟာ ကျင့်ကြံခြင်းရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး နားလည်ပါတယ်။ ဟန်ထော်သာ အခုအချိန် အရှေ့အစောင့်မြို့ကနေထွက်သွားပြီး နောင်တစ်ချိန် မြို့ကိုပြန်လာခဲ့ရင် သူမနဲ့ ဟန်ကျွယ်က အရိုးဆွေးနေလောက်ပါပြီ။

ဟန်ထော်ဟာ အသက်ဆွဲရှူပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

ဟန်ထော်ဟာ နာမည်ကျော် ပါရမီရှင် ဖြစ်လာခဲ့ပေမဲ့ သူ့အဖေကိုတော့ လေးစားတုန်းပါပဲ။ ဟန်ထော်ဟာ သူ့အဖေက သာမန်မဟုတ်ဘဲ လောကအကြောင်းအရာတွေကို ထိုးဖောက်မြင်နိုင်တယ်လို့ အမြဲတမ်း ခံစားခဲ့ရပါတယ်။

ဟန်ကျွယ်က အကြံပေးလိုက်ပါတယ် “ဒီထမင်းပွဲက ငါတို့တွေ နောက်ဆုံး အတူတူစားတဲ့ ထမင်းပွဲ ဖြစ်လာနိုင်တယ်၊ ကောင်းကောင်း စားသောက်ချည်၊ သားကို အဖေ အကြံနှစ်ချက် ပေးလိုက်မယ်၊ သိုသိုသိပ်သိပ် ကျင့်ကြံပြီး ပြဿနာတွေနဲ့ ဝေးဝေးနေ၊ သူများကိုလည်း ရန်မစနဲ့၊ သူများတွေ ရန်စတာကိုလည်း မခံနဲ့”

ဟန်ထော်ဟာ ဟန်ကျွယ်ရဲ့ အကြံပေးစကားကြောင့် နှလုံးလှုပ်သွားပြီး မျက်လုံးတွေ နီရဲလာပါတယ်။ ဟန်ထော်ဟာ သူထွက်သွားရင် နောင်တစ်ခါ သူ့မိဘတွေနဲ့ ပြန်မတွေ့နိုင်တော့ဘူးဆိုတာကို သိပါတယ်။

ဒါပေမဲ့ သူ့တာအိုနှလုံးသားထဲက အပြင်ထွက်ချင်တဲ့စိတ်ကို ဟန်ထော်ဟာ ဘယ်လိုမှ ဖိနှိပ်လို့ မရတော့ပါဘူး။

ဟန်ကျွယ်ဟာ ငိုမဲ့မဲ့ဖြစ်လာတဲ့ ဟန်ထော်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ကလေးလို လုပ်မနေနဲ့၊ ဒီကမ္ဘာမှာ တန်ဖိုးအမဲ့ဆုံးက မျက်ရည်တွေပဲ၊ မပြတ်မျက်ရည်ကျနေရင် သူများတွေက ပိုအနိုင်ကျင့်လိမ့်မယ်”

ဟန်ထော်လို့ မတက်နိုင်ဘဲ မျက်တောင်ကို မြန်မြန် ခတ်လိုက်ရပါတယ်။

အဲဒီညမှာ ဟန်အိမ်တော်တစ်ခုလုံး မီးထိန်ထိန်လင်းနေပါတယ်။

နောက်နေ့ မနက်ခင်းမှာတော့ ဟန်ကျွယ်နဲ့ ချင်းလွမ်အာဟာ တံခါးဝမှာရပ်ပြီး ဟန်ထော် ထွက်ခွာသွားတာကို ကြည့်နေပါတယ်။ ဟန်ထော်ဟာ ခြေသုံးလှမ်းတိုင်း နောက်လှည့်ကြည့်ရင်း နောက်လှည့်ကြည့်ရင်းနဲ့ လမ်းမပေါ်မှာ ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ နည်းနည်းတောင် ခံစားသွားရပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော် ကြီးပြင်းလာတာကို ထိုင်စောင့်ကြည့်ခဲ့ရတာပါ။ အခုတော့ သူ့သားက ကြီးပြင်းလာပြီး တာအိုနောက်လိုက်ဖို့ ထွက်ခွာသွားခဲ့ပါပြီ။ ဟန်ကျွယ်ဟာ ဒီလိုခံစားချက်မျိုးကို ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ အတိတ်မှာတုန်းက ရန်ထျန်တုန်းနဲ့ ပဋိပက္ခ ကောင်းကင်ခွေး ဝီရိယတောင်ကနေ ထွက်ခွာသွားခဲ့ပေမဲ့ ဟန်ကျွယ်ဟာ အခုလိုမျိုး မခံစားခဲ့ရပါဘူး။

သွေးက စကားပြောတယ်ဆိုတာ အမှန်ပါပဲ။

အဆုံးသတ်မှာတော့ ချင်းလွမ်အာဟာ မျက်ရည်တသွင်သွင်ကျပြီး ဟန်ကျွယ်ရဲ့ ရင်ခွင်ထဲ ဝင်သွားပါတယ်။

ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ ချင်းလွမ်အာဟာ အိုမင်းလာပါတယ်။ ဟန်ကျွယ်ကလည်း ချင်းလွမ်အာနဲ့အတူ လိုက်အိုမင်းပါတယ်။ သူတို့နှစ်ယောက်က သာမန်သေမျိုး လင်မယားတွေလိုပါပဲ။

နှစ်ငါးဆယ် ကြာတဲ့အခါမှာတော့ အဘွားအို ချင်းလွမ်အာဟာ သေရာညောင်းစောင်းမှာ လဲလျောင်းသွားပါတယ်။ ချင်းလွမ်အာဟာ တုန်ယင်နေတဲ့ သူ့ညာလက်ကို မြှောက်ပြီး ဖျော့တော့စွာ ခေါ်လိုက်ပါတယ် “ယောက်... ယောက်ျား”

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာဆန္ဒရှိလို့လဲ”

“ကျွန်မ ဒီဘဝမှာ ဘာနောင်တမှ မရှိပါဘူး၊ ကျွန်မ မသေခင် ထော်အာရဲ့ အခြေအနေကို သိချင်ရုံပါ...”

“ထော်အာအတွက် မစိုးရိမ်ပါနဲ့၊ သူက တာအိုကို ကျိန်းသေပေါက် ရမှာပါ၊ နောက်ဘဝကျရင် သားက ငါတို့ဆီကို လာလည်မှာပါ”

“အင်း...”

ချင်းလွမ်အာဟာ သူ့မျက်လုံးတွေကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး ပြုံးယောင်သမ်းသွားပါတယ်။ အဲဒီနောက် ချင်းလွမ်အာဟာ လူဘဝကြီးထဲကနေ ထွက်ခွာသွားပါတော့တယ်။

ဟန်ကျွယ်ဟာ ချင်းလွမ်အာ သေဆုံးသွားပေမဲ့ မျက်နှာကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ စိုးရိမ်တာတွေ စိတ်ပြေလျော့သွားတာတွေ မဖြစ်ပါဘူး။

နောက်နေ့မှာတော့ ဟန်ကျွယ်ဟာ အစေခံတွေကို ပြန်လွှတ်ပြီး အရှေ့အစောင့်မြို့ကနေ တိတ်တဆိတ် ထွက်ခွာသွားပါတယ်။ အရှေ့အစောင့်မြို့ကနေ ထွက်လာပြီးနောက် ဟန်ကျွယ်ဟာ တောအုပ်တစ်အုပ်ဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ချင်းလွမ်အာရဲ့ အ‌လောင်းကို ထုတ်ယူပြီး မြေကြီးထဲ မြှုပ်နှံကာ ကမ္မည်းတိုင် စိုက်ထူလိုက်ပါတယ်။

ဆံပင်တွေ ဖြူဖွေးနေတဲ့ ဟန်ကျွယ်ဟာ ကမ္မည်းတိုင်ရှေ့မှာ မတ်တတ်ရပ်နေပါတယ်။ ကမ္မည်းတိုင်မှာတော့ ‘ချစ်ဇနီး ချင်းလွမ်အာ နားခိုရာ’ ဆိုပြီး ရေးထွင်းထားပါတယ်။

ဟန်ထော် ပြန်လာလို့ ဒီကမ္မည်းတိုင်ကိုတွေ့ရင် စိုးရိမ်ပူပန်စိတ်တွေ လျော့နည်းကောင်း လျော့နည်းသွားမှာပါ။

ဒီအချိန်မှာပဲ ဟန်ကျွယ်နောက်ကို ကြက်သွေးရောင် မြေခွေးနီလေး ရောက်လာပါတယ်။ နှစ်တစ်ရာ ကြာသွားပြီဆိုပေမဲ့ ကြက်သွေးရောင် မြေခွေးနီလေးအတွက်တော့ ဒီနှစ်တစ်ရာက အိပ်စက်ရုံတင်ပါ။

ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီလေး ရောက်လာတာကို သတိမထားမိတဲ့အလား အုတ်ဂူရှေ့မှာ မတ်တတ်ရပ်ရင်း သူ့ဘဝကို ပြန်လည်တွေးတောလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ သေမျိုးဘဝက တိုတောင်းပေမဲ့ ပျော်ရွှင်မှုတွေ ဒုက္ခတွေနဲ့ ပြည့်နေပါတယ်။ ဟန်ကျွယ်ရဲ့ ဒီဘဝက အဓိပ္ပာယ်မမဲ့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်အတွက်တော့ ထာဝရအသက်ကမှ အဓိပ္ပာယ်ရှိတာပါ။

ဟန်ကျွယ် ချင်းလွမ်အာအပေါ် ထားရှိတဲ့ ခံစားချက်တွေက တာအိုကို သုံးသပ်နားလည်ဖို့အတွက်ပါ။ အရမ်းကြီး နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့တာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ချင်းလွမ်အာဟာ ဟန်ကျွယ်ကြောင့် သူ့ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ရတာပါ။ မဟုတ်ရင် အစောကြီးကတည်း နှင်းတောထဲမှာ အသက်ပျောက်သွားတာ ကြာပါပြီ။

ဒီကံတရားက ဒီမှာတင် အဆုံးသတ်သွားပါတယ်။

“ပြန်လည်မွေးဖွားခြင်း စက်ဝန်းမှာ မင်း...” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပေမဲ့ စကားမဆုံးခင်မှာပဲ တိတ်ဆိတ်သွားပါတယ်။

“ထားလိုက်ပါတော့...”

ဟန်ကျွယ် ညာလက်ကို ဝှေ့ယမ်းပြီး ကြက်သွေးရောင် မြေခွေးနီလေးကိုကြည့်ကာ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း ငါ့ကို ဒီအခြေအနေမှာတောင် မှတ်မိနေတုန်းပဲလား”

“ဟုတ်တယ်၊ မှတ်မိတယ်”

ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ ဆံပင်ဖြူတွေဟာ ကွာကျသွားပြီး ဟန်ကျွယ်ရဲ့ အသားအရေဟာလည်း ပြန်လည်နုပျိုကာ ပြိုင်ဘက်ကင်း ရုပ်ရည်ကို ပြန်ပြီးတော့ ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ်ရဲ့ ပိတုန်းရောင် ဆံနွယ်တွေနဲ့ ဝတ်ရုံဖြူဟာ လေထဲမှာ လူးလွန့်လှုပ်ရှားနေပါတယ်။ ဒီအချိန်မှာပဲ နေလယင်ယန် အကာအကွယ် ပြန်ပေါ်လာပြီး တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်က သေမျိုးကမ္ဘာကို လာရောက်လည်ပတ်တဲ့ အင်မော်တယ်တစ်ပါးလိုပါပဲ။

ကြက်သွေးရောင် မြေခွေးနီလေးဟာ ဟန်ကျွယ်ကိုကြည့်ပြီး အံဩမှင်သက်သွားပါတယ်။

ဟန်ကျွယ်ဟာ ချင်းလွမ်အာရဲ့ အုတ်ဂူကို ပြန်ကြည့်ပြီး ဦးညွှတ်လိုက်ပါတယ်။ အရင်မင်္ဂလာဆောင်တုန်းက ခန်းမထဲမှာ ဦးညွှတ်ခဲ့သလိုမျိုးပေါ့။

“သွားကြမယ်...”

ဟန်ကျွယ်ဟာ ပြောပြောဆိုဆို ချင်းလွမ်အာရဲ့ အုတ်ဂူရှိတဲ့နေရာကနေ ထွက်ခွာလာခဲ့ပါတယ်။ ဟန်ကျွယ်ဟာ တစ်လှမ်းချင်း ကောင်းကင်ပေါ် တက်လိုက်ပါတယ်။ ဟန်ကျွယ် ခြေထောက်အောက်မှာ မမြင်နိုင်တဲ့ လှေကားတစ်ခု ရှိနေသလိုပါပဲ။ ကြက်သွေးရောင် မြေခွေးနီဟာ ကောင်းကင်ပေါ် လိုက်ပျံသန်းပြီး ဟန်ကျွယ်နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာပါတယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။

ဟန်ကျွယ်နဲ့ ကြက်သွေးရောင် မြေခွေးနီဟာ တာအိုဘုံကျောင်းရှိရာကို တိတ်တဆိတ် ရောက်လာပါတယ်။ ကောင်းကင်ရုပ်သေးရုပ်ကနေ တိတ်ဆိတ်ဂိုဏ်းက လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း ဘာမှမပြောင်းလဲတာကို ဟန်ကျွယ် သိလိုက်ပါတယ်။ အရာအားလုံး အဆင်ပြေ ချောမွေ့နေပြီး ဘယ်တပည့်ကမှ ဟန်ကျွယ်ကို လာမရှာပါဘူး။

ဟန်ကျွယ်က ကြက်သွေးရောင် မြေခွေးနီကို ပြောလိုက်ပါတယ် “တာအိုဘုံကျောင်း အရှေ့မှာ ကျင့်ကြံအားထုတ်ချည်၊ လျှောက်မသွားနဲ့”

ကြက်သွေးရောင် မြေခွေးနီဟာ အံဩမှင်သက်နေတုန်းပါ ‘ဒီနေရာရဲ့ အင်မော်တယ်ချီက... ငါ အသက်ရှူရုံနဲ့တင် ကျင့်ကြံမှုက တိုးတက်လာပါ့လား... ဒါက ကျိန်းသေပေါက် အင်မော်တယ် နယ်မြေ ဖြစ်ရမယ်’

ကြက်သွေးရောင် မြေခွေးနီဟာ ချက်ချင်းခေါင်းညိတ်ပြီး ဟန်ကျွယ်ကို ကျေးဇူးတင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး ကမ္ဘာဖျက်ကြာနက်ပေါ် ထိုင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသက်ရှူထုတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာမှာ နေထိုင်ခဲ့တဲ့ နှစ်တစ်ရာက နှစ်ပေါင်း သုံးသောင်းကျော် ကျင့်ကြံခဲ့တဲ့အချိန်ထက် ပိုကြာတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီနှစ်တစ်ရာက ပျင်းစရာ မကောင်းပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဖွင့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့နှစ်တစ်ရာ အတွေ့အကြုံက အစစ်အမှန်ဆိုတာကို သက်သေပြတဲ့ စာတစ်စောင်ကို တွေ့လိုက်ရပါတယ်။

[သင့်သား ဟန်ထော်သည် ဓားတာအိုဆန်းကြယ်စွမ်းအားကို သုံးသပ်နားလည်ပြီး ဓားတာအိုမြစ်ထဲသို့ ဝင်ရောက်သွား၏။]

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ မြဲမြံသွားပြီး ကြုံးဝါးလိုက်ပါတယ် “ငါ နောက်ဆုံးတော့ တာအိုပညာရှိ ဖြစ်တော့မယ်၊ တာအိုပညာရှိတွေ... မင်းတို့တွေ ငါ့ကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်ကြပြီလား...”

ဟန်ကျွယ်ရဲ့ တာအိုပညာရှိ နှလုံးသားက သေမျိုးလောကမှာ နှစ်တစ်ရာကျော် လေ့ကျင့်ပြီးနောက် ဖြစ်တည်လာခဲ့တာပါ။

‘ဒီနေ ငါ တာအိုကို အရယူမယ်၊ ဒါက ငါရဲ့ဆန္ဒပဲ၊ ငါ လိုချင်တာပဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters