← Chapters

နတ်မင်းအဆင့် ကျင့်ကြံသူ ငါး‌ထောင်၊ ဒုတိယမြောက် လောကဦးနတ်ဘီလူးလော

Vol. 48 Ch. 521

နတ်မင်းအဆင့် ကျင့်ကြံသူ ငါး‌ထောင်၊ ဒုတိယမြောက် လောကဦးနတ်ဘီလူးလော

Vol. 48 Ch. 521

၇၀ ထရီလီယံ။

၈၀ ထရီလီယံ။

ကျိန်စာတိုက်တာက ဈေးကြီးလွန်းပါတယ်။ ‌ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးရင် တစ်ထရီလီယံတောင် ကျော်လေ့မရှိပါဘူး။ ရန်သူကို သတ်တာနဲ့ ရန်သူ့ရဲ့ သတင်းအချက်အလက်ကို ရယူတာကလည်း မတူညီတဲ့ကိစ္စနှစ်ခု မဟုတ်ပါလား။

ဟန်ကျွယ်ဟာ အံကြိတ်ပြီး ကျိန်စာဆက်တိုက်ပါတယ်။ ဒါပေမဲ့ ၁၀၀ ထရီလီယံ ရောက်လို့မှ ဘာမှမဖြစ်ရင် ကျိန်စာတိုက်တာ ရပ်ပစ်ဖို့ ဆုံးဖြတ်ထားပါတယ်။

၉၀ ထရီလီယံ။

၉၅ ထရီလီယံ။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ တာအိုပညာရှိ ကျင်အန်းသည် တာအိုနှလုံးသား ဆုံးရှုံးပြီး အရူးတာအိုပညာရှိ ဖြစ်သွား၏။]

ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ နဖူးမှာလည်း ချွေးသီးတွေ စို့နေပါပြီ။

‘တော်သေးတယ်... အောင်မြင်သွားလို့... မဟုတ်ရင် ငါ ရင်ကျိုးရမှာ... ခွေးမသားတွေ...’

ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တခြားတာအိုပညာရှိတွေကို ကျိန်စာ ဆက်မတိုက်တော့ပါဘူး။ ဒီတစ်ခါ ကျိန်စာတိုက်တာကလည်း တော်တော်လေး များသွားတယ် မဟုတ်ပါလား။

အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တာအိုပညာရှိကျင်အန်းကို စိန်ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ် မျက်လုံးတွေ ပြန်ပွင့်လာပါတယ် ‘ဒီကျင်အန်းက တစ်ခုခုတော့ တစ်ခုခုပဲ’

တာအိုပညာရှိကျင်အန်းဟာ ဖူရှီထက် သန်မာသလို လီမုယဲ့ထက်လည်း ပိုမြန်ဆန်ပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တာအိုပညာရှိကျင်အန်းကို ဆက်တိုက် စိန်ခေါ်ပြီး တစ်ချက်တည်း ဘယ်လိုသတ်ရမလဲဆိုတာ နည်းလမ်းရှာပါတယ်။

ဒီလိုနဲ့ လေးငါးဆယ်လ အကြာမှာတော့ လီတောက်ခုံးဟာ ဟန်ကျွယ်ကို လာရှာပါတယ်။ ဒီအချိန်မှာ တာအိုပညာရှိကျင်အန်းကို ဟန်ကျွယ် အမြန်ဆုံး သတ်နိုင်တဲ့ ကြာချိန်ကာ အသက်ရှူကြိမ် သုံးကြိမ်ပါ။ အသက်ရှူကြိမ်သုံးကြိမ်က သာမန်တိုက်ပွဲတွေမှာ ဘာမှမဟုတ်ပေမဲ့ တာအိုပညာရှိတွေရဲ့ တိုက်ပွဲမှာတော့ အများကြီး ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီရလဒ်ကို မကျေနပ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး လီတောက်ခုံးကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။

“ဂိုဏ်းချုပ်... ဒီအတောအတွင်း ကျွန်တော်ရဲ့ ကျင့်ကြံမှုက ထပ်တိုးလာတယ်၊ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ တာအိုပညာရှိအတုတွေထဲမှာ တစ်ယောက်မှ ကျွန်တော်ကို ဒုက္ခ‌ပေးနိုင်မယ် မထင်ဘူး၊ ဒါကြောင့် ကျွန်တော် တိတ်ဆိတ်ဂိုဏ်းကို ကိုယ်စားပြုပြီး တာအိုပညာရှိနေရာအတွက် တိုက်ချင်ချင်တယ်၊ ဂိုဏ်းချုပ် ဘယ်လိုသဘောရလဲ မသိဘူး”

လီတောက်ခုံးဟာ လေးနက်တဲ့မျက်နှာနဲ့ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက လောကဦး ခရမ်း‌ရောင်ချီကို လိုချင်တာလား”

လီတောက်ခုံးဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ် ညာလက်ကို မြှောက်လိုက်တဲ့အခါ လက်ဖဝါးပေါ်မှာ လောကဦး ခရမ်းရောင်ချီ ပေါ်လာပါတယ်။

“ငါ့မှာ ရှိပြီးသား၊ မင်း အပြင်ထွက်စရာ မလိုဘူး၊ ဒါပေမဲ့ မင်း အခုအချိန်မှာ လောကဦး ခရမ်းရောင်ချီကို အမှီပြုပြီး တာအိုကို ရယူမယ်ဆိုရင် အနာဂတ် အောင်မြင်မှုတွေက သိပ်မြင့်မားနိုင်မှာ မဟုတ်ဘူး”

လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ ညာလက်ပေါ်က လောကဦး ခရမ်းရောင်ချီကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်လိုက်ပါတယ်။ လီတောက်ခုံးဟာ သူ့မျက်လုံးကိုတောင် သူမယုံနိုင်ပါဘူး။

‘ဂိုဏ်းချုပ်ဆီမှာ ဘယ်လိုလုပ်ပြီး လောကဦး ခရမ်းရောင်ချီ ရှိနေရတာလဲ၊ တာအိုဂိုဏ်းက တာအိုပညာရှိတွေ ပြောတာ အမှန်ပဲလား...’

ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ အတွေးကို မှန်းဆမိတဲ့အတွက် လီမုယဲ့က ရွှမ်ချင်းကျွင်းကို ကူညီတဲ့အကြောင်း ပြောပြလိုက်ပါတယ်။

လီတောက်ခုံးဟာ သက်ပြင်းချလိုက်ပါတယ်။ တစ်ခါတုန်းက လီတောက်ခုံးဟာ လီမုယဲ့ကို အလေးစားဆုံးပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ လီမုယဲ့က တော်တော်လေး စက်ဆုပ်စရာ ကောင်းတယ်လို့ လီတောက်ခုံး ခံစားလိုက်ရပါတယ်။

“အေးအေးဆေးဆေး ကျင့်ကြံချည်၊ မင်း တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်တာနဲ့ ဒီလောကဦး ခရမ်းရောင်ချီက မင်းအတွက်ပဲ၊ ဒါပေမဲ့ တခြားတပည့် တစ်ယောက်ယောက်က တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်သွားရင်တော့ ဒီလောကဦး ခရမ်းရောင်ချီကို မင်း မေ့လိုက်တော့” ဟန်ကျွယ်ဟာ လီတောက်ခုံးကို အမြင့်ကြီးတွေးထားပေမဲ့ ဒီအကြောင်းကို လီတောက်ခုံးသိအောင် မပြချင်ပါဘူး။

လီတောက်ခုံးဟာ လောကဦး ခရမ်းရောင်ချီကို ကြည့်ကာ တံတွေးမြိုချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို ဦးညွှတ်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။

လီတောက်ခုံး ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ သူ့လက်ထဲမှာ ရှိနေတဲ့ မဟာတာအို ခရမ်းရောင်ချီကို တွေးမိလိုက်ပါတယ်။ လေလောဆယ်မှာတော့ ဟန်ကျွယ်ဟာ မဟာတာအို ခရမ်းရောင်ချီကို ဘယ်သူ့ဆီ ပေးရမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ဟန်ကျွယ်ဟာ တပည့်တွေရဲ့ လုပ်ဆောင်ချက်ကို အရင်ဆုံး ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။ တာအိုပညာရှိ ဖြစ်သွားပြီဆိုပေမဲ့ ကျင့်ကြံတာက ရပ်လိုက်လို့မရပါဘူး။

ဒါပေမဲ့ တာအိုပညာရှိတွေရဲ့ ကျင့်ကြံမှုက စွမ်းအင်ကို စုပ်ယူတာ မဟုတ်တော့ပါဘူး။ မဟာတာအိုကို နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်လာအောင် ကြိုးစားအားထုတ်ရတာပါ။ မဟာတာအိုကို နက်နက်နဲနဲ နားလည်ပြီး ပိုထိန်းချုပ်နိုင်လေလေ တာအိုပညာရှိရဲ့ ကျင့်ကြံမှုက မြင့်မားလေလေပါပဲ။

ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို ဆုပ်ကိုင်မိပြီးပြီမို့ ဆက်လက် ကျင့်ကြံရာမှာ ဘာအခက်အခဲမှ မရှိပါဘူး။ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်က ဟန်ကျွယ်ကို မကန့်သတ်နိုင်ပါဘူး။

ဟန်ကျွယ် စတင်ကျင့်ကြံတဲ့အခါ ဟန်ကျွယ် ဝိညာဉ်ထဲက လောကဦးကမ္ဘာဟာ ပဋိပက္ခချီနဲ့ လောကဦးချီတွေ ထိုးထွက်လာပါတယ်။ ဟန်ကျွယ်ဟာ သူ့ကြယ်ပင်လယ်ကို လောကဦးကမ္ဘာလို့ နာမည်ပေးလိုက်ပါပြီ။

နတ်ဘီလူးချီကတော့ ကြီးထွားနေတုန်း အဆင့်မှာပဲ ရှိပါသေးတယ်။ ပဋိပက္ခမူလကျောက်တုံးကလည်း ပဋိပက္ခချီ ထုတ်လွှတ်တာ အရင်ကထက် ပိုပိုမြန်လာပါတယ်။

ထုန်ကျန့်ကမ္ဘာကတော့ အလွန့်အလွန် သေးငယ်လွန်းတဲ့အတွက် လောကဦးကမ္ဘာ ကြီးထွားလာမှုနောက်ကို အမီမလိုက်နိုင်ပါဘူး။ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားက ကာကွယ်ထားလို့သာ ထုန်ကျန့်ကမ္ဘာက ဆက်ရှိနေတာပါ။ မဟုတ်ရင် လောကဦး ကြယ်တာရာခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ လောကဦးချီနဲ့ ကိစ္စပြတ်သွားမှာပါ။ ဟန်ကျွယ်ဟာ လောကဦးကမ္ဘာနဲ့ ထုန်ကျန့်ကမ္ဘာကို ဘယ်လိုပေါင်းစပ်ရမလဲဆိုတာ တွေးလိုက်ပါတယ်။

‘ငါ ဘယ်လိုလုပ်ရမလဲ... ဟုတ်ပြီ... ဝတ်ရုံဖြူဗုဒ္ဓက ထုန့်ကျန်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို ထိန်းချုပ်ထားတာဆိုတော့ ဝတ်ရုံဖြူဗုဒ္ဓသာ လောကဦးကမ္ဘာနဲ့ ပေါင်းစပ်သွားရင် ထုန့်ကျန်ကမ္ဘာလည်း လောကဦးကမ္ဘာနဲ့ ပေါင်းစပ်သွားလောက်တယ်’

‘ဒါပေမဲ့ ငါ သူတို့ကို ဘယ်လို ပေါင်းစပ်ရမလဲ... ဟုတ်ပြီ... စုချီလိုမျိုး လုပ်ရင်ရော...’

‘အရင်ဆုံး စောင့်ကြည့်တာ ကောင်းပါတယ်လေ’

ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပါတယ်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ နှစ် ၅၀၀ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် တာအိုကို ရရှိပြီးနောက် တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို နောက်ထပ် ပြဿနာ မရှာတော့ပါဘူး။ ချုံရှီလိုင်ကလည်း ဟန်ကျွယ်ရဲ့ အိပ်မက်ထဲကို လာလည်ဖို့ မကြိုးစားတော့ပါဘူး။ ဒါကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ အရင်လို ပြန်အေးချမ်းသွားပါတယ်။

ဟန်ကျွယ်ကတော့ ဘာတွေဖြစ်ဖြစ် ကျင့်ကြံအားထုတ်နေတုန်းပါပဲ။

ရှကျဲ့မျိုးနွယ်စုဝင် ငါးထောင်ကတော့ နတ်မင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ ရှကျဲ့မျိုးနွယ်စုရဲ့ အရည်အချင်းက တော်တော်လေး ထူးချွန်ထက်မြက်တာပါ။ သူတို့ကို ဖန်တီးခဲ့တဲ့ ဧကရီဟုတ်ထိုကလည်း ဒီလိုထူးချွန်ထက်မြက်တဲ့ အရည်အချင်းအတွက် သူတို့ရဲ့ မျိုးပွားနိုင်စွမ်းကို စတေးခဲ့တယ် မဟုတ်ပါလား။

ဒါ့အပြင် တာအိုစက်ကွင်းရဲ့ အင်မော်တယ်ချီက ကောင်းကင်တာအိုအောက်မှာ အားအကောင်းဆုံး ဖြစ်တဲ့အပြင် ဟန်ကျွယ်ကလည်း မကြာခဏ တာအိုဟောကြားတဲ့အတွက် ရှကျဲ့မျိုးနွယ်စုရဲ့ ကျင့်ကြံမှုတွေ တိုးတက်လာတာ ထူးဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ရှကျဲ့မျိုးနွယ်စုဟာ ဘယ်တုန်းကမှ ကျင့်ကြံရာမှာ အရံအတား မရှိခဲ့သေးပါဘူး။

တာအိုကို ရရှိပြီးနောက် ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ဂရုမစိုက်တော့ပါဘူး။ တပည့်တွေအတွက် ဟန်ကျွယ်ရဲ့ လိုအပ်ချက်က ကောင်းကင်ဘဝဂ်အဆင့် ဖြစ်သွားပါပြီ။

ဒီနေ့မှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ နှစ်ဝက်ကျော် ပျော်မြူးပြီးတဲ့နောက်မှာတော့ ရှင်းဟုန်ရွှမ်ဟာ အဝတ်အစားတွေကို တစ်ခုချင်း ပြန်ဝတ်ဆင်ရင်း မေးလိုက်ပါတယ် “ယောက်ျား... ယောက်ျား ကြည့်ရတာ အရင်နဲ့ မတူတော့သလိုပဲ”

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်က အရင်လို မအေးစက်တော့ဘဲ လူသားပိုဆန်လာတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ရှင်းဟုန်ရွှမ်ဟာ ဒီအကြောင်းကို ပေါ်တင်မပြောသင့်မှန်း သိပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ မေးခွန်းကြောင့် တစ်ခဏ တွေးတောလိုက်ပြီး သူ သေမျိုးကမ္ဘာမှာ ကြုံတွေ့ခဲ့ရတာတွေကို ရှင်းဟုန်ရွှမ်သိအောင် ပြောပြလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဒီအကြောင်းကို သိရလို့ စိတ်ဆိုးခြင်း မရှိပါဘူး။ အင်မော်တယ်ကမ္ဘာမှာ ယောက်ျားတစ်ယောက် မိန်းမအများကြီးယူတာ ပုံမှန်ပါပဲ။ ပြောရမယ်ဆိုရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ရှိနေတဲ့မိန်းမတွေက နည်းတောင် နည်းနေပါသေးတယ်။

ရှင်းဟုန်ရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ချင်းလွမ်အာက ယောက်ျားအပေါ် ချစ်တာပဲ၊ ဘာလို့ သူ့ကို မကျင့်ကြံခိုင်းရတာလဲ”

ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပါတယ် “မလိုပါဘူး၊ သူ သိတဲ့လူက သေမျိုးတစ်ယောက်၊ ဒါပေမဲ့ ငါ သူ့ဝိညာဉ်ကို ချန်ထားတယ်၊ အနာဂတ်ကျမှပဲ ကြည့်စီစဉ်တော့မယ်”

ဟန်ကျွယ်ဟာ ပထမတော့ ချင်းလွမ်အာကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းမှာပဲ ထားဖို့စီစဉ်ထားတာပါ။ ဒါပေမဲ့ ချင်းလွမ်အာ သေဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စိတ်ပြောင်းသွားပါတယ်။ ဟန်ထော်အတွက် တွေးမိတာလည်း ပါပါတယ်။

“ဒါဆိုရင် ယောက်ျားရဲ့ သားကရော... သူ့ကို တိတ်ဆိတ်ဂိုဏ်းဆီ ဘာလို့ ခေါ်မလာတာလဲ၊ ယောက်ျား မိန်းမနဲ့ ဘယ်တော့မှ ကလေးယူမှာလဲ၊ အခု မိန်းမ ကလေးမွေးချင်နေပြီ” ရှင်းဟုန်ရွှမ်ဟာ ပြောရင်းဆိုရင် ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို တစ်ခါတည်း ချွတ်ပစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “မင်း ကျင့်ကြံမှုက ဘယ်အဆင့်လဲ၊ မြန်မြန် ကျင့်ကြံစမ်းပါ၊ ကလေးသာရရင် မင်းကျင့်ကြံမှုက ဒီထက် ပိုဆိုးလိမ့်မယ်”

ရှင်းဟုန်ရွှမ်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “ဒါဆိုရင် မိန်းမက ကျင့်ကြံမှု ဘယ်အဆင့်ကိုရောက်မှ ကလေးယူလို့ ရမှာလဲ”

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကလေးမွေးတယ်ဆိုတာက အမွေဆက်ခံချင်လို့၊ တို့တွေက ထာဝရရှင်သန်မှာလေ၊ သားတစ်‌ယောက် ရှိရှိ မရှိရှိ အရေးမကြီးပါဘူး၊ မင်း ကလေး တကယ်လိုချင်တယ်ဆိုရင် ကောင်းကင်ဘဝဂ်အဆင့် ရောက်တာနဲ့ ယူကြတာပေါ့”

“တကယ်လား...”

“တကယ်ပေါ့”

ဟန်ကျွယ်ရဲ့ ကတိပေးမှုကို ရရှိပြီးတဲ့နောက် ရှင်းဟုန်ရွှမ်ဟာ ဝမ်းသာပျော်ရွှင်သွားပြီး စိတ်အခြေအနေလည်း ပြောင်းလဲသွားပါတယ်။ အခုဆိုရင် ရှင်းဟုန်ရွှမ်ရဲ့ စိတ်ထဲမှာ ကောင်းကင်ဘဝဂ်အဆင့်က မရောက်နိုင်တဲ့ အဆင့်တစ်ခု မဟုတ်တော့ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ အဝတ်အစားတွေကို ပြန်ဝတ်ပြီး မေးလိုက်ပါတယ် “ဒါဆို ဟန်ထော်က ဘယ်မှာလဲ၊ ယောက်ျားက သူ့ကို တကယ်ပဲ အပြင်မှာ လွှတ်ထားမှာလား၊ ဘာလို့ ပြန်ခေါ်မလာတာလဲ၊ မိန်းမ သူ့ကို ဂရုစိုက်ပေးလို့ရပါတယ်၊ ဘာပဲဖြစ်ဖြစ် သူက ယောက်ျားရဲ့ သားပဲလေ”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “နှစ်တွေလည်း ကြာပြီဆိုတော့ သူလည်း ကြီးပြင်းလာပြီ၊ သူ့ကို ဂရုစိုက်စရာ မလိုဘူး၊ တစ်ချိန်ကျလို့ သူ ငါ့အကူအညီကို လိုအပ်လာရင် ငါ ကူညီမှာပါ၊ ဘာပဲဖြစ်ဖြစ် သူက ငါ့သားပဲလေ”

ဟန်ထော်ဟာ ဟန်ကျွယ်ရဲ့ သွေးစည်းကို အမွေရထားတဲ့အတွက် ဒုတိယမြောက် လောကဦး နတ်ဘီလူး ဖြစ်လာနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာအပြင် ဟန်ထော်ကိုလည်း ဂရုစိုက်ပါတယ်။

ဟန်ထော်ဟာ မကြာသေးခင်ကမှာ ဒုက္ခတစ်ခုကို ရင်ဆိုင်ထားရပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ အားနည်းလွန်းတဲ့အတွက် ဟန်ထော်ဟာ သူ့မိန်းမကိုတောင် မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အခုဆိုရင် ဟန်ထော်ဟာ ကြိုးကြိုးစားစား အားထုတ်နေပါပြီ။

ဟန်ကျွယ်ဟာ ဟန်ထော်က အနန္တကမ္ဘာကို တွေ့ကြုံခံစားပြီး သူ့လိုမျိုး ကျင့်ကြံမှုကိုပဲ လိုလားတဲ့ တာအိုနှလုံးသား ရှိစေချင်တာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters