အမှောင်သခင်ကြီးရဲ့ အင်အားစု ပေါ်လာခြင်း၊ တိတ်ဆိတ်ဂိုဏ်း ကျန်းကျွယ်
Vol. 48 Ch. 522
ရှင်းဟုန်ရွှမ် ထွက်သွားတဲ့နောက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီအတောအတွင်း ဟန်ကျွယ် မိတ်ဆွေတွေရဲ့ အခြေအနေက အတော်လေး တည်ငြိမ်နေပါတယ်။ ထူးထူးခြားခြား ဘာမှ မဖြစ်ပါဘူး။
‘မဆိုးဘူး... အကုန်လုံး အေးအေးချမ်းချမ်း ရှိနေတာပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ထော်ကို အာရုံစိုက်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဒိုးယိုပေါက် မြင်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော်ကို မြင်တွေ့ရဖို့အတွက် ဘယ်ဆန်းကြယ်စွမ်းအားကိုမှ သုံးစရာမလိုပါဘူး။ တစ်ချက်ကြည့်လိုက်တာနဲ့ ဟန်ထော်ဆီ ချက်ချင်း ရောက်သွားပါတယ်။
မကြာသေးခင်ကမှ ဟန်ထော်ဟာ ကျယ်ကျောင်းတော်နဲ့ တိုက်ခိုက်ပြီး အတော်လေး ဒုက္ခခံခဲ့ရပါတယ်။ ဒါတောင် ဟန်ထော်နဲ့ တိုက်ခိုက်တာက ကျယ်ကျောင်းတော်ရဲ့ အဆင့်အနိမ့်ဆုံး တပည့်တွေပါ။ ဒီလောက်နဲ့တင် ဟန်ထော်ဟာ မျှော်လင့်ချက်မဲ့လုနီး ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ တာအိုပညာရှိစွမ်းအားဟာ ဟန်ထော်ခန္ဓာကိုယ်ဆီ ရောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ စွမ်းအားကြောင့် ဟန်ထော်ရဲ့ သွေးစည်းကို ချိပ်ပိတ်ထားတဲ့ အတားအဆီးဟာ ဖြေလျော့သွားပါတယ်။ ဒါကြောင့် ဟန်ထော်ဟာ အရင်ကထက် အရည်အချင်း ပိုရှိသွားမှာဆိုပေမဲ့ သူ့သွေးစည်းရဲ့ စစ်မှန်တဲ့ စွမ်းရည်ဆီ ရောက်ဖို့တော့ လိုပါသေးတယ်။
‘ဘဝမှာ အခွင့်အရေးနဲ့ ကျေးဇူးရှင်က မရှိမဖြစ်ပဲ၊ ငါရဲ့ကျေးဇူးရှင်က စနစ်၊ မင်းရဲ့ ကျေးဇူးရှင်ကတော့ ငါပဲ’ ဟန်ကျွယ်ဟာ သူ့အတွေးကို သဘောကျတဲ့အတွက် မဆိုစလောက် ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော် အင်အားကြီးလာမှာကို မျှော်ကြည့်လိုက်ပါတယ်။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက် နန်းတော်တစ်ခုအတွင်း။
ဂျိရှင်းရှန်ဟာ ပလ္လင်ပေါ်မှာ ထိုင်နေပြီး သူ့အကြည့်ကတော့ ခန်းမထဲက လူတစ်ယောက်ဆီ ရောက်နေပါတယ်။ ဒီလူကတော့ ကျယ်ကျောင်းတော်ရဲ့ ကျင်းတျန်ကုန်းပါ။
ဂျိရှင်းရှန်က မေးလိုက်ပါတယ် “စီနီယာ... ကျွန်တော့်ကို ရှာတာ ဘာကိစ္စရှိလို့ပါလဲ”
ဂျိရှင်းရှန်ဟာ ကျင်းတျန်ကုန်းကို အကောင်းမြင်စိတ် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျင်းတျန်ကုန်းက ကျယ်ကျောင်းတော်ကနေ လာတာမို့လို့ပါ။ ကျင်းတျန်ကုန်းဟာ ဂိုဏ်းချုပ်ရာထူးကို ဆုံးရှုံးသွားပေမဲ့ ကျယ်ကျောင်းတော် အင်အားစုရဲ့ ပိုင်ဆိုင်မှုအောက်မှာပဲ ရှိနေပါသေးတယ်။
ကျင်းတျန်ကုန်းဟာ ညာလက်ကို မြှောက်ပြီး ရွှေရောင်တိုကင်တစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ရွှေရောင်တိုကင်ဟာ လေထဲမှာ ဝဲပျံပြီး ခန်းမတစ်ခုလုံးကို လင်းထိန်သွားစေတဲ့ အလင်းရောင်ကို ထုတ်လွှတ်လိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ ဒါကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ကျင်းတျန်ကုန်းကတော့ ပြုံးလိုက်ပါတယ် “တာအိုပညာရှိတွေ ချောင်းကြည့်မှာစိုးလို့ ကာကွယ်ရုံပါ၊ ဘာမှမဟုတ်ပါဘူး...”
ဂျိရှင်းရှန်ဟာ သူ့မျက်လုံးကို ကျဉ်းလိုက်ပါတယ် “ကြည့်ရတာ စီနီယာက ကျယ်ကျောင်းတော်ကို စွန့်လွှတ်လိုက်ပြီပဲ”
“ငါ မင်းကို တစ်ခါတည်း ပြောထားရအုန်းမယ်၊ ငါက အမှောင်သခင်ကြီးနောက် လိုက်တာ၊ ကျယ်ကျောင်းတော်နောက် လိုက်တာ မဟုတ်ဘူး၊ ကပ်ဘေးအပြီးမှာ အမှောင်သခင်ကြီး ထပ်မပေါ်လာပေမဲ့ လောကတစ်ခုလုံး အမှောင်လွှမ်းရင် ပြန်ပေါ်လာမယ်လို့ ငါတို့ကို ပြောထားတယ်”
“မိုးကောင်းကင်ဘိုးဘေး... ငါ မင်းရဲ့ ဘေးကျပ်နံကျပ် အခြေအနေကို နားလည်ပါတယ်၊ မိုးကောင်းကင်မျိုးနွယ်စုအတွက် နောက်ခံဖြစ်ဖို့ အသင့်တော်ဆုံးက အမှောင်သခင်ကြီးပဲ၊ မိုးကောင်းကင်မျိုးနွယ်စု မွေးဖွားလာတာကလည်း ကပ်ဘေးထဲကို အမှောင်သခင်ကြီး ဝင်လာလို့၊ တာအိုပညာရှိတွေမှာ အမှောင်သခင်ကြီးကို တားနိုင်စွမ်း မရှိဘူး”
ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးနာမည်ကို ပြောလိုက်တိုင်း စိတ်ထဲမှာ ဂုဏ်ယူသွားပါတယ်။ သူ့ကိုယ်သူ အမှောင်သခင်ကြီးလို့ တွေးထင်နေလား မသိပါဘူး။
ဂျိရှင်းရှန်က လေသံအေးနဲ့ ပြန်မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက ဘယ်သူဆိုတာကို ကျွန်တော် မသိဘူး၊ နောက်ပြီး ပြီးခဲ့တဲ့ ကပ်ဘေးမှာ အမှောင်သခင်ကြီးမှာ အနိုင်မရခဲ့တာ၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ”
ကျင်းတျန်ကုန်းဟာ ပြုံးလိုက်ပါတယ် “အမှောင်သခင်ကြီးက ကပ်ဘေးမှာ အနိုင်မရဘူးတဲ့လား... အမှောင်သခင်ကြီးသာ ပေါ်မလာရင် အနန္တကပ်ဘေးက နှစ်ပေါင်းများစွာ ကြာပြီး တာအိုပညာရှိ ဂိုဏ်းအသီးသီးမှာရှိတဲ့ တပည့်တွေ အင်အားကြီးလာမှာ၊ ဒါပေမဲ့ အမှောင်သခင်ကြီးကြောင့် ကပ်ဘေးဘေးက နှစ်ထောင်ချီပဲ ကြာပြီး ပြီးဆုံးသွားတယ်၊ အခုလက်ရှိမှာ ဘယ်တာအိုပညာရှိဂိုဏ်းက အင်မော်တယ်ကမ္ဘာကို တစ်ကိုယ်တည်း စိုးမိုးနိုင်လို့လဲ”
“ဒါကြောင့်လည်း အမှောင်သခင်ကြီးက အရမ်းစွမ်းအားကြီးတာ၊ အမှောင်သခင်ကြီးက အကုန်လုံးနဲ့ မတိုက်ခိုက်ချင်ဘူး၊ သူ့ရည်ရွယ်ချက်က အင်မော်တယ်ကမ္ဘာကို ဟန်ချက်ညီအောင် ထိန်းချင်တာပဲ”
ကျင်းတျန်ကုန်းရဲ့ စကားကြောင့် ဂျိရှင်းရှန်ဟာ ထပ်ပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလိုကိုး... ဒါကြောင့် အမှောင်သခင်ကြီးက လူတွေကို ကျိန်စာပဲတိုက်ပြီး ကံတရား အထောက်အပံ့အတွက် မတိုက်ခိုက်တာကိုး...’
ဂျိရှင်းရှန်ဟာ အမှောင်သခင်ကြီး အင်အားစုထဲ ဝင်သင့် မဝင်သင့် စစဉ်းစားလိုက်ပါတယ်။ အခုလက်ရှိမှာ ဘယ်တာအိုပညာရှိကမှ ဂျိရှင်းရှန်ကို လက်မခံတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျိရှင်းရှန်က မိုးကောင်းကင်ဘိုးဘေး ဖြစ်တဲ့အတွက် ကောင်းကင်တာအိုကို ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဂျိရှင်းရှန်ကိုသာ လက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့ဂိုဏ်းတစ်ခုလုံး ကောင်းကင်တာအိုကို အတူတူ ရင်ဆိုင်ရမှာပါ။
ရှေးခေတ်ကစလို့ ငြိမ်းချမ်းတဲ့ခေတ်မှာ ကံတရား အထောက်အပံ့ အများဆုံးရှိတဲ့ဂိုဏ်းက နောက်အနန္တကပ်ဘေးမှာ သုတ်သင်ရှင်းလင်းရမဲ့ အပြစ်သား အင်အားစု ဖြစ်သွားပါတယ်။
ကျင်းတျန်ကုန်းက ထပ်ပြောပါတယ် “အမှောင်သခင်ကြီးနဲ့ ပူးပေါင်းလိုက်ပါ၊ မင်း မြက်ပင်လိုနေပြီး စိတ်ရှည်လက်ရှည် စောင့်ဖို့ပဲ လိုတယ်၊ တခြားအင်အားစုတွေကို စည်းရုံးဖို့ ငါ့အင်အားကို အသုံးပြုပြီး ကူညီပေးမယ်”
ဂျိရှင်းရှန်က မေးလိုက်ပါတယ် “စီနီယာရဲ့ အင်အားက ကျယ်ကျောင်းတော်ကနေ လာတာလား”
ကျင်းတျန်ကုန်းဟာ ခေါင်းခါပြီး အထင်သေးစွာ ပြုံးလိုက်ပါတယ် “ကျယ်ကျောင်းတော်... ငါ ဂိုဏ်းချုပ်နေရာကို အရူးတစ်ယောက်ဆီ ပေးခဲ့တာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျောင်းတော် ပျက်ဆီးမှာကို ငါ မြင်ချင်လို့ပဲ၊ ကပ်ဘေးထဲမှာ ငါ တပည့်အများကြီးကို ထုတ်ပစ်ခဲ့တယ်၊ တကယ်တော့ ငါ ထုတ်ခဲ့တဲ့ တပည့်တွေက ငါရဲ့ လူယုံတွေပဲ”
ဂျိရှင်းရှန်က ထပ်မေးလိုက်ပါတယ် “စီနီယာက ကျယ်ကျောင်းတော်ထဲမှာ မွေးဖွားခဲ့တာပါ၊ ဘာဖြစ်လို့ ကျယ်ကျောင်းတော်ကို ဒီလောက်တောင် မုန်းနေရတာလဲ”
“ဒီကိစ္စကို ခဏလေးပြောလို့ရမဲ့ကိစ္စ မဟုတ်ဘူး၊ မင်းတို့တွေ အင်အားကြီးလာနိုင်တာက ဟန်ကျွယ်ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ဆက်စပ်နေတာမလား၊ အရင် ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို မျက်နှာသာပေးပြီး ကူညီခဲ့တယ်၊ အခုလက်ရှိ ကောင်းကင်ဧကရာဇ်ဖန်ကလည်း မင်းနဲ့ ဆက်ဆံရေးကောင်းတယ်၊ သူက ဟန်ကျွယ်ရဲ့ မြေးတပည့်မလား၊ ဟန်ကျွယ်က တိတ်ဆိတ်ဂိုဏ်းကပဲ၊ တာအိုပညာရှိတွေက တိတ်ဆိတ်ဂိုဏ်းကို ပစ်မှတ်ထားနေတာဆိုတော့ မင်းလည်း လွှတ်မှာ မဟုတ်ဘူး၊ မင်း မှီခိုလို့ရမဲ့လူက အမှောင်သခင်ကြီးပဲ ရှိတယ်၊ မဟုတ်ရင် နောက်တစ်ခါကပ်ဘေးမှာ မင်း လွယ်မှာ မဟုတ်ဘူး”
ဂျိရှင်းရှန်ဟာ နှလုံးလှုပ်သွားပါတယ်။ ကျင်းတျန်ကုန်းပြောတာ မမှားပါဘူး။ ဟန်ကျွယ်ရဲ့ တည်ရှိမှုကြောင့် တာအိုပညာရှိတွေက ဂျိရှင်းရှန်ကို ငြင်းဆန်နေတာပါ။ ဒါပေမဲ့ ဒီကိစ္စမှာ ဟန်ကျွယ်ကိုလည်း အပြစ်တင်လို့ မရပါဘူး။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ဂျိရှင်းရှန်လည်း ဒီလိုနေရာမျိုးကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။
ဂျိရှင်းရှန်ဟာ တိတ်ဆိတ်သွားပါတယ်။
ကျင်းတျန်ကုန်းဟာ အလျင်မလိုတာကြောင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
နောက်ထပ် နှစ်ငါးရာ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ဖြည်းဖြည်းချင်းပဲ တိုးတက်ပါတော့တယ်။ တိုးတက်မှုနှုန်းက အလွန်နှေးကွေးတဲ့အတွက် လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကိုရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ ကျင့်ကြံမှုက အဆင့်မြင့်လာလေလေ ကျင့်ကြံဖို့ ခက်လေလေပဲ မဟုတ်ပါလား။
လွန်ခဲ့တဲ့နှစ်တွေမှာ တိတ်ဆိတ်ဂိုဏ်းသားတိုင်းရဲ့ ကျင့်ကြံမှုတွေဟာ တိုးတက်လာခဲ့ပါတယ်။ ကိုယ်ပိုင်တပည့်တွေလည်း နတ်မင်းအဆင့်ကို တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြပါတယ်။ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာလည်း အတူတူပါပဲ။
အသက် ၄၀,၀၀၀ အောက် နတ်မင်းအဆင့် ကျင့်ကြံသူက ပါရမီရှင်တစ်ပါးလို့ ယူဆလို့ရပါတယ်။ ဒီလို ကျင့်ကြံမှုတွေ တိုးတက်လာရတာက တာအိုစက်ကွင်းနဲ့ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ ကျင့်ကြံမှုကိုလည်း အာရုံစိုက်ပါတယ်။ အခုဆိုရင် ဟန်ထော်ဟာ အင်မော်တယ်အဆင့်ကို တက်လှမ်းသွားပါပြီ။ ဒီကျင့်ကြံမှုအလျင်က မြန်လည်း မမြန်သလို နှေးလည်း မနှေးပါဘူး။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေရင် ပြီးတာပါပဲ။
ဒီနေ့မှာတော့...
“ငါက ရှီတုတောက်... ငါ့ကိုယ်ပိုင် ပြိုင်ဘက်ကင်းတာအိုကို ဖန်တီးသူပဲ၊ အဆင့်ကျော်ပြီး ရန်သူကို သတ်ဖြတ်နိုင်တဲ့ ဘယ်သူမဆို ငါရဲ့ ပြိုင်ဘက်ကင်းတာအိုထဲ ဝင်ရောက်နိုင်တယ်၊ ငါရှီတုတောက်က ကံတရား အထောက်အပံ့အတွက် တာအိုပညာရှိတွေနဲ့ တိုက်ခိုက်ပြီး ကောင်းကင်နဲ့ ယှဉ်ပြိုင်မယ်”
ရှီတုတောက်ရဲ့ မာန်ပါလှတဲ့အသံဟာ အင်မော်တယ်ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
ဟန်ကျွယ်ဟာ မနေနိုင်ဘဲ မျက်လုံးဖွင့်လိုက်ပါတယ်။
‘ပြိုင်ဘက်ကင်းတာအို... ရယ်ုစရာကောင်းလိုက်တာ...’
ဟန်ကျွယ်က ရှီတုတောက်ရဲ့ ကြွေးကြော်သံကို အထင်မကြီးပေမဲ့ ကျန်တဲ့သက်ရှိတွေ အတွက်တော့ ဒီကြွေးကြော်သံက အတော်လေး ဆွဲဆောင်မှုကောင်းပါတယ်။ ကံတရား အထောက်အပံ့အတွက် တာအိုပညာရှိတွေနဲ့ တိုက်ခိုက်ပြီး ကောင်းကင်နဲ့ ယှဉ်ပြိုင်မယ်ဆိုတဲ့ စာသားက ကြားရသူတိုင်းရဲ့ သွေးတွေကို ဆူပွက်စေမှာ အမှန်ပါပဲ။
ဟန်ကျွယ်ကိုယ်တိုင်လည်း ရှီတုတောက်ကို အတော်လေး စိတ်ဝင်စားပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်း အစောင့်တချို့က ရှီတုတောက်ကို ပုံတူပွားထားတာ မဟုတ်ပါလား။
‘ကြည့်ရတာ ဒီအတိုင်းဆို ရှီတုတောက်က တာအိုပညာရှိတွေရဲ့ ဂိုဏ်းတွေကို စိန်ခေါ်ချင်တဲ့ပုံပဲ၊ သူ အောင်မြင်မလားဆိုတာ စောင့်ကြည့်ရမယ်...’
[တာအိုစက်ကွင်း အစောင့်အား အောင်မြင်စွာ ပုံတူပွားပြီးပါပြီ။ ကျေးဇူးပြု၍ နာမည်ပေးပါ။]
ဟန်ကျွယ်ရဲ့ မြင်ကွင်းထဲမှာ စာတစ်ကြောင်း ပေါ်လာပြီး သူ့ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က လီမုယဲ့နဲ့ တစ်ထေရာတည်းပါပဲ။ လီမုယဲ့က တာအိုပညာရှိ ဖြစ်တဲ့အတွက် ပုံတူပွားဖို့ ဒီလောက်အထိ ကြာနေတာပါ။
ဟန်ကျွယ်ဟာ လီမုယဲ့ကို စိုက်ကြည့်ပြီး အတွေးနက်သွားပါတယ် ‘ငါ မင်းကို နာမည် ဘယ်လိုပေးသင့်လဲ၊ သုံးပြည်ထောင်ထဲက နာမည်တွေကိုပဲ ဆက်ပေးရင် ကောင်းမလား... ဒါဆိုရင် တခြား အစောင့်တွေနဲ့ တန်းတူသဘောမျိုး သက်ရောက်မနေဘူးလား...’
‘ထားလိုက်ပါတော့ သုံးပြည်ထောင်ထဲက နာမည်တွေကိုပဲ ပေးတာ ကောင်းပါတယ်’
ဟန်ကျွယ်ဟာ တစ်ခဏစဉ်းစားပြီး ပြောလိုက်ပါတယ် “မင်းကို ကျန်းကျွယ်လို့ ခေါ်မယ်”
တာအိုစက်ကွင်းအစောင့်ဟာ ဒူးထောက်ပြီး ပြန်ဖြေလိုက်ပါတယ် “နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်”
“ငါတာအိုဘုံကျောင်းရှေ့မှာ ကျင့်ကြံအားထုတ်ချည်”
ဟန်ကျွယ်ရဲ့ စကားဆုံးတာနဲ့ ကျန်းကျွယ်ဟာ ခေါင်းညိတ်ပြီး ထွက်ခွာသွားပါတယ်။ ကျန်းကျွယ်ဟာ တာအိုဘုံကျောင်းထဲကထွက်ပြီး တာအိုဘုံကျောင်းရဲ့ တံခါးရှေ့မှာ တံခါးစောင့်လိုမျိုး ထိုင်လိုက်ပါတယ်။
မနီးမဝေးမှာရှိတဲ့ ကြက်သွေးရောင် မြေခွေးနီဟာ ကျန်းကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အံအားသင့်သွာပါတယ် ‘ဒါ ဘယ်သူများပါလိမ့်၊ ငါ တစ်ခါမှလည်း မမြင်ဖူးဘူး’
ကြက်သွေးရောင် မြေခွေးနီဟာ ကျန်းကျွယ်က တာအိုဘုံကျောင်းထဲကနေ ထွက်လာတာကို တွေ့လိုက်ရတဲ့အတွက် အံအာသင့်သွားခြင်း ဖြစ်ပါတယ်။ ကြက်သွေးရောင် မြေခွေးနီဟာ ကျန်းကျွယ်ဆီ လျှောက်သွားပြီး စကားပြောဖို့ ကြိုးစားပေမဲ့ ကျန်းကျွယ်ဟာ မျက်စိတ်မှိတ်ပြီး ကြက်သွေးရောင် မြေခွေးနီကို လျစ်လျူရှုထားလိုက်ပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။
တရားထိုင်နေတဲ့ လီမုယဲ့ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ထူးဆန်းတဲ့ အမူအရာနဲ့ မျက်မှောင်ကြုတ်သွားပါတယ်။
“ငါ ဘာဖြစ်လို့ ရုတ်တရက်ကြီး စိတ်လေးသွားရတာလဲ” လီမုယဲ့ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပေမဲ့ ဘာမှ ရှာမတွေ့ပါဘူး။
‘ငါ တွက်လို့ မရပါလား...’
အမှောင်သခင်ကြီးနဲ့ ဟန်ကျွယ် ပေါ်လာကတည်းက လီမုယဲ့ဟာ တွက်ချက်လို့မရတဲ့ ကိစ္စတွေကို ကြုံတွေ့လာရပါတယ်။
‘ဒါ ယုတ္တိမရှိဘူး... ဒါ လုံးဝ ယုတ္တိမရှိဘူး...’
‘ဒါက တာအိုဘိုးဘေး ပြောခဲ့တဲ့ မဟာတာအို အနန္တကပ်ဘေး ဆိုတာလား...’
‘တာအိုပညာရှိ ဘေးဒုက္ခလား...’
မြန်မာပြည် ငြိမ်းချမ်းပါစေ။