← Chapters

ပုလိပ်ရောဂါနတ်ဘုရား၊ အရူးတစ်ထောင်မိစ္ဆာ

Vol. 48 Ch. 524

ပုလိပ်ရောဂါနတ်ဘုရား၊ အရူးတစ်ထောင်မိစ္ဆာ

Vol. 48 Ch. 524

‘လောကဦးနတ်ဘီလူးလား’ ဟန်ကျွယ်ဟာ ခပ်တည်တည်နဲ့ ပြန်မေးလိုက်ပါတယ် “ငါ့မှာ မင်းကိုကယ်ဖို့ နည်းလမ်းရှိတယ်၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကိုသာ လာခဲ့ချည်”

ဟန်ကျွယ်စနစ်ရဲ့ အကြွင်းမဲ့သန့်စင်ခြင်း လုပ်‌ဆောင်ချက်က မကောင်းတဲ့အရာမှန်သမျှကို သန့်စင်နိုင်တယ် မဟုတ်ပါလား။

ဂျိရှင်းရှန်က စပ်စုလိုက်ပါတယ် “မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်အထိ ရောက်နေပြီလဲ”

“မင်းကို ကယ်တင်ဖို့ လုံလောက်ရုံပါ”

“ငါ့ကိုကယ်ရင် မင်း တာအိုပညာရှိတွေကို အပြစ်ပြုမိလိမ့်မယ်”

“အပိုတွေ ပြောမနေစမ်းပါနဲ့၊ မင်းက အကယ်ခံချင်တာလား၊ မခံချင်ဘူးလား”ဟန်ကျွယ်ဟာ စိတ်မရှည်တော့ပါဘူး ‘ဒီကောင်က ယောက်ျားတန်မဲ့ တော်တော်စကားများတာပဲ’

ဂျိရှင်းရှန်ဟာ နှုတ်ခမ်းတွန့်သွားပြီး ခပ်မြန်မြန် ပြောလိုက်ပါတယ် “ကောင်းပြီ၊ ငါလာခဲ့မယ်၊ ငါ့ကို အချိန်နည်းနည်းတော့ ပေးအုန်း၊ ငါ့ကိစ္စပြီးတာနဲ့ မင်းဆီ လာခဲ့မယ်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျန်တဲ့သူတွေကို ဆက်ပြီးတော့ အိပ်မက်ပေးပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဆီ သွားလည်ပါတယ်။

ဟန်ကျွယ် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာနဲ့ မဆက်သွယ်ဖြစ်တာ အတော်ကြာခဲ့ပါပြီ။ ဒါပေမဲ့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ်အပေါ့် မျက်နှာသာပေးမှု လျော့မသွားခဲ့ပါဘူး။ အရင်တုန်းက လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ အသက်ရှင်ဖို့အတွက် ဟန်ကျွယ်အ‌ပေါ် မျက်နှာသာပေးမှု ကြယ်ခြောက်ပွင့်ရှိအောင် သူ့ကိုယ်သူ အိပ်မွေ့ချခဲ့ပါတယ်။

အိပ်မက်နယ်မြေဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်သွားပါတယ်။

ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို ရုပ်ခန္ဓာနဲ့ ပြန်တွေ့လိုက်ရပါတယ်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာရဲ့ ရုပ်ခန္ဓာဟာ ချောမောတဲ့ဗုဒ္ဓတစ်ပါး ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတဲ့အတိုင်း သင်္ကန်းကို ဝတ်ရုံထားပြီး ညာလက်ကို ဖော်ထားပါတယ်။ ဒါပေမဲ့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာရဲ့ ကြွက်သားတွေဟာ သန်မာထွားကျိုင်းလှပြီး ကြီးမားတဲ့တန်ခိုးအရှိန်ကို ထုတ်လွှတ်နေပါတယ်။

လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ်ကို မြင်တာနဲ့ ချက်ချင်း သတိကြီးသွားပါတယ်။ နေလ ယင်ယန် အကာအကွယ်ရဲ့ အလင်းရောင်က ဟန်ကျွယ်မျက်နှာကို ဖုံးကွယ်ထားတဲ့အတွက် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ်ကို မမှတ်မိပါဘူး။

‘အိပ်မက်လား...’ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာာ မျက်မှောင်ကြုတ်သွားပြီး အိပ်မက်ကို ချိုးဖျက်ဖို့ ကြိုးစားပေမဲ့ အချည်းနှီးပါပဲ။ ဒီအဖြစ်ကြောင် တစ်ဖက်လူရဲ့ ကျင့်ကြံမှုက သူ့ထက် မြင့်မားတယ်ဆိုတာကို လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ သိလိုက်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက ငါ့ကိုတောင် မမှတ်မိတော့ဘူးလား”

ဒီစကားသံကြောင့် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ နှလုံးလှုပ်သွားပါတယ်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ်ရဲ့အသံကို မမေ့နိုင်သေးပါဘူး။

လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ဂရုတစိုက် ပြန်မေးပါတယ် “သခင်လား...”

“ဗုဒ္ဓ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒါပေမဲ့ မင်းရဲ့စိတ်က ငါ့ဆီမှာ ရှိသေးလား ဗုဒ္ဓဂိုဏ်းဆီ ရောက်သွားပြီလား ဆိုတာကိုတော့ သိချင်သေးတယ်”

ဟန်ကျွယ်ရဲ့ စကားကြောင့် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ချက်ချင်းပဲ ပြောလိုက်ပါတယ် “ကျွန်တော်က အမြဲတမ်း သခင်ဘက်မှာပါ၊ အခုလည်း ကျွန်တော်က အခွင့်အရေးတွေကို စောင့်နေတာပါ၊ အခုကျွန်တော် ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓတစ်ပါး ဖြစ်လာခဲ့ပြီ၊ သခင် ကျွန်တော့်ကို တစ်ခုခုများ ခိုင်းစရာရှိလား”

“မရှိပါဘူး၊ ငါက မင်းကို လာတွေ့တာ”

“ကျွန်တော်ကို ဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်...” လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ တော်တော်လေး ရင်ထိတ်နေပါတယ်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ အတိတ်က နှိပ်စက်မှုတွေကို မမေ့သေးပါဘူး။ မကြာခဏဆိုသလိုလည်း အတိတ်က ဖြစ်ရပ်တွေကို အိပ်မက်ပြန်မက်လေ့ ရှိပါတယ်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “အခု ဗုဒ္ဓဂိုဏ်းကို ဘယ်သူ ဦးစီးနေလဲ”

“ရှန်ဝေဗုဒ္ဓပါ၊ သူက တာအိုပညာရှိအတု ဖြစ်နေပြီ”

‘ရှန်ဝေဗုဒ္ဓလား... ဒီကောင် မသေသေးဘူးပဲ’ ဟန်ကျွယ်ဟာ ဗုဒ္ဓဂိုဏ်း ဖျက်သိမ်းလိုက်တဲ့အတွက် ရှန်ဝေဗုဒ္ဓ ပျံလွန်တော်မူသွားပြီလို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး အသက်ရှင်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဒီအခြေအနေကို ထောက်ဆခြင်းအားဖြင့် ဗုဒ္ဓဂိုဏ်းက သူတို့ဘာသာ ဖျက်သိမ်းလိုက်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါတောင် ချုံရှီလိုင်က ဟန်ကျွယ်က ဗုဒ္ဓဂိုဏ်းထဲဝင်ဖို့ မြူဆွယ်ပါသေးတယ်။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ဟာ ဒီကိစ္စကို ခေါင်းထဲတောင် မထည့်ခဲ့ပါဘူး။

ဟန်ကျွယ်သာ တာအိုမရခင် ဗုဒ္ဓဂိုဏ်းဆီသွားခဲ့ရင် ပြန်မလာနိုင်မှာ ကျိန်းသေပါတယ်။

ဟန်ကျွယ်ဟာ မေးခွန်းနည်းနည်း ထပ်မေးပါတယ်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကလည်း အမှန်အတိုင်း ပြန်ဖြေပါတယ်။ ဒါကြောင့် ငါးမိနစ်ကြာတဲ့အခါမှာ အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာက အလွန်တရာမှ နှိမ့်ချပြီး သူ့အပေါ် ထားရှိတဲ့ မျက်နှာသာပေးမှုက လျော့မသွားဘူးဆိုပေမဲ့ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာက ယုံလို့မရဘူးလို့ ခံစားလိုက်ရပါတယ်။

“လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာက ငါ့အပေါ် သစ္စာရှိရဲ့လား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[လောလောဆယ် သစ္စာရှိပါသည်။ သင်မသေမချင်း၊ သင့်ကြောင့် သူမသေမချင်း လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် သင့်အပေါ် သစ္စာရှိပါသည်။]

ဟန်ကျွယ်ဟာ စနစ်ရဲ့ အဖြေကို ကြည့်ပြီး ဆွံအသွားပါတယ် ‘ဒီကောင်က ဒီနေရာမှာတော့ အရည်အချင်း တော်တော်ရှိတာပဲ’

ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

အချိန်ကြာလာတာနဲ့အမျှ အင်မော်တယ်ကမ္ဘာဟာ ပိုပိုပြီးတော့ စည်ကားလာပါတယ်။ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေ ရှိလာသလို ကံတရား အထောက်အပံ့ဂိုဏ်းတွေကလည်း လောကအနှံ့ ခြေဆန့်ပြီး တာအိုဟောကြားကြပါတယ်။ အင်မော်တယ်ကမ္ဘာတစ်ခုလုံး ကြိတ်ကြိတ်တိုး ကြက်ပျံမကျ စည်ကားနေတယ်လို့တောင် ပြောလို့ရပါတယ်။

လူသားမျိုးနွယ်စုကတော့ အရင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တာမို့ ကောင်းကင်တာအိုရဲ့ ကန့်သတ်ခြင်းကို ခံရပြီး အင်အားနည်းနေပါသေးတယ်။ သေမျိုးတွေက သေခြင်းရှင်ခြင်းကို ကြုံတွေ့ရပေမဲ့ တခြားမျိုးနွယ်စုတွေကတော့ ဒီလိုမဟုတ်ပါဘူး။ တခြားမျိုးနွယ်စုတွေဟာ ရှည်လျားတဲ့သက်တမ်း ရှိတာကြောင့် တိုက်ပွဲထဲမှာ မသေရင် သေဖို့ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။ သက်တမ်းကုန်လို့ သေတာက မရှိသလောက်တောင် ရှားပါတယ်။

နှစ် ၈၀၀ ကြာတဲ့အခါမှာတော့ အင်မော်တယ်ကမ္ဘာမှာ ပုလိပ်ရောဂါနတ်ဘုရား ပေါ်လာပါတယ်။ သူဘယ်သွားသွား သွားတဲ့နေရာတိုင်းမှာ ပုလိပ်ရောဂါ ဖြစ်ပွားပြီး ဝရုန်းသုန်းကား ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အချိန်တိုအတွင်း အင်မော်တယ်ကမ္ဘာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာကတော့ အရင်အတိုင်း ငြိမ်းချမ်းနေတုန်းပါပဲ။

ဝါးတောအုပ်ထဲမှာ ဟန်ရှစ်နဲ့ ဟန်ဇွေတျန်ဟာ အရက်သောက်နေပါတယ်။ ဟန်ဇွေတျန်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဘယ်လိုလဲ၊ ငါ့ငယ်သားတွေ လုပ်ထားတဲ့အရက်က မဆိုးဘူးမလား”

ဟန်ရှစ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ရှစ်ဟာ နတ်မင်းအဆင့်ကို ရောက်နေပြီမို့ အရင်လို ကြောက်တက် ရွံ့တက်တဲ့ လူငယ်လေးတစ်ယောက် မဟုတ်တော့ဘဲ အေးစက်တဲ့ အင်မော်တယ်တစ်ပါး ဖြစ်နေပါပြီ။

ဘူးသီးစိတ်ဝိညာဉ် ရှစ်ဖော်က တိတ်ဆိတ်ဂိုဏ်းထဲမှာ သာမန်မဟုတ်တဲ့ အဆင့်အတန်းမှာ ရှိပါတယ်။ ပြောရမယ်ဆိုရင် သူတို့အဆင့်အတန်းက ဒုတိမျိုးဆက် တပည့်တွေထက်တောင် နည်းနည်းမြင့်တယ်လို့ ပြောလို့ရပါတယ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မျိုးရိုးနာမည်က ဟန်ကျွယ်ကိုယ်တိုင် ပေးထားတဲ့ “ဟန်” ဖြစ်နေလို့ပါပဲ။

သူတို့ရဲ့ အရည်အချင်းကလည်း မဆိုးလှပါဘူး။ ဘူးသီးညီနောင်ရှစ်ဖော်လုံး နတ်မင်းအဆင့်ကို ရောက်နေကြပါပြီ။ ဟန်ရှစ်ရဲ့ အရည်အချင်းကတော့ ဘူးသီးညီနောင်ရှစ်ဖော်ထဲမှာ အမြင့်ဆုံးဖြစ်ပြီး ပထမတန်းစားတပည့်တွေရဲ့ အရည်အချင်းနဲ့တောင် နှိုင်းယှဉ်လို့ရပါတယ်။

ဟန်ရှစ်က မေးလိုက်ပါတယ် “မင်းငါ့ကို ဘာကိစ္စနဲ့ လာရှာတာလဲ၊ ငါ ကျင့်ကြံအားထုတ်ရအုန်းမယ်၊ အရင်နှစ်တစ်ရာ ပြိုင်ပွဲမှာတုန်းက ငါ ကျိုးဖန်ကို ရှုံးသွားတယ်၊ ငါ ဒီကိစ္စကို မကျေနိုင်ဘူး”

ဟန်ဇွေတျန်ဟာ ပြုံးလိုက်ပါတယ် “ဒီလိုပါ၊ ငါ မင်းတို့ ညီနောင်ရှစ်ဖော်ကို တပည့်လက်ခံစေချင်တယ်၊ ဆရာဘိုးဘိုးလို မင်းတို့တွေ တာအိုဟောကြားစရာ မလိုပါဘူး၊ တစ်ခါတစ်လေ ဆန်းကြယ်စွမ်းအား နည်းနည်း သင်ပေးရုံပဲ၊ ငါ့လက်အောက်မှာ ကောင်းကင်ဘုံကိုးဘုံကို ထိုးဖောက်မြင်နိုင်တဲ့ မျက်လုံးပိုင်ရှင် ရှိတယ်၊ သူပြောတာတော့ အင်မော်တယ်ကမ္ဘာမှာ အင်အားစုတွေ ပိုပိုပေါ်လာလို့ မကြာခင်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တယ်တဲ့၊ ငါတို့တွေက အမြဲတမ်း ဆရာဘိုးဘိုးရဲ့ ကာကွယ်မှုကို မှီခိုနေလို့မဖြစ်ဘူးမလား”

ဟန်ဇွေတျန်ရဲ့ စကားကြောင့် ဟန်ရှစ်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ ငြင်းဆိုးခြင်း မပြုပါဘူး။ ဟန်ရှစ်ကိုယ်တိုင်လည်း ဟန်ကျွယ်ကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်နေတာပါ။ သူတို့တွေက အမြဲတမ်း ဂူအောင်းကျင့်ကြံနေပြီး ဂိုဏ်းအတွက် ဘာမှလုပ်ပေးစရာ မလိုပါဘူး။ လီရွှမ်အောက်ရဲ့ အဆိုအရ ဘယ်တာအိုပညာရှိဂိုဏ်းကမှ ဒီလောက်ထိ မကောင်းဘူးဆိုတာကို ဟန်ရှစ် သိထားပါတယ်။

“ကောင်းပြီလေ၊ ငါ ပြန်သွားတာနဲ့ ငါ့ညီနောင်တွေနဲ့ ဆွေးနွေးလိုက်မယ်”

ဟန်ရှစ်ရဲ့ အဖြေကြောင့် ဟန်ဇွေတျန်ဟာ ဝမ်းသာသွားပါတယ်။

တစ်ချိန်တည်းမှာပဲ တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။ ထူးဆန်းတဲ့ အနက်ရောင် တိမ်တိုက်ဟာ မသိမသာနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အထက်မှာ ပေါ်လာပါတယ်။ မိုးခြိမ်းတာ မရှိတဲ့အတွက် ဒီအနက်ရောင် တိမ်တိုက် ပေါ်လာတာကို တိတ်ဆိတ်ဂိုဏ်းသားတွေ သတိမထားမိကြပါဘူး။

ဟန်ကျွယ်ရဲ့အကြည့်ဟာ တိမ်တွေကို ဖြတ်သန်းပြီး တိမ်မည်းတွေနောက်မှာ ပုန်းအောင်းနေတဲ့ ပေတစ်သောင်းကျော် မြင့်မားတဲ့ရုပ်သွင်ဆီ ရောက်သွားပါတယ်။

ဒီရုပ်သွင်ဟာ နက်မှောင်တဲ့ ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လူသားအသွင် ရှိပါတယ်။ လက်မောင်းကတော့ ရှစ်ဘက်ရှိပြီး ကျောမှာလည်း တောင်ပံတစ်စုံ ပါပါသေးတယ်။ သူ့မျက်နှာက မည်းမှောင်နေပေမဲ့ သူ့မျက်လုံးတွေကတော့ ညအမှောင်ယံက လမင်းလို တောက်ပပြီး သတ်ဖြတ်ငွေ့တွေ ပြည့်လျှံနေပါတယ်။

ဒီရုပ်သွင်က တာအိုပညာရှိအဆင့်ရှိပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို အကဲခတ်နေတာပါ။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို သုံးလိုက်ပါတယ်။

[အရူးတစ်ထောင်မိစ္ဆာ: တာအိုပညာရှိအတု အလယ်အဆင့်၊ မိစ္ဆာမျိုးနွယ်စု သွေးစည်း၊ ပဋိပက္ခ ကောင်းကင်မိစ္ဆာ၊ အနန္တဧကရာဇ်။]

‘နာမည်တွေက များလှချည်လား...’ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး လက်ရည်စမ်းတဲ့အခါ တစ်ချက်တည်းနဲ့ အရူးတစ်ထောင်မိစ္ဆာကို သတ်ပစ်လိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုကို လက်ညိုးတစ်ချောင်းတည်းနဲ့ သတ်နိုင်နေပါပြီ။

ဟန်ကျွယ်ဟာ အရင်စတိုက်ဖို့ အလျင်မလိုပါဘူး။ ဒီအရူးတစ်ထောင်မိစ္ဆာက ဘာလုပ်ချင်တယ်ဆိုတာကို ကြည့်ချင်ပါသေးတယ်။

တိမ်မည်းတွေ နောက်ကွယ်က အရူးတစ်ထောင်မိစ္ဆာဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။

“တကယ်ကို မရိုးရှင်းတာပဲ၊ တော်သေးတယ်... ငါ အလျင်စလို မတိုက်ခိုက်မိလို့...” အရူးတစ်ထောင်မိစ္ဆာဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ အရူးတစ်ထောင်မိစ္ဆာဟာ အလွန်တရာအန္တရာယ်များတဲ့ အငွေ့အသက် မိစ္ဆာဘိုးဘေးကို ရင်ဆိုင်နေရသလိုမျိုး ခံစားလိုက်ရပါတယ်။

အရူးတစ်ထောင်မိစ္ဆာဟာ နောက်ဆုတ်ဖို့ ပြင်လိုက်ပါတယ်။

“မင်းက ထွက်ပြေးချင်တာလား၊ ကြောက်နေပြီလား...” အရူးတစ်ထောင်မိစ္ဆာရဲ့ နားထဲကို အသံတစ်သံ ဝင်ရောက်လာပါတယ်။

ဒါပေမဲ့ အရူးတစ်ထောင်မိစ္ဆာဟာ နောက်ဆုတ်တာကို မရပ်ပါဘူး။ နောက်ဆုတ်ရင်း ပြန်ဖြေလိုက်ပါတယ် “ဟုတ်တယ် ကြောက်တယ်၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ တာအိုပညာရှိ ရှိနေမှာကို ကြောက်တာ၊ သူတို့တွေ ဘာလို့ အင်မော်တယ်ကမ္ဘာမှာ ပေါ်လာလဲ မသိပေမဲ့ ကျွန်တော် ခံစားချက်က ဘယ်တော့မှ မမှားဘူး”

“မင်း လှုပ်ရှားတာနဲ့ ငါ့ရဲ့တာအိုပညာရှိစွမ်းအားကို မင်းထဲထည့်ပေးမယ်၊ မင်းလုပ်ရမှာက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အကာအကွယ်ကို ထိုးဖောက်ဖို့ပဲ၊ အဲဒီအချိန်ကျရင် ကောင်းကင်တာအိုက အထဲမှာရှိတဲ့ တာအိုပညာရှိကို နှင်ထုတ်လိမ့်မယ်၊ အဲဒီတာအိုပညာရှိ အင်မော်တယ်ကမ္ဘာကနေ ထွက်တာနဲ့ ငါတို့တာအိုပညာရှိတွေ သူ့ကို ရှင်းပစ်မှာ၊ ဒီကိစ္စပြီးတာနဲ့ မင်း လောကဦး ခရမ်းရောင်ချီကို ရဖို့ အာမခံတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters