← Chapters

မိုးကောင်းကင်ခေတ်

Vol. 48 Ch. 526

မိုးကောင်းကင်ခေတ်

Vol. 48 Ch. 526

ဟန်ထော်ရဲ့ စကားဆုံးတဲ့အခါမှာတော့ ရန်ထျန်တုန်းဟာ အတွေးနက်သွားပါတယ် ‘ဒီကောင်လေးက ငါ့ဆရာသခင်နဲ့ ကျိန်းသေပေါက် ပတ်သတ်နေရမယ်၊ ဒါပေမဲ့ ငါ ဒီအကြောင်းကို ထုတ်ပြောလို့ မဖြစ်ဘူး၊ မတော်လို့ ဆရာသခင်က တစ်ခုခုစီစဉ်ထားတာဆိုရင် ငါက ဖျက်သလို ဖြစ်နေလိမ့်မယ်...’

‘ဒီလိုမဟုတ်ဘူးဆိုရင်လည်း တာအိုပညာရှိတစ်ပါးပါးက ငါ့ဆရာသခင်ကို လှည့်ဖြားတာလည်း ဖြစ်နိုင်တာပဲ၊ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ကာကွယ်ရမယ်...’

“ဒီနေ့ကစပြီး ငါက မင်းကို ယင်ယန်တံဆိပ်ပေးမယ်၊ မင်း နားလည်အောင် ပြောရရင် မင်းက သရဲအမှုထမ်း ဖြစ်သွားသလိုမျိုးပဲ၊ ဒါပေမဲ့ မင်းက ဘာတာဝန်ကိုမှ ထမ်းဆောင်စရာ မလိုဘူး၊ ယန်လောကကို အမြန်ပြန်သွားတော့...”

ရန်ထျန်တုန်းဟာ စကားဆုံးတာနဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ အနက်ရောင် အလင်းတန်းတစ်ခုဟာ ဟန်ထော်ဆီပျံသန်းသွားပြီး ဟန်ထော်လက်ပေါ်မှာ ဆင်းသက်ကာ ယင်ယန်တံဆိပ် ဖြစ်သွားပါတဘ်။

ဟန်ထော်ဟာ မြန်ဆန်လွန်းတဲ့ အလှည့်အပြောင်းကြောင့် ကြောင်တောင်တောင် ဖြစ်သွားပါတယ် ‘ငါ့မိဘတွေက တကယ်ကြီး သာမန်မဟုတ်တာလား...’ ဟန်ထော်ဟာ မေးဖို့ ပြင်လိုက်ပါတယ်။

ဒါကိုသိတဲ့ ရန်ထျန်တုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “မင်းမှာ ကလဲ့စားချေစရာ ရန်ငြိုးရှိသေးတယ်မလား၊ မြန်မြန်သွားတော့... မဟုတ်လို့ မင်းခန္ဓာကိုယ် ပျက်စီးသွားရင် ပြန်လည်မွေးဖွားကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး...”

ကလဲ့စားနဲ့ ရန်ငြိုးဆိုတဲ့ စကားလုံးတွေကြောင့် ဟန်ထော်ဟာ ချက်ချင်းပဲ မတ်တတ်ထရပ်လိုက်ပါတယ် “ငရဲမင်း ကျေးဇူး အများကြီးတင်ပါတယ်၊ ဒီကျေးဇူးကို ကျွန်တော် အနာဂတ်မှာ ကျိန်းသေပေါက် ပြန်ဆပ်ပါ့မယ်” စကားဆုံးတာနဲ့ ဟန်ထော်ဟာ ထွက်ခွာသွားပါတယ်။

ထွက်ခွာသွားတဲ့ ဟန်ထော်ရဲ့ ကျောပြင်ကို ကြည့်ရင်း ရန်ထျန်တုန်းဟာ သက်ပြင်းချလိုက်ပါတယ် “သူက ဆရာသခင်နဲ့ တကယ်တူတာပဲ” ရန်ထျန်တုန်းဟာ ဒီကိစ္စအတွက် အင်မော်တယ်ကမ္ဘာကိုသွားပြီး ဟန်ကျွယ်ကို ကိုယ်တိုင်မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“မင်း လာမေးစရာ မလိုဘူး၊ မင်းသိတာ မင်းဝမ်းထဲမှာပဲထား၊ သူ့ကို တက်နိုင်သလောက် ဂရုစိုက်ပေး၊ တမင်သက်သက် ဝင်ကူညီတာမျိုး အဖြစ်မှန်ကို ပြောတာမျိုး မလုပ်နဲ့”

ရန်ထျန်တုန်းဟာ ဟန်ကျွယ်ရဲ့အသံကို နားထဲမှာ ရုတ်တရက် ကြားလိုက်ရပတဲ့အတွက် ထိတ်လန့်သွားပြီး ချက်ချင်း မတ်တတ် ကောက်ရပ်ကာ ခါးညွှတ်ဖို့ ပြင်လိုက်ပါတယ်။

“ထူးဆန်းတာ ဘာမှမလုပ်နဲ့၊ မင်းက အခု ငရဲမင်း ဖြစ်နေပြီဆိုတော့ တစ်စုံတစ်ယောက်က မင်းကို အမြဲတမ်း စောင့်ကြည့်နေလိမ့်မယ်” ဟန်ကျွယ်ရဲ့ စကားကြောင့် ရန်ထျန်တုန်းဟာ ရှက်သွားပြီး ချက်ချင်းပဲ အိန္ဒြေဆယ်လိုက်ပါတယ်။

ရန်ထျန်တုန်းဟာ စိတ်ထဲမှာ မေးလိုက်ပါတယ် “ဆရာသခင်... သူက ဆရာသခင်ရဲ့ သားလား”

“ဟုတ်တယ်”

“သူက ဘာဖြစ်လို့ တိတ်ဆိတ်ဂိုဏ်းမှာ မနေတာလဲ”

“လေ့ကျင့်တာလေ”

“သူ့အရည်အချင်းက...”

“မင်း ဂရုစိုက်စရာမလိုဘူး၊ ဒါပဲ”

“ကျွန်တော် တောင်းပန်ပါတယ်...”

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။

ကောင်းကင်တာအိုမှာ စိတ်ဝိညာဉ်ရှိနေတာကို ဟန်ကျွယ် သိတာ နှစ် ၂၀၀ ကြာခဲ့ပါပြီ။ ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ အခက်အခဲတွေ အောင်မြင်မှုတွေကို အမြဲတမ်း မြင်ရပေမဲ့ ဂရုမစိုက်ပါဘူး။ သေခြင်းရှင်ခြင်းကို ကြုံတွေ့ခံစားတာကလည်း ကျင့်ကြံမှုရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ အရည်အချင်းကို ဖြည်းဖြည်းချင်း ဖြေလျော့ပေးနေတာ ကြာပါပြီ။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု အဆင့်အတန်းနဲ့ သူ့သွေးမျိုးဆက်တွေရဲ့ သွေးစည်းကို လိုသလို ထိန်းချုပ်ဖို့ဆိုတာ ဘာမှခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်ထော်ကို ရွေးချယ်လိုက်ပြီမို့ သူ့ရဲ့ နောက်ထပ် ကလေးတစ်ယောက်ဟာ ဟန်ထော်လိုမျိုး အရည်အချင်းရှိအောင် လုပ်လို့မရပါဘူး။ နောက်ထပ်ကလေးရဲ့ အရည်အချင်းဟာ ကံကြမ္မာပေါ်ပဲ မူတည်ပါတယ်။ ဒါကြောင့်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တွေမှာ ထိပ်တန်းစွမ်းရည်ရှိတဲ့ ကလေးတစ်ယောက် ရှိရင်ရှိ မရှိရင်လည်း တစ်ယောက်မှကို မရှိပါဘူး။

ဒါက ကောင်းကင်တာအိုရဲ့ နိယာမတွေနဲ့ ပတ်သက်တပါတယ်။ ကောင်းကင်တာအိုဟာ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ သွေးစည်းကို အမြဲတမ်း ဖိနှိပ်ပါတယ်။ ဒါကြောင့် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သွေးစည်းတွေက ညံဖျင်းသွားရတာပါ။

ဒါကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ လူတိုင်းသာ တာအိုဘိုးဘေးလိုမျိုး အရည်အချင်း ရှိနေရင် ကောင်းကင်တာအိုကို အသိမ်းပိုက်ခံရတာ ကြာပါပြီ။

ဟန်ကျွယ် ဟန်ထော်ကို ပြိုးထောင်ရတဲ့ အကြောင်းအရင်းက ဟန်ထော်ကို လောကဦး နတ်ဘီလူး ဖြစ်အောင် ပြိုးထောင်နိုင်လားဆိုတာကို သိချင်တာကြောင့် ဖြစ်ပါတယ်။ ယုတ္တိကျကျ ပြောရရင် ဟန်ကျွယ်က ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုကို မခံရတဲ့ လောကဦး နတ်ဘီလူးပါ။ ဒါကြောင့် ဒီကိစ္စက ဖြစ်နိုင်ချေ ရှိတယ်လို့ ပြောလို့ရပါတယ်။

“ငါက တစုန်ကောင်းကင်... ကောင်းကင်တာအိုမှာ ‘တစုန်ကောင်းကင်’ လို့ အမည်ရတဲ့ ပထမဆုံး သေမျိုးကမ္ဘာကို ငါ ဖန်တီးလိုက်ပြီ၊ ဒီသေမျိုးကမ္ဘာက အင်မော်တယ်လောကရဲ့အောက်မှာ တည်ရှိတယ်၊ သက်ရှိအားလုံး လာနိုင်တယ်၊ ဒီသေမျိုးကမ္ဘာမှာ တိုက်ပွဲတွေ အငြင်းပွားမှုတွေ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်တာတွေ မရှိဘူး”

အသံတစ်သံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ဒီအသံဟာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ပြန့်နှံ့သွားတဲ့အတွက် ဒီအသံပိုင်ရှင်က အနည်းဆုံး ကောင်းကင်ဘဝဂ် အဆင့် ရှိတယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။

ဟန်ကျွယ်ဟာ ကောင်းကင်ပေါ်ကနေ အလင်းတန်းကြီးတစ်ခု ကျဆင်းလာပြီး မိုးကုပ်စက်ဝိုင်းရဲ့ အဆုံးတစ်နေရာဆီ ဆင်းသက်သွားတာကို မြင်လိုက်ရပါတယ်။

ဒီအလင်းတန်းကြီးက ကောင်းကင်တာအို ကုသိုလ်ကံပါ။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံခေတ် လာနေပြီဆိုတာကို သိလိုက်ပါတယ်။ ပထမတစ်ယောက်ပြီးရင် ဒုတိယတစ်ယောက် ပေါ်ထွက်လာဖို့က မခက်တော့ပါဘူး။ ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ မျက်စိမှိတ်ကာ ဆက်လက် ကျင့်ကြံပါတယ်။ ဒီကိစ္စက ဟန်ကျွယ်နဲ့လည်း ဘာမှ မသက်ဆိုင်ပါဘူး။

နှစ် ၇၀ ကြာတဲ့အခါမှာတော့ ကျိုးဖန်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရှိသွားပြီး သူ့ရောင်ဝါက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ ကျိုးဖန် အဆင့်ထိုးဖောက်တာက အံအားသင့်စရာကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်အတိုင်းအတာ တစ်ခုအထိတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို စည်းကားသွားစေပါတယ်။

အဲဒီနောက် နှစ်သုံးဆယ် မပြည့်ခင်မှာပဲ ဝူတောက်ကျန့်ဟာလည်း ကောင်းကင်ဘဝဂ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက် ရောက်ရှိသွားပါတယ်။

အစောင့်တွေကို ဖယ်ထားရင်တောင် တိတ်ဆိတ်ဂိုဏ်းမှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ငါးဦး ရှိသွားပါပြီ။ လီရွှမ်အောက်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျိုးဖန်နဲ့ ဝူတောက်ကျန့်တို့ပဲ ဖြစ်ပါတယ်။

ဟန်ကျွယ် တာအိုကို ရရှိပြီးနောက် အန္တိမမူလ မဟာတာအိုကို ကျင့်ကြံသူတိုင်း သိမြင်နားလည်နိုင်စွမ်းတွေ မြင့်မားလာပါတယ်။ အခုဆိုရင် တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံးက တစ်လှေတည်းစီးသူတွေ ဖြစ်သွားကြပါပြီ။ ဟန်ကျွယ် အမြင့်ကို ရောက်လေလေ ကျန်တဲ့သူတွေရဲ့ ကျင့်ကြံမှုဟာလည်း အဆင့်ပိုမြင့်မြင့်ကို ရောက်နိုင်လေလေပါပဲ။

လီရွှမ်အောက် တာအိုအရှင်သခင် ကျောက်ရွှမ်ယွမ်နဲ့ ကျိုးဖန်ဟာ မကြာခဏ လက်ရည်စမ်းကြပါတယ်။ ဝူတောက်ကျန့်ကတော့ အရင်အတိုင်းပဲ ဆက်ကျင့်ကြံပါတယ်။

စိတ်မချမ်းမြေ့ဆုံးကတော့ ကျန်းယီဖြစ်ပါတယ်။ ကျန်းယီဟာ ကောင်းကင်ဘဝဂ် အဆင့် ရောက်သွားတဲ့လူတွေကို ကြည့်ရင်း နောက်ကောက်ကျသလို ခံစားလိုက်ရပါတယ်။ ကျန်းယီရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းက ထက်မြက်ပေမဲ့ သိမြင်နားလည်နိုင်စွမ်းမှာတော့ တာအိုအရှင်သခင် ကျောက်ရွှမ်ယွမ်နဲ့ ဝူတောက်ကျန့်တို့ကို ယှဉ်လို့ မရပါဘူး။

ဒီနေ့မှာတော့ ကျန်းယီဟာ ဟန်ကျွယ်ကို လာရှာပါတယ်။

ဟန်ကျွယ်ဟာ ကျန်းယိ လာလည်တဲ့ အကြောင်းရင်းကို သိတာမို့ တန်းပြောလိုက်ပါတယ် “မင်း ဘာလို့ ဒီကိုရောက်လာလဲဆိုတာ ငါ သိတယ်၊ တကယ်တော့ မင်း စိတ်လောစရာ မလိုပါဘူး၊ မင်း ကျင့်ကြံမှုအလျင်က အရင်ကထက်တောင် ပိုမြန်သေးတယ်၊ ငါ့အထင် မင်းစိတ်ကို လျော့ပေးလိုက်ရင် သူတို့ကို အမီလိုက်နိုင်လိမ့်မယ်”

ကျန်းယီဟာ အတော်လေး ခံစားသွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံပြင်ပြောရာကနေ စခဲ့တဲ့ ရင်းနှီးမှုက အခုအချိန်အထိ ဆက်ရှိနေသေးလို့ပါ။

ကျန်းယီ ပြန်သွားတာနဲ့ ဟန်ကျွယ်ဟာ သူအလေးထားဆုံးပုဂ္ဂိုလ် လီတောက်ခုံးကို အာရုံစိုက်လိုက်ပါတယ်။ တာအိုပညာရှိအတုကို ရောက်သွားပေမဲ့ လီတောက်ခုံးဟာ ဆက်ပြီးတော့ ကျားကုတ်ကျားခဲ ကျင့်ကြံနေတုန်းပါပဲ။ ပြောရမယ်ဆိုရင် လီတောက်ခုံးရဲ့ သိမြင်နားလည်နိုင်စွမ်းက တိတ်ဆိတ်ဂိုဏ်းထဲမှာ ဟန်ကျွယ်ပြီးရင် ပထမပါ။

ဒါကြောင့်လည်း အရင်တုန်းက ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်အဖြစ် ရွေးချယ်ခံရတာ မဟုတ်ပါလား။

‘နောက် အနန္တကပ်ဘေး မတိုင်ခင် တာအိုပညာရှိဖြစ်ဖို့ မျှော်လင့်ချက် ရှိတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

အဲဒီနောက်ပိုင်းနှစ်တွေမှာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ဟာ သေမျိုးကမ္ဘာတွေကို ဖန်တီးကြပါတယ်။

နှစ် ၅၀၀ ကြာပြီးတဲ့နောက်...

ဟန်ကျွယ် တွက်ချက်ကြည့်တဲ့အခါ သေမျိုးကမ္ဘာက တစ်ရာကျော်နေတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဘုံခေတ်က အစပျိုးနေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သေမျိုးကမ္ဘာအများစုက သက်ရှိတွေမရှိဘဲ ခြောက်ကပ်နေပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျန်းတုကူးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈၂၉၂

[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် အကြိမ်များစွာ ကျိန်စာတိုက်ခဲ့သောကြောင့် အကုသိုလ်ကံများပြားပြီး အတွင်းနတ်ဆိုးများ ဖြစ်ပေါ်လာ၏။]

[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် သင့်သား ဟန်ထော်ကို တပည့်အဖြစ် လက်ခံလိုက်၏။]

[သင့်မိတ်ဆွေ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကောင်းကင်တာအို အကောင်းစားရတနာကို ကံအားလျော်စွာ ရရှိပြီး ကံတရား အထောက်အပံ့ များပြားစွာ တိုးတက်သွား၏။]

‘ထပ်ပြီးတော့ ဖရိုဖရဲ ဖြစ်ပြန်ပြီ...’

‘ဒီကောင် ဟွမ်ဇွမ်တျန်ကလည်း တစ်ခုခုတော့ တစ်ခုခုပဲ၊ ကောင်းကင်တာအို အကောင်းစား ရတနာကိုတောင် ရှာနိုင်တယ်...’

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် ကောင်းကင်တာအို အကောင်းစား ရတနာကို ရသွားတာက တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ခံစားနေရပါတယ်။ ကျိန်းသေပေါက် ထောက်ချောက်တစ်ခု ဖြစ်မှာပါ။ ဒီထောင်ချောက်ကို ဟွမ်ဇွမ်တျန် မြင်နိုင် မမြင်နိုင်ကတော့ သူ့အပေါ်ပဲ မူတည်ပါတယ်။

‘တာအိုပညာရှိ ဖြစ်ပြီး ကျင့်ကြံရတာ အရင်လို ပျော်ဖို့ မကောင်းတော့ဘူး၊ ကျင့်ကြံမှုတိုးတာကလည်း နှေးလိုက်တာ...’ ဟန်ကျွယ်ဟာ စာစောင်တွေကိုဖတ်ရင်း သက်ပြင်းချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုက တဖြည်းဖြည်း အားကောင်းလာတကို ခံစားမိပေမဲ့ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်နဲ့ အလှမ်း ဝေးနေသေးတာကိုလည်း သိပါတယ်။ နောက်ထပ် နှစ်တစ်သောင်းအတွင်း ဟန်ကျွယ် အဆင့်ထိုးဖောက်ဖို့ဆိုတာ ဖြစ်နိုင်ချေ အတော်လေး နည်းပါးပါတယ်။

“တာအိုရောင်းရင်း ဟန်ကျွယ်... ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို လာခဲ့လို့ရမလား...”

ဟန်ကျွယ်နားထဲကို အသံတစ်သံ ဝင်လာပါတယ်။ ဒီအသံပိုင်ရှင်က မိစ္ဆာမျိုးနွယ်စုရဲ့ တာအိုပညာရှိ၊ ဧကရာဇ်ရှောင်ပါ။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ အဖြေပြန်ပေးလိုက်ပါတယ် “တာအိုရောင်းရင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျုပ်က ဆန်းကြယ်စွမ်းအားတစ်ပါးကို ဒီကြားထဲ လေ့လာ သုံးသပ်နေတာဆိုတော့ လတ်တလောမှာ အပြင်ထွက်ဖို့ အချိန်မရှိဘူး၊ တာအိုရောင်းရင်း အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်”

“အင်း... တာအိုကို သုံးသပ်နားလည်တာက အရေးကြီးတယ်၊ တာအိုရောင်းရင်း အားမှပဲ လာခဲ့ပါ၊ ကျုပ်ဆီမှာ တာအိုရောင်းရင်းနဲ့ ဝေမျှချင်တဲ့ အခွင့်အရေးတစ်ခု ရှိတယ်”

“ကျေးဇူးပဲ၊ ကျုပ်အလာကို စောင့်နေပါ”

“အင်း...”

‘အခွင့်အရေး... မင်းတို့က ငါ့ကို သူငယ်နှပ်စားလေးများ မှတ်နေလား... မင်းတို့ ဘာကြံနေတယ်ဆိုတာကို မသိရင် ခက်မယ်’ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို စိတ်ထဲမှာ တော်တော်လေး အထင်သေးသွားပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုမှာ စိတ်ဝိညာဉ် ရှိလာတာကို သိကတည်းက အပြင်မထွက်ရဲတော့ပါဘူး။ ဧကရာဇ်ရှောင်က သူ့ကို မမုန်းရင်တောင် သတိထားဖို့ လိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။

ဧကရာဇ်ရှောင်ဟာ တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ တရားထိုင်နေပါတယ်။ သူ့ရှေ့မှာ အနက်ရောင်အရိပ်တစ်ခု ပေါလောမျောနေပါတယ်။ ဒီအရိပ်နက်က လျှို့ဝှက်ပြီး သရဲဆန်လှပါတယ်။

“သူမလာတာ ထူးတော့ မထူးဆန်းပါဘူး၊ သူ တာအိုကို တိတ်တဆိတ် ရသွားတာကလည်း ဒီအကြောင်းကြောင့်ပဲ...” အရိပ်နက်က ညင်သာစွာ ပြောလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters