← Chapters

ကိုးယောက်မြောက်တပည့်၊ မရဏနတ်ဘီလူး နိုးထလာခြင်း

Vol. 48 Ch. 527

ကိုးယောက်မြောက်တပည့်၊ မရဏနတ်ဘီလူး နိုးထလာခြင်း

Vol. 48 Ch. 527

ဧကရာဇ်ရှောင်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “သူ မလာဘူးဆိုရင် ကျွန်တော်တို့တွေ ဘာဆက်လုပ်ကြမှာလဲ”

အရိပ်နက်က ပြန်ဖြေလိုက်ပါတယ် “တာအိုပညာရှိတွေကြားထဲမှာ တစ်ခုခုမှားနေတယ်၊ ငါတို့တွေ ဟန်ကျွယ်ကို စည်းရုံးဖို့ နည်းလမ်းရှာရမယ်၊ သူ မလာဘူးဆိုရင်တောင် မင်းကိုယ်ပွားကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ လွှတ်ပြီး စိတ်အရင်းအမှန်ကို ပြသသင့်တယ်၊ ငါ စိုးရိမ်တာက တာအိုပညာရှိတွေ မိစ္ဆာမျိုးနွယ်စုကို ထပ်တိုက်မှာကိုပဲ...”

ဧကရာဇ်ရှောင်ဟာ အရိပ်နက်ရဲ့ စကားကြောင့် မျက်မှောင် ပိုကြုတ်သွားပြီး သက်ပြင်းသာ ချနိုင်ပါတော့တယ်။

“ထားလိုက်ပါတော့... ကျွန်တော်ကိုယ်တိုင်ပဲ သူ့ကို သွားရှာတော့မယ်”

အဲဒီနှစ်မှာပဲ မိုးကောင်းကင်မျိုးနွယ်စု ဘိုးဘေး ဂျိရှင်းရှန်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို အထဲခေါ်သွင်းလိုက်ပြီး လီရွှမ်အောက်ကို ဧည့်ခံခိုင်းလိုက်ပါတယ်။

ဂျိရှင်းရှန်ဟာ ပါးစပ်မစေ့နိုင်တော့ပါဘူး ‘ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှန်တျန်ချီက ဒီလောက်တောင် ထူထပ်သိပ်သည်းနေရတာလဲ၊ တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းထက်တောင် ပိုသိပ်သည်းသေးတယ်’

နောက်ဆုံးမှာတော့ ဂျိရှင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ်ရာချီ ရှိရတဲ့ အကြောင်းရင်းကို နားလည်သွားပါတယ်။ ဒီလိုနေရာမျိုးမှာ လူမပြောနဲ့ ဝက်တောင် အင်မော်တယ်ဧကရာဇ် ဖြစ်နိုင်ပါတယ်။

ဂျိရှင်းရှန်ဟာ ရှကျဲ့မျိုးနွယ်စုရဲ့ နယ်မြေကို ကျော်ဖြတ်မိတဲ့အခါမှာ ပိုလို့တောင် နှလုံးလှုပ်သွားရပါတယ် ‘ဒါ... အင်မော်တယ် ဧကရာဇ်ရဲ့ ရောင်ဝါ မဟုတ်ဘူး... ဒီကောင်တွေကလည်း နတ်မင်းအဆင့်ကို ရောက်နေကြတာလား...’ ဂျိရှင်းရှန်ဟာ ဘယ်လိုမှ အိန္ဒြေမဆည်နိုင်တော့ပါဘူး။

လီရွှမ်အောက်ဟာ ဂျိရှင်းရှန်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာကို သတိထားမိတဲ့အတွက် အတော်လေး ကျေနပ်သွားပါတယ်။ အဲဒီနောက် လီရွှမ်အောက်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “သူတို့က ငါတို့ တိတ်ဆိတ်ဂိုဏ်းရဲ့ ကောင်းကင်ဘဝဂ်ပဲ၊ သူတို့အရည်အချင်းက သိပ်မဆိုးဘူး...”

ဂျိရှင်းရှန်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းထဲမှာ နတ်မင်းအဆင့် ကျင့်ကြံသူ ဘယ်နှယောက်တောင် ရှိနေတာလဲ”

လီရွှမ်အောက်ဟာ ရယ်လိုက်ပါတယ် “ဟားဟား... အဲဒါက ပြောဖို့ခက်တယ်”

ဂျိရှင်းရှန်ဟာ လီရွှမ်အောက်ရဲ့ အပြုံးကိုကြည့်ပြီး လီရွှမ်အောက်ကို ထထိုးချင်စိတ် ပေါက်သွားပါတယ်။

‘တိတ်ဆိတ်ဂိုဏ်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ အင်အားစုတွေ အကုန်ပေါင်းရင်တောင် ဒီအင်အားကို မီနိုင်မှာ မဟုတ်ဘူး၊ တိတ်ဆိတ်ဂိုဏ်းမှာသာ တာအိုပညာရှိ ပေါ်ထွန်းလာရင် အင်မော်တယ်ကမ္ဘာကို ထိန်းချုပ်နိုင်လောက်တယ်’ ဒီအတွေးကြောင့် ဂျိရှင်းရှန်ဟာ နှလုံးခုန်မြန်သွားပါတယ်။

ဂျိရှင်းရှန်ဟာ ဘယ်အင်အားစုမှာမှ နတ်မင်းအဆင့် ကျင့်ကြံသူ ထောင်ချီရှိတယ်လို့ ဘယ်တုန်းကမှ မကြားခဲ့ရပါဘူး။

အဲဒီနောက် ဂျိရှင်းရှန်ဟာ အလွန်အားကောင်းတဲ့ စွမ်းအားကြီးရောင်ဝါတွေကို ခံစားလိုက်ရပါတယ်။

‘ဒါ... ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ရဲ့ ရောင်ဝါပဲ၊ တိတ်ဆိတ်ဂိုဏ်းမှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က တစ်ယောက်မက ရှိနေတာလား...’

ဒီလိုနဲ့ ဂျိရှင်းရှန် ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှေ့ကို ရောက်တဲ့အခါမှာတော့ ဒူးထောက်ကျလုနီး ဖြစ်သွားပါတယ်။

“တာအိုပညာရှိ... တာအိုပညာရှိလား...” ဂျိရှင်းရှန်ဟာ တုန်ယင်စွာ မေးလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ ကျန်းကျွယ်ကို နေ့ခင်းကြောင်တောင် သရဲမြင်ရသလိုမျိုး ကြည့်လိုက်ပါတယ်။

ကျန်းကျွယ်ဟာ မျက်လုံးတောင် ဖွင့်မကြည့်ဘဲ တရားဆက်ထိုင်နေပါတယ်။

လီရွှမ်အောက်က ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... သူ ရောက်လာပါပြီ”

“အင်း... မင်းသွားလို့ရပြီ၊ ဂျိရှင်းရှန်... အထဲဝင်လာခဲ့...” ဟန်ကျွယ်ရဲ့အသံဟာ တာအိုဘုံကျောင်းထဲကနေ ထွက်ပေါ်လာပါတယ်။

ဂျိရှင်းရှန်ဟာ အလိုလို တာအိုဘုံကျောင်းထဲ လှမ်းဝင်မိလိုက်ပါတယ်။ ကျန်းကျွယ်ကို ဖြတ်ကျော်တဲ့အခါမှာတော့ ဂျိရှင်းရှန်ဟာ ဇောချွေးပျံနေပြီး တစ်ချက်တောင် မကြည့်ရဲပါဘူး။ ဂျိရှင်းရှန်ဟာ ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိက ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေလဲဆိုတာ လုံးဝကို စဉ်းစားလို့ မရပါဘူး။

‘ဟန်ကျွယ်နောက်မှာ လီမုယဲ့ ရှိနေတာလား... ဒါ ဖြစ်နိုင်ချေ အရှိဆုံးပဲ၊ ဒါကြောင့်လည်း လီတောက်ခုံးနဲ့ လီရွှမ်အောက်က တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လိုက်တာ ဖြစ်ရမယ်...’ ဂျိရှင်းရှန်ဟာ သူ့ဘာသာ လိုရာဆွဲတွေးပြီး အရင်ကရှိခဲ့တဲ့ သံသယတွေ အကုန်လုံး ပျောက်ကွယ်သွားပါတယ်။

တာအိုဘုံကျောင်းထဲကို ရောက်တဲ့အခါမှာတော့ တောက်ပလွန်းတဲ့ နေလ ယင်ယန် အကာအကွယ်ရဲ့ အလင်းရောင်ကြောင့် ဂျိရှင်းရှန်ဟာ မျက်စိကျိန်းသွားပါတယ်။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို အကြွင်းမဲ့သန့်စင်ခြင်းနဲ့ သန့်စင်ပြီး ဆီးကြိုလိုက်ပါတယ်။ ရက်အနည်းငယ်ကြာ စကားပြောဆိုပြီးတဲ့နောက်မှာတော့ အကြွင်းမဲ့သန့်စင်ခြင်းလည်း ပြီးဆုံးသွားပါတယ်။

ပြီးတာနဲ့ ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းရဲ့ အတွင်းဒဏ်ကို ကုသပြီးပြီ၊ မင်း ပြန်သွားလို့ရပြီ...”

ဂျိရှင်းရှန်ဟာ ကြက်သေသေသွားပြီး တအံတဩ မေးလိုက်ပါတယ် “ပြီးသွားပြီလား...”

ဂျိရှင်းရှန်ဟာ သူ့ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးလိုက်တဲ့အခါမှာ အတွင်းနတ်ဆိုးတွေ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။ တာအိုပညာရှိအတုရဲ့ အစိတ်အပိုင်းတွေက ဂျိရှင်းရှန်ကို ထပ်ပြီးတော့ မငြင်းဆန်တော့ပါဘူး။

‘မဟုတ်မှလွဲရော...’ ဂျိရှင်းဟာ စိတ်လှုပ်ရှားသွားပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “ဟန်ကျွယ်... တိတ်ဆိတ်ဂိုဏ်းက ငါ့ကို ပံ့ပိုးပေးပါလား၊ ငါ မင်းရဲ့ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်မယ်၊ မင်း ဘယ်လိုသဘောရလဲ...”

ဂျိရှင်းရှန်ဟာ နောက်ဆုံးမှာတော့ ခေါင်းငုံ့လိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်နဲ့ သူကိုယ်သူ အမြဲတမ်း နှိုင်းယှဉ်ခဲ့တာမို့ ဒီစကားပြောပြီးနောက်ပိုင်း ဟန်ကျွယ်နဲ့ ထပ်နှိုင်းယှဉ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို ပြန်မေးလိုက်ပါတယ် “ငါ မင်းကို ပံ့ပိုးပေးရင် ငါ ဘာရမှာလဲ၊ တိတ်ဆိတ်ဂိုဏ်းက ဘာရမှာလဲ”

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် မျက်မှောင်ကြုတ်သွားပါတယ် “ကံတရား အထောက်အပံ့၊ အခွင့်အာဏာ... မင်း ဘာလိုချင်လဲ၊ ငါ မိုးကောင်းကင်မျိုးနွယ်စုကို ထိန်းချုပ်နိုင်မယ်ဆိုရင် မိုးကောင်းကင်မျိုးနွယ်စုကို မင်းလိုချင်တာ ခိုင်းလို့ရတယ်”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ပထမတော့ ဟန်ကျွယ်ဟာ ငြင်းဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ တာအိုပညာရှိ ဖြစ်နေတာကို ပြန်တွေးမိပြီး ဂျိရှင်းရှန်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မိုးကောင်းကင်မျိုးနွယ်စုသာ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်မယ်ဆိုရင် တခြားတာအိုပညာရှိတွေရဲ့ ကံတရား အထောက်အပံ့ကို လျော့နည်းစေပြီး တာအိုပညာရှိတွေရဲ့ ကျင့်ကြံမှုကို အားနည်းစေမှာပါ။

ကောင်းကင်တာအိုပညာရှိတွေအတွက် စွမ်းအားကြီးမားလာဖို့ဆိုတာ အတော်ကို ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုရဲ့ နှောင်ဖွဲ့မှုကို ခံထားရလို့ပါပဲ။ သူတို့ရဲ့ စွမ်းအားတွေကလည်း သူတို့တာအိုရဲ့ ကံတရား အထောက်အပံ့ပေါ် မူတည်နေတာပါ။ ဒါကြောင့်လည်း ကပ်ဘေးတွေ ပြီးဆုံးပြီး ကောင်းကင်တာအို ပြန်စတိုင်းမှာ တာအိုပညာရှိတွေရဲ့ မျိုးဆက်တွေသာ ဆက်လက်ကျန်ရှိနိုင်တာပါ။

တာအိုပညာရှိတွေက ကပ်ဘေးကို ကျားခုံအဖြစ် အသုံးပြုတယ်ဆိုရင် မှားမယ် မထင်ပါဘူး။ လူတိုင်းက လီမုယဲ့လိုမျိုး ကိုယ်ပိုင်ကောင်းကင်တာအိုကို ဖန်တီးရဲတဲ့အထိ သတ္တိရှိနေတာ မဟုတ်ပါဘူး။

“အင်မော်တယ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့အကုန်လုံးကို ငါ ထိန်းချုပ်နိုင်ရင် ကောင်းကင်တာအိုကို ငါ့ကိုယ်ကျိုးအတွက် အသုံးချနိုင်မှာလား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ကောင်းကင်တာအို၏ ကံတရား အထောက်အပံ့ တစ်ဝက်ကို ထိန်းချုပ်နိုင်လျှင် ကောင်းကင်တာအိုသည် သင့်စကားကို နားထောင်လိမ့်မည်။]

ဟန်ကျွယ်ဟာ နားလည် သဘောပေါက်သွားပါတယ် ‘အရင်တုန်းက တာအိုဘိုးဘေး ကောင်းကင်တာအိုကို ကျော်ဖြတ်ခဲ့တာ အံဩစရာမရှိတော့ပါဘူး၊ တာအိုဂိုဏ်းသာ စည်းလုံးညီညွတ်ရင် အင်မော်တယ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့တစ်ဝက်ကို ထိန်းချုပ်ဖို့ဆိုတာ အလွယ်လေးပဲ’

အမှန်တကယ်လည်း အဲဒီတုန်းက တာအိုပညာရှိ အကုန်လုံးဟာ တာအိုဘိုးဘေးရဲ့ တပည့်တွေ ဖြစ်ခဲ့တာပါ။

ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ပြောလိုက်ပါတယ် “ငါ မင်းကို လက်ခံနိုင်တယ်၊ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားက အပေါ်ယံမှာ ပြလို့မရဘူး၊ ငါ ပြောတာကို မင်း နားလည်တယ်မလား”

ဂျိရှင်းရှန်ဟာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်ပါတယ် “တပည့်ဂျိရှင်းရှန် ဆရာသခင်ကို ဂါရဝ ပြုပါတယ်”

ဟန်ကျွယ်ဟာ ငြင်းဆန်ခြင်း မပြုပါဘူး။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နီးကပ်တာမို့ ဆရာတပည့် ဖြစ်လို့ရပါတယ်။

“အခုအချိန်ကစပြီး မင်းက ငါ့ရဲ့ ကိုးယောက်မြောက်တပည့်ပဲ၊ အခုလောလောဆယ်တော့ မိုးကောင်းကင်မျိုးနွယ်စုကို ပြန်သွားချည်၊ အချိန်တန်ရင် ငါ လူလွှတ်ပြီး မင်းကို ပံ့ပိုးပေးမယ်၊ တကယ်လို့ မင်း ပြဿနာတက်ရင်လည်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို အချိန်မရွေး လာနိုင်တယ်” ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို စိုက်ကြည့်ပြီး ညင်သာစွာ ပြောလိုက်ပါတယ်။

‘ငါက ကိုးယောက်မြောက် တပည့်လား... ဒါဆို ငါ့အထက်မှာ တပည့်ရှစ်ယောက်တောင် ရှိသေးတာပေါ့’ ဂျိရှင်းရှန်ဟာ သူ့ဆရာတူအစ်ကိုရှစ်ယောက်က ဘယ်လောက်ထိ ကြမ်းမလဲဆိုတာကို တွေးတောရင်း နှလုံးလှုပ်သွားပါတယ်။

အဲဒီနောက် ဂျိရှင်းရှန်ဟာ သူ သိချင်တာကို မေးမြန်းလိုက်ပါတယ် “ဆရာသခင်... အပြင်ဘက်မှာရှိတဲ့...”

“သူ့နာမည်က ကျန်းကျွယ်၊ သူက လီမုယဲ့ မဟုတ်ဘူး၊ လီမုယဲ့ရဲ့ ရုပ်ရည်နဲ့ ကျင့်ကြံမှုပဲ ရှိတာ”

“ကျန်းကျွယ်လား...” ဂျိရှင်းရှန်ဟာ တာအိုပညာရှိ ကျင့်ကြံမှုရှိတယ်ဆိုတဲ့ စကားကြောင့် ကြက်သေသေသွားပါတယ် ‘ဒါက ဘယ်လိုဆန်းကြယ်စွမ်းအားလဲ... နေပါအုန်း... သူက တာအိုပညာရှိ ကျင့်ကြံမှုကိုတောင် ကူးချနိုင်တယ်ဆိုတော့...’

ဂျိရှင်းရှန်ရဲ့ အကြည့်ကို ခံစားမိတဲ့ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်... ငါက တာအိုပညာရှိ ဖြစ်သွားပြီ၊ တာအိုပညာရှိတွေပဲ ဒီအကြောင်းကို သိတယ်၊ မင်း တခြားသူတွေကို လျှောက်မပြောနဲ့”

ဟန်ကျွယ် ဂျိရှင်းရှန်ကို မဖုံးကွယ်တာက တခြားတာအိုပညာရှိတွေ ခြောက်လှန့်တာကို ဂျိရှင်းရှန် ကြောက်လန့်မှာစိုးလို့ပါ။

“ဆရာသခင်...”

ဂျိရှင်းရှန်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်ကို ကြောင်တောင်တောင်နဲ့ ရောက်သွားပါတယ်။ အဲဒီနောက် တစ်ခဏကြာတဲ့အခါမှာတော့ ဂျိရှင်းရှန်ဟာ သတိပြန်ဝင်လာပြီး နက်ရှိုင်းစွာ အသက်ရှူလိုက်ပါတယ်။

အဲဒီနောက် နှုတ်ခမ်းတွန့်ကာ ရေရွတ်လိုက်ပါတယ် “ဒီလိုဆိုတော့ ငါ့နောက်ခံက အစောကြီးကတည်းက ပေါ်လာပြီးသားပဲ... ပြန်တွေးကြည့်ရင်လည်း သူ့ကြောင့်သာ မဟုတ်ရင် ငါ ကောင်းကင်စစ်သားတွေ လက်အောက်မှာ သေတာကြာပြီ”

ဂျိရှင်းရှန်ရဲ့ အတွေးက မမှားပါဘူး။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်ဧကရာဇ်ဟာ ဂျိရှင်းရှန်ကို လက်ခံမှာ မဟုတ်ပါဘူး။ ဖန်းလျန်ကလည်း အရေးပေးမှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင် မိုးကောင်းကင်မျိုးနွယ်စုရဲ့ ဘိုးဘေးဖြစ်လာဖို့က မျှော်လင့်ချက်ကို မရှိတာပါ။

ဂျိရှင်းရှန် ဒီနေ့ဒီအချိန်မှာ ရှိနေတာတွေ အကုန်လုံးက ဟန်ကျွယ်ကြောင့် ရလာတာဆိုရင် မှားမယ် မထင်ပါဘူး။

ဂျိရှင်းရှန် ထွက်သွားပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စုကို ချက်ချင်း ထောက်ပံ့ဖို့ အစီအစဉ်မရှိပါဘူး။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စုကို ထောက်ပံ့ဖို့ တိတ်ဆိတ်ဂိုဏ်းရဲ့ စည်းကမ်းကို ပြောင်းလဲမှာ မဟုတ်ပါဘူး။

ဒါကြောင့် လောလောဆယ်မှာ လီတောက်ခုံးတစ်ယောက်ပဲ တိတ်ဆိတ်ဂိုဏ်းကို ကိုယ်စားပြုပြီး အပြင်ထွက် လှုပ်ရှားနိုင်ပါတယ်။

မျက်တောင်တစ်ခတ် အတွင်းမှာပဲ နှစ် ၂၀၀ ကုန်ဆုံးသွားပါတယ်။ ဒီနေ့မှာတော့ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်နှာကလည်း ပြုံးယောင်သမ်းသွားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လောကဦးကမ္ဘာထဲမှာ နတ်ဘီလူးတစ်ပါး အောင်မြင်စွာ မွေးဖွားလာလို့ပါပဲ။ ဒီနတ်ဘီလူးကတော့ တခြားလူ မဟုတ်ပါဘူး။

မရဏနတ်ဘီလူးနဲ့ ပေါင်းစပ်နေခဲ့တဲ့ စုချီပါ။

နတ်ဘီလူးချီအလုံးထဲမှာ စုချီဟာ သန္ဓေသားလိုမျိုး ရှိနေပါတယ်။ သူ့ပုံစံက ဘဝဟောင်းတုန်းကနဲ့ တစ်ပုံစံတည်းဖြစ်ပြီး ဘာအဝတ်အစားမှ မရှိပါဘူး။

စုချီဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။ စုချီရဲ့ ဘဝမှတ်ဉာဏ်တွေဟာ တဖြည်းဖြည်း ပြန်ပေါ်လာတဲ့အတွက် စုချီရဲ့ မျက်လုံးတွေဟာလည်း ကြည်လင်လာပါတယ်။

“တာအိုပညာရှိမင်ကျွယ်... တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား...”

“ငါ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters