← Chapters

ဆင့်ခေါ်ခြင်းတာအို၊ မဟာတာအိုအဂ္ဂ

Vol. 49 Ch. 532

ဆင့်ခေါ်ခြင်းတာအို၊ မဟာတာအိုအဂ္ဂ

Vol. 49 Ch. 532

နဂါးမျိုးနွယ်စုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကြောင်းကို ပြောတဲ့အခါမှာ ဖန်းလျန်ရဲ့ မျက်နှာဟာ လေးနက်သွားပါတယ်။

ဂျိရှင်းရှန်က ခပ်တည်တည်ပဲ ပြောလိုက်ပါတယ် “ရတယ်၊ ငါလည်း တာအိုပညာရှိအတု ဖြစ်လာပြီဆိုတော့ သူ့ကို ငါ ရင်ဆိုင်မယ်၊ ကျန်တဲ့ နဂါးမျိုးနွယ်စုကိုတော့ ကောင်းကင်ရုံးတော်လက်ထဲ အပ်ရမှာပဲ၊ အခုငါ့လက်ထဲမှာ အင်အားသိပ်မရှိတော့ ဒီကိစ္စကို လူသိရှင်ကြားလုပ်လို့ မရဘူး”

‘တာအိုပညာရှိအတု...’ ဖန်းလျန်ဟာ ဂျိရှင်းရှန်ကို ခေါင်းအစခြေအဆုံးကြည့်ပြီး နည်းနည်း မရင်းနှီးတော့သလို ရုတ်တရက် ခံစားလိုက်ရပါတယ်။

“အဲဒီအစိတ်အပိုင်းတွေကြောင့်လား...” ဖန်းလျန်က ဂရုတစိုက် မေးလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ ဖန်းလျန်ကို တာအိုပညာရှိ သင်ပေးထားတဲ့ ပညာရပ်အကြောင်း ပြောဖူးပါတယ်။ ဖန်းလျန်ဟာ အရင်တုန်းက ဒီပညာရပ်ကို အယုံအကြည် မရှိခဲ့တဲ့အတွက် ဂျိရှင်းရှန် အခုလိုမျိုး အောင်မြင်သွားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဂျိရှင်းရှန်က ပြောလိုက်ပါတယ် “တော်ပြီ၊ ဒီအကြောင်းတွေ မပြောဘဲ နဂါးမျိုးနွယ်စုကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ ဆွေးနွေးရအောင်၊ နဂါးမျိုးနွယ်စုက အင်မော်တယ်ကမ္ဘာရဲ့ အရှေ့ပင်လယ်အောက်မှာ ပုန်းနေတာ၊ နောက်ပြီး သူတို့ဆီမှာ မရေမတွက်နိုင်တဲ့ အရံအတားတွေနဲ့ အစီအရင်တွေကို ပိုင်ဆိုင်ထားတယ်၊ အထူးသဖြင့် ပင်လယ်လေးသွယ် နဂါးအစီအရင်က ရှေးဟောင်းနဂါးဝိညာဉ်ကို ဆင့်ဆိုနိုင်တယ်၊ ငါတို့တွေ...”

ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ နဂါးမျိုးနွယ်စုကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ အသေးစိတ် ဆွေးနွေးကြပါတယ်။

နွေဦးကုန်ဆုံးလို့ ဆောင်းဦးကို ရောက်လာပြီး နောက်ထပ် နှစ် ၃၀၀ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ တဖြည်းဖြည်းနဲ့ အသက် ၄၀,၀၀၀ ပြည့်ပါတော့မယ်။

ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာက ပိုပိုပြီးတော့ စည်ကားသိုက်မြိုက်လာတဲ့အတွက် အချိန်က နှေးသွားတယ်လို့ ဟန်ကျွယ်ကို ခံစားလိုက်ရစေပါတယ်။ ဟန်ကျွယ်ဟာ ဆယ်နှစ်တစ်ကြိမ် စာစောင်တွေကို စစ်ဆေးလိုက်ရှိပါတယ်။ ဒီစာစောင်တွေကို ဖတ်ရတာက အင်တာနက်ပေါ်တက်ပြီး သတင်းဖတ်ရသလို ဖြစ်တာကြောင့် ကျင့်ကြံမှုတွေနဲ့ချည်း ပြည့်နေတဲ့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဟန်ကျွယ်ရဲ့ ဘဝကို အနည်းငယ် စိုပြေသွားစေပါတယ်။

ဒီနေ့မှာတော့ အင်မော်တယ်ကမ္ဘာရဲ့ အပူချိန်ဟာ ရုတ်တရက် ထိုးတက်သွားပြီး တောင်ပေါ်မှာရှိတဲ့ သစ်ပင်ပန်းမာန်တွေဟာ မျက်စိနဲ့မြင်နိုင်လောက်တဲ့အထိ ညိုးခြောက်ကာ အမှုန့်ဖြစ်ကုန်ပါတယ်။ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိတဲ့အတွက် မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၁၀ ဘုံမြောက်မှာ အလွန်ကြီးမားတဲ့ နေတစ်စင်း ထွက်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။

နေနဲ့လက ကောင်းကင်ဘုံ ၁၀ ဘုံမြောက်မှာ တည်ရှိတာပါ။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ရှိတာ မဟုတ်ပါဘူး။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ပဋိပက္ခသာရှိပြီး ကောင်းကင်တာအိုရဲ့ အထွတ်အထိပ် ဖြစ်ပါတယ်။

နေက မရှားပါဘူး။ ဒါပေမဲ့ ဒီနေရဲ့စွမ်းအားက ဆူပွက်နေပြီး လျင်မြန်စွာ ကြီးထွားလာပုံက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို မီးလောင်တိုက်သွင်းမဲ့ အတိုင်းပါပဲ။

ဟန်ကျွယ်ဟာ ဒီနေမင်းထဲမှာ ကြီးမားတဲ့ ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင် ကွေးနေတာကို တွေ့လိုက်ရပါတယ်။ ဒီခြေသုံးချောင်း ရွှေကျီးကန်းရဲ့ ခန္ဓာကိုယ်က အင်မော်တယ်ကမ္ဘာရဲ့ ကြောက်မက်ဖွယ် သားရဲတွေထဲမှာ ထိပ်တန်းစာရင်း ဝင်ပါတယ်။

ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘နတ်ရွှေကျီးကန်း မိသားစုက ပြန်ပေါ်လာတော့မှာလား... စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ... ကြည့်ရတာ ကောင်းကင်တာအို အသစ်ပြန်စရင်တောင် တချို့အရာတွေကို ပေါ်လာအုန်းမှာပဲ... ဒါက ကံကြမ္မာများလား...’

မြင့်မားလာတဲ့ အပူချိန်က သိပ်တော့မကြာပါဘူး။ မိုးကောင်းကင်မျိုးနွယ်စုက လျင်မြန်စွာ လှုပ်ရှားပြီး နေမင်းကို အကျဉ်းချလိုက်ပါတယ်။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိတွေကတော့ ဒီကိစ္စဟာ သဘာဝကပ်ဘေးတစ်ခုလို တွေးထင်ကြပါတယ်။

လေးငါးဆယ်ရက် အကြာမှာတော့ ကျန်းယီတစ်ယောက် ဟန်ကျွယ်ဆီ ရောက်လာပါတယ် “ဂိုဏ်းချုပ်... နတ်ရွှေကျီးကန်း မိသားစုက ကျွန်တော့်ကို ဆင့်ခေါ်နေတယ်”

“မင်း တာအိုပညာရှိအတု ဖြစ်ပြီလား...”

“မရောက်သေးဘူး... ဒါပေမဲ့ နတ်ရွှေကျီးကန်း မိသားစုက အန္တရာယ်ထဲမှာ...”

“မင်း တာအိုပညာရှိအတု ဖြစ်ပြီလား...”

“ဂိုဏ်းချုပ်... ကျွန်တော့်ကို...”

“မင်း တာအိုပညာရှိအတု ဖြစ်ပြီလား...”

ကျန်းယီဟာ ပြိုလဲလုနီး ဖြစ်သွားပါတယ်။ ကျန်းယီရဲ့ အရည်အချင်းက ဘယ်လောက်ပဲ ကောင်းကောင်း တာအိုပညာရှိအတု ဖြစ်ဖို့က အချိန်ယူရအုန်းမှာပါ။ တိတ်ဆိတ်ဂိုဏ်းမှာ ဟန်ကျွယ်နဲ့ လီတောက်ခုံးကလွဲရင် ဘယ်သူ့မှ တာအိုပညာရှိအတု အဆင့်ကို မရောက်သေးပါဘူး။

ဟန်ကျွယ်က ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ကိုယ့်နေရာကိုယ်ပြန်ပြီး ကျင့်ကြံအားထုတ်စမ်းပါ၊ မင်း ထွက်ပြေးချင်ရင်တောင် ဒီကနေ ထွက်သွားလို့ရတာ မဟုတ်ဘူး၊ ငါပြောတာကို ယုံစမ်းပါ၊ နတ်ရွှေကျီးကန်းမိသားစုက ဘာမှမဖြစ်ဘူး၊ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့တယ်ဆိုရင်တောင် မင်း နတ်ရွှေကျီးကန်းမိသားစုကို ပြန်တည်ထောင်လို့ ရတာပဲ၊ ဘာကို ကြောက်နေတာလဲ”

ကျန်းယီဟာ ဆွံအသွားပါတယ်။ နောက်ဆုံးမှာတော့ ကျန်းယီဟာ ဟန်ကျွယ်ကို နိုင်အောင် မပြောနိုင်တဲ့အတွက် မိန်းမောစွာ ထွက်ခွာသွားရပါတယ်။

ဟန်ကျွယ်ဟာ စည်းကမ်းကို ထုတ်ပြီးပြီ ဖြစ်တဲ့အတွက် အလွယ်တကူတော့ ချိုးဖျက်မှာ မဟုတ်ပါဘူး။ မဟုတ်ရင် နောက်ထပ် ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခု ထပ်ဖြစ်လာမှာပါ။ ဟန်ကျွယ်ဟာ သူ့တပည့်တွေက စွမ်းအားနဲ့ ဖိနှိပ်ဖို့ လိုအပ်မှန်း ရှာတွေ့လိုက်ရပါတယ်။ မဟုတ်ရင် အမြဲတမ်း တစ်ယောက်ယောက်က သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြပါဘူး။

အချိန်ဟာပုံမှန်ကုန်ဆုံးပြီး နှစ်များစွာ ကြာသွားပါတယ်။

[သင်သည် အသက် ၄၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် အောက်ပါ ရွေးချယ်မှုများထဲမှ တစ်ခုကို ပြုလုပ်နိုင်သည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ ကောင်းကင်တာအို ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး အင်မော်တယ်ကမ္ဘာကို ထိန်းချုပ်ပါ။ ဆုလာဘ်အဖြစ် တာအိုစက်ကွင်း အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ်နှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ လောကကိစ္စများတွင် ဝင်မပါဘဲ သင်၏ မူလရည်ရွယ်ချက်ကို ဆက်လက် ထိန်းသိမ်းပါ။ ဆုလာဘ်အဖြစ် မဟာတာအို အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ်၊ ဆန်းကြယ်စွမ်းအား တစ်မျိုးနှင့် မဟာတာအို အစိတ်အပိုင်း တစ်စအား ရရှိမည်။]

ရွေးချယ်စရာ နှစ်ခုစလုံးမှာ တာအိုစက်ကွင်း အဆင့်မြှင့်တင်တာ ပါဝင်နေတဲ့အတွက် ဟန်ကျွယ်ဟာ ပျော်သွားပါတယ် ‘စနစ်က ငါ့ကို စိတ်မပျက်စေဘူးပဲ’

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

လောလောဆယ်မှာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးက သိပ်အသုံးမဝင်သေးပါဘူး။ အခုတောင် ဟန်ကျွယ်က တာအိုပညာရှိတစ်ပါးက သေအောင် ကျိန်စာတိုက်နိုင်တဲ့အတွက် ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ဖို့ မလိုသေးပါဘူး။

[သင်သည် သိုသိုသိပ်သိပ် ကျင့်ကြံမည်ကို ရွေးချယ်ခဲ့၍ တာအိုစက်ကွင်း အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ်၊ ဆန်းကြယ်စွမ်းအား တစ်မျိုးနှင့် မဟာတာအို အပိုင်းအစအား ဆုလာဘ်အဖြစ် ရရှိပါသည်။]

[တာအိုစက်ကွင်းအား စတင် အဆင့်မြှင့်တင်နေပါပြီ။]

[ဆင့်ခေါ်ခြင်းတာအို ဆန်းကြယ်စွမ်းအားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ဆင့်ခေါ်ခြင်းတာအို: ဆင့်ခေါ်ခြင်းပညာရပ်၏ နောက်ဆုံးပုံစံဖြစ်ပြီး ဆင့်ခေါ်ခြင်းပညာရပ်၏ တာအိုအရှင်သခင်သည် ဆင့်ခေါ်ခြင်းပညာ တက်မြောက်သူတိုင်းအား ပြန်လည်ဆင့်ခေါ်နိုင်သည်။ ဤဆင့်ခေါ်မှုအား ငြင်းဆန်မရပါ။]

ဟန်ကျွယ်ဟာ စာကြောင်းတွေကိုဖတ်ပြီး ပိုပျော်သွားပါတယ်။ လူတိုင်းကို တစ်ချိန်တည်းမှာ အတင်းဆင့်ခေါ်နိုင်တာက ဟန်ကျွယ်အတွက် အလွန်အသုံးဝင်ပါတယ်။ ရန်သူကို ယှဉ်တိုက်ရာမှာ အသုံးပြုနိုင်သလို သူ့အင်အားစုကို နေရာရွှေ့ပြောင်းရမှာလည်း အသုံးပြနိုင်ပါတယ်။

ဟန်ကျွယ်မှာ အခုဆိုရင် မဟာတာအို အပိုင်းအစ ကိုးစ ရှိသွားပြီတဲ့အတွက် မဟာာတာအိုကို ထပ်သုံးသပ်နားလည်ဖို့ နောက်ထပ် နှစ်စပဲ လိုပါတော့တယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု မြင့်မားလာတာနဲ့အမျှ စနစ်ပေးတဲ့ ရွေးချယ်မှု အကြိမ်အရေအတွက်ဟာလည်း လျော့နည်းလာပါတယ်။ ဒါပေမဲ့ ရွေးချယ်မှုပေးရင်လည်း ထိပ်တန်းဆုလာဘ်တွေချည်းပါပဲ။

ဟန်ကျွယ်ဟာ ဆင်ခေါ်ခြင်းတာအိုကို အမွေဆက်ခံပါတယ်။

တာအိုစက်ကွင်း အဆင့်မြှင့်တင်တာကတော့ အချိန်ယူရမှာပါ။

ဒီတစ်ခေါက်ဟာ တာအိုစက်ကွင်းဟာ အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ဖို့ နှစ် ၅၀ အချိန်ယူလိုက်ရပါတယ်။

[တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ပြီးပါပြီ။ အရံအတား အစီအရင်သည် မဟာတာအို ပညာရှိအဆင့်သို့ တိုးတက်သွားပြီး တာအိုစက်ကွင်း အတွင်းရှိ အတွင်းအာကာသသည်လည်း ပိုမိုကျယ်ပြန့်သွား၏။]

[တာအိုစက်ကွင်းထဲရှိ အင်မော်တယ်ချီနှင့် ရှန်တျန်ချီသည် ဆယ်ဆ တိုးသွား၏။]

[တာအိုစက်ကွင်းသည် မဟာတာအိုအဂ္ဂ တည်ရှိမှုများ၏ ချောင်းကြည့်မှုကို ဟန့်တားနိုင်သည်။]

‘မဟာတာအိုပညာရှိအဆင့်...’ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို အလွန်လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ် ‘မဟာတာအိုအဂ္ဂ တည်ရှိမှုတွေကိုတောင် ဟန့်တားနိုင်တယ်ဆိုတော့ ဘယ်လိုအဆင့်မျိုးလဲ...’

“ငါ ဘိုးဘေးရှီတျန်ရဲ့ အဆင့်ကို သိချင်တယ်” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်က မဟာတာအိုပညာရှိအဆင့် မကဘူးထင်လို့ ဒီလို မေးလိုက်တာပါ။

နွီဝါတောင် မဟာတာအိုပညာရှိ ဖြစ်သွားပြီဆိုတော့ ဘိုးဘေးရှီတျန်က ဒီထက် ပိုစွမ်းသင့်ပါတယ်။

[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မဟာတာအိုပညာရှိ]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ငါက ဘိုးဘေးရှီတျန်ကို အထင်ကြီးမိတာပဲ... ဒီအတိုင်းဆို ဘိုးဘေးရှီတျန်တောင် ငါ့တာအိုစက်ကွင်းကို မထိုးဖောက်နိုင်ဘူးပေါ့...’

ဟန်ကျွယ်ဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အင်မော်တယ်ကမ္ဘာက ဘယ်သူကမှ သူ့ကို မသတ်နိုင်လို့ပါပဲ။ သူကိုယ်တိုင်က ကိုယ့်သေတွင်း ကိုယ်တူးပြီး အပြင်ဘက်ကို ပြေးမထွက်ဘူးဆိုရင်ပေါ့။

‘ပျော်ဖို့ကောင်းလိုက်တာ... ဒါကမှ ကျင့်ကြံမှုအစစ်...’

စိတ်ကောင်းဝင်နေတဲ့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ပြီး ဘိုးဘေးရှီတျန်ကို စိန်ခေါ်ပါတယ်။ ဒါပေမဲ့ တစ်ချက်တည်းနဲ့ ဟန်ကျွယ် အသတ်ခံလိုက်ရပါတယ်။ ဒီရလဒ်ကြောင့် ဟန်ကျွယ်ရဲ့ မာနဟာ လုံးဝပျောက်ဆုံးသွားပြီး ဘိုးဘေးရှီတျန်ကို အထင်မသေးရဲတော့ပါဘူး။

တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်အားလုံးဟာ တာအိုစက်ကွင်းထဲက အင်မော်တယ်ချီနဲ့ ရှန်တျန်ချီတွေ တိုးလာတာကို ခံစားမိလိုက်ပါတယ်။ ဒီလိုတိုးလာတဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တစ်ခုလုံး ပျော်ရွှင်ရယ်မောသံတွေနဲ့ ပြည့်နှက်သွားပါတယ်။

“ဂိုဏ်းချုပ်က သူ့ဆန်းကြယ်စွမ်းအားကို ထပ်သုံးပြန်ပြီ”

“အင်မော်တယ်ချီက ထပ်တိုးနိုင်သေးတာလား...”

“ဒါ ဘာကိုဆိုလိုလဲဆိုတော့ ဂိုဏ်းချုပ်က ထပ်ပြီးတော့ စွမ်းအားကြီးလာတာပဲ၊ တိတ်ဆိတ်ဂိုဏ်းမှာ နေရတာ အတော်လေး ကောင်းတယ်၊ အေးအေးဆေးဆေး ကျင့်ကြံရုံပဲ”

“ဂိုဏ်းချုပ်က တကယ်တာအိုပညာရှိ... ငါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာရှိတဲ့ သက်ရှိတွေကနေ ကြားရသလောက် တခြားတာအိုပညာရှိတွေရဲ့ လက်အောက်မှာ ကျင့်ကြံတဲ့သူတွေက မကြာခဏ အပြင်ထွက်ပြီး တာဝန်တွေ ထမ်းဆောင်ရတယ်တဲ့၊ အင်မော်တယ်ကမ္ဘာမှာ ဘယ်ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေကမှ တိတ်ဆိတ်ဂိုဏ်းလောက် မအေးချမ်းဘူး”

“ကြိုးကြိုးစားစား ကျင့်ကြံပြီး အနာဂတ်မှာ ဂိုဏ်းချုပ်ရဲ့ ကျေးဇူးကို ပြန်ဆပ်ကြရအောင်”

“တာအိုပညာရှိအတုအဆင့်ကို ရောက်မှ အပြင်ထွက်ရမယ်လို့ ဂိုဏ်းချုပ်က အမိန့်ထုတ်ထားတယ်လေ၊ ငါ့မှာ ဂိုဏ်းချုပ်ကို ကျေးဇူးဆပ်ဖို့ အခွင့်အရေးရှိမယ် မထင်ဘူး”

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ တောင်ထိပ်တစ်ခုမှာ ဟန်ဇွေတျန်၊ လက်ရှည်လူဝံနဲ့ ချီကျွင်းအင်မော်တယ်သုံးပါးတို့ဟာ အတူစုဝေးနေကြပါတယ်။

သိမ်းငှက်ခေါင်း အင်မော်တယ်က သက်ပြင်းချလိုက်ပါတယ် “ဂိုဏ်းချုပ်ရဲ့ ဆန်းကြယ်စွမ်းအား တကယ်ကို အံဩဖို့ကောင်းတယ်၊ ကျွန်တော်တို့တွေ ကိုယ်ပိုင်တပည့်ဖြစ်လာရင် ဘယ်လောက် ကောင်းလိုက်မလဲ”

ဟန်ဇွေတျန်ဟာ အရက်ခွက်ကိုမြှောက်ပြီး ပြုံးလိုက်ပါတယ် “မင်းက ကိုယ်ပိုင်တပည့် ဖြစ်ချင်တာလား... အရည်အချင်းအပြင် အကျိုးဆောင်ဖို့လည်း လိုတယ်”

မြွေခေါင်းအင်မော်တယ်ဟာ တအံတဩ မေးလိုက်ပါတယ် “ဘယ်လို အကျိုးဆောင်ရမှာလဲ၊ ကျွန်တော်တို့မှ အပြင်ထွက်လို့မရတာ”

ဟန်ဇွေတျန်ဟာ လျှို့ဝှက်စွာ ပြုံးလိုက်ပါတယ် “မင်းတို့တွေ ပြင်ဆင်ထားဖို့ပဲလိုတယ်၊ နောက်ကျရင် ငါ မင်းတို့ကို လိုတယ်၊ နှစ်အနည်းငယ်အတွင်း ငါ ဆရာဘိုးဘိုးဆီသွားပြီး ဒီကိစ္စအတွက် တောင်းဆိုဖို့ စီစဉ်ထားတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters