← Chapters

ရှီတုတောက်၏ မျက်နှာသာပေးမှု၊ ကောင်းကင်မိစ္ဆာ ကပ်ဘေး

Vol. 49 Ch. 535

ရှီတုတောက်၏ မျက်နှာသာပေးမှု၊ ကောင်းကင်မိစ္ဆာ ကပ်ဘေး

Vol. 49 Ch. 535

လီတောက်ခုံး ထွက်သွားတာက တိတ်ဆိတ်ဂိုဏ်းထဲမှာ အုတ်အော်သောင်းနင်း မဖြစ်စေပါဘူး။ ဟန်ကျွယ်ကလွဲရင် ကိုယ်ပိုင်တပည့်တွေတောင် လီတောက်ခုံးက ဂူအောင်းကျင့်ကြံနေတယ်လို့ တွေးထင်နေကြတာပါ။ နှစ်ပေါင်းများစွာကြာလို့ လီရွှမ်အောက် လီတောက်ခုံးဆီ အလည်သွားတော့မှပဲ လီတောက်ခုံး ချန်ထားတဲ့စာကို မြင်ပြီး လီတောက်ခုံး ထွက်သွားမှန်း သိလိုက်ရတာပါ။

လီရွှမ်အောက်ဟာ လီတောက်ခုံးရဲ့ တာအိုဘုံကျောင်းရှေ့မှာ အတန်ကြာအောင် တိတ်တဆိတ် မတ်တတ်ရပ်နေပါတယ်။ အဲဒီနောက် လီရွှမ်အောက်ရဲ့ ခံစားချက်တွေဟာ သက်ပြင်းတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ လီရွှမ်အောက်ဟာ သူ့ဂိုဏ်းတူအစ်ကို အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။

လီတောက်ခုံးက အတော်လေး ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပါတယ်။ ဒီခရီးစဉ်က ပြိုင်ဘက်ကင်းမှုကို ရှာဖွေတာဆိုပေမဲ့ အဓိကရည်ရွယ်ချက်က ရှီတုတောက်ကို အနိုင်ယူတိုက်ခိုက်ပြီး သူ့ဂုဏ်သတင်းကို ပြန်ယူချင်တာ ထင်ရှားပါတယ်။ လီရွှမ်အောက်ဟာ လီတောက်ခုံးကို ယုံကြည်တာမို့ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။

သူ့ဂိုဏ်းတူအစ်ကိုက အခုအချိန်မှာ ရှီတုတောက်ရဲ့ ပြိုင်ဘက်မဟုတ်ပေမဲ့ လုံလောက်တဲ့အချိန်သာ ရမယ်ဆိုရင် ရှီတုတောက်ကို အချိန်တစ်ခုအတွင်း ကျော်တက်သွားမှာပါ။ အဲဒီနောက် လီရွှမ်အောက်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး လီတောက်ခုံးရဲ့ တာအိုဘုံကျောင်းရှေ့ကနေ ထွက်ခွာသွားပါတယ်။

လီရွှမ်အောက်ဟာ သူ့ဂိုဏ်းတူအစ်ကို ကူညီချင်တယ်ဆိုရင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး တစိုက်မတ်မတ် ကျင့်ကြံအားထုတ်ရမယ် ဆိုတာကို သိပါတယ်။

ဒီလိုနဲ့ နှစ်တစ်ရာဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နှစ်တစ်ရာတောင် စောင့်စားခဲ့ပြီးပြီမို့ လီတောက်ခုံး ဘာလုပ်နေလဲဆိုတာကို သိချင်လှပါပြီ။

[သင့်တပည့် လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။]

[သင့်တပည့် လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှု ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ဧကရာဇ်ချန်သည် သင့်တပည့် လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ပန်ရှင်းသည် သင့်တပည့် လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်တပည့် လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ရှီတုတောက်က သူ့အပေါ် ခံစားချက်မရှိတဲ့အတွက် ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ ရှီတုတောက်ရဲ့ အခြေနေကို ခန့်မှန်းမရ ဖြစ်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရှီတုတောက်ကို အိပ်မက်ပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အမှောင်သခင်ကြီး ပုံရိပ်နဲ့ အမှောင်ထုရဲ့ အိပ်မက်ဆိုး ချက်ချင်း အသုံးပြုလိုက်ပါတယ်။ အိပ်မက်နယ်မြေက မီးတောင်တန်းတစ်ခုပါ။ ချော်ရည်တွေဟာ မြေပြင်တစ်ခုလုံးကို ပင့်ကူအိမ်လို ဖုံးလွှမ်းနေပြီး ကောင်းကင်မှာလည်း တိမ်မည်းတွေ ထူထဲနေပါတယ်။

ရှီတုတောက်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ် ဖန်တီးထားတဲ့ အရိပ်နက်ကို တွေ့လိုက်ရတဲ့အတွက် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”

ရှီတုတောက်ဟာ စိတ်ထဲမှာတော့ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူက သူ့ကို အိပ်မက်ထဲ ဆွဲသွင်းတာကို မဟန့်တားနိုင်လို့ပါပဲ။ ဒါကြောင့် သူတို့နှစ်ယောက်ကြားက ကျင့်ကြံမှုဟာ တော်‌တော်ကွာဟတယ်ဆိုတာကို ရှီတုတောက် သိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အသံဩဩကြီးနဲ့ ပြောလိုက်ပါတယ် “ငါက အမှောင်သခင်ကြီးပဲ၊ မင်းအရည်အချင်းက မဆိုးဘူး၊ ငါ မင်းကို ရွေးချယ်တယ်”

ရှီတုတောက်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ခင်ဗျားက ဘာလို့ ကျုပ်ကို ရွေးချယ်တာရလဲ”

ရှီတုတောက်ဟာ အမှောင်သခင်ကြီးက ပြီးခဲ့တဲ့ အနန္တကပ်ဘေးမှာ ကြောက်စရာအကောင်းဆုံး နောက်ကွယ်က လက်မည်းကြီးဆိုတာကို သိပါတယ်။

ရှီတုတောက်ဟာ ကပ်ဘေးထဲ မဝင်ဘူးဆိုပေမဲ့ တာအိုပညာရှိရဲ့ တပည့်တွေဆီကနေ အမှောင်သခင်ကြီး အကြောင်းကို ကြားထားပါတယ်။ ကောင်းကင်တာအို ပြန်စပြီးနောက်ပိုင်းမှာ အမှောင်သခင်ကြီးက တာအိုပညာရှိတွေကိုတောင် ပစ်မှတ်ထား ကျိန်စာတိုက်တယ် မဟုတ်ပါလား။

အမှောင်သခင်ကြီး တာအိုပညာရှိတစ်ပါး အယောင်ဆောင်ထားတယ်လို့တောင် ကောလဟာလတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှောင်သခင်ကြီးကို သူ မယှဉ်နိုင်ဘူးဆိုတာကို ရှီတုတောက် သိပါတယ်။

“ငါ ယုံကြည်သူ ဖြစ်လာချည်၊ ငါ မင်းကို မဟာတာအိုဆီ ခေါ်ဆောင်ပေးမယ်” ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။

“မဟာတာအို... ဘယ်မဟာတာအိုလဲ၊ ကောင်းကင်တာအိုထက် ကျော်လွန်တာလား...”

“ဟုတ်တယ်”

“ကျုပ်က ခင်ဗျားအတွက် ဘာလုပ်ပေးရမှာလဲ”

“ဘာမှလုပ်စရာ မလိုဘူး၊ အမှောင်ထု စိုးမိုးတဲ့နေကို စောင့်ဆိုင်းချည်၊ အဲဒီနေ့ရောက်ရင် ဘာလုပ်ရမယ်ဆိုတာကို မင်း သိလာလိမ့်မယ်”

“ဟီးဟီး...” ရှီတုတောက်ဟာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘မင်းက ငါ့ကို ရယ်ရဲတာလား’

ရှီတုတောက်ဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ခင်‌ဗျားက ကျုပ်ကို တာအိုပညာရှိဖြစ်အောင် လုပ်ပေးနိုင်လား”

“လုပ်ပေးနိုင်တာပေါ့၊ ငါ့ဆီမှာ တာအိုကို ကိုယ့်စွမ်းကိုယ်စနဲ့ ရယူတဲ့နည်းလမ်းရှိတယ်၊ လောကဦး ခရမ်းရောင်ချီလည်း ရှိတယ်၊ ဒီထက် ပိုကောင်းတဲ့ တာအိုရယူနည်းတောင် ရှိသေးတယ်”

ဟန်ကျွယ်ရဲ့ အဖြေကြောင့် ရှီတုတောက်ဟာ နှလုံးလှုပ်သွားပါတယ်။

တာအိုရယူတဲ့ နည်းလမ်းက ရှီတုတောက်ရဲ့ အတွင်းနတ်ဆိုး ဖြစ်နေပါပြီ။ တာအိုပညာရှိတွေက ရှီတုတောက်ကို တာအိုဘယ်လို ရယူမလဲဆိုတာ မပြောပြကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှီတုတောက်က ဘယ်တာအိုပညာရှိကိုမှ အညံမခံလို့ပါ။

တာအိုပညာရှိတစ်ပါးကို ဆရာသခင်အဖြစ် အသိအမှတ်ပြုလိုက်မယ်ဆိုရင် အဲဒီတာအိုပညာရှိက သူ့ကို တာအိုရယူခွင့် မပေးဘူးဆိုတာကို ရှီတုတောက် သိနေပါတယ်။ အတိတ်ကိုပဲဖြစ်ဖြစ် ပစ္စုပ္ပန်ကိုပဲဖြစ်ဖြစ် ကြည့်လိုက်မယ်ဆိုရင် တာအိုပညာရှိတိုင်းက တာအိုပညာရှိဟောင်းတွေရဲ့ သားမဟုတ်ရင် တပည့်ကြီးတွေချည်းပါပဲ။ နောက်ပြီး ရှီတုတောက်ရဲ့ တာအိုနှလုံးသားကလည်း တာအိုပညာရှိတစ်ပါး လက်‌အောက်ကို ခိုဝင်ခွင့်မပြုပါဘူး။

“ကောင်းပြီလေ” ရှီတုတောက်ဟာ အံကြိတ်ပြီး ပြတ်သွားစွာ ပြောလိုက်ပါတယ်။

[ရှီတုတောက်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ကြယ်တစ်ပွင့်က လုံလောက်ပါတယ်။ တကယ်လည်း ဟန်ကျွယ်ဟာ ရှီတုတောက်ကို လက်ခံဖို့ မစီစဉ်ထားပါဘူး။ ဟန်ကျွယ်ဟာ ညလက်မြှောက်ပြီး အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်တဲ့အခါ ရှီတုတောက်ရဲ့ နဖူးထဲကို ထိုးဖောက်ဝင်ရောက်သွားပါတယ်။ ဒီအလင်းတန်းက မြန်ဆန်လွန်းတဲ့အတွက် ရှီတုတောက်ဟာ တုံပြန်ချိန်တောင် မရလိုက်ပါတယ်။

ရှီတုတောက် နိုးလာတဲ့အခါမှာတော့ အိပ်မက်က အဆုံးသတ်သွားပြီး သူ့ခေါင်းထဲမှာ ဆန်းကြယ်စွမ်းအားတစ်ခု ရောက်နေတာကို တွေ့လိုက်ရပါတယ်။

မဟာကောင်းကင်ချုပ်လက်ဝါး။

ကောင်းကင်ကို လက်ဝါးတစ်ဖက်တည်းနဲ့ ယူနိုင်တဲ့ အာကာသ ဆန်းကြယ်စွမ်းအားပါ။ ကျင့်ကြံမှု မြင့်မားလာရင် ကောင်းကင်တာအိုကိုတောင် စုပ်ယူနိုင်စွမ်း ရှိပါတယ်။

‘ကောင်းကင်တာအိုကိုတောင် စုပ်ယူနိုင်စွမ်းရှိတာလား...’ ရှီတုတောက်ဟာ စိတ်ထဲမှာ အံဩထိတ်လန့်သွားပါတယ် ‘ဒီဆန်းကြယ်စွမ်းအားက...’

တခြားတစ်ဖက်မှာတော့...

[ရှီတုတောက်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရလို့ အံအားသင့်ခြင်း မရှိပါဘူး။ သူ့ဆန်းကြယ်စွမ်းအားတွေ အကုန်လုံးက မစွမ်းတာ မရှိပါဘူး။ အကုန်လုံးက စနစ်ဆီကနေ ရထားတာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ စာစောင်တွေကို ထပ်စစ်ဆေးလိုက်တဲ့အခါ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က ရှီတုတောက် ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။

[သင့်တပည့် လီတောက်ခုံးသည် သင့်မိတ်ဆွေ ရှီတုတောက်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်တပည့် လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

လောလောဆယ်မှာတော့ လီတောက်ခုံးဟာ ရှီတုတောက်ရဲ့ ပြိုင်ဘက် မဟုတ်သေးပါဘူး။ လီတောက်ခုံးက သမိုင်းမှာ ရှားပါးလှတဲ့ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်သလို ရှီတုတောက်ကလည်း ပြိုင်ဘက်ကင်း အရည်အချင်း ရှိပါတယ်။ ရှီတုတောက်ဟာ မဟာတာအို အမွေဆက်ခံသူ ဖြစ်သလို တာအိုပညာရှိအောက် ကန့်သတ်စည်းကို ရောက်နေပါပြီ။

ဒါကြောင့် လီတောက်ခုံးဟာ အသက်တစ်သောင်းဓား ရှိတာတောင် ရှီတုတောက်ကို အနိုင်မယူနိုင်တာပါ။

ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ ရှီတုတောက်ရဲ့ တိုက်ပွဲကို မျှော်ကြည့်လိုက်ပါတယ်။ အသက်တစ်သောင်းဓားကပဲ စွမ်းအားကြီးမလား၊ ကောင်းကင်တာအိုကို စုပ်ယူနိုင်တဲ့ မဟာကောင်းကင်ချုပ် လက်ဝါးကပဲ စွမ်းအားကြီးမလားဆိုတာကတော့ လီတောက်ခုံးနဲ့ ရှီတုတောက်အပေါ်ပဲ မူတည်ပါတယ်။

ကောင်းကင်ဘုံ ၃၃ မြောက်။

လီမုယဲ့၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဖူရှီ၊ ဧကရာဇ်ရှောင်နဲ့ ချုံရှီလိုင်တို့ဟာ အတူတူယှဉ်ပြီး မတ်တတ်ရပ်နေကြပါတယ်။ သူတို့အားလုံးရဲ့ မျက်နှာက တော်တော်လေးကို ပျက်ယွင်းနေပါတယ်။

သူတို့ရဲ့ အကြည့်နောက်ကို လိုက်ကြည့်မယ်ဆိုရင် ကြီးမားတဲ့ တွင်းနက်ကြီးတစ်တွင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတွင်းနက်ထဲမှာ ခရမ်းရောင် လျှပ်စီးတွေ လင်းလက်နေပြီး ဖျော့တော့တဲ့ အမောဖြေသံကိုလည်း ကြားနေရပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်က လေသံတိုးနဲ့ မေးလိုက်ပါတယ် “အဲဒါ ဘာလဲ၊ ငါတာအိုပညာရှိ အာရုံ ထိုးဖောက်လို့ မရဘူး၊ ဒါပေမဲ့ သူ့ရောင်ဝါက အလျင်အမြန် စွမ်းအားကြီးလာတာကို ငါ ခံစားမိတယ်”

တာအိုပညာရှိတွေဟာ လီမုယဲ့ကို ကြည့်လိုက်ပါတယ်။ တာအိုပညာရှိတွေ အထဲမှာ လီမုယဲ့ရဲ့ ကျင့်ကြံမှုက အမြင့်ဆုံးပါ။

“ကောင်းကင်မိစ္ဆာ... ပဋိပက္ခ ကောင်းကင်မိစ္ဆာ... ဒီမိစ္ဆာက ကပ်ဘေးရဲ့ အကုသိုလ်ကံကို စုဆောင်းပြီး တာအိုပညာရှိထက် မနိမ့်ပါးတဲ့အဆင့်ကို ရောက်နေပြီ” လီမုယဲ့က မျက်နှာပျက်ပျက်နဲ့ ပြောလိုက်ပါတယ်။

တာအိုပညာရှိတွေဟာ မနေနိုင်ဘဲ ဧကရာဇ်ရှောင်ကို ကြည့်လိုက်ပါတယ်။

ဧကရာဇ်ရှောင်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ကောင်းကင်မိစ္ဆာက ကျုပ်တို့ မိစ္ဆာမျိုးနွယ်စု မဟုတ်ဘူး၊ ကျုပ်တို့ မိစ္ဆာမျိုးနွယ်စုက ကောင်းကင်ဘုံ ၃၂ ဘုံမြောက်ရဲ့ အမှောင်ထုထဲမှာ ကောင်းကင်တာအို နှိပ်စက်တာကို အခုထိ ခံနေရတုန်း၊ ဒီလိုဖြစ်လာတာက ခင်ဗျားတို့ တာအိုပညာရှိတွေရဲ့ ဂရုစိုက်မှုကြောင့်လေ”

တာအိုပညာရှိတွေဟာ ဧကရာဇ်ရှောင်ရဲ့ သရော်စကားကို ကြားရလို ရှက်ရွံ့ခြင်းမရှိဘဲ လီမုယဲ့ကို ပြန်ကြည့်လိုက်ကြပါတယ်။

လီမုယဲ့ဟာ သက်ပြင်းချလိုက်ပါတယ် “ငါ ကောင်းကင်တာအိုကနေ ခဏ ခွာရလိမ့်မယ်၊ ငါ့ရဲ့ တရှီကျဲ့ကမ္ဘာကိုလည်း အမှောင်ဘုရင် တာအိုပညာရှိက မျက်စိကျနေတယ်၊ ဒီကိစ္စကို မင်းတို့ပဲ ဖြေရှင်းရလိမ့်မယ်၊ မင်းတို့တွေ ဒီဟာကို မရှင်းလင်းနိုင်ရင် အင်မော်တယ်ကမ္ဘာ ဘေးတွေ့လိမ့်မယ်၊ ဒီကောင်ရဲ့ ပစ်မှတ်က အင်မော်တယ်ကမ္ဘာပဲ၊ သူ သွေးဆာနေတာကို ငါ ခံစားမိတယ်၊ သူက အတော့်အတော်ကို ဆာလောင်နေတာ”

တာအိုပညာရှိတွေဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ လီမုယဲ့မရှိတာက သူတို့ရဲ့ ကျောရိုးမဲ့သွားသလိုပါပဲ။

ချုံရှီလိုင်က ပြောလိုက်ပါတယ် “ကျုပ်တို့တွေက မြင်တောင် မမြင်နိုင်တာ၊ ဘယ်လိုလုပ်ပြီး ရှင်းရမှာလဲ၊ ကျုပ်တို့တွေ ဘိုးဘေးကို သွားရှာမယ်ဆိုရင်ရော...”

ဖူရှီဟာ ခေါင်းခါလိုက်ပါတယ် “ဘိုးဘေးက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကပဲ ကောင်းကင်တာအိုကနေ ထွက်သွားတာ၊ အခုထိ ပြန်မလာသေးဘူး”

လီမုယဲ့ဟာ မျက်နှာအကြီးအကျယ် ပြောင်းလဲသွားပြီး ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။ တာအိုပညာရှိတွေဟာ လီမုယဲ့ရဲ့ အခြေအနေကို သိတာမို့ သိပ်ပြီးတော့ မအံဩပါဘူး။

အခုအချိန်မှာ အရေးအကြီးဆုံးက ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်မိစ္ဆာကို ရှင်းပစ်ဖို့ပါ။

“တာအိုပညာရှိတွေရဲ့ ရောင်ဝါပါလား... ငါ့ကို စောင့်နေကြ...”

ဒီအချိန်မှာပဲ ကြောက်မက်ဖွယ် အသံတစ်သံဟာ တွင်းနက်ထဲက ထွက်လာတဲ့အတွက် တာအိုပညာရှိတွေကို ကြက်သီးမွေးညင်း ထသွားစေပါတယ်။

“ကောင်းကင်တာအို... မင်း ကောင်းကောင်းသာ ပုန်းနေချည်၊ ငါ မတွေ့မိစေနဲ့၊ မဟုတ်လို့ကတော့ မင်းကို ဝါးစားပစ်မယ်”

တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး စိတ်ပိုင်းဖြတ်ကာ သူတို့ရဲ့ အစွမ်းအထက်ဆုံး ဓမ္မရတနာတွေကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် အတူတူ ပူးပေါင်းတိုက်ခိုက်ပြီး ကောင်းကင်မိစ္ဆာကို ဖိနှိပ်ဖို့ ပြင်ဆင်ပါတယ်။

တွင်းနက်ထဲက ကောင်းကင်မိစ္ဆာဟာ အရူးအမူး ရယ်မောပါတော့တယ် “ဟားဟား... ရုပ်သေးရုပ်တွေ... ကောင်းကင်တာအို ပုံရိပ်ယောင်ထဲက အရူးတွေကများ... ငါ့ကို တိုက်ခိုက်ချင်သေးတယ်၊ ကိုယ့်နေရာ ကိုယ်မသိကြဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters