← Chapters

စနစ်၏ လုပ်ဆောင်ချက်အသစ်၊ အင်မော်တယ်ကမ္ဘာ ဝရုန်းသုန်းကုန်း ဖြစ်ခြင်း

Vol. 49 Ch. 538

စနစ်၏ လုပ်ဆောင်ချက်အသစ်၊ အင်မော်တယ်ကမ္ဘာ ဝရုန်းသုန်းကုန်း ဖြစ်ခြင်း

Vol. 49 Ch. 538

တာအိုပညာရှိတွေဟာ တိတ်ဆိတ်သွားပြီး ဆွံအကုန်ပါတယ်။ ဒီအတိုင်းဆိုရင် သူတို့တွေ ကပ်ဘေးကို ကျော်ဖြတ်နိုင်ရင်တောင် အနာဂတ်မှာ ချုံရှီလိုင်ကို ဦးညွှတ်ရတော့မှာပါ။

ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “ကပ်ဘေးကို အရင်ဆုံး ကျော်ဖြတ်ရအောင်၊ ချုံရှီလိုင်က တာအိုကောင်းကင်မိစ္ဆာကို ကိုယ်တိုင် ရင်ဆိုင်ရမှာဆိုတော့ ကျုပ်တို့ထက် ဖိအားပိုများမှာပဲ၊ အခုအချိန်မှာ ကျုပ်တို့တွေ သူ့ကို ပံ့ပိုးပေးရမယ်”

ဧကရာဇ်ရှောင်ရဲ့ စကားကို တခြားတာအိုပညာရှိတွေကို သဘောတူ ထောက်ခံကြပါတယ်။ ဒီလိုနဲ့ ဒီကိစ္စဟာ ဒီလို အဆုံးသတ်သွားပါတယ်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ နောက်ထပ် နှစ်တစ်ရာ ကြာသွားပါတယ်။ ဒီနှစ်တစ်ရာအတွင်းမှာ ကိစ္စအများကြီး ဖြစ်ပျက်သွားပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သေမျိုးကမ္ဘာတွေကို ဖန်တီးကြပြီး မျိုးနွယ်စုအသစ်တွေကလည်း ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ကြပါတယ်။

နေမင်းမှာ ပေါ်လာတဲ့ ရွှေကျီးကန်းတွေကလည်း နတ်ဆိုးတွေကို စတင် ဖန်တီးပါတယ်။ တစ်ချိန်က ကောင်းကင်ဘုံမှာ ပြည့်နှက်နေခဲ့တဲ့ နတ်ဆိုးတွေဟာ တစ်ဖန်ပြန်ပေါ်လာခဲ့ပါပြီ။

နတ်ဆိုးဆိုတဲ့ အယူအဆက ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ကောင်းကင်တာအို မျိုးနွယ်စုကလွဲရင် ကျန်တဲ့လူတိုင်းကို နတ်ဆိုးလို့ လက်ခံကြပါတယ်။ ဒါကြောင့် ရွှေကျီးကန်းတွေရဲ့ အင်အားဟာ တစ်ခဏအတွင်း တဟုန်ထိုး ကြီးထွားလာပါတော့တယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ ဒဏ္ဍာရီတွေဟာ လူတိုင်းရဲ့ ပါးစပ်ဖျားကနေ ပျောက်ကွယ်သွားပြီး ဘယ်သူမှ မပြောကြတော့ပါဘူး။

တိတ်ဆိတ်ဂိုဏ်းရဲ့ အင်မော်တယ်ဧကရာဇ် တစ်ထောင်ဟာလည်း ကမ္ဘာသစ်မှာ အခြေတည်သွားပါတယ်။ ဒီကမ္ဘာသစ်က အခုထိ မစုစည်းရသေးတဲ့အတွက် ဝရုန်းသုန်းကား အခြေအနေမှာ တည်ရှိနေပါတယ်။

ဟန်ကျွယ်ဟာ ဒီအမည်ခံတပည့် တစ်ထောင်ကို ဂရုမစိုက်ပါဘူး။ သူတို့တွေ ပြဿနာတွေ့ရင်လည်း ဆင့်ခေါ်ခြင်းတာအိုကို အသုံးပြုပြီး သူတို့ အကုန်လုံးကို ပြန်ခေါ်လိုက်ရုံပါ။

လောလောဆယ်မှာ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကိုပဲ အာရုံစူးစိုက်ပြီး သုံးသပ်နားလည်ပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုပညာရှိစွမ်းအား ပုံမှန်တိုးတက်လာပြီး လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်နောက်ကို အသည်းအသန် လိုက်ပါတယ်။

လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကို ရောက်မှသာ ဟန်ကျွယ်ရဲ့ စွမ်းအားကို ကြီးမားစွာ တိုးတက်ပြီး ချုံရှီလိုင်နဲ့ တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း သတ်နိုင်မှာပါ။ တာအိုပညာရှိအဆင့်မှာ ကျင့်ကြံအားထုတ်ရတာက အချိန်အများကြီး လိုအပ်ပါတယ်။

ဒီနေ့မှာတော့ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ နောက်ထပ် တိုက်ပွဲကြီးတစ်ခု ထပ်ဖြစ်ပွားပါတယ်။

ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို ခံစားမိတဲ့အတွက် မော့ကြည့်လိုက်တဲ့အခါ ချုံရှီလိုင်က တွင်းနက်ရှေ့မှာ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ပုံစံမတူတဲ့ အကောင်းစား ရတနာသုံးပါးဟာ ချုံရှီလိုင် ပတ်လည်မှာ ဝဲပျံနေပြီး သုံးရောင်ခြယ် အလင်းတန်းတွေ ထုတ်လွှတ်နေပါတယ်။

တခြားတာအိုပညာရှိတွေကတော့ ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေပါတယ်။

ရုတ်တရက်ဆိုသလိုပဲ ချုံရှီလိုင်ဟာ တွင်းနက်ထဲကို ပြေးဝင်သွားပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ခရမ်းရောင် လျှပ်စီးတွေဟာ နဂါးလိုမြွေလို လင်းလက်သွားပြီး တွင်းနက်ကြီးဟာ တဖြည်းဖြည်း ကျဉ်းမြောင်း ပျောက်ကွယ်သွားပါတယ်။

အဝေးကနေ ကြည့်နေတဲ့ တာအိုပညာရှိတွေဟာ ကြက်သေသေသွားကြပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါ သူတို့ရောင်ဝါကို အာရုံခံလို့ လုံးဝ မရတော့ဘူး”

ဂိုဏ်းချုပ်တျန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါတို့ စောင့်ကြည့်ရမှာပဲ”

တခြားတစ်ဖက်မှာတော့...

ဟန်ကျွယ်ဟာ မနေနိုင်ဘဲ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကောင်းကင်တာအို ကံတရား အထောက်အပံ့နှင့် ပေါင်းစပ်ပြီး ကောင်းကင်တာအိုအဆင့်သို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ ချုံရှီလိုင်သည် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

အဲဒီနောက် ချုံရှီလိုင်ဟာ ဆက်တိုက်ဆိုသလို ကောင်းကင်မိစ္ဆာတွေ တိုက်ခိုက်တာကို ခံရပါတယ်။ ကြည့်ရတာ တွင်းနက်ထဲမှာ ကောင်းကင်မိစ္ဆာက တစ်ကောင်မက ရှိနေပုံပါပဲ။

ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း ချုံရှီလိုင်ရဲ့ အခြေအနေကို အာရုံစိုက်ပါတယ်။ နောက် နှစ် ၃၀၀ အတွင်း ချုံရှီလိုင်ဟာ လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္ဆာ တိုက်ခိုက်တာကို အကြိမ်တစ်သန်းကျော် ခံရပါတယ်။

တာအိုကောင်းကင်မိစ္ဆာဟာ အတော်လေး အစွမ်းထက်ပါတယ်။ ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ ပေါင်းစပ်ထားတဲ့ ချုံရှီလိုင်တောင် အနိုင်မယူနိုင်သေးပါဘူး။ ဒါကို ထောက်ဆခြင်းအားဖြင့် ချုံရှီလိုင်က သိပ်ပြီး စွမ်းအားမကြီးဘူးဆိုတာကို သိနိုင်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း မသတ်နိုင်သေးဘူးဆိုပေမဲ့ ငါးမိနစ်အတွင်းတော့ အသေသတ်နိုင်ပါတယ်။ ဟန်ကျွယ် ကြောက်တာကလည်း ရန်သူကို တစ်ချက်တည်း မသတ်နိုင်မှာကိုပါ။

ဒီနေ့မှာတော့...

[သင့်မိတ်ဆွေ ချုံရှီလိုင်သည် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္ဆာ တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

‘နောက်ဆုံးမှာတော့ ချုံရှီလိုင် ရှုံးသွားပါလား...’ ဟန်ကျွယ်ဟာ‌ ခေါင်းခါလိုက်ပါတယ်။ ကြည့်ရတာ ချုံရှီလိုင်နဲ့ တာအိုကောင်းကင်မိစ္ဆာ အစွမ်းအတူတူလောက်ပါပဲ။ ဒါပေမဲ့ တာအိုကောင်းကင်မိစ္ဆာက ပိုခံနိုင်တဲ့အတွက် ချုံရှီလိုင် ရှုံးသွားတာ ဖြစ်ပါလိမ့်မယ်။

ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုပညာရှိပါပဲ။ တကယ်ကို သောက်သုံးမကျပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို ပညာရှိတွေကို ပိုပြီးတော့ အထင်သေးသွားပါတယ်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်တစ်ပြင်လုံး နီရဲသွားပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်ပြင်တစ်ခုလုံး နီရဲပြီး အလွန်အားကောင်းတဲ့ ဖိအားတစ်ခု ထွက်ပေါ်လာပါတယ်။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ပြင်မှာ အရွယ်အစားမျိုးစုံရှိတဲ့ တွင်းနက်တွေ ဖြစ်ပေါ်လာပါတယ်။ တွင်းနက်တွေက များပြားလွန်းတဲ့အတွက် ကောင်းကင်ပြင်တစ်ခုလုံး တွင်းနက်တွေချည်းပဲလို့ ထင်မှတ်ရပါတယ်။

ဒီမြင်ကွင်းက တော်တော်လေး ကြောက်ဖို့ကောင်းတဲ့အတွက် အင်မော်တယ်ကမ္ဘာက သက်ရှိအားလုံးကို တုန်လှုပ် ချောက်ချားသွားစေပါတယ်။ အင်မော်တယ်ကမ္ဘာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။

ယုတ်မာရက်စက်တဲ့ ကောင်းကင်မိစ္ဆာတွေဟာ တွင်းနက်တွေထဲကနေ ပျံထွက်လာပါတယ်။ ဒီကောင်းကင်မိစ္ဆာတွေက ပုံစံအမျိုးမျိုးရှိပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကို အနက်‌ရောင် ရောင်ဝါတွေက ရစ်ပတ်ထားပါတယ်။ ကောင်းကင်မိစ္ဆာတွေရဲ့ တူညီတဲ့ပုံစံတစ်ခုက အလွန်တရာ ကြောက်ဖို့ကောင်းပြီး နီရဲတဲ့မျက်လုံးတွေနဲ့ အလွန်တရာ ရုပ်ဆိုးတာပါ။

အကြီးမားဆုံး ကောင်းကင်မိစ္ဆာက ပေတစ်သန်း မြင့်မာပြီး အငယ်ဆုံး ကောင်းကင်မိစ္ဆာကတော့ သာမန်သေမျိုးတစ်ယောက်စာပဲ ရှိပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်မိစ္ဆာအချို့က တာအိုပညာရှိအတုနဲ့ ညီမျှတာကို ခံစားမိလိုက်ပါတယ်။ ချုံရှီလိုင် ရှုံးသွားတဲ့အတွက် ကောင်းကင်မိစ္ဆာတွေဟာ ကောင်းကင်တာအိုကို ကျူးကျော် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

[ကောင်းကင်မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာပြီး ကောင်းကင်တာအို ဘေးဒုက္ခတွေ့ကြောင်း ရှာဖွေတွေ့ရှိထားသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ ကောင်းကင်မိစ္ဆာ အကုန်လုံးကို သတ်ဖြတ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ အကောင်းစား ရတနာတစ်ပါးနှင့် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုအား နိုးထရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ကောင်းကင်မိစ္ဆာများကို မတိုက်ခိုက်ပါနှင့်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို အမွေဆက်ခံရရှိမည်။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းသုံးကြောင်းကို တွေ့တဲ့အခါမှာ ချက်ချင်း ဆုံးဖြတ်ချက် မချပါဘူး။ အတိတ်မှာတုန်းကဆိုရင် ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်မှာပါ။

ဒါပေမဲ့ စနစ်ရဲ့ လုပ်ဆောင်ချက်အသစ်က ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲ‌ဆောင်သွားပါတယ်။ ကောင်းကင်မိစ္ဆာတွေ အကုန်လုံးကို သတ်ဖို့က ဟန်ကျွယ်အတွက် မခက်ခဲပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ အချိန်တစ်ခုကြာမှ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံပါတယ်။ အင်မော်တယ်ကမ္ဘာမှာ ဖရိုဖရဲ ဖြစ်တာက အင်မော်တယ်ကမ္ဘာ ကိုယ်တိုင်ပဲ ရှင်းလင်းရမှာပါ။ ဟန်ကျွယ် လုပ်ရမှာက တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း သတ်နိုင်ဖို့အတွက် မြန်မြန်ဆန်ဆန် စွမ်းအားကြီးမားလာရမှာပါ။

ဒီနှစ်မှာတော့ အင်မော်တယ်ကမ္ဘာ တစ်ခုလုံး ဝရုန်းသုန်းကားဖြစ်ပြီး နေရာတကာမှာ သတ်ဖြတ်ခြင်းတွေချည်းပါပဲ။ ကောင်းကင်မိစ္ဆာတွေ ပေါ်ပေါက်လာတာက ကောင်းကင်တာအို အထဲမှာရှိနေတဲ့ သက်ရှိအားလုံးကို စည်းလုံးညီညွှတ်စေပြီး အပြင်ရန်သူကို အတူတူ ခုခံသွားစေပါတယ်။

ဒါပေမဲ့ ဒီကပ်ဘေးက အချိန်တိုအတွင် အဆုံးသတ်မဲ့ပုံ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်မိစ္ဆာတွေရဲ့ အသက်ဓာတ်က အတော်လေးကို သန်မာလို့ပါပဲ။ ကောင်းကင်မိစ္ဆာတွေဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရင်တောင် မူလခန္ဓာကိုယ် ပြန်ခဲနိုင်ပါသေးတယ်။ ပြာမှုန့်ဖြစ်သွားပြီး ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံရမှ တကယ်သေတာပါ။

အဆင့်တူရင် ကောင်းကင်တာအိုထဲက သက်ရှိတွေဟာ ကောင်းကင်မိစ္ဆာတွေကို လုံးဝ မယှဉ်နိုင်ပါဘူး။ ကံကောင်းတာတစ်ခုက ကောင်းကင်တာအို သက်ရှိတွေဟာ အရေအတွက် သာနေတာပါ။ ဒါကြောင့် ကောင်းကင်တာအို သက်ရှိတွေနဲ့ ကောင်းကင်မိစ္ဆာတွေရဲ့ တိုက်ပွဲဟာ နှစ်အတော်ကြာအောင် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပါတယ်။

နွေဦးကုန်ဆုံးလို့ ဆောင်းဦး ရောက်လာပါတယ်။ အခုဆိုရင် ကောင်းကင်မိစ္ဆာတွေ ကောင်းကင်တာအိုထဲကို ကျူးကျော်ခဲ့တာ နှစ် ၂၀၀ တိုင်ခဲ့ပါပြီ။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် ဘေးနားမှာလည်း ကောင်းကင်မိစ္ဆာတွေ တော်တော်များများ ပေါ်လာပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ တာအိုစက်ကွင်းရဲ့ အရံအတား မထိုးဖောက်နိုင်တဲ့အတွက် ခပ်မြန်မြန်ပဲ ပြန်ထွက်ခွာသွားကြပါတယ်။

တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ဒီအကြောင်းကို ကျင့်ကြံအားထုတ်ရင်း ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဆီက ညွှန်ကြားချက်မရဘဲ သူတို့တွေဟာ ဘာမှအလျင်စလို မလုပ်ရဲပါဘူး။

ဟန်ကျွယ်က အလန့်တကြား မဖြစ်ဘဲ ကျင့်ကြံအားထုတ်နေတုန်းပါ။ ကောင်းကင်တာအို ပြန်စတာကို ကြုံတွေ့ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ဘယ်အရာကမှ ဟန်ကျွယ်ကို မကြောက်လန့်စေတော့ပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကနေ ချုံရှီလိုင်က တာအိုကောင်းကင်မိစ္ဆာနဲ့ တိုက်ခိုက်နေသေးတာကို တွေ့လိုက်ရပါတယ်။ အချိန်ကြာလာတော့ ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို မသနားဘဲ မနေနိုင်တော့ပါဘူး။ ချုံရှီလိုင်အဖြစ်က မလှုပ်နိုင်အောင် ကြိုးတုပ်ပြီး အားရပါးရ အဆော်ခံနေရတဲ့ ခွေးတစ်ကောင်လိုပါပဲ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ ရှီတုတောက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျန်းတုကူးသည် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၁၂၉၃၀

[သင့်တပည့် ရန်ထျန်တုန်းသည် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၃၀၂၂

[သင့်သား ဟန်ထော်သည် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၅၃

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အမင်္ဂလာ မကောင်းဆိုးဝါးကို ဝါးမြိုပြီး ကျင့်ကြံမှု များစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ချုံရှီလိုင်သည် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္ဆာတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ပျက်ဆီးသွား၏။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုဆွေးနွေးပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်တပည့် ကျိုးဖန်သည် သင့်မိတ်ဆွေ ခုနစ်ပါးတာအိုပညာရှိ၏ အိပ်မက်ပေးမှုကြောင့် ဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္ဆာတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

ဟန်ကျွယ် အာရုံကို အဆွဲဆောင်ဆုံးက ဧကရီဟုတ်ထို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာပါ။ ဧကရီဟုတ်ထိုက တာအိုပညာရှိ မဟုတ်ပေမဲ့ သာမန်တာအိုပညာရှိအတုတစ်ပါး ယှဉ်နိုင်တဲ့လူ မဟုတ်ပါဘူး။

ကောင်းကင်မိစ္ဆာတွေက ငရဲပြည်ကိုတောင် ကျူးကျော်နေပြီဖြစ်တဲ့အတွက် ကျန်တဲ့ကမ္ဘာတွေ ဘယ်လိုဖြစ်နေပြီလဲဆိုတာကို ဟန်ကျွယ် သိချင်သွားပါတယ်။

[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဒီအသိပေးချက်က ဟန်ကျွယ်ရဲ့ မြင်ကွင်းထဲမှာ တရစပ်ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်လို့ မရတော့ပါဘူး။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စနစ်ကို မေးလိုက်ပါတယ် “ငါ အခုနေ အိပ်မက်ကို လက်ခံလိုက်ရင် အန္တရာယ်တွေ့နိုင်လား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters