သွေးစည်းပြောင်းလဲခြင်း
Vol. 49 Ch. 539
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် အသက်အန္တရာယ် မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး အိပ်မက်ကို လက်ခံလိုက်ပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဟန်ကျွယ်ဟာ အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ် အကြွင်းမဲ့ မှောင်မဲနေတဲ့ နေရာတစ်ခုကို ရောက်ရှိသွားပါတယ်။ ရှေ့ဘက်မှာ ရွှေရောင်တောက်နေပြီး အော်ဟစ်သံတွေကို ကြားနေရပါတယ်။ အသံတွေက ကျယ်လောင်လွန်းတဲ့အတွက် ဟန်ကျွယ်နားတောင် အူထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ သေချာ အာရုံစိုက်ကြည့်လိုက်တဲ့အခါ ရွှေရောင်ဗုဒ္ဓအသွင် ပြောင်းလဲထားတဲ့ ချုံရှီလိုင်ကို တွေ့လိုက်ရပါတယ်။ ချုံရှီလိုင်ဟာ မရေမတွက်နိုင်တဲ့ ကောင်းကင်မိစ္ဆာတွေနဲ့ တိုက်ခိုက်နေပါတယ်။ ကောင်းကင်မိစ္ဆာတွေ ချုံရှီလိုင်ကို ဝန်းရံတိုက်ခိုက်နေပုံက ပုရွတ်ဆိတ်တွေ ဆင်တစ်ကောင်ကို ဝါးမြိုဖို့ ကြိုးစားနေသလိုပါပဲ။
ချုံရှီလိုင် ခန္ဓာကိုယ်ပေါ်က ဗုဒ္ဓအလင်းရောင်ဟာ ဖြာထွက်သွားပြီး ဝိုးတိုးဝါးတား ကောင်းကင်မိစ္ဆာကို ပစ်မှတ်ထားလိုက်ပါတယ်။ ဒီကောင်းကင်မိစ္ဆာက တစ်ကိုယ်လုံး အနက်ရောင်မီးလျှံတွေ ဝန်းရံနေပြီး လက်ရှစ်ဖက်နဲ့ ခေါင်းသုံးလုံး ရှိပါတယ်။ သူ့မျက်နှာကလည်း ဘီလူးသဘက်လို ကြမ်းတမ်းလှပြီး ဆံပင်တွေကလည်း အရှည်ကြီးပါပဲ။ ဒါ့အပြင် တစ်ကိုယ်လုံး နက်မှောင်ပြီး ကြွက်သားတွေကလည်း သံချပ်ကာလို ထူထဲလှပါတယ်။
အဝေးကနေကြည့်ရင် ချုံရှီလိုင်နဲ့ တာအိုကောင်းကင်မိစ္ဆာရဲ့ တိုက်ပွဲက နတ်ဘုရားနဲ့ မိစ္ဆာတွေ တိုက်ခိုက်နေသလိုပါပဲ။
“ဟန်ကျွယ်... ငါ တာအိုကောင်းကင်မိစ္ဆာကို မယှဉ်နိုင်ဘူး၊ တခြား တာအိုပညာရှိတွေကလည်း ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို စွန့်ပစ်လိုက်တဲ့အတွက် ငါ့ကို မကူညီနိုင်ဘူး၊ မင်း ငါ့ကို အမြန်လာကူညီအုန်း၊ ငါသေရင် ကောင်းကင်တာအို အန္တရာယ်ထဲ ကျလိမ့်မယ်” ချုံရှီလိုင်ရဲ့ အလောတကြီး စကားသံဟာ ဟန်ကျွယ်နားထဲကို ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ကျုပ် နားလည်ပါတယ်၊ ကျုပ် အဆင်သင့်ဖြစ်တာနဲ့ လာခဲ့မယ်”
“မင်းက ဘာကို ပြင်ဆင်မလို့လဲ”
“တာအိုကောင်းကင်မိစ္ဆာကို သတ်ဖို့ ပြင်ဆင်ရမှာပေါ့”
“မဖြစ်နိုင်တာ... ငါတောင် သူ့ကို မသတ်နိုင်ဘူး၊ ငါတို့နှစ်ယောက် ပူးပေါင်းမှ သူ့ကို နောက်ပြန်ဆုတ်အောင် ဖိအားပေးနိုင်မှာ”
“အဲဒါက ခင်ဗျားအတွေးလေ... ကျုပ်ကတော့ ကျုပ်လုပ်နိုင်တယ်လို့ ထင်တာပဲ”
“မင်း...”
“ဒါပဲ... ခင်ဗျားသေရင် ခင်ဗျားရဲ့ ဗုဒ္ဓဂိုဏ်းကို ကျုပ် ဂရုစိုက်ပေးမယ်၊ ခင်ဗျားရဲ့ ကျေးဇူးကို ပြန်ဆပ်တယ်ပဲ သဘောထားလိုက်ပေါ့၊ ခင်ဗျားက ကျုပ်တပည့်တွေကို ဂရုစိုက်ပေးခဲ့တယ်၊ ကျုပ်ကလည်း ခင်ဗျားရဲ့တပည့်တွေကို ပြန်ဂရုစိုက်ပေးမယ်”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို ချိုးဖျက်လိုက်တဲ့အတွက် ဟန်ကျွယ်ရဲ့ သိစိတ်ဟ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ဆက်လက် ကျင့်ကြံ အားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ချုံရှီလိုက်ကို ကယ်ဖို့ လောလောဆယ်မှာ အစီအစဉ် မရှိပါဘူး။ မတော်လို့ ကယ်နေရင်းနဲ့ ချုံရှီလိုက်က သစ္စာထဖောက်ရင် ဟန်ကျွယ် ဒုက္ခရောက်မှာပါ။
ဖြစ်နိုင်ချေက နည်းပါးလွန်းတယ်ဆိုရင်တောင် ဟန်ကျွယ်ဟာ သူ့အသက်ကို မစွန့်စားရဲပါဘူး။ ဒါ့အပြင် ချုံရှီလိုင်က ကောင်းကင်မိစ္ဆာတွေ လက်ထဲကနေ လွတ်အောင် ရုန်းနိုင်လိမ့်မယ်လို့ ဟန်ကျွယ် ယုံကြည်ထားပါတယ်။ လူဆိုးတွေက သက်ဆိုးရှည်ကြတယ် မဟုတ်ပါလား။
ဘယ်ကိုကြည့်ကြည့် သဲတွေနဲ့ ပြည့်နှက်နေတဲ့ ကန္တာရတစ်ခုမှာ တိုက်ခိုက်သံတွေဟာ ဆူညံနေပါတယ်။ ဟန်မင်နဲ့ ဟန်ထော်ဟာ ကောင်းကင်မိစ္ဆာထောင်ချီ ဝန်းရံတာကို ခံရတဲ့အတွက် အလူးအလဲ တိုက်ခိုက်နေရပါတယ်။
ဟန်ထော် တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်နေပြီး သူ့ဓားကလည်း အပေါက်ပေါက် ဖြစ်နေပါပြီ။ ဒီအတိုင်း ဆက်သွားရင် သူတို့နှစ်ယောက်လုံး ကောင်းကင်မိစ္ဆာတွေ လက်ထဲမှာ သေရဖို့ ကျိန်းသေနေပါပြီ။
“အရင်ပြေးတော့... ငါ သူတို့ကို ဆွဲထားလိုက်မယ်” ဟန်မင်ဟာ ရုတ်တရက် အော်ပြောရင်း ဓမ္မစွမ်းအားကို လျှပ်စီးကြိုးအသွင် ပြောင်းလဲကာ ကောင်းကင်မိစ္ဆာတွေ အကုန်လုံးကို နှောင်ဖွဲ့လိုက်ပါတယ်။
ဟန်ထော်က စိုးရိမ်တကြီး ပြန်ပြောလိုက်ပါတယ် “ငါ မင်းကို မစွန့်ပစ်နိုင်ဘူး”
“သွားစမ်းပါ၊ မင်းလွတ်မှ ငါလည်း လွတ်မှာ၊ အခု မင်းက ငါ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ” ဟန်မင်က စိတ်မရှည်စွာ ပြောလိုက်ပါတယ်။ ဒီအချိန်မှာ ကောင်းကင်မိစ္ဆာထောင်ချီဟာ အရူးအမူး အော်ဟစ်ရင်း အသည်းအသန် ရုန်းကန်ကြပါတယ်။
ဟန်ထော်ဟာ အံကြိတ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်မင်ဟာ ထွက်ခွာသွားတဲ့ ဟန်ထော်ရဲ့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ထော်တစ်ယောက် မိုးကုပ်စက်ဝိုင်းကနေ ပျောက်ကွယ်သွားတဲ့အခါမှာတော့ ဟန်မင်ဟာ စိတ်လျော့လိုက်ပါတယ်။ ကောင်းကင်မိစ္ဆာတွေဟာ လျှပ်စီးကြိုးကို ချိုးဖျက်ပြီး ဟန်မင်နားကို ကပ်လာကြပါတယ်။
ဟန်မင်ဟာ ဝမ်းနည်းစွာ ပြုံးပြီး ရေရွတ်လိုက်ပါတယ် “ငါ မင်းအပေါ် တင်ခဲ့တဲ့အကြွေးကို ပြန်ဆပ်လိုက်ပြီ”
အဲဒီနောက် ချက်ချင်းဆိုသလိုပဲ ဟန်မင်ရဲ့ မျက်လုံးထဲမှာ တိုက်ခိုက်လိုစိတ်တွေ လျှံထွက်လာပါတယ် ‘ငါ ဟန်မင်က နှစ်ဘဝ နေခဲ့ပြီးပြီ၊ ဘာဖြစ်လို့ ဒီလိုနေရာမျိုးမှာ သေရမှာလဲ၊ သေရမယ်ဆိုရင်တောင် ခမ်းခမ်းနားနားပဲ သေဆုံးမယ်”
“ဝုန်း...”
ဟန်မင်ဟာ သူ့ရဲ့တာအိုသီးကို လုံးဝလှုပ်ရှားပြီး ဓမ္မစွမ်းအားကို အားကုန်ထုတ်လိုက်တဲ့အတွက် ဟန်မင်ရဲ့ ရောင်ဝါဟာ တစ်ခဏချင်း ထိုးတက်သွားပါတယ်။ အဲဒီနောက် ဓားချီတွေဟာ ရုတ်တရက် ထွက်ပေါ်လာပြီး ဓားအရိပ်ထောင်ချီအဖြစ် ပြောင်းလဲကာ အရပ်ဆယ်မျက်နှာကို ထိုးဖောက်ထွက်သွားပါတယ်။
လျှပ်စီးကြိုးကနေ လွတ်လာတဲ့ ကောင်းကင်မိစ္ဆာအကုန်လုံးဟာ ဟန်မင်ကို ဝိုင်းတိုက်တဲ့အတွက် ဟန်မင်ဟာ ကောင်းကင်မိစ္ဆာတွေကြားမှာ နှစ်မြှုပ်လုနီး ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်မင်ဟာ တစ်ချက်ကလေးတောင် အလျှော့မပေးဘဲ သူ့လက်ကို ဓားအဖြစ် အသုံးပြုပြီး စွမ်းစွမ်းတမံ တိုက်ခိုက်ပါတယ်။
တောင်ပံလေးဖက်၊ လူသားခန္ဓာကိုယ်နဲ့ ကျားခေါင်းရှိတဲ့ ကောင်းကင်မိစ္ဆာတစ်ကောင်ဟာ ဟန်မင်ရဲ့ ဓားချက်နဲ့ နှစ်ပိုင်းပြတ်သွားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဒီကောင်းကင်မိစ္ဆာရဲ့ ခန္ဓာကိုယ်ဟာ ပြန်ပေါင်းစည်းသွားပြီး ဒဏ်ရာတွေလည်း ပျောက်သွားပါတယ်။
ဒီလိုအဖြစ်က တစ်ကောင်ပြီး တစ်ကောင်မှာ ပေါ်လာတဲ့အတွက် ဟန်မင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အခုအချိန်အထိ ကောင်းကင်မိစ္ဆာ တစ်ကောင်မှ တကယ် မသေသေးပါဘူး။
ဟန်မင်ဟာ မျှော်လင့်ချက်မဲ့သလို ဖြစ်သွားပါတယ် ‘ငါ တကယ်ပဲ သေရတော့မှာလား’
“ဝေါင်း...”
အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီအသံဟာ ကောင်းကင်မိစ္ဆာတွေထက်တောင် ကြောက်ဖို့ကောင်းတဲ့အတွက် ကောင်းကင်မိစ္ဆာတွေ အကုန်လုံးဟာ ရန်သူတော်ကြီးကို ရင်ဆိုင်ရသလိုမျိုး အသံလာရာကို လှည့်ကြည့်လိုက်ကြပါတယ်။
ဟန်မင်လည်း မနေနိုင်ဘဲ လှည့်ကြည့်လိုက်တဲ့အခါ ကောင်းကင်မှာ ကြောက်မက်ဖွယ် အရိပ်နက်ကြီးတစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီအရိပ်နက်က ကောင်းကင်မိစ္ဆာတွေလိုမျိုး အလွန်အားကောင်းတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပြီး ကောင်းကင်မိစ္ဆာတွေဆီ တဟုန်ထိုး ပြေးလာပါတယ်။
သေချာဂရုစိုက်ပြီး ကြည့်မယ်ဆိုရင် မိုင် ၃၀ ကျော် မြင့်မားတဲ့ အရိပ်နက်အောက်မှာ အလွန်သေးငယ်တဲ့ လူတစ်ယောက် ရှိနေတာကို တွေ့နိုင်ပါတယ်။ ဒီလူကတော့ ဟန်ထော်ပါ။
ပေသောင်းချီမြင့်မားတဲ့ အရိပ်နက်ဟာ ဟန်ထော်ရဲ့ ခေါင်းပေါ်ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဟန်ထော်ဟာ ခေါင်းငုံ့ပြီး ကောင်းကင်မိစ္ဆာတွေဆီ တဟုန်ထိုး ပြေးလာပါတယ်။ ဟန်ထော်ရဲ့ ဆံပင်တွေဟာ ဖွာလန်ကြဲနေပြီး ကောင်းကင်မိစ္ဆာတွေဆီ အရူးတစ်ယောက်လို ပြေးလာတာ ဖြစ်ပါတယ်။
‘ဒီကောင်လေး...’
ဟန်မင်ဟာ သူ့မျက်စိကိုတောင် မယုံနိုင်အောင် ဖြစ်သွားပါတယ်။ ဒီစွမ်းအားက အတော်လေးကို အားကောင်းလွန်းပါတယ်။ ခပ်လှမ်းလှမ်းကနေတောင် ဟန်မင်ဟာ ကြောက်ရွံ့မှုကို ခံစားရပါတယ် ‘ဒါက သူပေးထားတဲ့ စွမ်းအားများလား...’
ဟန်မင်ရဲ့ မျက်နှာဟာ ရှုပ်ထွေးသွားပါတယ်။ တကယ်လို့ ဟန်ကျွယ်သာဆိုရင် အရာအားလုံးက အဓိပ္ပာယ်ရှိပါတယ် ‘နောက်ဆုံးတော့ ငါ မင်းကို နောက်ထပ် အကြွေးတင်ပြန်ပြီ’ ဟန်မင်ဟာ နောက်ထပ် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပါတယ်။
နောက်ထပ် နှစ် ၉၀ ကုန်ဆုံးသွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ ကောင်းကင်မိစ္ဆာတွေ အများကြီး လျှောက်သွားနေတုန်းပါ။ ကောင်းကင်မိစ္ဆာတွေ အကုန်လုံးဟာ အသိဉာဏ် ရှိပါတယ်။ ဒါပေမဲ့ သူတို့ ဆက်သွယ်ပုံက ကောင်းကင်တာအို သက်ရှိတွေနဲ့ လုံးဝကွဲပြားပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို မထိုးဖောက်နိုင်တဲ့အတွက် ဒီနေရာမှာ အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပုန်းအောင်းနေတယ်လို့ ကောင်းကင်မိစ္ဆာတွေ သဘောပေါက်သွားကြပါတယ်။
ကောင်းကင်မိစ္ဆာတွေ အင်မော်တယ်ကမ္ဘာကို ဆင်းသက်လာတာက သက်ရှိအားလုံးကို သုတ်သင်ဖို့ပါ။ ကောင်းကင်မိစ္ဆာတွေက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ စခန်းချလာတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းသားတွေကို ရင်ထိတ်သွားစေပါတယ်။
ဒီကပ်ဘေးက အရင်တုန်းက ကပ်ဘေးတွေနဲ့ လုံးဝမတူတဲ့အတွက် တည်ငြိမ်နေတဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ စိတ်ဟာ တုန်လှုပ်စ ပြုလာပါတယ်။
“တိတ်ဆိတ်ဂိုဏ်းက ကိုယ့်ဘာသာ ကာကွယ်နိုင်ပါ့မလား...”
“တာအိုပညာရှိတွေ တာအိုဂိုဏ်းကို ပြန်ပေါင်းစည်းတာက ဒီကောင်းကင်မိစ္ဆာတွေနဲ့ ပတ်သက်နေရမယ်”
“ဖြတ်သွားတဲ့ သက်ရှိတွေဆီက ငါ ကြားတာတော့ အင်မော်တယ်ကမ္ဘာတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေပြီတဲ့”
“ကောင်းကင်မိစ္ဆာတွေက ပဋိပက္ခကနေလာလို့ သတ်လို့မရဘူးတဲ့”
“ဂိုဏ်းချုပ်က ဘာမှမပြောသေးဘူး၊ အေးအေးဆေးဆေး ဆက်ကျင့်ကြံစမ်းပါ”
“ငါ့အထင် ကောင်းကင်မိစ္ဆာတွေ ပိုရောက်လာမယ်ထင်တယ်၊ မကြာခင် သူတို့က ငါတို့ရဲ့ အရံအတားကို ချိုးဖောက်နိုင်လောက်တယ်”
“မင်းက ဘာကြောက်နေတာလဲ၊ ကိုယ်ကျင့်ကြံစရာရှိတာသာ ကျင့်ကြံစမ်းပါ၊ အမြဲတမ်း ကိုယ်ပိုင်တပည့်တွေနဲ့ ဂိုဏ်းချုပ် ကာကွယ်ဖို့ကိုပဲ စောင့်မနေနဲ့၊ ငါတို့လည်း ကိုယ့်ဘာသာ ကာကွယ်နိုင်အောင် ကြိုးစားရမယ်”
တိတ်ဆိတ်ဂိုဏ်းသားတွေ ဆွေးနွေးနေတုန်းမှာ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္ဆာတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၁၂၄၄
[သင့်သား ဟန်ထော်သည် ခံစားချက်ပေါက်ကွဲပြီး သွေးစည်း ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၄၉၃
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မိစ္ဆာတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် တာအိုနှလုံးသား ထိခိုက်ပြီး ဗုဒ္ဓခန္ဓာကိုယ် ပျက်စီးသွား၏။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၇၉၂၁၀
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကောင်းကင်မိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၃၂၇၇
ချုံရှီလိုင်က တော်တော်လေး သနားဖို့ကောင်းပါတယ်။ တာအိုနှလုံးသား ထိခိုက်တဲ့အပြင် ဗုဒ္ဓခန္ဓာကိုယ်ပါ ထပ်ပျက်စီးသွားပြန်ပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့စိတ်ကို ငြိမ်အောင် ထိန်းလိုက်ပါတယ်။
ချုံရှီလိုင်က သူ့ကို ကယ်ခဲ့တာ မဟုတ်ပါဘူး။ သူ့မိတ်ဆွေတွေကိုပဲ ကယ်ခဲ့တာ ဖြစ်ပြီး သူ့ကိုလည်း အကောက်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ချုံရှီလိုက်ကို ကျေးဇူးကို ပြန်ဆပ်ဖို့ဆိုရင် အနာဂတ်မှာ ဗုဒ္ဓဂိုဏ်းကိုပဲ စောင့်ရှောက်ပေးမှာပါ။ ဒီလိုအခြေအနေမျိုးမှာ ချုံရှီလိုင်ကိုတော့ သွားကယ်မှာ မဟုတ်ပါဘူး။
ကောင်းကင်မိစ္ဆာတွေရဲ့ ဒီတစ်ခေါက် တိုက်ခိုက်မှုက အတော်လေးကို ကြမ်းပါတယ်။ ကောင်းကင်တာအိုရဲ့ အနန္တကပ်ဘေးလောက်ကို ကြမ်းတာပါ။
မိတ်ဆွေအကုန်လုံး ကောင်းကင်မိစ္ဆာတွေနဲ့ တိုက်ခိုက်နေတာကို တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်ရဲ့သွေးဟာ ဆူပွက်လာပါတယ် ‘ငါလည်း အပြင်ထွက်ပြီး တိုက်ခိုက်သင့်လား...’
‘မတိုက်သင့်ဘူး... သတိကြီးကြီး ထားရမယ်၊ ငါ အပြင်မထွက်ခင် တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း သတ်နိုင်ရမယ်၊ မဟုတ်လို့ ငါ တစ်ခုခုဖြစ်သွားရင် နှစ်လေးသောင်းကျော် ကျင့်ကြံထားတာက သဲထဲရေသွန် ဖြစ်ကုန်လိမ့်မယ်’
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်ငြိမ်အောင် ထိန်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ် ခေါင်းထဲမှာ ရုတ်တရက် မေးခွန်းတစ်ခု ပေါ်လာပါတယ် ‘ဒီကောင်းကင်မိစ္ဆာတွေ ကောင်းကင်တာအိုကို တိုက်ခိုက်တာက နောက်ကွယ်မှာ ကြံစည်မှုကြီးတစ်ခုခု ရှိနေတာများလား...’
‘အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာရှိနေတဲ့ ကောင်းကင်ဧကရာဇ်တောင် ကောင်းကင်မိစ္ဆာတွေ တိုက်ခိုက်တာ ခံရတယ်ဆိုတော့ ဒီကပ်ဘေးက ကောင်းကင်တာအိုတစ်ခုကိုတည်းကိုပဲ သက်ရောက်တာ မဖြစ်နိုင်ဘူး...’
မြန်မာပြည် ငြိမ်းချမ်းပါစေ။