လောကမှာရှိတဲ့ အရာအားလုံးက ငါ့ဓားပဲ
Vol. 49 Ch. 540
“တာအိုကောင်းကင်မိစ္ဆာရဲ့ နောက်ကွယ်မှာ ဒီထက်ကြီးမားတဲ့ အကြံအစည်ကြီးတစ်ခု ရှိနေလားဆိုတာ ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
စိတ်ထဲမှာ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက အင်မော်တယ်ကမ္ဘာထက် ပိုပြီးတော့ အင်အားကြီးတယ်လို့ မှတ်ယူထားပါတယ်။ ကောင်းကင်မိစ္ဆာတွေက အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကိုတောင် တိုက်ခိုက်ရဲတယ်ဆိုရင် အင်မော်တယ်ကမ္ဘာကို အကြောင်းမဲ့သက်သက် ရောက်လာစရာ အကြောင်း မရှိပါဘူး။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ဒီလိုဆို တော်သေးတယ်၊ ကြည့်ရတာ ငါ အတွေးလွန်သွားပုံပဲ... ဒါမှမဟုတ် ကောင်းကင်ဧကရာဇ်က အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ ရှိမနေဘဲ အမှောင်တားမြစ်နယ်မြေမှာ ရှိနေတာများလား...’
‘ထားလိုက်ပါတော့... နောက်ကွယ်မှာ လက်မည်း မရှိရင် ပြီးတာပဲ’
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး အန္တိမမူလမဟာတာအိုကို ဆက်သုံးသပ်ပါတယ်။
ဒီလိုနဲ့ ဥတုရာသီ အလီလီပြောင်းပြီး တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အပြင်ဘက်မှာလည်း ကောင်းကင်မိစ္ဆာတွေဟာ ပိုပိုတိုးလာပါတယ်။ နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာရှိတဲ့ ကောင်းကင်မိစ္ဆာတွေဟာ တစ်သန်းကျော်သွားပါတယ်။
ဒီအချိန်မှာပဲ လီရွှမ်အောက်ဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။
“ဂိုဏ်းချုပ်... အပြင်မှာရှိတဲ့ ကောင်းကင်မိစ္ဆာတွေကြောင့် တပည့်တွေအကုန်လုံးနီးပါး အထိတ်တလန့် ဖြစ်ကုန်ပြီ၊ ကျွန်တော်တို့တွေ ဒီကောင်းကင်မိစ္ဆာတွေကို ရှင်းပစ်ဖို့ တစ်ခုခုစီစဉ်သင့်လား” လီရွှမ်အောက်ဟာ ဦးညွှတ်ပြီး တရိုတသေ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ကောင်းကင်မိစ္ဆာတွေ အသေင်္ချလာလည်း တာအိုစက်ကွင်းကို ထိုးဖောက်နိုင်မှာမှ မဟုတ်တာ၊ ဘာကြောက်စရာ ရှိလို့လဲ...”
လီရွှမ်အောက်ဟာ ပြောသင့်မပြောသင့် ချီတုံချတုံ ဖြစ်သွားပါတယ်။
“ဘာပြောချင်လို့လဲ... ပြောစရာရှိတာ ပြော...”
လီရွှမ်အောက်ဟာ နက်ရှိုင်းစွာ အသက်ရှူသွင်းပြီး ပြောလိုက်ပါတယ် “ဂိုဏ်းချုပ် တာအို မဟောကြားတာလည်း အတော်ကြာပြီ၊ ဒီကိစ္စက ကောင်းကင်မိစ္ဆာတွေနဲ့ ပတ်သက်နေတယ်မလား၊ ဟိုးနှစ်တွေတုန်းကလည်း တာအိုပညာရှိတွေ တာအိုဂိုဏ်းကို ပြန်ပေါင်းစည်းလိုက်တာက ကောင်းကင်မိစ္ဆာတွေနဲ့ ရင်ဆိုင်ဖို့မလား၊ ဒါပေမဲ့ ကောင်းကင်မိစ္ဆာတွေက ပိုပိုပေါ်လာပြီး တာအိုပညာရှိတွေက ဘာမှမလုပ်ဘူး၊ ကျွန်တော် ကြောက်မိတာက တာအိုပညာရှိတွေ...”
လီရွှမ်အောက် ဆက်မပြောတော့ပါဘူး။
“မင်းက ဘာကိုပြောဖို့ ကြိုးစားနေတာလဲ”
“ဒီအချိန်က တိတ်ဆိတ်ဂိုဏ်း ကိုယ့်ကိုကိုယ် သက်သေပြဖို့ အခွင့်ကောင်းပဲ၊ တိတ်ဆိတ်ဂိုဏ်းသာ ကောင်းကင်မိစ္ဆာတွေကို သတ်လိုက်မယ်ဆိုရင် သက်ရှိအားလုံးက ကျွန်တော်တို့ကို အကြွေးအများကြီး တင်သွားလိမ့်မယ်၊ ကျွန်တော့်အထင် ဂိုဏ်းချုပ်က အစွမ်းအထက်ဆုံး တာအိုပညာရှိ ဖြစ်လိမ့်မယ်၊ မဟုတ်ရင် အဲဒီတာအိုပညာရှိတွေက ဂိုဏ်းချုပ်ကို ပြဿနာလာရှာတာ ကြာပြီ၊ ကျွန်တော်တို့တွေ ဒီအခွင့်အရေးကို အသုံးချပြီး ကပ်ဘေးကို အဆုံးသတ်သင့်တယ်လို့ ထင်တယ်”
ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ လီရွှမ်အောက်ကို စိုက်ကြည့်လိုက်ပါတယ်။
လီရွှမ်အောက်ဟာ ရင်တထိတ်ထိတ်နဲ့ ခေါင်းငုံ့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ထိုင်ရာကနေ ဖြည်းညင်းစွာ ထလိုက်ပါတယ် “တာအိုနားထောင်ဖို့ ပြင်ဆင်ကြတော့...”
ဟန်ကျွယ်ရဲ့အသံဟာ တိတ်ဆိတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ပဲ့တင်ထပ်သွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့် တစ်သန်းကျော်ဟာ စိတ်လှုပ်ရှားသွားကြပြီး တာအိုဟောကြားရာနေရာကို စုဝေး ရောက်ရှိလာကြပါတယ်။
ပုံမှန်အတိုင်းပဲ ဟန်ကျွယ်ဟာ နှစ်တစ်ရာ တာအိုဟောကြားပါတယ်။ နှစ်တစ်ရာအတွင်းမှာ တပည့်အကုန်လုံးနီးပါး အဆင့်ထိုးဖောက်ကုန်ကြပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ တာအိုဟောကြားပြီးတာနဲ့ ထွက်သွားပေမဲ့ ဒီတစ်ခါမှာတော့ ဆက်ထိုင်နေပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်မှာထိုင်ပြီး တာအိုသုံးသပ်နားလည်နေတဲ့ တပည့်တစ်သန်းကျော်ကို ငုံ့ကြည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို လိုက်ကြည့်ပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းမှာ အလောင်းတွေ တောင်လိုပုံပြီး သွေးပင်လယ် ဖြစ်နေပါတယ်။ ကောင်းကင်မိစ္ဆာတွေဟာ အင်မော်တယ်ကမ္ဘာရဲ့ ဒေသအနှံ့အပြားကို ပျံ့နှံ့ပြီး သေမျိုးကမ္ဘာအသီးသီးကို စတင်ကျူးကျော်လာပါတယ်။
ကောင်းကင်တာအို သက်ရှိတွေဟာ မျိုးတုံးတော့မဲ့ အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ တာအိုပညာရှိတွေဟာ တာအိုကောင်းကင်မိစ္ဆာကို အနိုင်မယူနိုင်သလို ကောင်းကင်တာအိုရဲ့ သက်ရှိတွေကလည်း ကောင်းကင်မိစ္ဆာ ဘီလီယံကျော်ကို အနိုင်မယူနိုင်ပါဘူး။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။
အတော်အတန်ကြာတဲ့အခါမှာတော့...
“ထတော့”
ဟန်ကျွယ်ရဲ့ အသံကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်အားလုံး နိုးထလာပြီး ဟန်ကျွယ်ကို ကြည်ညိုလေးစားစွာ မော့ကြည့်လိုက်ကြပါတယ်။
အကုန်လုံး နိုးထသွားတဲ့အခါ ဟန်ကျွယ်က တစ်လုံးချင်း ပြောလိုက်ပါတယ် “ကောင်းကင်မိစ္ဆာကပ်ဘေးက ကောင်းကင်ဘုံ ၃၃ ကနေ စဖြစ်ခဲ့တာ၊ တာအိုပညာရှိတွေက အတူပူးပေါင်းပြီး သူတို့ရဲ့ ကံတရား အထောက်အပံ့တွေကို တာအိုပညာရှိချုံရှီလိုင်ဆီ လွှဲပြောင်းပေးခဲ့တယ်၊ အခုသူနဲ့ ကောင်းကင်မိစ္ဆာခေါင်းဆောင်က ပဋိပက္ခ အပြင်ဘက်မှာ တိုက်ခိုက်နေတာ အတော်ကြာပြီ၊ မင်းတို့တွေ ဒီကပ်ဘေးကို ဘယ်လိုတွေးကြလဲ...”
တပည့်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ အမည်ခံတပည့်တွေဟာ ပါးစပ်မဟရဲပါဘူး။ ကိုယ်ပိုင်တပည့်တွေကလည်း ချက်ချင်း အဖြေမပေးဘဲ စဉ်းစားနေကြပါတယ်။
ဒီအချိန်မှာ တပည့်တစ်ဦးဟာ ကောင်းကင်ပေါ်ပျံတက်ပြီး လေပေါ်မှာ ဒူးထောက်ကာ ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။
ချူရှီရန်။
“ဆရာဘိုးဘိုး... ကျွန်တော်တို့ တိတ်ဆိတ်ဂိုဏ်းက ဆက်ပြီးတော့ မပုန်းသင့်တော့ဘူး၊ လှုပ်ရှားဖို့ အချိန်တန်ပြီ၊ ပြီးခဲ့တဲ့ ကပ်ဘေးက ကောင်းကင်တာအိုရဲ့ အနန္တကပ်ဘေးဆိုတော့ ကျွန်တော်တို့ ရှောင်ရှားလို့ရတယ်၊ အခုကပ်ဘေးက ပဋိပက္ခအပြင်ဘက်ကနေ လာတာဆိုတော့ ကောင်းကင်မိစ္ဆာတွေသာ အောင်မြင်သွားရင် ကျွန်တော်တို့ ဘယ်သွားနေမလဲ” ချူရှီရန်ဟာ လက်သီးဆုပ်ပြီး အလေးအနက် ပြောလိုက်ပါတယ်။
ချူရှီရန်က စလိုက်တာနဲ့ တခြားလူတွေလည်း နောက်ယောင်လိုက်ပါတော့တယ်။
“ဟုတ်ပါတယ်၊ ကောင်းကင်မိစ္ဆာတွေက ယုတ်မာရက်စက်တယ်၊ သူတို့တွေ သက်ရှိတွေကို တစ်စစီ ဆုတ်ဖြဲနေတာကို ကျွန်တော်မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့ရပါတယ်၊ သူတို့ကို ရှင်းပစ်သင့်ပါတယ်”
“ကောင်းကင်မိစ္ဆာတွေက တစ်ချက်ကြည့်ရုံနဲ့ မိစ္ဆာမှန်း သိသာပါတယ်၊ ကျွန်တော်တို့တွေ သူတို့အကုန်လုံးကို ရှင်းပစ်ရပါမယ်”
“အင်မော်တယ်ကမ္ဘာပျက်စီးပြီး ကောင်းကင်တာအို မရှိတော့ရင်လည်း ကျွန်တော်တို့ တိတ်ဆိတ်ဂိုဏ်းက ကောင်းကင်မိစ္ဆာတွေကို ရင်ဆိုင်ရအုန်းမှာပဲ မဟုတ်ဘူးလား”
“ဟုတ်တယ်၊ ကျွန်တော်တို့ ကျင့်ကြံမှုရဲ့ ပန်းတိုင်က ရှင်သန်ဖို့ မဟုတ်လား၊ အင်မော်တယ်ကမ္ဘာသာ ပျက်စီးသွားရင် ကျွန်တော်တို့ ဘယ်သွားနေမလဲ”
“စီနီယာချူပြောတာ မှန်ပါတယ်၊ ကျွန်တော်တို့တွေ ကောင်းကင်မိစ္ဆာတွေကို ဖျက်ဆီးသင့်တယ်”
“ဟုတ်ပါတယ်၊ ကျွန်တော်လည်း ထောက်ခံပါတယ်”
တပည့်တွေရဲ့ အသံကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို အဆင့်ထိုးဖောက်ပြီးမှ သတ်ချင်တာပါ။ အခုက အဆင့်တက်ဖို့ နည်းနည်းလိုနေပါသေးတယ်။ ဒါပေမဲ့ ဟန်ကျွယ် ထပ်စောင့်နေရင်လည်း အင်မော်တယ်ကမ္ဘာတစ်ခုလုံး မျိုးတုံးခံရတော့မှာပါ။
ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ် မတ်တတ်ရပ်လိုက်တာကို တွေ့လိုက်ရတဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ချက်ချင်း ပါးစပ်ပိတ်သွားပြီး အသံမထွက်ရဲတော့ပါဘူး။
ဟန်ကျွယ်ဟာ ညာလက်ကို အသာမြှောက်ကို လက်ညိုးကို ကောင်းကင်ဆီ ချိန်ရွယ်လိုက်ပါတယ်။ ဟန်ကျွယ်နောက်က နေလ ယင်ယန် အကာအကွယ်ဟာ လျင်မြန်စွာ လည်ပတ်လာပြီး တောက်ပတဲ့ အလင်းရောင်ကို ထုတ်လွှတ်တဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တစ်ခုလုံး လင်းထိန် တောက်ပသွားပါတယ်။
“လောကမှာရှိတဲ့ အရာအားလုံးက ငါ့ဓားပဲ”
ဟန်ကျွယ်ရဲ့ အသံဟာ ပဲ့တင်ထပ်သွားပါတယ်။ ဒီတစ်ခါမှာ ဟန်ကျွယ်အသံက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တစ်ခုတည်းမဟုတ်ဘဲ အနန္တကမ္ဘာမှာရှိတဲ့ ကမ္ဘာအားလုံးဆီကို ပျံ့နှံ့သွားတာပါ။
တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ အသက်ရှူတာရပ်ပြီး ဟန်ကျွယ်ကို မျက်တောင်မခတ် စိုက်ကြည့်နေကြပါတယ်။
ချက်ချင်းဆိုသလိုပဲ လောကတစ်ခုလုံးပဲ တုန်လှုပ်သွားပါတယ်။
တိမ်ပင်လယ်ဟာ အဖြူရောင်ဓားအသွင် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားပါတယ်။ မြေကြီးပေါ်မှာရှိတဲ့ တောင်တွေပေါ်မှာလည်း စူးရှထက်မြက်တဲ့ ကျောက်တုံးဓားတွေ ပေါ်လာပါတယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ ကြောက်လန့်ကုန်ပြီး ကောင်းကင်မိစ္ဆာ ဘီလီယံချီဟာလည်း တုန်လှုပ် ချောက်ချားကုန်ပါတယ်။
ဒီလိုမြင်ကွင်းမျိုးက အင်မော်တယ်ကမ္ဘာနဲ့ သေမျိုးကမ္ဘာရဲ့ နေရာတိုင်းမှာ ပေါ်လာတာပါ။
တောင်တစ်လုံးက ဓားအသွင် ပြောင်းလဲသွားပါတယ်။
သွေးပင်လယ်ကလည်း ဓားအသွင် ပြောင်းလဲသွားပါတယ်။
သစ်ပင်တွေကလည်း ဓားတွေ ဖြစ်သွားပါတယ်။
ပန်းတွေကလည်း ဓားတွေ ဖြစ်သွားပါတယ်။
ဖုန်မှုန့်တွေကလည်း ဓားတွေ ဖြစ်သွားပါတယ်။
ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေဟာလည်း ဓားတွေ ဖြစ်ကုန်ပါတယ်။
မြေကြီးကလွဲရင် ခံစားချက်မရှိတဲ့ အရာမှန်သမျှ ဓားတွေ ဖြစ်ကုန်ပါတယ်။ ဒီမြင်ကွင်းက သက်ရှိအားလုံးကို ဆွံအသွားစေပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာလည်း တာအိုစက်ကွင်း အပြင်က အခြေအနေကိုကြည့်ပြီး ပါးစပ်တွေ ဟသွားကာ မှင်သက်အံဩကုန်ပါတယ်။
သူတို့တွေ အကုန်လုံးဟာ ဟန်ကျွယ်ရဲ့ အသံကို ကြားတဲ့အတွက် လောကကြီးရဲ့ ပြောင်းလဲမှုက သူတို့ဂိုဏ်းချုပ်ရဲ့ စွမ်းအားမှန်း သိလိုက်ပါတယ်။ တာအိုအရှင်သခင်၊ လီယောင်၊ ကျောက်ရွှမ်ယွမ်၊ ကျိုးဖန်တဲ့ တခြားလူတွေ အားလုံးဟာလည်း စိတ်လှုပ်ရှားသွားကြပါတယ်။
‘ဂိုဏ်းချုပ်က ကောင်းကင်မိစ္ဆာတွေကို ရှင်းလင်းပစ်တော့မယ်’
‘တော်တော် ဗိုလ်ကျတဲ့ ဆန်းကြယ်စွမ်းအားပဲ’
ဆံပင်တွေ ဖွာလန်ကြဲနေတဲ့ ဟန်ထော်နဲ့ သွေးချင်းချင်း နီနေတဲ့ ဟန်မင်ဟာ သူတို့ပတ်လည်က ဓားကြီးတွေကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်။ သူတို့တွေဟာ တောင်တွေထဲမှာ ပုန်းအောင်းနေတာ ဖြစ်ပေမဲ့ သူတို့ဘေးနားက တောင်တွေ သစ်ပင်တွေ အကုန်လုံး ဓားတွေ ဖြစ်ကုန်ပါတယ်။
ဟန်ထော်ဟာ ဘာဖြစ်နေတယ် ဆိုတာကို နားမလည်နိုင်ပါဘူး။ ဟန်ထော်ဟာ ဟန်ကျွယ်ရဲ့ အသံကို ရင်းနှီးတယ်လို့ ခံစားမိရပေမဲ့ ဘာလို့ ဒီလိုခံစားရလဲဆိုတာ မပြောပြတက်ပါဘူး။
ဟန်ကျွယ်က တာအိုပညာရှိအသံကို အသုံးပြုလိုက်တဲ့အတွက် ဟန်ကျွယ်ရဲ့အသံဟာ အသံဟိတ်ပါပြီး ဗိုလ်ကျစိုးမိုးလှပါတယ်။ ဒါ့အပြင် ဟန်ထော်ဟာ သူ့အဖေနဲ့ မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ ဒီနှစ်တွေမှာ မရေမတွက်နိုင်နဲ့ သက်ရှိတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာမို့ သူ့အဖေရဲ့ အသံကို မမှတ်မိနိုင်တော့ပါဘူး။ တကယ်လို့ မှတ်မိတယ်ဆိုရင်တောင် ဟန်ကျွယ်ရဲ့ တာအိုပညာရှိအသံက ရိုးရိုးလေသံနဲ့ လုံးဝ မတူပါဘူး။
တစ်ခြားတစ်ဖက်မှာတော့ ဟန်မင်ဟာ ဒီအသံပိုင်ရှင်က ဟန်ကျွယ်မှန်း အတပ်သိလိုက်ပါတယ် ‘သူ တိုက်ခိုက်ပြီ... သူက တကယ်ပဲ...’ ဟန်မင်ရဲ့ မျက်နှာဟာ ရှုပ်ထွေးသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားပါတယ်။
သူတို့အရဲ့ အကြည့်အောက်မှာ ဓားတွေအကုန်လုံးဟာ ကောင်းကင်ပေါ်ပျံတက်ပြီး အရပ်ဆယ်မျက်နှာမှာရှိတဲ့ ကောင်းကင်မိစ္ဆာတွေကို တိုက်ခိုက်ပါတော့တယ်။ ကောင်းကင်မိစ္ဆာတွေဟာ လောကကြီးရဲ့ အရာအားလုံးကနေ အသွင်ပြောင်းထားတဲ့ ဓားတွေရဲ့ တိုက်ခိုက်မှုကြောင့် တစ်ကောင်ပြီး တစ်ကောင် သေဆုံးကုန်ပါတယ်။ ဒီအတွက် ကောင်းကင်မိစ္ဆာတွေဟာ ဓားတွေလက်ကနေ လွတ်အောက် ထွက်ပြေးပါတော့တယ်။
ကောင်းကင်မိစ္ဆာတွေဟာ ဒီမရေမတွက်နိုင်တဲ့ ဓားတွေရဲ့ တိုက်ခိုက်မှုအောက်မှာ တစ်ခါတည်း အမှုန့်ဖြစ်သွားတဲ့အတွက် သူတို့ခန္ဓာကိုယ်ကို ပြန်ကုသဖို့ အချိန်တောင် မရလိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို စကြဝဠာရဲ့ အနန္တကမ္ဘာမှာရှိနေတဲ့ မရေမတွက်နိုင်တဲ့ ဓားတွေဟာ လျင်မြန်စွာ ပျံသန်းပြီး တိုက်ခိုက်တာကြောင့် ကောင်းကင်ပြင်တစ်ခုလုံး ကောင်းကင်မိစ္ဆာတွေရဲ့ သွေးလွှမ်းသွားပါတယ်။
ဘာမှမရှိတဲ့ မြေကြီးပေါ်က သက်ရှိအားလုံးဟာလည်း ကောင်းကင်ပေါ်က အံဖွယ်ဖြစ်ရပ်ကို ကြည့်ပြီး ကပ်ဘေးကို ရှင်သန်နိုင်ခဲ့တာကြောင့် ကြောက်လန့်မှု၊ တုန်လှုပ်မှု၊ အံအားသင့်မှု၊ ဝမ်းနည်းမှု စတဲ့ ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာကြပါတယ်။
တဖြည်းဖြည်းနဲ့ သက်ရှိတွေဟာ ဒူးထောက်ပြီး ကောင်းကင်ကို ရှိခိုးလာကြပါတယ်။ တချို့ကလည်း ဆွဲဆွဲငင်ငင် အော်ဟစ်ငိုကြွေးကြပါတယ်။
နောက်ဆုံးတော့ လောကကြီးကို ကယ်တင်ဖို့ ကယ်တင်ရှင် ရောက်လာခဲ့ပြီ မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။