← Chapters

ကောင်းကင်မိစ္ဆာများအား အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်း ရှင်းပစ်ခြင်း

Vol. 50 Ch. 541

ကောင်းကင်မိစ္ဆာများအား အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်း ရှင်းပစ်ခြင်း

Vol. 50 Ch. 541

လီတောက်ခုံးဟာ ကောင်းကင်ပေါ် မြင့်မြင့်ပျံပြီး ကောင်းကင်မိစ္ဆာတွေကို လိုက်သတ်နေတဲ့ အရပ်ဆယ်မျက်နှာက မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေကို ကြည့်လိုက်ပါတယ်။ ဒီမြင်ကွင်းက တကယ်ကို ခမ်းနားထည်ဝါလွန်းပါတယ်။

လီတောက်ခုံးဟာ စိတ်လှုပ်ရှားသွားပါတယ် “ဒီလိုဆိုတော့လည်း အသက်တစ်သောင်းဓားက အတော်စွမ်းတာပဲ... ဒီဆန်းကြယ်စွမ်းအားက ဓားတာအို ဆန်းကြယ်စွမ်းအားတွေထဲမှာ ကျိန်းသေပေါက် အစွမ်းအထက်ဆုံး ဖြစ်ရမယ်၊ ငါ သေချာမလေ့ကျင့်လို့ သူ့အစွမ်းကို မမြင်မိတာပဲ” လီတောက်ခုံးဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

လီတောက်ခုံးတင် မဟုတ်ပါဘူး။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံး အသက်တစ်သောင်းဓားရဲ့ စွမ်းအားကို အံအားသင့်သွားကြပါတယ်။

ကမ်းမမြင်နိုင်တဲ့ ပင်လယ်ထဲက ကျွန်းတစ်ခုမှာ ဟွမ်ဇွမ်တျန်ဟာ ခေါင်းမိုးပေါ်ရပ်ပြီး ကောင်းကင်မှာ ပြည့်နှက်နေတဲ့ ဓားအရိပ်တွေကို စိတ်လှုပ်ရှားစွာ ကြည့်နေပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ အသံကို မှတ်မိပါတယ်။

“ဒီဆန်းကြယ်စွမ်းအားက ကျိန်းသေပေါက် တာအိုပညာရှိဆီကနေ လာတာပဲ” ဟွမ်ဇွမ်တျန်ဟာ လူရွေးမှန်သွားတဲ့အတွက် အတော်လေး စိတ်လှုပ်ရှားသွားပါတယ် ‘တော်သေးတယ်... ငါ သူ့ကို သစ္စာမဖောက်မိလို့... မဟုတ်ရင် ငါ့ဘဝက မတွေးဝံ့စရာပဲ...’

လောကကြီးတစ်ခုလုံး အသက်ရှူကြိမ် ဆယ်ကြိမ် မပြည့်ခင်မှာပဲ တိတ်ဆိတ်သွားပါတယ်။ အနန္တကမ္ဘာမှာရှိတဲ့ ကောင်းကင်မိစ္ဆာတွေဟာ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အလုံးစုံ ပျက်စီးသွားပါတယ်။

အဲဒီနောက် တောင်တွေဟာ တောင်တွေ ပြန်ဖြစ်သွားပြီး တိမ်တိုက်တွေကလည်း တိမ်တိုက်တွေ ပြန်ဖြစ်သွားပါတယ်။ ဓားအသွင်ပြောင်းထားတဲ့ အရာအားလုံးဟာ သူတို့ရဲ့ မူလပုံစံကို ပြန်ပြောင်းသွားပါတယ်။

တာအိုပညာရှိရဲ့ စွမ်းအားကို တကယ်ကို အံမခန်းပါပဲ။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ဟန်ကျွယ်ဟာ သူ့လက်ကို အသာပြန်သိမ်းလိုက်ပါတယ်။ ပုံမှန်အခြေအနေမှာ တာအိုပညာရှိရဲ့ စွမ်းအားကို ကောင်းကင်တာအို နယ်ပယ်ထဲမှာ တင်းပြည့်ကျပ်ပြည့် အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကောင်းကင်တာအိုက တာအိုပညာရှိရဲ့ စွမ်းအားကို အပြင်းအထန် ငြင်းဆန်မှာပါ။

ဒါပေမဲ့ အခုအချိန်မှာ ကောင်းကင်တာအိုက ကောင်းကင်မိစ္ဆာတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကံတရား အထောက်အပံ့ အားနည်းနေပါတယ်။ ဒါ့အပြင် သူ့ကို ဒုက္ခပေးနေတဲ့ ကောင်းကင်မိစ္ဆာတွေကို ကူရှင်းပေးတာ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုက ဟန်ကျွယ်ရဲ့ တာအိုပညာရှိ စွမ်းအားကို မဆန့်ကျင်တာပါ။

ကောင်းကင်မိစ္ဆာတွေကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်လိုက်လို့ ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားခြင်း မရှိပါဘူး။ ပြောရမယ်ဆိုရင် ဒီကောင်းကင်မိစ္ဆာတွေက ဟန်ကျွယ်စိတ်ထဲမှာ ပုရွက်ဆိတ်သာသာပဲ ရှိပါတယ်။ ဒါ့အပြင် တကယ့်ရန်သူက ကောင်းကင်ဘုံ ၃၃ အပြင်ဘက်မှာ ရှိနေသေးတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တစ်သန်းကို ငုံ့ကြည့်လိုက်ပါတယ်။ တပည့်တိုင်းဟာ လေးစားအားကျတဲ့ မျက်နှာထားတွေချည်းပါပဲ။

“အနန္တကမ္ဘာမှာရှိတဲ့ ကောင်းကင်မိစ္ဆာတွေကို ရှင်းပစ်ပြီးပြီ၊ ဒါက မင်းတို့ လိုချင်တာမလား” ဟန်ကျွယ်ရဲ့ မေးခွန်းဟာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို အံအားသင့်သွားစေပါတယ်။

ဘယ်သူမှ ဟန်ကျွယ်ရဲ့ မေးခွန်းကို ပြန်မဖြေကြပါဘူး။ ဂိုဏ်းချုပ်က သူတို့ကို သင်ခန်းစာပေးတော့မယ်ဆိုတာ တိတ်ဆိတ်ဂိုဏ်းတပည့်တိုင်း သဘောပေါက်ကြပါတယ်။

“ကောင်းကင်တာအိုရဲ့ ကပ်ဘေးတွေက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး၊ ဒီနေ့ ကောင်းကင်မိစ္ဆာတွေက ကောင်းကင်တာအိုကို ဒုက္ခပေးသလို အနာဂတ်မှာလည်း ဒီထက်စွမ်းအားကြီးမားတဲ့ အရာတွေက ကောင်းကင်တာအိုကို ဆက်ပြီးတော့ ဒုက္ခပေးအုန်းမှာပဲ၊ မင်းတို့တွေသာ ကောင်းကင်တာအိုကို တကယ် ကာကွယ်ချင်တယ်ဆိုရင် ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ရမယ်၊ ငါတို့တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တစ်သန်းသာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူဆိုရင် ကောင်းကင်တာအိုကို ကျူးကျော်လာတဲ့ ဘယ်ရန်သူကိုမဆို အလွယ်လေး ဖြေရှင်းနိုင်မှာပဲ”

ဟန်ကျွယ်ရဲ့ စကားသံဟာ တပည့်တစ်သန်းရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ တပည့်အားလုံး အရှက်ရသွားပါတယ်။ သူတို့တွေဟာ ကောင်းကင်တာအို ပြီးဆုံးတော့မယ်လို့ ခံစားခဲ့ရပေမဲ့ တစ်ခဏအတွင်းမှာပဲ ဒီကပ်ဘေးက အစွမ်းအထက်ဆုံးပုဂ္ဂိုလ်တွေရဲ့ မျက်လုံးထဲမှာ ကလေးကစားစရာအဆင့်ပဲ ရှိတယ်ဆိုတာကို နားလည်လိုက်ပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “လူစုခွဲပြီး ကိုယ့်နေရာကိုယ်ပြန် ကျင့်ကြံအားထုတ်ကြတော့၊ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ပြီးရင် တခြားမဟုတ်တာတွေ မတွေးကြနဲ့၊ မင်းတို့ကို ပြုစုပြိုးထောင်ထားတာ ကောင်းကင်တာအို မဟုတ်ဘူး၊ တိတ်ဆိတ်ဂိုဏ်းက ပြုစုပြိုးထောင်ထားတာ”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ နေရာကနေ ကွယ်ပျောက်ပြီး တာအိုဘုံကျောင်းကို ပြန်သွားပါတယ်။ ကမ္ဘာဖျက်ကြာနက်ပေါ်မှာထိုင်ရင်း ဟန်ကျွယ်ဟာ ရွေးချယ်မှုနှစ်ခုကို ပြန်ဖွင့်ကာ နံပါတစ်ကို ရွေးချယ်လိုက်ပါတယ်။

[ကောင်းကင်မိစ္ဆာများ မကုန်စင်သေး၍ ဆုမရနိုင်‌သေးပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဒီအတိုင်းဆို တာအိုကောင်းကင်မိစ္ဆာကို အရင်သတ်ရမဲ့ပုံပဲ’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ မေးလိုက်ပါတယ် “ငါ ချုံရှီလိုင်ကို ကူညီပြီး အစွမ်းကုန် တိုက်ခိုက်မယ်ဆိုရင် ငါ့အသက် အန္တရာယ်ရှိနိုင်လား”

[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[သေဖို့အခွင့်အရေး တစ်ရာခိုင်နှုန်း ရှိသည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့ သေဖို့အခွင့်အရေး ၁ ရာခိုင်နှုန်း ရှိနေရတာလဲ”

[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အမှောင်ထုထဲ၌ တာအိုကောင်းကင်မိစ္ဆာ၏ ဓမ္မရုပ်တုတစ်ပါး ရှိနေ၏။ ထိုဓမ္မရုပ်တု၏ အစွမ်းသည် အဓိကခန္ဓာကိုယ်၏ စွမ်းအားနှင့် ယှဉ်နိုင်သည်။]

ဒီတော့မှ ဟန်ကျွယ်ဟာ သဘောပေါက်သွားပါတယ် ‘တော်သေးတယ်၊ ငါ့မှာ စနစ်ရှိနေလို့ မဟုတ်ရင် တာအိုကောင်းကင်မိစ္ဆာရဲ့ ဓမ္မရုပ်တု အလစ်တိုက်တာကို ခံရမှာ’

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲကို ပြန်ဝင်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာ ငါးကောင်နဲ့ ရင်ဆိုင် တိုက်ခိုက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာဆီမှာ ဓမ္မရုပ်တု ဘယ်နှပါးရှိနေလဲ မသိတဲ့အတွက် တာအိုကောင်းကင်မိစ္ဆာ အရေအတွက်ကို များများလေး ထားလိုက်တာပါ။ ဒီတာအိုကောင်းကင်မိစ္ဆာ ငါးကောင်ကိုသာ အနိုင်ယူနိုင်မယ်ဆိုရင် ဟန်ကျွယ်ဟာ တခြားဓမ္မရုပ်တုတွေကိုလည်း ကြောက်စရာလိုမှာ မဟုတ်တော့ပါဘူး။

တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အသက်ရှူထုတ်လိုက်ပါတယ် ‘မဆိုးဘူး... ငါ သူတို့ကို သတ်နိုင်သားပဲ၊ ဒါပေမဲ့ အချိန်နည်းနည်း ယူရတယ်’

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ နတ်ဘီလူးဓမ္မရုပ်တု ၇၄ ပါးက အစွမ်းကိုယ်စီ ရှိတဲ့အတွက် သူတို့တွေ အညီအညွှတ် ပူးပေါင်းတိုက်ခိုက်တဲ့အခါ အတော်လေးကို အရာရောက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာ ငါးကောင်ကို အမြန်ဆုံးနိုင်သတ်နိုင်တဲ့ နည်းလမ်းကို ဆက်ပြီးတော့ ရှာဖွေပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က ခန်းမတစ်ခုမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။

တောင်ဘက်စွန်း ‌ကောင်းကင်အရှင်ဟာ သရဲသဘက်လို မျက်နှာနဲ့ ပြောလိုက်ပါတယ် “မင်းတို့တွေ မြင်တယ်မလား၊ ဒီကောင်လေးက ငါတို့ထက် အစွမ်းထက်တာတောင် တာအိုကောင်းကင်မိစ္ဆာကို တိုက်ခိုက်ဖို့ ငြင်းသေးတယ်”

ဖူရှီက ပြောလိုက်ပါတယ် “သူ့မှာ တာအိုကောင်းကင်မိစ္ဆာကို တိုက်ခိုက်ဖို့ ဘာအကြောင်းမှ မရှိဘူး၊ သူက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို ယူပြီး တာအိုကို ရယူခဲ့တာ မဟုတ်ဘူး၊ နောက်ပြီး သူ့မှာရှိတဲ့ ကောင်းကင်တာအို ကုသိုလ်ကံက အရမ်းနည်းတယ်”

ဧကရာဇ်ရှောင်ဟာ မျက်တောင်ခတ်လိုက်ပါတယ် “သူက တာအိုအရယူဖို့ ကျို့ယိုငရဲထဲက အကုသိုလ်ကံကို စုပ်ယူခဲ့တာ ဖြစ်မယ်၊ သူ့ရဲ့ တာအိုပညာရှိ စွမ်းအားက အတော်လေး ဖျက်ဆီးနိုင်စွမ်း မြင့်တယ်၊ ကောင်းကင်မိစ္ဆာတွေကိုတောင် တစ်ချက်တည်း အပြတ်ရှင်းနိုင်တယ်၊ ငါတို့တွေ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို မစွန့်လွှတ်ဘူးဆိုရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ မျက်နှာဟာ အတော်လေးကို ဆိုးရွားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောက်ရမဲ့လူက ချုံရှီလိုင်အပြင် နောက်ထပ် ဟန်ကျွယ်ပါ ထပ်တိုးလာလို့ပါ။

“နောက်ပြီး ဟန်ကျွယ်ရဲ့ စွမ်းအားကကို ထောက်ဆခြင်းအားဖြင့် သူက အမှောင်သခင်ကြီး မဟုတ်တာ ထင်ရှားတယ်၊ သူ့စွမ်းအားနဲ့ ငါတို့တွေကို နောက်ကွယ်ကနေပုန်းပြီး ကျိန်စာတိုက်စရာမှ မလိုတာ” ဧကရာဇ်ရှောငာ်ဟာ တခြားတာအိုပညာရှိသုံးပါးကို ကြည့်ပြီး ပြောလိုက်ပါတယ်။

တောင်ဘက်စွန်း ‌ကောင်းကင်အရှင်ဟာ ဒေါသထွက်သွားပေမဲ့ ဧကရာဇ်ရှောင်ရဲ့စကားကို မငြင်းဆန်နိုင်ပါဘူး။

ဧကရာဇ်ရှောင်ရဲ့ စကားက ယုတ္တိရှိပါတယ်။ သူတို့မှသာ ဟန်ကျွယ်လိုမျိုး စွမ်းအားရှိရင် သူတို့မကြိုက်တဲ့လူကို အမှောင်ထဲကနေပုန်းပြီး ကျိန်စာတိုက်နေမှာ မဟုတ်ပါဘူး။

အရင်တစ်ခေါက်တုန်းက ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီကတည်းက ဟန်ကျွယ်ဟာ သူတို့ကို တိုက်ခိုက်ဖို့ အကြောင်းပြချက် ရှိသွားပါပြီ။ ဟန်ကျွယ်သာ အမှောင်သခင်ကြီး မဟုတ်ဘူးဆိုရင် ဘယ်သူက အမှောင်သခင်ကြီးလဲ ဆိုတဲ့ အတွေးက တာအိုပညာရှိတွေရဲ့ နှလုံးသားကို ရိုက်ခတ်သွားပါတယ်။

ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “ဒီအချိန်ကျမှ လီမုယဲ့ ထွက်သွားတာ တကယ်ကို ထူးဆန်းတယ်၊ တရှီကျဲ့ကမ္ဘာကို တိုက်ခိုက်တာက ကောင်းကင်မိစ္ဆာတွေလည်း မဟုတ်ဘူး”

ဖူရှီဟာ မျက်မှောင်ကြုတ်သွားပါတယ် “လီမုယဲ့က သရုပ်ဆောင်နေတာလို့ ဆိုလိုချင်တာလား”

“ဟုတ်တယ်၊ ဒီတိုက်ပွဲပြီးရင် ငါတို့က ကောင်းကင်တာအိုပညာရှိလို့ ယူဆလို့ မရတော့ဘူး၊ ချုံရှီလိုင်နဲ့ တာအိုကောင်းကင်မိစ္ဆာကလည်း နှစ်ယောက်စလုံး ဒဏ်ရာရသွားဖို့ များတယ်၊ ဒီလိုအခြေအနေမျိုးမှာ လီမုယဲ့သာ ပြန်လာတာနဲ့ သူ့ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ နောက်ပြီး အခုအချိန်အထိ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို မခံရသေးတာက လီမုယဲ့တစ်ယောက်ပဲ ရှိတယ်”

ဧကရာဇ်ရှောင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တဲ့အတွက် သူဘာတွေးနေတယ်ဆိုတာကို ခန့်မှန်းဖို့ ခက်ပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်လည်း တိတ်ဆိတ်သွားပါတယ်။ ကိစ္စတွေကလည်း တိုက်ဆိုင်လွန်းနေတယ် မဟုတ်ပါလား။

ဒီအချိန်မှာပဲ...

ကြောက်မက်ဖွယ် အသံတစ်သံဟာ ခန်းမအပြင်ဘက်ကနေ ထွက်ပေါ်လာပါတယ်။ ပဋိပက္ခမှာ တွင်းတစ်တွင်း ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပါတယ်။ ဒီရွှေရောင် အလင်းတန်း ပိုင်ရှင်ကတော့ ချုံရှီလိုင်ပဲ ဖြစ်ပါတယ်။

ဒီအချိန်မှာ ချုံရှီလိုင်ရဲ့ အခြေအနေဟာ တော်တော်လေး သနားစရာ ကောင်းနေပါတယ်။ ချုံရှီလိုင်ရဲ့ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်က အက်ကြောင်းတွေ ထပ်နေပြီး အချိန်မရွေး ကွဲကြေသွားမဲ့ သဘောရှိနေပါတယ်။

“တာအိုရောင်းရင်းတို့ ငါ့ကို ကယ်အုန်း” ချုံရှီလိုင်က အလောတကြီး အော်ဟစ်လိုက်ပါတယ်။ ချုံရှီလိုင်ရဲ့ အော်ဟစ်သံကြောင့် ကောင်းကင်တာအိုပညာရှိ လေးပါးဟာ ချက်ချင်းလှုပ်ရှားပြီး ချုံရှီလိုင်ရှေ့ကနေ ကာလိုက်ပါတယ်။

တွင်းနက်က ချောက်နက်ကြီးလို အလွန်တရာ ကြီးမားကျယ်ပြန်လှပါတယ်။ သွေးလိုနီရဲနေတဲ့ မျက်လုံးတစ်စုံဟာ တွင်းနက်ထဲမှာ ပေါ်လာပါတယ်။ ဒီမျက်လုံးတစ်စုံက ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ရှိနေတဲ့ ဘယ်တာအိုပညာရှိ နန်းတော်ထက်မဆို ကြီးမားပါတယ်။

တာအိုကောင်းကင်မိစ္ဆာ။

“ဘာလဲ... မင်းဆီမှာ အကူ လေးယောက်ပဲ ရှိတာလား” အေးစက်တဲ့ သရော်သံ ထွက်ပေါ်လာပါတယ်။

ဒီအသံကြောင့် တာအိုပညာရှိလေးပါးဟာ ဒေါသထွက်သွားပြီး သူတို့ရဲ့ ဓမ္မရတနာတွေကို ထုတ်ယူလိုက်ပါတယ်။ သူတို့တွေဟာ ကောင်းကင်တာအိုပညာရှိ ဖြစ်တဲ့အတွက် ဟန်ကျွယ်လိုမျိုး နောက်ဆုတ်လို့မရပါဘူး။ ဒါကြောင့် သူတို့မှာ ရင်ဆိုင် တိုက်ခိုက်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး။

တာအိုကောင်းကင်မိစ္ဆာသာ ကောင်းကင်ဘုံ ၃၃ ဘုံကို ထိုးဖောက်ပြီး ကောင်းကင်တာအိုကို ဝါးမြိုတာနဲ့ သူတို့တွေလည်း အဆုံးသတ်သွားမှာပါ။

ချုံရှီလိုင်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “အထဲမှာ ကောင်းကင်မိစ္ဆာတွေ အများကြီးပဲ၊ အရင်က ကောင်းကင်မိစ္ဆာတွေထက် အများကြီး ပိုများတယ်၊ နောက်ပြီး သူတို့ရဲ့ ကျင့်ကြံမှုက အရင် ကောင်းကင်မိစ္ဆာတွေထက် ပိုစွမ်းတယ်”

ချုံရှီလိုင်ရဲ့ မျက်လုံးထဲမှာ တုန်လှုပ်ချောက်ချားမှုတွေ ယှက်သမ်းသွားပါတယ်။ ချုံရှီလိုင်ဟာ ဒီချောက်ချားမှုကို အတက်နိုင်ဆုံး ဖုံးကွယ်ဖို့ ကြိုးစားပါတယ်။ အခုလိုအချိန်မှာ ကြောက်နေလို့ မရပါဘူး။ ကြောက်လန့်ပြီး အရှုံးပေးလိုက်တာနဲ့ ကောင်းကင်တာအိုက လုံးဝကို အဆုံးသတ်သွားနိုင်ချေ ရှိပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters