← Chapters

တာအိုပညာရှိများ၏ မျှော်လင့်ချက် ကင်းမဲ့မှု၊ နတ်ဘီလူးများ ချုံခိုတိုက်ခိုက်ခြင်း

Vol. 50 Ch. 542

တာအိုပညာရှိများ၏ မျှော်လင့်ချက် ကင်းမဲ့မှု၊ နတ်ဘီလူးများ ချုံခိုတိုက်ခိုက်ခြင်း

Vol. 50 Ch. 542

တွင်းနက်ထဲက တာအိုကောင်းကင်မိစ္ဆာရဲ့ မျက်လုံးဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကြီးမားတဲ့ လက်သည်းတစ်စုံ ထွက်ပေါ်လာကာ တွင်းနက်ရဲ့ နှုတ်ခမ်းနှစ်ဖက်ကို ဆွဲဖြဲပါတော့တယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဖူရှီနဲ့ ဧကရာဇ်ရှောင်တို့ဟာ အလွန်တရာမှ ရင်ထိတ်သွားကြပါတယ်။ ချုံရှီလိုင်ရဲ့ သနားစရာကောင်းတဲ့ အခြေအနေက သူတို့ကို အတော်လေး ဖိအာပေးနေပါတယ်။

တာအိုပညာရှိလေးပါးဟာ တစ်ဘောက်ပြီး တစ်ယောက် တိုက်ခိုက်လိုက်ပါတယ်။ ကျယ်ပြောလှတဲ့ ဓမ္မစွမ်းအားဟာ မုန်တိုင်းလေးခုလို အသွင်ပြောင်းလဲပြီး တွင်းနက်ကြီးနဲ့ ဝင်တိုက်ပေမဲ့ တွင်းနက်ကြီးကို ဘာအထိအခိုက်မှ မဖြစ်စေပါဘူး။

တာအိုကောင်းကင်မိစ္ဆာဟာ တွင်းနက်ကို ဆုတ်ဖြဲတဲ့အတွက် တွင်းနက်ဟာ လျင်မြန်စွာ ကျယ်ပြန့်လာပါတယ်။ တာအိုကောင်းကင်မိစ္ဆာရဲ့ ခေါင်းဟာ တွင်းနက်ထဲကနေ လောဘကြီးစွာ တိုးထွက်လာပြီး ရှည်လျားလှတဲ့ လျှာနဲ့ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာရှိတဲ့ ပဋိပက္ခချီကို စုပ်ယူလိုက်ပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ သူ့ဓားနဲ့ အသားကုန် ခုတ်ချလိုက်ပါတယ်။ အလွန်တရာ တောက်ပတဲ့ ဓားချီဟာ တာအိုကောင်းကင်မိစ္ဆာနဲ့ ဝင်တိုက်လုနီး ဖြစ်သွားပါတယ်။ ဒါပေမဲ့ တာအိုကောင်းကင်မိစ္ဆာဟာ အသက်ပြင်းပြင်းရှူသွင်းပြီး ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ ဓားချီကို ဗိုက်ထဲ မြိုချလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ တာအိုကောင်းကင်မိစ္ဆာဟာ ရူးသွပ်သွားပြီး ကြောက်မက်ဖွယ် အော်ဟစ်သံဟာ ကောင်းကင်ဘုံ ၃၃ ဘုံကို ပဲ့တင်ထပ်သွားပါတယ်။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံး ဒီသံကို မသဲမကွဲ ကြားလိုက်ရပါတယ်။

တာအိုဘုံကျောင်းထဲမှာရှိတဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။ တာအိုကောင်းကင်မိစ္ဆာက ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ဝင်ရောက်ပြီး တာအိုပညာရှိတွေနဲ့ တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။ တာအိုပညာရှိတွေဟာ ဘယ်လိုမှ တာအိုကောင်းကင်မိစ္ဆာကို မယှဉ်နိုင်ဘဲ လုံးဝဖိနှိပ်ခံနေရပါတယ်။ တွင်းနက်ထဲကနေလည်း ကောင်းကင်မိစ္ဆာတွေဟာ အတော်မသတ်နိုင်အောင် ထိုးထွက်လာပါတယ်။ ဒီတစ်ခါ ကောင်းကင်မိစ္ဆာတွေဟာ အရင် ကောင်းကင်မိစ္ဆာတွေထက် ပိုကြောက်ဖို့ကောင်းပြီး ပိုကြမ်းတမ်းပါတယ်။

‘လာပြန်ပြီလား...’

ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်သွားပေမဲ့ ချက်ချင်း မတိုက်ခိုက်ပါဘူး။ အခုအချိန်က အငှားဓားနဲ့ လူသတ်ဖို့ အခွင့်အရေးကောင်းပါ။

တာအိုပညာရှိတွေက သူ့ကို အမြဲတမ်း အကောက်ကြံနေတဲ့အတွက် ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို အမိအရ အသုံးချပြီး တာအိုပညာရှိတွေကို ဖိနှိပ်လိုက်တာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ သေသွားမှာကိုတော့ မလိုချင်ပါဘူး။ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သူ့ကို နှစ်လေးငါးသောင်းလောက် ဒုက္ခမပေးနိုင်ရင် တော်ပါပြီ။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဆက်တိုက်ခိုက်ရင်း နည်းဗျူဟာကို ရှာဖွေပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တိုက်ပွဲတစ်ခုပြီးတိုင်း နိုးထလာပြီး တာအိုပညာရှိတွေရဲ့ တိုက်ပွဲကို မော့ကြည့်ပါတယ်။

တာအိုပညာရှိတွေက တာအိုပညာရှိတွေပါပဲ။ မနိုင်ဘူးဆိုရင်တောင် အလွယ်တကူ မသေနိုင်ပါဘူး။ ဒါ့အပြင် သူတို့တွေ တိုက်ခိုက်နေတာက ကောင်းကင်တာအိုထဲမှာ ဖြစ်တဲ့အတွက် တာအိုပညာရှိတွေရဲ့ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် ကောင်းကင်တာအိုက သူတို့ကို ပြန်ရှင်သန်စေမှာပါ။

ဒီလိုနဲ့ သံသရာလည်ပြီး နှစ်ဝက် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲကနေ နိုးလာပါတယ်။ ဒီတစ်ကြိမ်မှတော့ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာ ငါးကောင်ကို သတ်ဖို့ အချိန်ငါးမိနစ်ပဲ ယူရပါတော့တယ်။ ဒါက ဟန်ကျွယ်ရဲ့ လက်ရှိ အကန့်အသတ်ပါ။

ဟန်ကျွယ်ဟာ ကောင်းကို မော့ကြည့်လိုက်တဲ့အခါ ဧကရီဟုတ်ထိုက တာအိုပညာရှိတွေကို သွားကူညီတာ တွေ့လိုက်ရပါတယ်။ တခြားတာအိုပညာရှိတွေဆိုရင် ဟန်ကျွယ်ဟာ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့အပြင် ပြန်လည်မွေးဖွားခြင်း စက်ဝန်းဟာ ဧကရီဟုတ်ထိုက မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုကို အသေမခံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်ပါတယ် ‘ငါ အခွင့်ကောင်းကိုချောင်းပြီး အလစ်တိုက်ရမယ်’

အသွင်တူလက်ရည်စမ်းပွဲထဲမှာက မျက်နှာချင်းဆိုင် တိုက်ခိုက်ရတာ ဖြစ်တဲ့အတွက် ချောင်းတိုက်ဖို့ အခွင့်အရေး မရှိပါဘူး။ တကယ်လို့ လက်တွေ့မှာ ချောင်းတိုက်လို့ အောင်မြင်ခဲ့မယ်ဆိုရင် ဟန်ကျွယ် တာအိုကောင်းကင်မိစ္ဆာကို သတ်နိုင်မဲ့အချိန်က ဒီထက် ပိုတိုတောင်းသွားမှာပါ။

အကြောဆန့်ပြီးတာနဲ့ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲကနေ ခုန်ထွက်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီကို သွားပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ယောင်ဖျောက်ပြီး အမှောင်ထုထဲမှာ ပုန်းလိုက်ပါတယ်။

တာအိုကောင်းကင်မိစ္ဆာကို တာအိုပညာရှိတွေကို ဝိုင်းတိုက်နေပြီး မရေမတွက်နိုင်တဲ့ ကောင်းကင်မိစ္ဆာတွေဟာ တိုက်ပွဲဧရိယာ အပြင်ဘက်မှာ ဝဲပျံနေပါတယ်။ ဒီကောင်းကင်မိစ္ဆာတွေဟာ တာအိုပညာရှိတွေကို မထိနိုင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုမိစ္ဆာတွေဟာ အစအန မကျန်အောင် ဖျက်ဆီးခံရတာတောင် ရှေ့ဆက်တက်တုန်းပါပဲ။

ဒီတိုက်ပွဲဟာ မိုင်ပေါင်းတစ်ဘီလီယံ ပတ်လည်လောက်ကို ဖုံးလွှမ်းထားပါတယ်။ ကောင်းကင်မိစ္ဆာတွေဟာ နေရာတကာမှာ ရှိနေတဲ့အတွက် ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို မနည်းရှာရပါတယ်။

ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာရဲ့နောက်ကို စက်ဝိုင်းပုံလှည့်ပြီး တိတ်တဆိတ် သွားပါတယ်။ ကောင်းကင်မိစ္ဆာတွေက တစ်စွန်းတစ်စ ကျန်ရင်တောင် အသက်ပြန်ရှင်နိုင်တဲ့အတွက် ဟန်ကျွယ်ဟာ ဟင်းလင်းပြန် နတ်ဘီလူးနဲ့ ဝါးမြိုနတ်ဘီလူးရဲ့ စွမ်းအားကိုသုံးပြီး တစ်ခါတည်း ဖျက်ဆီးဖို့ လိုအပ်ပါတယ်။

ဟင်းလင်းပြင်နတ်ဘီလူးက ကောင်းကင်မိစ္ဆာတွေကို ဟင်းလင်းပြင် ဖြစ်အောင် လုပ်နိုင်ပြီး ဝါးမြိုနတ်ဘီလူးက ကောင်းကင်မိစ္ဆာတွေက တိုက်ရိုက်ဝါးမြိုတဲ့အတွက် ကောင်းကင်မိစ္ဆာတွေကို တစ်ခါတည်း အပြတ်ရှင်းနိုင်ပါတယ်။

တာအိုကောင်းကင်မိစ္ဆာဟာ သာမန် ကောင်းကင်မိစ္ဆာတွေထက် စွမ်းအား ပိုကြီးပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဟင်းလင်းပြင် နတ်ဘီလူးနဲ့ ဝါးမြိုနတ်ဘီလူးရဲ့ စွမ်းအားကို ပေါင်းစပ်ရင်တောင် တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း မသတ်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို ဖိနှိပ်နိုင်တာနဲ့ တာအိုကောင်းကင်မိစ္ဆာကို အားကုန်ပြီး သေတဲ့အထိ ဖိနှိပ်နိုင်ပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ တာအိုကောင်းကင်မိစ္ဆာ လက်ချက်နဲ့ ထပ်သေသွားပါတယ်။ သူ့တာအိုပညာရှိ ဝိညာဉ်ဟာ ချက်ချင်းပဲ ထွက်ပြေးပါတယ်။ အဲဒီအချိန်မှာပဲ တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ တာအိုပညာရှိဝိညာဉ်ပေါ်ကို ကောင်းကင်ကနေ အလင်းတိုင်တစ်တိုင် ကျဆင်းလာပါတယ်။ ချက်ချင်းဆိုသလိုပဲ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ သူ့ခန္ဓာကိုယ်ကို ပြန်ရသွားပါတယ်။

တခြားတာအိုပညာရှိတွေဟာ ဆက်တိုက်ပါတယ်။ ချုံရှီလိုင်လည်း တိုက်တဲ့အထဲမှာ ပါတယ်။ ဧကရီဟုတ်ထိုကတော့ တာအိုပညာရှိတွေရဲ့ နောက်ကနေ မှော်တောင်ဝှေးကို ဝှေ့ယမ်းလိုက်တဲ့အခါ ခုနစ်ရောင်ခြယ် အလင်းတန်း ပြန်ကျဲ့သွားပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို တာအိုပညာရှိတွေဆီ လမ်းညွှန်ပေးပါတယ်။

‘ဒါက အကူလား...’ ဟန်ကျွယ်ဟာ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါမှာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်မိစ္ဆာအသွင် ပြောင်းလဲပြီး တာအိုကောင်းကင်မိစ္ဆာဆီ တိတ်တဆိတ် ချဉ်းကပ်ပါတယ်။

ဟန်ကျွယ်ဟာ တိတ်ဆိတ်နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုထားတာကြောင့် တခြားကောင်းကင်မိစ္ဆာတွေဟာ ဟန်ကျွယ်ကို လုံးဝ သတိမထားမိပါဘူး။

“မရဘူး... ငါတို့တွေ ဒီမိစ္ဆာကို မဟန့်တားနိုင်ဘူး” ဧကရာဇ်ရှောင်ဟာ အသံလွှင့်ပြီး ပြောလိုက်ပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်က အသံလွှင့်ပြီး ပြန်ပြောပါတယ် “မတားနိုင်လည်း တားရမှာပဲ၊ ငါတို့မှာ နောက်ဆုတ်လမ်း မရှိဘူး”

ချုံရှီလိုင်ကလည်း အဆုံးထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ ဒီအချိန်မှာ ချုံရှီလိုင်ဟာ ကြောက်ရွံ့မှုကို မေ့သွားပါပြီ။ ကောင်းကင်တာအိုကနေ ထွက်ခွာရင်လည်း သေမှာ ကျိန်းသေတဲ့အတွက် ချုံရှီလိုင်ဆီမှာ တိုက်ခိုက်ဖို့ကလွဲပြီး ဘာရွေးချယ်စရာမှ မရှိပါဘူး။ နောက်ဆုတ်စရာ မရှိဘူးဆိုတဲ့ အသိက ချုံရှီလိုင်နဲ့ တခြားတာအိုပညာရှိတွေကို ပိုရဲရင့်စေပါတယ်။

ဧကရီဟုတ်ထိုကတော့ တာအိုကောင်းကင်မိစ္ဆာရဲ့ ကြောက်မက်ဖွယ် ခန္ဓာကိုယ်ကို တုန်လှုပ်စွာ ကြည့်လိုက်ပါတယ်။ တာအိုကောင်းကင်မိစ္ဆာရဲ့ ကြောက်စရာကောင်းမှုက မျက်စိနဲ့တင် ခံစားလို့ရပါတယ်။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ တာအိုကောင်းကင်မိစ္ဆာရဲ့ အရပ်ဟာ မတိုင်းတာနိုင်လောက်တဲ့အထိ မြင့်မာပြီး သူ့ရှေ့မှာ သက်ရှိအားလုံးက ပုရွက်ဆိတ်ထက်တောင် သေးငယ်ပါသေးတယ်။

တာအိုပညာရှိတွေဟာ အကောင်းဆုံး ကြိုးစားပြီး တိုက်ခိုက်ပေမဲ့ သူတို့နှလုံးသားထဲမှာ မျှော်လင့်ချက်ရောင်ခြည်တွေ ပျောက်ဆုံးလာပါတယ်။ အခုအချိန်မှာ သူတို့ရဲ့ မျှော်လင့်ချက်က ဘိုးဘေးရှီတျန်ပဲ ရှိပါတော့တယ်။ တာအိုပညာရှိတွေဟာ ဘိုးဘေးရှီတျန် အချိန်မီပြန်လာဖို့ပဲ မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ ဘိုးဘေးရှီတျန် တာအိုဆွေးနွေးဖို့ ထွက်သွားတိုင်း အနည်းဆုံး နှစ်တစ်သန်းကြာပါတယ်။ အခု ဘိုးဘေးရှီတျန်ထွက်သွားတာက နှစ်တစ်သန်းမပြောနဲ့ နှစ်တစ်သိန်း ပြည့်ဖို့တောင် အဝေးကြီး လိုနေပါသေးတယ်။

ဒါကြောင့် တာအိုပညာရှိတွေဟာ ဘိုးဘေးရှီတျန်က ကောင်းကင်တာအို အန္တရာယ်တွေ့နေတာကို ခံစားမိဖို့ပဲ မျှော်လင့်နိုင်ပါတော့တယ်။

“မင်းတို့တွေ ကြောက်နေပြီလား... ဒါလား ကောင်းကင်တာအိုပညာရှိတွေရဲ့ စွမ်းအားက... ငါ စုပ်ယူခဲ့တဲ့ ရန်ငြိုးတွေထဲမှာ သရဲအများကြီးက တာအိုပညာရှိတွေကို ကလဲ့စားချေချင်နေကြတာ၊ သူတို့သာ တာအိုပညာရှိတွေက ဒီလောက်ထိ အသုံးမကျမှန်းသိရင် ဘယ်လိုများနေမလဲ မသိဘူး”

တာအိုကောင်းကင်မိစ္ဆာဟာ အရိုင်းဆန်စွာ ရယ်မောလိုက်ပါတယ်။

တာအိုပညာရှိတွေဟာ စကားတစ်ခွန်းမှ ပြန်မပြောဲ တိတ်တဆိတ် တိုက်ခိုက်ပါတယ်။

ဒီအချိန်မှာပဲ...

တာအိုကောင်းကင်မိစ္ဆာဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တဲ့အတွက် နောက်လှည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာနဲ့ ကီလိုမီတာ တစ်သောင်းလောက်ပဲ ဝေးပါတော့တယ်။ ကီလိုမီတာ တစ်သောင်းက သေမျိုးတွေအတွက် အလွန်တရာ ဝေးကွာတယ်ဆိုပေမဲ့ တာအိုပညာရှိတွေအတွက်တော့ အလွန်တရာ အန္တရာယ်များတဲ့ အကွာအဝေးတစ်ခု ဖြစ်နေပါပြီ။

တာအိုကောင်းကင်မိစ္ဆာ ခေါင်းလှည့်ကြည့်တာနဲ့ ဟန်ကျွယ်ဟာ ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြလိုက်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဟန်ကျွယ်ဟာ သူ့ရဲ့ အကောင်းစား ရတနာတွေ အကုန်လုံးကို အသက်သွင်းလိုက်တဲ့အတွက် မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေ ဖြာထွက်လာပါတယ်။

ဟန်ကျွယ်ခေါင်းထက်မှာ နတ်ဘီလူးဓမ္မရုပ်တုနှစ်ပါး ထွက်ပေါ်လာပြီး တာအိုကောင်းကင်မိစ္ဆာကို လက်သီးနဲ့ ရုတ်တရက် ထိုးချလိုက်ပါတယ်။

ဟင်းလင်းပြင် နတ်ဘီလူး။

ဝါးမြို နတ်ဘီလူး။

နတ်ဘီလူးနှစ်ပါးလုံးက အရိပ်နက်တွေပါ။ ဟင်လင်းပြင် နတ်ဘီလူးဟာ တာအိုကောင်းကင်မိစ္ဆာကို အလွန်လျင်မြန်စွာ ရစ်ပတ်နှောင်ဖွဲ့လိုက်ပြီး ဝါးမြိုနတ်ဘီလူးက တာအိုကောင်းကင်မိစ္ဆာရဲ့ ဧရာမခေါင်းကို ကိုက်စားလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကျန်နေသေးတဲ့ နတ်ဘီလူး ဓမ္မရုပ်တု ၇၂ ပါးကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ကြောက်မက်လေးစားဖွယ် ရုပ်သွင် ၇ ၂ ခု ပေါ်လာပါတော့တယ်။

နတ်ဘီလူးဓမ္မရုပ်တု ၇ ၂ ပါးဟာ တာအိုကောင်းကင်မိစ္ဆာကို ဝန်းရံပြီး တိုက်ခိုက်ပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးဟာ လက်သီးချက်တွေကို ဒေါသတကြီး ပစ်သွင်းလိုက်ပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ လက်သီးချက်က ဘယ်လောက်ပြင်းလဲဆိုရင် လက်သီးချက်ကနေ ထွက်ပေါ်လာတဲ့ လေအရှိန်က ကောင်းကင်မိစ္ဆာ ဆယ်သန်းရဲ့ ဝမ်းဗိုက်တွေကို ထိုးဖောက် ထွက်သွားပါတယ်။

အရိပ်လွှမ်းမိုး နတ်ဘီလူးကလည်း မရေမတွက်နိုင်တဲ့ နတ်ဘီလူးအရိပ်တွေ ခွဲထုတ်ပြီး ကောင်းကင်မိစ္ဆာတွေကို အရပ်ဆယ်မျက်နှာကို တိုက်ခိုက်ပါတယ်။

အန္တိမရေခဲ နတ်ဘီလူးကလည်း လက်ဝါးကို ရိုက်ထုတ်လိုက်တဲ့အခါ ပဋိပက္ခ အာကာသနိယာမတွေကို ခဲသွားစေပါတယ်။ ရေခဲဖြစ်သွားတဲ့အထဲမှာ တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းတွေလည်း ပါပါတယ်။ ချီနတ်ဘီလူးကလည်း ပဋိပက္ခချီကို လွှင့်ပြယ်စေတဲ့အတွက် စစ်မြေပြင်မှာ တာအိုကောင်းကင်မိစ္ဆာနဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေသာ ကျန်ရှိပါတော့တယ်။

တခြားနတ်ဘီလူး ဓမ္မရုပ်တုတွေကလည်း သူတို့ရဲ့ မဟာတာအိုကို အသုံးပြုပြီး တာအိုကောင်းကင်မိစ္ဆာကို ဖျက်ဆီးပါတယ်။ တာအိုကောင်းကင်မိစ္ဆာဟာ လုံးဝဖိနှိပ်ခံရပြီး ဘယ်လိုမှ ပြန်မတိုက်နိုင်တော့ပါဘူး။

တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ချုံရှီလိုင်နဲ့ ဧကရီဟုတ်ထိုတို့ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေကာ ဆွံအကုန်ပါတယ်။

ချုံရှီလိုင်ဟာလည်း သူ့မျက်လုံးကို မယုံနိုင်ဖြစ်သွားပါတယ်။ ချုံရှီလိုင်ဟာ သူ့ရှေ့က မြင်ကွင်းကို လက်မခံနိုင်အောင် ဖြစ်သွားပါတယ်။ ချုံရှီလိုင်ဟာ ဟန်ကျွယ်က အစွမ်းထက်မှန်း သိပေမဲ့ ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။

စိတ်တိုင်းကြဲနေတဲ့ တာအိုကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ် လက်ချက်နဲ့ လှုပ်တောင်မလှုပ်နိုင်ဘဲ ဟန်ကျွယ် နှိပ်စက်တာကိ ငြိမ်ခံနေရပါတယ်။

‘ဒါ မဖြစ်နိုင်ဘူး... သူက သိပ်ကြာသေးခင်ကပဲ တာအိုကို ရထားတာမလား... ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters