← Chapters

ပဋိပက္ခမြို့၊ သိကျွင်း

Vol. 50 Ch. 545

ပဋိပက္ခမြို့၊ သိကျွင်း

Vol. 50 Ch. 545

အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ကျွန်ပြုဖို့က အကြံကောင်းပါ။ ဒါပေမဲ့ စန့်ချွမ်အဂ္ဂဘိုးဘေး တစ်ယောက်တည်းကိုတောင် နှစ် ၈၀၀ အကျဉ်းချရတဲ့အတွက် အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ကျွန်ပြုဖို့ဆိုရင် ဟန်ကျွယ်တစ်သက်မှပဲ ရပါလိမ့်မယ်။ အင်မော်တယ်ကမ္ဘာမှာ ကျင့်ကြံသူတွေ ဘယ်လောက်ရှိတယ်ဆိုတာကို ကောင်းကင်တာအိုတောင် သိနိုင်မှာ မဟုတ်ပါဘူး။

နောက်ပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ကျွန်ပြုလိုက်လို့ ဟန်ကျွယ်မှာ ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး။ လောလောဆယ်မှာ အင်မော်တယ်ကမ္ဘာတစ်လုံး ပေါင်းတိုက်ရင်တောင် ဟန်ကျွယ်ကို နိုင်နိုင်ချေ မရှိပါဘူး။ ဒါ့အပြင် စန့်ချွမ်အဂ္ဂဘိုးဘေးကို အကျဉ်းချထားတုန်းက ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အကြွင်းမဲ့ အာရုံမစိုက်နိုင်ပါဘူး။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ာ မတ်တတ်ရပ်လိုက်ပါတယ် ‘ငါ ဒီလောကဦး ကောင်းကင်ထောင်ကို လျှော့သုံးသင့်တယ်၊ ငါ ဒီထောင်ကို ပိုသုံးလေလေ ငါ့အကြောင်း ပေါ်သွားဖို့ ပိုများလေလေပဲ၊ ဒီလောကဦး ကောင်းကင်ထောင်က ငါ့အတွက် ဝှက်ဖဲတစ်ချပ်ဖြစ်ရမယ်’

ဟန်ကျွယ်ရဲ့ စနစ်က အကန့်အသတ်မဲ့ စွမ်းအားကြီးနေတာ မဟုတ်ပါဘူး။ ဒါကြောင့် စနစ်ထက် စွမ်းအားပိုကြီးတဲ့ တည်ရှိမှုနဲ့သာတွေ့ရင် တစ်ဖက်လူက သူ့အကြောင်းတွေကို တစ်ချက်တည်းနဲ့ အကုန်မြင်သွားမှာပါ။

အကြောဆန့်ပြီးတာနဲ့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်း အပြင်ဘက်ထွက်ပြီး တပည့်အားလုံးကို ဆင့်ဆိုကာ တာအိုဟောကြားဖို့ ပြင်ဆင်ပါတယ်။

ဒီတစ်ကြိမ်ဟာ ကောင်းကင်မိစ္ဆာ ကပ်ဘေး ပြီးဆုံးပြီးနောက်ပိုင်း ဟန်ကျွယ် ပထမဆုံး တာအိုဟောကြားတာပါ။

တပည့်တွေအားလုံးဟာ အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ သူတို့တွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားက သက်ရှိတွေရဲ့ ချီးကျူးစကားကိုကြားပြီး ဟန်ကျွယ်ကို ပိုပြီးတော့ မြင်တွေ့ချင်လာကြပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေမှာ ကိုယ်ပိုင်တပည့်တွေနဲ့ ဂိုဏ်းစောင့်တွေတောင် ဟန်ကျွယ်ကို မတွေ့ရပါဘူး။

တာအိုဟောကြားတာက အရင်နေရာပါပဲ။ ဟန်ကျွယ်ဟာ တောင်ထိပ်မှာထိုင်ပြီး တစ်ခဏ စောင့်ဆိုင်းကာ တာအိုစတင် ဟောကြားပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ တရားထိုင်တဲ့ အခြေအနေကို လျင်မြန်စွာ ဝင်ရောက်သွားပြီး ဟန်ကျွယ် ဟောကြားတဲ့ တာအိုကို စတင် သုံးသပ် နားလည်ကြပါတယ်။

နှစ်တစ်ရာ တာအိုဟောကြားပြီးနောက်မှာတော့ လောကကြီးဟာ အရင်နဲ့ မတူတော့ဘဲ ထပ်ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဟောကြားပြီးတာနဲ့ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို တရှီကျဲ့ကမ္ဘာဆီ ဦးတည်တဲ့ အချိန်-အာကာသ ဝဲကတော့ကို ဖွင့်ခိုင်းပြီး တရှီကျဲ့ကမ္ဘာကို တာအိုပညာရှိအာရုံနဲ့ အကဲခတ်လိုက်ပါတယ်။

တရှီကျဲ့ကမ္ဘာဟာ ကောင်းကင်မိစ္ဆာတွေ တိုက်ခိုက်တာကို မခံရပေမဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေ သောင်းကျန်းတာကို အကြီးအကျယ် ခံလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းနဲ့ ပေါင်းစပ်ထားတာကြောင့် အမင်္ဂလာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ပါတယ်။

တရှီကျဲ့ကမ္ဘာရဲ့ ဘယ်နေရာကိုကြည့်ကြည့် အမင်္ဂလာ မကောင်းဆိုးဝါးတွေချည်းပါပဲ။ များလွန်းလို့ ရေတောင် မရေနိုင်ပါဘူး။ ဒါပေမဲ့ တရှီကျဲ့ကမ္ဘာထဲက သက်ရှိတွေဟာ အမင်္ဂလာ မကောင်းဆိုးဝါးတွေကို မမြင်နိုင်တဲ့အတွက် ကျင့်ကြံသူတွေ ဘာကြောင့် သေဆုံးရတယ်ဆိုတာကို မသိနိုင်ကြပါဘူး။ ဒီလို အကြောင်းရင်း မသိတာကပဲ တရှီကျဲ့ကမ္ဘာက သက်ရှိတွေကို ပိုပြီးတော့ မျှော်လင့်ချက် ကင်းမဲ့စေပါတယ်။

လီမုယဲ့ဟာ တရှီကျဲ့ကမ္ဘာရဲ့ အထက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတစ်ခုနဲ့ တိုက်ခိုက်ပါတယ်။

အမှောင်ဘုရင် တာအိုပညာရှိ။

ဒီအမှောင်ဘုရင် တာအိုပညာရှိဟာ တာအိုကောင်းကင်မိစ္ဆာထက် မနိမ့်ပါဘူး။ ဒါပေမဲ့ တာအိုကောင်းကင်မိစ္ဆာထက်တော့ စွမ်းအား ပိုမကြီးပါဘူး။

ဟန်ကျွယ်ဟာ လီမုယဲ့ကို ကူညီဖို့ စိတ်ကူးမရှိပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ အမည်ခံတပည့်တစ်ထောင် ရောက်နေတဲ့ ကမ္ဘာကို အကဲခတ်လိုက်ပါတယ်။ ဒီကမ္ဘာက ငြိမ်းချမ်းတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်မိစ္ဆာနဲ့ အမင်္ဂလာ မကောင်းဆိုးဝါး မရှိလို့ပါ။ ဒီကမ္ဘာဟာ သူ့ဘာသာ ဖြစ်တည်လာတဲ့ ကမ္ဘာတစ်ခုဖြစ်ပြီး အခြေခိုင်ခိုင် တိုးတက်နေပါတယ်။

အင်မော်တယ်ဧကရာဇ် အချို့ကတော့ မရှိတော့ပါဘူး။ ဒါကလည်း သာမန်ပါပဲ။ လောကမှာ အန္တရာယ် မရှိတဲ့နေရာက ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းပဲ ရှိပါလိမ့်မယ်။

ဟန်ကျွယ်ဟာ တစ်ခဏကြည့်ပြီးတာနဲ့ တာအိုဘုံကျောင်းကို ပြန်ဖို့ လုပ်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ငရဲကြက်နက်ဟာ ဟန်ကျွယ်ဆီ ရုတ်တရက် ပျံသန်းလာပါတယ်။ ငရဲကြက်နက်ဟာ ဟန်ကျွယ်နားကို ရောက်တာနဲ့ တဟီးဟီးတဟားဟား လုပ်ပြီး ပြောလိုက်ပါတယ် “ဟီးဟီး... သခင်... ကျွန်တော် သခင်ဆီ မရောက်တာတော့ အတော်ကြာပြီ၊ ကျွန်တော်...”

“ငါ့နောက် လိုက်ခဲ့ချည်”

ဟန်ကျွယ်ရဲ့ စကားကြောင့် ငရဲကြက်နက်ဟာ ချက်ချင်းပဲ စိတ်လှုပ်ရှားသွားပါတယ်။ အဲဒီနောက် လူတစ်ယောက် ကြက်တစ်ကောင်ဟာ တာအိုဘုံကျောင်းထဲကို ဝင်သွားပါတယ်။

ငရဲကြက်နက်ဟာ ဟန်ကျွယ်ဆီက ဓားတာအိုဆန်းကြယ်စွမ်းအား သင်ချင်နေတာပါ။ ဟန်ကျွယ်ဟာ ငရဲကြက်နက်ရဲ့ တောင်းဆိုမှုကို မငြင်းဘဲ သဘောတူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့သား သူ့တာအိုလက်တွဲဖော် သူ့တပည့်တွေထက်စာရင် ငရဲကြက်နက်ကို ပိုပြီးတော့ ရင်းနှီးပါတယ်။

ငရဲကြက်နက်ဟာ ဟန်ကျွယ်ကို အမြဲတမ်း အဖော်ပြုပေးခဲ့တာပါ။ ဒါ့အပြင် ငရဲကြက်နက်ဟာ လျှာထက်တယ်ဆိုပေမဲ့ တပည့်အသစ်တွေကို တပည့်ဟောင်းတွေနဲ့ ရင်းနှီးအောင် အမြဲတမ်း ကူညီပေးခဲ့ပါတယ်။ ငရဲကြက်နက်ဟာ အမြဲတမ်းလိုလို ကျင့်ကြံအားထုတ်တယ်ဆိုပေမဲ့ စွမ်းအားကြီးချင်စိတ် မရှိပါဘူး။

ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို သူ့ရဲ့ အစွမ်းအထက်ဆုံး ဓားတာအိုဆန်းကြယ်စွမ်းအား ဖြစ်တဲ့ အသက်တစ်သောင်းဓားကို သင်ပေးလိုက်ပါတယ်။

ငါးနှစ်ကြာတဲ့အခါမှာတော့ ငရဲကြက်နက်ဟာ ခေါင်းရှုပ်တဲ့မျက်နှာနဲ့ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။ ကျန်းကျွယ်ရှေ့ကို ဖြတ်တဲ့အခါမှာတော့ ငရဲကြက်နက်က ရယ်ရယ်မောမောနဲ့ ပြောလိုက်ပါတယ် “အဘိုးကြီး... ငါက အင်အားကြီးလာတော့မယ်၊ မင်းမှာ ငါနဲ့ တစ်ဘောက်တည်း လေ့ကျင့်ဖို့ အချိန်ရှိလား”

ကျန်းကျွယ်ဟာ ငရဲကြက်နက်ကို ဂရုမစိုက်ပါဘူး။

ပျင်းသွားတဲ့ ငရဲကြက်နက်ဟာ မလှမ်းကမ်းမှာရှိတဲ့ ကြက်သွေးရောင် မြေခွေးနီကို အပြုံးနဲ့ကြည့်ပြီး ပြောလိုက်ပါတယ် “မြေခွေးလေ... မင်းကရော ငါနဲ့ လက်ရည်စမ်းရဲလား”

ကြက်သွေးရောင် မြေခွေးနီက ဒေါသတကြီး ပြောလိုက်ပါတယ် “ကြက်တစ်ကောင်က ဘယ်လိုလုပ်ပြီး မြေခွေးကို အနိုင်ယူနိုင်မှာလဲ”

ကြက်သွေးရောင် မြေခွေးနီရဲ့ စကားကြောင့် ငရဲကြက်နက်ဟာ သွေးအန်လုနီး ဖြစ်သွားပါတယ် “ဒါဆို လာလေ”

“ဘာလဲ ရှင်က သခင်ရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်ချင်တာလား”

ငရဲကြက်နက်ဟာ ဘာမှမတက်နိုင်တော့ဘဲ ဒီအတိုင်း ထွက်ခွာသွားရပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဒီကြက်စုတ်ရဲ့ သုံးသပ်နားလည်နိုင်စွမ်းက တော်တော်ညံတာပဲ၊ ငါ သူ့ကို ဘဝသစ်ပြန်စခိုင်းသင့်လား’

အဲဒီနောက် ဟန်ကျွယ်ဟာ ငရဲကြက်နက်အကြောင်းကို တွေးတာရပ်ပြီး စာစောင်တွေကို ဖွင့်ဖတ်လိုက်ပါတယ်။

[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကောင်းကင်တာအိုကို သုံးသပ်နားလည်ပြီး တာအိုနှလုံးသား ပြန်လည် ကောင်းမွန်သွား၏။]

[သင့်မိတ်ဆွေ ဟန်မင်သည် နတ်မင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ပျက်စီးပြီး လက်ကျန်ဝိညာဉ်တစ်စသာ ကျန်ရှိတော့၏။]

[သင့်သား ဟန်ထော်သည် မွေးရာ ဆန်းကြယ်စွမ်းအားကို နိုးထပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇

[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ပြန်လည်မွေးဖွားခြင်း မိုးမြေအား တည်ဆောက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်မှုကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

လီတောက်ခုံးက ရှီတုတောက်နဲ့ တိုက်ခိုက်နေတုန်းပါပဲ။ ဒါပေမဲ့ လီတောက်ခုံးဟာ အရင်လို ပြင်းပြင်းထန်ထန် ဒဏ်ရာ မရတော့တဲ့အတွက် အရင်ကထက် စွမ်းအားကြီးလာပြီဆိုတာ သိသာလှပါတယ်။

တခြားစာစောင်တွေကိုတော့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။ အတိုချုပ်ပြောရရင် အင်မော်တယ်ကမ္ဘာကို ငြိမ်းချမ်းမှု ပြန်ရောက်လာပါပြီ။

[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ရှေ့မှ အသိပေးချက် တစ်ခု ပေါ်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ ချုံရှီလိုင်ဟာ အရင်လိုမျိုး ဆက်တိုက် အိပ်မက်မပေးရဲတော့ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် အိပ်မက်ကို လက်ခံလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီတစ်ခေါက်မှာတော့ အသက်အန္တရာယ်ရှိလားကို မတွက်ချက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ‌ ကောင်းကင်တာအိုက သူ့ကို ပစ်မှတ်ထားချင်ရင်တော့ မဖြစ်နိုင်လို့ပါပဲ။

ဟန်ကျွယ်မှာ ကောင်းကင်တာအို ကုသိုလ်ကံ ရှိနေပြီဖြစ်တဲ့အတွက် ကောင်းကင်တာအိုက ဟန်ကျွယ်ကို ဒုက္ခမပေးနိုင်တော့ပါဘူး။ ဒါကြောင့်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တွေက ကောင်းကင်တာအို ကုသိုလ်ကံကို ရဖို့ သက်ရှိတွေကို တာအို‌ဟောကြားကြတာပါ။

အိပ်မက်ထဲမှာ ချုံရှီလိုင်ဟာ အရင်လို အရပ်အမြင့်ကြီး မဟုတ်တော့ပါဘူး။ ချုံရှိလိုင်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ပြုံးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ အနန္တကုသိုလ်ကံရှင် ကောင်းကင်တာအိုပညာရှိ... ဒီဘွဲ့ကို ကြိုက်လား”

“ကြိုက်ပါတယ်၊ ဘာကိစ္စရှိလို့လဲ” ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ် ‘ဒီကောင်က အပြောင်းအလဲ တော်တော် မြန်တာပဲ၊ အရင်တုန်းက မာနတွေ ဘယ်ရောက်သွားတာလဲ’

“အခု တာအိုရောင်းရင်းနဲ့ ကျုပ်ကလွဲရင် တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဖူရှီ၊ ဧကရာဇ်ရှောင်တို့ပဲ ကျန်တော့တယ်၊ တာအိုပညာရှိကျင်အန်းနဲ့ တာအိုပညာရှိမင်ကျွယ်က ရူးသွားလို့ သူတို့ရဲ့ တာအိုစက်ကွင်းတွေထဲမှာ ဖိနှိပ်ထားရတယ်၊ ကောင်းကင်မိစ္ဆာ ကပ်ဘေးက ကျုပ်တို့ကို ခေါင်းလောင်းထိုးလိုက်တာပဲ၊ ကျုပ်တို့တွေ ပဋိပက္ခမြို့ တည်ဆောက်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ရဲ့ ပဋိပက္ခနယ်မြေကို စောင့်ကြပ်ဖို့ စီစဉ်ထားတယ်၊ ဒီကိစ္စက အကျိုးဆောင်မှု အကြီးကြီးပဲ၊ ကျုပ်တို့တွေ တပည့်တွေကိုလွှတ်ဖို့ စီစဉ်ထားတယ်၊ တာအိုရောင်းရင်းရော ဘယ်လိုလုပ်မှာလဲ” ချုံရှီလိုင်က အပြုံးနဲ့ မေးလိုက်ပါတယ်။

“မလွှတ်လို့ မရဘူးလား” ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ်။

ချုံရှီလိုင်က ချက်ချင်း လက်ဝှေ့ယမ်းပြီး ပြန်ဖြေပါတယ် “ရပါတယ်၊ တာအိုရောင်းရင်းက ကောင်းကင်တာအိုရဲ့ ကယ်တင်ရှင်ပဲ၊ တာအိုရောင်းရင်း တပည့်တွေကို မလွှတ်ချင်ဘူးဆိုရင်လည်း ရပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက ကောင်းကင်တာအို ကုသိုလ်ကံ အများကြီး ရမှာ၊ ကောင်းကင်မိစ္ဆာတွေကို ရှင်းပစ်ပြီးသွားပြီဆိုပေမဲ့ အနာဂတ်မှာ ဒီထက်ကြီးတဲ့ ကပ်ဘေးတွေကိုတောင် ရင်ဆိုင်ရနိုင်တယ်၊ အခု အမှောင်တားမြစ်နယ်မြေထဲမှာရှိတဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေက နောင်တစ်ချိန်မှာ ကောင်းကင်တာအိုအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်တယ်”

“တာအိုရောင်းရင်း စိတ်မပူပါနဲ့၊ ကျုပ်တို့ တာအိုပညာရှိတွေ ဆွေးနွေးပြီးပါပြီ၊ ကျုပ်တို့တွေ တာအိုရောင်းရင်းကို နောက်ထပ် အကောက်မကြံတော့ပါဘူး၊ တာအိုရောင်းရင်းသာ လိုချင်တယ်ဆိုရင် ကျုပ်တို့တွေ တာအိုရောင်းရင်းကို လီမုယဲ့လိုမျိုး ကောင်းကင်တာအိုရဲ့ မဟာတာအိုပညာရှိအဖြစ် အသိအမှတ်ပြုနိုင်ပါတယ်၊ တိတ်ဆိတ်ဂိုဏ်းကို နောက်အနန္တကပ်ဘေးရဲ့ အနိုင်ရသူဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်၊ ဒီလိုဆိုရင် တိတ်ဆိတ်ဂိုဏ်းက တခြား ကံတရား အထောက်အပံ့ဂိုဏ်းတွေလိုမျိုး အခြေတည်သွားလိမ့်မယ်”

ဟန်ကျွယ်ဟာ ချုံရှီလိုင်ရဲ့ စကားကို နားထောင်ပြီး တော်တော်‌လေး သက်သောင့်သက်သာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေနဲ့ ပတ်သက်ဖို့ မစီစဉ်ထားပါဘူး။

“ကျုပ် စဉ်းစားလိုက်အုန်းမယ်”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ထဲက ထွက်ခွာလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ တခြားတစ်ယောက် အိပ်မက်ပေးတာကို ထပ်ခံရပြန်ပါတယ်။

[သိကျွင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[သိကျွင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

သိကျွင်း အိပ်မက်ပေးလိုတဲ့ အသိပေးချက်တွေဟာ တရစပ် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ခွီးတဲ့မှပဲ... တစ်ယောက် ငြိမ်သွားလို့ အေးဆေးနေရမယ် မှတ်တယ်၊ နောက်တစ်ယောက် ပေါ်လာပြန်ပြီ’

သိကျွင်းက ဘိုးဘေးရှီတျန်နဲ့ အဆင့်တူတဲ့အတွက် ဟန်ကျွယ်ဟာ သိကျွင်းကို ရန်မစရဲပါဘူး။ လွန်ခဲ့တဲ့နှစ်တစ်သောင်းကျော်ကလည်း သိကျွင်းဟာ ဟန်ကျွယ်ကို အိပ်မက်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ လျစ်လျူရှုထားခဲ့ပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သိကျွင်းက ဟန်ကျွယ် ကောင်းကင်မိစ္ဆာကို ကပ်ဘေးကို ရှင်းလင်းလိုက်တာ သိပြီးလောက်ပါပြီ။ ဒါကြောင့် ဟန်ကျွယ်သာ ဆက်ပြီးတော့ လျစ်လျူရှုမယ်ဆိုရင် သိကျွင်းကို ရန်စမိဖို့က ၉၉ ရာခိုင်နှုန်း သေချာပါတယ်။

ဟန်ကျွယ်ဟာ သိကျွင်းရဲ့ အိပ်မက်ကို လက်မခံခင် အရင်ဆုံး တွက်ချက်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters