တာအိုပညာရှိများ၏ မျက်နှာသာပေးမှု၊ နံပါတ်တစ်သေမျိုးကမ္ဘာ
Vol. 50 Ch. 547
ကျိုးဖန် ထွက်သွားတာက တိတ်ဆိတ်ဂိုဏ်းကို သိပ်ပြီးတော့ သက်ရောက်မှု မရှိပါဘူး။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ သူတို့ရဲ့ အချိန်အများစုကို ကျင့်ကြံအားထုတ်ခြင်းနဲ့ပဲ ကုန်ဆုံးကြပြီး အပြင်ထွက်လျှောက်လေ့ သိပ်မရှိပါဘူး။
ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံအားထုတ်ပြီး လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကိုရောက်အောင် မြန်မြန်ရောက်အောင် ကြိုးစားပါတယ်။
တခြားတစ်ဖက်မှာတော့...
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ရဲ့ ပဋိပက္ခအစွန်း အမှောင်ထုထဲမှာ မြို့တစ်မြို့ ထွက်ပေါ်လာပါတယ်။ ဒီမြို့ကို မြူခိုးတွေ လွှမ်းမိုးနေပါတယ်။
ပဋိပက္ခမြို့။
မြို့ထဲမှာ အတော်မြင့်မားတဲ့ မျှော်စင်တစ်ခုရှိပြီး မျှော်စင်ထိပ်က နန်းတော်ဟာ တာအိုပညာရှိတွေ စုဝေးတဲ့ နေရာ ဖြစ်ပါတယ်။
“ဟန်ကျွယ်က ကောင်းကင်ဘဝဂ် တပည့်တစ်ဦးကို လွှတ်လိုက်တယ်” ချုံရှီလိုင်က ပြောလိုက်ပါတယ်။
တခြားတာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ တအံတဩ ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းက ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို အလွယ်လေး လွှတ်လိုက်တယ်၊ လီတောက်ခုံးကလည်း အင်မော်တယ်ကမ္ဘာမှာ အစွမ်းအထက်ဆုံး ဖြစ်နေပြီ၊ ဒီအတိုင်းဆိုရင် တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာကို မကြာခင် ထိန်းချုပ်နိုင်တော့မှာပဲ”
ဂိုဏ်းချုပ်တျန်ကျွယ်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “အဲဒါ မကောင်းလို့လား၊ ဒီနည်းနဲ့ ကျုပ်တို့တွေ ကျုပ်တို့ရဲ့ ရည်မှန်းတွေကို ဘေးဖယ်ပြီး အေးအေးဆေးဆေး ကျင့်ကြံနိုင်တယ်၊ နောက်ကပ်ဘေးကျရင် ကျုပ်တို့တွေ တိတ်ဆိတ်ဂိုဏ်းကို ပံ့ပိုးပေးလိမ့်မယ်၊ ဒီလိုဆို အနာဂတ်မှာ ကောင်းကင်တာအို ကပ်ဘေးကျရင် ဟန်ကျွယ် ထိုင်ကြည့်နေနိုင်မှာ မဟုတ်တော့ဘူး”
ဖူရှီရဲ့ ဧကရာဇ်ရှောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ကောင်းကင်မိစ္ဆာကပ်ဘေးက သူတို့ရဲ့ ကျင့်ကြံမှုတွေကို အတော်လေး လျော့ကျသွားစေတဲ့အတွက် နဂိုကျင့်ကြံမှုကို ပြန်ရဖို့ အချိန်အတော်လေး ယူရအုန်းမှာပါ။
ချုံရှီလိုင်ဟာ ပြုံးလိုက်ပါတယ် “ဒီကိစ္စက ကောင်းတဲ့ကိစ္စ ဖြစ်နိုင်တယ်၊ အနည်းဆုံး ကျုပ်တို့တွေ ရန်ငြိုးကို မေ့ထားနိုင်တယ်၊ ကျုပ်တို့တွေ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ဂရုစိုက်ပေးပြီး ကျုပ်တို့ရဲ့ စိတ်ရင်းကို ပြရမယ်၊ ဒီကောင်းကင်မိစ္ဆာ ကပ်ဘေးကနေ ဟန်ကျွယ်က အမှောင်သခင်ကြီး မဟုတ်ဆိုတာ ငါတို့ သိလိုက်ရပြီ၊ တကယ်လို့ သူသာ အမှောင်သခင်ကြီးဆိုရင် တာအိုကောင်းကင်မိစ္ဆာ ငါတို့ကို သတ်ပြီးမှ တိုက်ခိုက်လို့ရတာပဲ၊ တာအိုကောင်းကင်မိစ္ဆာက သူ့ပြိုင်ဘက်မှ လုံးဝ မဟုတ်တာ”
တခြားတာအိုပညာရှိလေးပါးဟာ သက်ပြင်းချလိုက်ပါတယ်။ တာအိုကောင်းကင်မိစ္ဆာက တကယ်ကို ဟန်ကျွယ်ရဲ့ ပြိုင်ဘက် မဟုတ်တာပါ။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်တောင်ခတ်လိုက်ပါတဘ် “ဒီလိုဆိုရင် လီမုယဲ့ပဲ ကျန်တော့တယ်”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟုတ်တယ်.... သူ စန့်ချွမ်အဂ္ဂဘိုးဘေးကို အသုံးပြုတုန်းက ငါတို့နှစ်ယောက်ကိုလည်း မပြောဘူး၊ တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းဆိုတာ သောက်ပိုတွေ၊ ကောင်းကင်တာအိုသာ တကယ်ပျက်စီးသွားရင် အကျိုးအမြတ် အများဆုံးရမှာက သူ့ရဲ့ တရှီကျဲ့ကမ္ဘာပဲ၊ သူ့ရဲ့ ကောင်းကင်တာအို လောကငယ်လေး ကောင်းကင်တာအို ဖြစ်လာမှာ ကျိန်းသေတယ်”
တာအိုပညာရှိတွေဟာ လီမုယဲ့အကြောင်း ပြောတဲ့အခါ အကုန်လုံး မပျော်မရွှင် ဖြစ်သွားကြပါတယ်။
ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “လီမုယဲ့အကြောင်း မပြောဘဲ ပဋိပက္ခမြို့အကြောင်းပဲ ပြောရအောင်၊ ကောင်းကင်မိစ္ဆာတွေ ရှင်းပြီးတကည်းက ပဋိပက္ခမှာ အာကာသ အက်ကြောင်းတွေ အများကြီး ပေါ်လာတယ်၊ ဒါကို အခွင့်ကောင်းယူပြီး အမင်္ဂလာ မကောင်းဆိုးဝါးတွေ ဝင်လာမှာကို စိုးရိမ်ရတယ်”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “တာအိုပညာရှိကျင်းအန်းမှာ အမင်္ဂလာ မကောင်းဆိုးဝါးတွေကို ချောင်းကြည့်နိုင်တဲ့ ဆန်းကြယ်စွမ်းအားရှိတယ်၊ ဒါပေမဲ့ သူက အခု ရူးနေတယ်”
ချုံရှီလိုင်ဟာ မျက်မှောင်ကြုတ်သွားပြီး မမြင်နိုင်တဲ့ လက်တစ်စုံက နောက်ကွယ်ကနေ အရာအားလုံးကို ကြိုးကိုင်နေတယ်လို့ ခံစားလိုက်ရပါတယ်။ အရင်က ဘာမှသိပ်မဟုတ်တဲ့ ကိစ္စတွေဟာ အခုအချိန်မှာ ဆက်စပ်လာပြီး ပြဿနာကြီးတွေ ဖြစ်လာပါတယ်။ ချုံရှီလိုင်ဟာ ဒီလိုမျိုး ဘာမှမတက်နိုင်တဲ့ အခြေအနေကို ဘယ်တုန်းကမှ မရင်ဆိုင်ခဲ့ရပါဘူး။ ချုံရှီလိုင်ဟာ ရန်သူက အရာအားလုံးကို စီစဉ်ထားပြီး သူ ခုန်ဝင်လာတာကို စောင့်ဆိုင်းနေတယ်လို့ ခံစားလိုက်ရပါတယ်။
“ကျုပ်တို့တွေ အင်မော်တယ်ကမ္ဘာရဲ့ အင်အားကို တိုးချဲ့ဖို့လိုတယ်၊ ကျုပ်တို့ကိုချည်းပဲ မှီခိုနေလို့ မရဘူး” တောင်ဘက်စွန်း ကောင်းကင်အရှင်က ရုတ်တရက် အကြံပေးလိုက်ပါတယ်။
ချုံရှီလိုင်ဟာ မျက်လုံးကျဉ်းသွားပါတယ် “ကျုပ်တို့တွေ ဘာလို့ တာအိုမဟောကြားတာလဲ၊ မဟာတာအို အနန္တကပ်ဘေးက လာနေပြီ၊ ကျုပ်တို့တွေ ကပ်ဘေးကို ထိုင်စောင့်နေလို့ မဖြစ်ဘူး၊ ကြိုတင် ပြင်ဆင်သင့်တာ ပြင်ဆင်ရမယ်”
“ဟုတ်တယ်”
“ကောင်းတယ်”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ တာအိုပညာရှိလေးပါးဆီကနေ မျက်နှာသာပေးမှု အသိပေးချက်တွေကို လက်ခံရရှိလိုက်ပါတယ်။ တာအိုပညာရှိတွေ ဒီလိုပြောင်းလဲသွားတာကလည်း မထူးဆန်းပါဘူး။ မနိုင်မှန်း သိမှတော့ ဘယ်သူက ဆက်အကောက်ကြံပြီး ကိုယ့်သေတွင်း ကိုယ်တူးမှာလဲ။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေရဲ့ မျက်နှာသာပေးမှုက မငြင်းပယ်ပါဘူး။ တာအိုပညာရှိတွေရဲ့ မျက်နှာသာပေးမှုက အနည်းဆုံးတော့ ဟန်ကျွယ်ကို ပြဿနာတွေ လျော့ပါးစေမှာပါ။
တာအိုပညာရှိတွေရဲ့ တည်ရှိမှုက ကောင်းကင်တာအိုအတွက် လိုအပ်တဲ့အရာတစ်ခုပါ။ တာအိုပညာရှိတွေက မကြာခဏ ရှေ့တင်မှာရော နောက်ကွယ်မှာရော တိုက်ခိုက်ကြတယ်ဆိုပေမဲ့ အင်မော်တယ်ကမ္ဘာ စနစ်တကျရှိဖို့ တကယ်ကို ထိန်းသိမ်းကြတာပါ။
အချိန်ဟာ တိတ်တိတ်လေးနဲ့ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နှစ် ၃၀၀ ကြာသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း လောကဦးကမ္ဘာထဲက စုချီကို အကဲခတ်လိုက်ပါတယ်။ စုချီရဲ့ ခန္ဓာကိုယ်ဟာ လုံးဝ ဖြစ်တည်လာပေမဲ့ စုချီဟာ နတ်ဘီလူးချီထဲမှာ ဆက်ကွေးရင်း ဘေးနားပတ်ဝန်းကျင်က ပဋိပက္ခချီနဲ့ လောကဦးချီကို စုပ်ယူပါတယ်။
ပဋိပက္ခချီဟာ မူလဋိပက္ခ ကျောက်တုံးကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး လောကဦးချီကတော့ ဟန်ကျွယ်ရဲ့ လောကဦး နတ်ဘီလူး ရုပ်ခန္ဓာကနေ ဖြစ်ပေါ်လာတာပါ။
လေလောဆယ်မှာတော့ စုချီကလွဲရင် ကျန်တဲ့ နတ်ဘီလူးချီတွေဟာ ခန္ဓာကိုယ် မဖြစ်တည်သေးပါဘူး။ စုချီက လောလောဆယ်မှာတော့ ကျန်းကျန်းမာမာပါပဲ။ ဒီထက်တော့ ပြဿနာမရှိလောက်တော့ဘူး ထင်ပါတယ်။
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို လောကဦးကမ္ဘာရဲ့ ပထမဆုံးကမ္ဘာအဖြစ် ပြောင်းလဲချင်ပေမဲ့ ထုန်ကျန့်ကမ္ဘာဟာ လောကဦးချီရဲ့ ဖိအားဒဏ်ကို ဘယ်လိုမှ မခံနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို အင်မော်တယ်ကမ္ဘာအောက်က ကမ္ဘာကြီးတစ်ခု အဖြစ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆုံးဖြတ်ပြီးတာနဲ့ ထုန်ကျန့်ကမ္ဘာကို လောကဦးကမ္ဘာထဲကနေ ထုတ်ယူပြီး လက်ဖဝါးပေါ်မှာ တငလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကနေ ခုန်ထွက်ပြီး အင်မော်တယ်ကမ္ဘာအောက်ကို သွားပါတယ်။
တာအိုပညာရှိအာရုံကို တစ်ခါ ဖြန့်ကျက်လိုက်တာနဲ့ အင်မော်တယ်ကမ္ဘာအောက်မှာ ကမ္ဘာငယ်လေး ငါးထောင်ကျော်ရှိနေတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို တစ်နေရာမှာ ကောက်ထားလိုက်ပြီး လောကဦးကမ္ဘာထဲက ကောင်းကင်တာအို ကုသိုလ်ကံတချို့နဲ့ ထုန်ကျန့်ကမ္ဘာရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့တို့ကို ပေါင်းစပ်လိုက်ပါတယ်။
ထုန်ကျန့်ကမ္ဘာဟာ လျင်မြန်စွာပဲ ကျယ်ပြန့်သွားပါတယ်။ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို အသံလွှင့်ပြီး ပြင်ဆင်ထားဖို့ ပြောလိုက်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓက ရင်တထိတ်ထိတ်နဲ့ ပြန်မေးပါတယ် “ဒါဆို ကျွန်တော်တို့က အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆလို့ရသေးလား”
“ရတယ်၊ ထုန်ကျန့်ကမ္ဘာက တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမဆုံးကမ္ဘာပါ”
“ဟုတ်ကဲ့ပါ”
ဝတ်ရုံဖြူဗုဒ္ဓဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်နေတာပါ။
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို လွှတ်ပေးလိုက်တာက တခြား အကြောင်းအရင်း တစ်ခုလည်း ရှိနေပါတယ်။ အဲဒါကတော့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ဖို့ပါ။
အဲဒီအချိန်ကျရင် မိုးကောင်းကင်မျိုးနွယ်စုက အင်မော်တယ်ကမ္ဘာကို ထိန်းချုပ်ပြီး ထုန်ကျန့်ကမ္ဘာက သေမျိုးကမ္ဘာကို ထိန်းချုပ်ပါလိမ့်မယ်။ ဒီလိုဆိုရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့ အကုန်လုံးက ဟန်ကျွယ် လက်ထဲရောက်သွားပြီး ကောင်းကင်တာအိုက ဟန်ကျွယ်ကို လှန်တောင် လှန်ရဲတော့မှာ မဟုတ်ပါဘူး။
ထုန်ကျန့်ကမ္ဘာရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ ကောင်းကင်တာအို ကုသိုလ်ကံတို့ ပေါင်းစပ်လို့ ပြီးသွားတဲ့အခါ ထုန်ကျန့်ကမ္ဘာဟာ ကောင်းကင်တာအိုထဲကို တစ်ဖန် ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်လည်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးဆီ အသံလွှင့်ပြီး ထုန်ကျန့်ကမ္ဘာကို နောက်ကွယ်ကနေ ကာကွယ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ဟန်ကျွယ်ဆီက အမိန့်ကို ရတာနဲ့ ထုန်ကျန့်ကမ္ဘာဆီ ချက်ချင်း ထွက်ခွာသွားပါတယ်။
ကိစ္စတွေ အကုန်လုံး ပြီးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့စိတ်ဟာ ပြေလျော့သွားပါတယ်။ ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာရဲ့ အနာဂတ်ကို မျှော်ကြည့်မိလိုက်ပါတယ်။
တစ်ခုခုကို ကြံစည်ရတဲ့ ခံစားချက်က တကယ်ကို ခံစားလို့ကောင်းပါတယ်။ ဒါကြောင့်လည်း တာအိုပညာရှိတွေက အကြံအစည်တွေ ထုတ်ရတာကို မမောပန်းတာ ဖြစ်ပါလိမ့်မယ်။
ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၈၀၀ ကုန်ဆုံးသွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကို ရောက်ရှိသွားပါတော့တယ်။
ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအား စတင်တိုးတက်လာပါတယ်။
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၄၃,၉၁၄/၃၉၀,၄၉၀,၀၀၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လေးဆလောက် တိုးသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှု ခိုင်မြဲဖို့အတွက် နှစ် ၇၀ အားထုတ်လိုက်ရပါတယ်။
ဟန်ကျွယ်ရဲ့ အန္တိမမူလ မဟာတာအို နားလည်မှုဟာလည်း ပိုမိုနက်ရှိုင်းသွားပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို အသုံးပြုပြီး ဆန်းကြယ်စွမ်းအားတစ်ခုကို ဖန်တီးနိုင်တယ်လို့တောင် ခံစားလိုက်ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိ အဆင့်မြှင့်ဖို့ ခြောက်လ အချိန်ယူပါတယ်။ ပြီးတဲ့အခါမှာတော့ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်ကျင့်ကြံဖို့ ပြင်လိုက်စဉ်မှာပဲ ကျယ်လောင်လေးနက်တဲ့ အသံတစ်သံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
“ငါတို့ တာအိုပညာရှိတွေက တာအိုပညာရှိ အသစ်တစ်ပါးကို နှစ်တစ်သောင်းအတွင်း ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဒီတာအိုပညာရှိက ကြီးမားတဲ့ ကုသိုလ်ကံနဲ့ မြင့်မားတဲ့ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်၊ ဘယ်ဂိုဏ်းမဆို ဘယ်မျိုးနွယ်စုမဆို သက်ရှိအားလုံး ဒီနေရာအတွက် တိုက်ခိုက်နိုင်တယ်”
ဖူရှီရဲ့အသံဟာ ပဲ့တင်ထပ်သွားပါတယ်။
‘ဒီကောင်တွေက တာအိုပညာရှိအသစ်ကို ဒီလောက်မြန်မြန် ရွေးတော့မှာလား’ ဟန်ကျွယ်ဟာ တာအိုပညာရှိ အသစ်ရွေးချယ်တာကို စိတ်မဝင်စားပါဘူး။ ဘယ်သူပဲ တာအိုပညာရှိ အသစ်ဖြစ်လာ ဖြစ်လာ ဟန်ကျွယ်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
‘နေပါအုန်း... ဒီတာအိုပညာရှိအသစ်အတွက် လောကဦး ခရမ်းရောင်ချီက ဘယ်ကနေ လာတာလဲ’
ဟန်ကျွယ်ဟာ စာစောင်တွေကို ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[သင့်ရန်သူ တာအိုပညာရှိမင်ကျွယ်သည် တာအိုညာရှိများ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။]
တာအိုပညာရှိမင်ကျွယ်ရဲ့ ပုံရိပ်ဟာ စနစ်ထဲမှာ မရှိတော့ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။