မိစ္ဆာကောင်းကင်ဧကရာဇ်၊ ကောင်းကင်အရှင် ဝူဖာ
Vol. 51 Ch. 551
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ထိန်းချုပ်တာ စိတ်ဝင်စားပေမဲ့ ကိုယ်တိုင် ထိန်းချုပ်မှာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုနဲ့ နှောင်ကြိုး မတွယ်ချင်ပါဘူး။ အဲဒီအတွက် ဟန်ကျွယ်ဟာ တာအိုပညာရှိတစ်ပါးကို နောက်ကနေ ပံ့ပိုးပေးပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို သူ့အတွက် ထိန်းချုပ်ခိုင်းမှာပါ။
ဟန်ကျွယ်ဟာ နောက်ထပ် အကြံတစ်ခု ရသွားတာကြောင့် စနစ်ကို မေးလိုက်ပါတယ် “လောကဦး ကောင်းကင်ထောင်နဲ့ ကောင်းကင်တာအိုပညာရှိကို ကျွန်ပြုပြီး ကောင်းကင်တာအိုကို ထိန်းချုပ်လို့ရလား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်တာအို ပညာရှိကို ကျွန်ပြုနိုင်သော်လည်း ထိုကောင်းကင်တာအိုပညာရှိမှ ကောင်းကင်တာအိုကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပါ။ ကောင်းကင်တာအိုသည် ထိုကောင်းကင်တာအိုပညာရှိ၏ ကံတရား အထောက်အပံ့အား အလိုအလျောက် ဖြတ်တောက်လိမ့်မည်။]
ဟန်ကျွယ်ဟာ တွက်ချက်မှု အဖြေကြောင့် အံအားသင့်ခြင်း မရှိပါဘူး။ ကောင်းကင်တာအိုက နိယာမတစ်ခု ဖြစ်တဲ့အတွက် စနစ်က ဘယ်လောက်ပဲ အစွမ်းထက်ထက် လိုသလို ခြယ်လှယ်လို့ ရမှာ မဟုတ်ပါဘူး။ နောက်ပြီး စနစ်က မဟာတာအိုထက်တော့ စွမ်းအားကြီးပိုကြီးမှာ မဟုတ်ပါဘူး။ မဟာတာအိုတောင် ကောင်းကင်တာအိုကို တိုက်ခိုက် မဝါးမြိုနိုင်ဘူး မဟုတ်ပါလား။
ဒါ့အပြင် ကောင်းကင်တာအိုပညာရှိကို ကျွန်ပြုလိုက်တာက ဒီထက်မြင့်မားတဲ့ တည်ရှိမှုတစ်ခုကို အပြစ်ပြုမှာ ကျိန်းသေပါတယ်။
ဟန်ကျွယ်သိသလောက်ဆိုရင် ကောင်းကင်တာအိုမှာ အနန္တကပ်ဘေး ဆယ်ကြိမ်ကျော် ဖြစ်ပေါ်ခဲ့ပြီးပါပြီ။ ဒီအနန္တကပ်ဘေးတွေမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ တာအိုပညာရှိတွေရဲ့ နေရာကလည်း ပြောင်းလဲခဲ့ပါတယ်။ တကယ်တော့ တာအိုဖြတ်ကျော် ဆရာကြီးတွေက ကောင်းကင်တာအိုကနေ ထွက်ခွာပြီး အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို ရွှေ့ပြောင်းသွားကြတဲ့လူတွေပါ။
ကျောက်စိမ်းဗောဓိက ကောင်းကင်တာအိုရဲ့ အခြေအနေကို အာရုံခံနိုင်တယ်ဆိုရင် တခြား တာအိုဖြတ်ကျော် ဆရာကြီးတွေကလည်း ကျိန်းသေပေါက် အာရုံခံနိုင်မှာပါ။ နားလည်လွယ်အောင် ပြောရရင် ကောင်းကင်တာအိုပညာရှိတွေက ကောင်းကင်တာအိုထဲမှာ မဟာတာအိုပညာရှိတွေ ထည့်ထားတဲ့ ရုပ်သေးရုပ်တွေပါ။
ဒါကြောင့်လည်း ဟန်ကျွယ်က ကောင်းကင်တာအိုကို နောက်ကွယ်ကနေ ထိန်းချုပ်ချင်တာပါ။ နောက်ပြီး ဒီနည်းလမ်းက အန္တရာယ်ကင်းပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တာအိုစက်ကွင်းတစ်ခုမှာ ချုံရှီလိုင်ဟာ ရွှေရောင်ကြာပလ္လင်ပေါ် ထိုင်နေပါတယ်။ ချုံရှီလိုင်ရဲ့ ခန္ဓာကိုယ် ပတ်လည်မှာ ရှေးကျပြီး မီးခိုးရောင်ချီအငွေ့တွေ ထွက်ပေါ်လာတာနဲ့ ချုံရှီလိုင်ဟာ မျက်နှာပျက်သွားပါတယ်။
ချုံရှီလိုင်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ချုံရှီလိုင် ပတ်လည်က မီးခိုးရောင် ရောင်ဝါတွေဟာ တမုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ချုံရှီလိုင်ရှေ့မှာ အရိပ်နက်တစ်ခု ပေါ်လာပါတယ်။
ချုံရှီလိုင်ဟာ အရိပ်နက်ကို စိုက်ကြည့်ပြီး ခပ်တိုးတိုး မေးလိုက်ပါတယ် “ခင်ဗျား ဘာလိုချင်တာလဲ”
အရိပ်နက်က ပြန်ပြောပါတယ် “ကောင်းကင်တာအိုက အားနည်းနေတယ်၊ ဒါ မင်းအတွက် အခွင့်အရေးပဲ၊ မင်း ဘာလိုချင်လဲဆိုတာကို မင်း ပြန်စဉ်းစားသင့်တယ်”
ချုံရှီလိုင်ဟာ တိတ်ဆိတ်သွားပါတယ်။
အရိပ်နက်က ဆက်ပြောပါတယ် “လီမုယဲ့ရဲ့ တရှီကျဲ့ကမ္ဘာက အမှောင်ဘုရင် တာအိုပညာရှိ ဝါးမြိုတာကို ခံရတော့မယ်၊ သူ့ရဲ့ နောက်ထပ်ပစ်မှတ်က ကောင်းကင်တာအိုပဲ၊ မင်းသာ ကောင်းကင်တာအိုကို စုစည်းနိုင်မယ်ဆိုရင် အမှောင်ဘုရင် တာအိုပညာရှိရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့ အလားအလာ ပိုများလိမ့်မယ်”
“အမှောင်ဘုရင် တာအိုပညာရှိက ဘယ်သူလဲ”
“အမှောင်တားမြစ်နယ်မြေကနေ မွေးဖွားလာတဲ့ ကံမိစ္ဆာ စိတ်ဝိညာဉ်ပဲ၊ သူက ကောင်းကင်တာအို ကြီးကြီးပဲဖြစ်ဖြစ် သေးသေးပဲဖြစ်ဖြစ် ဝါးမြိုတယ်၊ သူ့ရည်ရွယ်ချက်က မဟာတာအိုကို ဖြတ်ကျော်ပြီး ရှေးဟောင်း အမိန့်အာဏာကို ခုခံချင်တာပဲ”
“ခင်ဗျားက ဘာလို့ မတိုက်ခိုက်တာလဲ”
“လောကသခင် ရှိနေတာကို ငါတို့က ဘယ်လိုလုပ်ပြီး တိုက်ခိုက်လို့ရမှာလဲ၊ ကောင်းကင်တာအိုနဲ့ မဟာတာအိုက အချင်းချင်း ဝင်ပါလို့မရဘူး၊ ဒါက တစ်စက်ကလေးတောင် ချိုးဖျက်လို့မရတဲ့ သံမဏိစည်းမျဉ်းပဲ”
ချုံရှီလိုင်ဟာ တိတ်ဆိတ်သွားပါတယ်။
“နောက်ကပ်ဘေး ရောက်မလာခင် မင်း ကောင်းကင်တာအိုကို စုစည်းရလိမ့်မယ်၊ မဟုတ်ရင်း မင်းရဲ့ တာအိုပညာရှိနေရာက သူများအတွက် ဖြစ်သွားလိမ့်မယ်”
ချုံရှီလိုင်ဟာ မကျေမနပ် ဖြစ်သွားပါတယ်။
နှစ် ၅၀ ကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟန်ယိုသည် တစုကောင်းကင်ကမ္ဘာမှ ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၄၂
[သင့်တပည့် ဂျိရှင်းရှန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် အမင်္ဂလာ မကောင်းဆိုးဝါးနှင့် ရင်ဆိုင်တွေ့မိပြီး အမင်္ဂလာ မကောင်းဆိုးဝါးသည် ဖန်းလျန်ဝိညာဉ်ထဲသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် တာအိုပညာရှိတစ်ပါး၏ တာအိုစက်ကွင်းထဲသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အမင်္ဂလာ မကောင်းဆိုးဝါးများကို ဝါးမြိုခဲ့သောကြောင့် မိစ္ဆာကောင်းကင်ဧကရာဇ် အဖြစ်သို့ အသွင်ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် အဆုံးအသတ် အပျက်အစီး၏ နတ်ဘုံသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အိပ်မက်ပေးမှုကို လက်ခံရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က မိစ္ဆာကောင်းကင်ဧကရာဇ် ဖြစ်သွားတဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ်။ အင်မော်တယ်ကမ္ဘာကနေ မထွက်သွားခင်တုန်းက ကောင်းကင်ဧကရာဇ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန် အကောက်ကြံတာကို ခံရပြီး အဆင့်နိမ့် နတ်ထူးဆန်း ခန္ဓာသိမ်းတာကို ခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်ပုံကို ကြည့်လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ နာမည်ဟာ မိစ္ဆာကောင်းကင်ဧကရာဇ်လို့ ပြောင်းသွားပြီး သူ့မျက်နှာကလည်း တော်တော်လေး မိစ္ဆာဆန်လာပါတယ်။ မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ ဆံပင်တွေဟာ ဖြူဖွေးနေပြီး ဓားလိုစူးရှတဲ့ မျက်ခုံးမွေးတွေ ရှိပါတယ်။ ဒါ့အပြင် မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ မျက်ဆံတွေက နှစ်ခုဖြစ်နေပြီး မျက်ခုံးကြားမှာလည်း ပိတ်ထားတဲ့မျက်စိနဲ့တူတဲ့ ဒေါင်လိုက်သင်္ကေတစ်ခု ရှိနေပါတယ်။
ဒီထက်ပိုပြီး အရေးကြီးတာက မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ ကျင့်ကြံမှုဟာ တာအိုပညာရှိအတု နောက်ဆုံးအဆင့်ကို ရောက်ရှိသွားတာပါ။ ဒီကျင့်ကြံမှုက တော်တော်ကို မြန်လွန်းတာပါ။ ဟန်ကျွယ်ဟာ တစ်ခဏ ချီတုံချတုံ ဖြစ်သွားပြီး နောက်ဆုံးမှာတော့ ကောင်းကင်ဧကရာဇ်ကို အိပ်မက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို မခုခံနိုင်ပါဘူး။ အိပ်မက်နယ်မြေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀,၀၀၀ ကျော်က ယွီဂျင်ဂိုဏ်းတော်ကြီးဘေးမှာ ရှိခဲ့တဲ့ တောအုပ်လေးတစ်အုပ်ပါ။ ဒီနေရာလေးက ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ် မျက်နှာချင်းဆိုင် စတင်တွေ့ဆုံခဲ့တဲ့ နေရာဆိုရင်လည်း မမှားပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ထပ်တွေ့လိုက်ရတဲ့အခါ တော်တော်လေး ပြောင်းလဲသွားတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး နဂါးဦးချို၊ ခရမ်းရောင်ကျောက်စိမ်း ရွှေတို့နဲ့ တန်ဆာဆင်ထားတဲ့ သရဖူကို ခေါင်းထက်မှာ ဆင်မြန်းထားပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ နောက်မှာတော့ ယပ်တောင်ပုံစံ ဓားအရိပ်သုံးချောင်းဟာ ပေါလောမျောနေပါတယ်။
ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ကောင်းကင်ဧကရာဇ်ဟာ မှင်သက်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ဟာ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ် “မင်းက ငါထင်ထားတာထက်တောင် စွမ်းအားပိုကြီးနေပြီ၊ မင်းက တာအိုကိုတောင် ရသွားပြီလား”
“ကျွန်တော်က ကောင်းကင်တာအိုပညာရှိ မဖြစ်သေးပါဘူး၊ အရှင်မင်းကြီးရော ဘယ်လိုနေလဲ”
ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “မဆိုးပါဘူး... ငါ ဘယ်တုန်းကမှ ဒီလောက်ထိ လွတ်လွတ်လပ်လပ် မရှိခဲ့ဘူး၊ ဟန်ကျွယ်... မင်း အင်မော်တယ်ကမ္ဘာမှာ နေလို့မရတော့ရင် အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကိုလာပြီး ငါ့ဆီမှာ လာခိုလှုံလို့ရတယ်၊ ငါ ကောင်းကင်ရုံးတော် အသစ်ကို တည်ထောင်လိုက်ပြီ”
“အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံနဲ့ အင်မော်တယ်ကမ္ဘာကို နှိုင်းယှဉ်ကြည့်ရင် အခြေအနေ ဘယ်လိုရှိလဲ”
“ပိုပြီးတော့ အန္တရာယ်များတယ်၊ ပိုပြီးတော့လည်း ခြောက်ကပ်တယ်၊ ဒါပေမဲ့ အခွင့်အရေးတွေလည်း အများကြီးပဲ”
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ခြောက်ကပ်တယ်...’
ဟန်ကျွယ်ဟာ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံက အင်မော်တယ်ကမ္ဘာထက် ပိုပြီးတော့ စည်ကားလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဟန်ကျွယ်ဟာ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို အင်မော်တယ်ကမ္ဘာထက် အဆင့်ပိုမြင့်တဲ့ ကမ္ဘာတစ်ခုလို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ အခု ကောင်းကင်ဧကရာဇ်ရဲ့ စကားကတော့ ဒီလိုမဟုတ်ပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ် “အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံက အင်မော်တယ်ကမ္ဘာ မဖြစ်ပေါ်ခင် တည်ရှိခဲ့တာ၊ ကောင်းကင်တာအိုအောက်မှာ နံပါတ်တစ်ကမ္ဘာဆိုရင်လည်း မမှားဘူး၊ ဒါပေမဲ့ တာအိုပညာရှိတွေရဲ့ တိုက်ပွဲကြောင့် ကွဲကြေသွားတယ်၊ ဒီလိုအခြေအနေမျိုး နောက်ထပ်မဖြစ်အောင် တာအိုဘိုးဘေးက အဆုံးအသတ်အပျက်အစီးရဲ့ နတ်ဘုံကနေ ကွဲထွက်လာတဲ့ အပိုင်းအစတွေနဲ့ အင်မော်တယ်ကမ္ဘာကို ဖန်တီးခဲ့တာ...”
“အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာက ကံ၊ ရန်ငြိုးနဲ့ အကုသိုလ်ကံတွေ ပြည့်နှက်နေလို့ စွန့်ပစ်ခံထားရတာ ကြာပြီ၊ အခုက ရှေးဟောင်းပျက်သုဉ်းနယ်မြေကို သွားလို့ရတဲ့ လမ်းဖြစ်လာလို့ နည်းနည်း ပြန်စည်လာတာ၊ ဒီလမ်းမှာ သေဆုံးသွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီးပဲ၊ ဒါကြောင့် သူတို့တွေ ချန်ထားခဲ့တဲ့ အခွင့်အရေးတွေက ဒီနေရာမှာ မရေတွက်နိုင်အောင် ရှိတယ်”
ဟန်ကျွယ်ဟာ နတ်ဘုရားရွေးချယ်ပွဲထဲက တာအိုပညာရှိစစ်ပွဲကို တွေးမိလိုက်ပါတယ် ‘အင်မော်တယ်ကမ္ဘာ မွေးဖွားလာတာက ဒီကိစ္စနဲ့ ပတ်သက်နေတာများလား...’
ဟန်ကျွယ်က မေးလိုက်ပါတယ် “ရှေးဟောင်းပျက်သုဉ်းနယ်မြေက ဘယ်မှာ ရှိတာလဲ”
ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “ရှေးဟောင်းပျက်သုဉ်းနယ်မြေက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခု... တစ်ယောက်ယောက်က အဲဒီကနေ အသက်ရှင်လျက် ထွက်လာနိုင်ရင်တောင် အမှန်အတိုင်း ပြောမှာ မဟုတ်ဘူး၊ အဲဒီတစ်ချက်ကိုတော့ ငါ သေချာသိတယ်”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ပြင်းပြတဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်ပါတယ် “ဟန်ကျွယ်... ငါဆီကို လာခဲ့စမ်းပါ၊ ငါ မင်းကို ကောင်းကင်ဧကရာဇ်ဘွဲ့ပေးမယ်၊ ကောင်းကင်ရုံးတော်မှာ မင်းက လူတစ်ယောက်အောက်မှာပဲရှိပြီး လူသောင်းချီရဲ့အထက်မှာ ရှိလိမ့်မယ်၊ ငါတို့တွေ အတူပူးပေါင်းပြီး အမှောင်တားမြစ်နယ်မြေကို သိမ်းပိုက်ရအောင်၊ ငါတို့တွေ ကမ္ဘာကြီးတွေကို သိမ်းပိုက်လွှမ်းမိုးပြီး သမိုင်းမှာတစ်ခါမှ မတည်ရှိခဲ့ဖူးတဲ့ အင်အားစုကို တည်ထောင်ကြရအောင်”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလျက်ပါပဲ။ အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က ပြောင်းလဲသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ရည်မှန်းချက် ကြီးလာတာအပြင် ကောင်းကင်ဧကရာဇ်ဟာ ပိုပြီးတော့ ကျူးကျော်လိုစိတ် များလာပါတယ်။
“အင်မော်တယ်ကမ္ဘာကရော... အရှင်မင်းကြီးမှာ လောလောဆယ် အင်မော်တယ်ကမ္ဘာအတွက် ဘာအစီအစဉ်ရှိလဲ”
ကောင်းကင်ဧကရာဇ်ဟာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ငါ မကြာခင်မှာ ပြန်လာတော့မှာ၊ အဲဒီအချိန်ကျရင် တာအိုပညာရှိတွေအကုန်လုံး တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်၊ ငါ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို သိမ်းပိုက်ပစ်မယ်၊ ငါ့အမိန် မနာခံသူမှန်သမျှကို ဖျက်ဆီးပစ်မယ်”
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ထပ်စိုက်ကြည့်လိုက်ပါတယ် “ဟန်ကျွယ် ငါနဲ့ ပူးပေါင်းပြီး ရှေးဒဏ္ဍာရီထဲက ပန်ကူးလိုမျိုး အရာအားလုံးကို ရှင်းပစ်ရအောင်၊ ငါတို့တွေ အရာအားလုံးကို ပြန်ပြီးတော့ ဖန်တီးလို့ရတာပဲ”
“ကျွန်တော် စဉ်းစားပါ့မယ်”
“အင်း”
အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ဟာ စကားနည်းနည်း ထပ်ပြောကြပါတယ်။ အိပ်မက်ပြီးဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်က တကယ်ကို အမှောင်ခြမ်း ရောက်သွားတာပဲ၊ စွမ်းအား မကြီးသေးတာကလွဲရင် တကယ့်ဗီလိန်စစ်စစ်နဲ့ လုံးဝချွတ်စွပ်ပဲ’
တကယ်တော့ ကောင်းကင်ဧကရာဇ်ဘက်ကနေ ကြည့်ရင် သူ့ပြောင်းလဲမှုက နားလည်ပေးလို့ရပါတယ်။
‘ကောင်းကင်ဧကရာဇ်က အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ နာမည်ကျော်အောင် လုပ်နိုင်တယ်ဆိုတော့ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံက ငါ ထင်သလို ကြောက်ဖို့မကောင်းတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ငါ့ထက် စွမ်းအားကြီးမဲ့လူ ရှိမှာကတော့ သေချာတယ်’
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နှစ်ငါးရာ ကြာတဲ့အခါမှာတော့ ကောင်းကင်တာအိုဟာ ထပ်ပြောင်းလဲသွားပါတယ်။
“ငါက ကောင်းကင်တာအို ပညာရှိအသစ် ကောင်းကင်အရှင် ဝူဖာပဲ၊ ငါက ကောင်းကင်တာအိုရဲ့ သတ်ဖြတ်ခြင်းအာဏာကို ထိန်းချုပ်ပြီး ဝူဖာဂိုဏ်းကို တည်ထောင်လိုက်တယ်”
မောက်မာလှတဲ့ အသံတစ်သံဟာ ကောင်းကင်တာအိုတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။