အသက် ၆၀,၀၀၀ ပြည့်ခြင်း၊ လွတ်လပ်မှုအဆင့် သတ်ဖြတ်ခြင်း အကောင်းစား ရတနာ
Vol. 52 Ch. 569
ဆက်တွက်ဖို့ ရွေးချယ်လိုက်တယ် ဆိုရင်ပဲ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ် မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ အလွန်တရာ မှောင်မိုက်တဲ့ နေရာတစ်ခုကို ရောက်နေတာ တွေ့လိုက်ရပါတယ်။ သူ့ရှေ့မှာတော့ အနီရောင်အလုံးတစ်လုံး ရှိနေပြီး လင်းလာလိုက် မှောင်သွားလိုက်နဲ့ ကျောချမ်းဖို့ ကောင်းလှပါတယ်။
ဟန်ကျွယ်ဟာ ကျိုးဖန်ကို တွေ့လိုက်ရပါတယ်။ ကျိုးဖန်ဟာ အနီရောင်အလုံးအထဲမှာ ရှိနေပါတယ်။ ကျိုးဖန်ကို ဆူးချွန်တွ ပြည့်နှက်နေတဲ့ အနက်ရောင် လက်တံတွေက ရစ်ပတ်ထားပြီး ဝိညာဉ်ကိုယ်ပဲ ကျန်ပါတော့တယ်။
‘ဒါက...’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး မော့ကြည့်လိုက်တဲ့အခါ ဒီအနီရောင်အလုံးက အလွန်တရာ ကျယ်ဝန်းတာကို တွေ့လိုက်ရပါတယ်။ ဒီအနီရောင်အလုံးဟာ ကြယ်ဒေသတစ်ခုနဲ့ ဆင်တူပြီး အနီရောင် ရောင်ဝါတွေနဲ့ ပြည့်နေပါတယ်။ သက်ရှိဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိဘူး။ ဝိညာဉ်တွေလည်း မရှိပါဘူး။
ဟန်ကျွယ်ဟာ ကျိုးဖန်ကို ပြန်ကြည့်လိုက်ပါတယ်။ ကျိုးဖန်ကို ရစ်ပတ်ထားတဲ့ အနက်ရောင် လက်တံတွေက ရုပ်ပစ္စည်းတွေနဲ့ မတူဘဲ ပုံရိပ်ယောင်နဲ့ ပိုတူပါတယ်။ ဒါပေမဲ့ ဒီလက်တံတွေက ကျိုးဖန်ရဲ့ ဝိညာဉ်စွမ်းအားကို အမှန်တကယ် စုပ်ယူနေတာပါ။
ဟန်ကျွယ်ဟာ သူ ဘယ်ရောက်နေတုန်း စဉ်းစားနေရင်း သူ့မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
[သုခဘုံငရဲ: ပဋိပက္ခတားမြစ်နယ်မြေ။ ရှေးဟောင်း ပဋိပက္ခနတ်ဘီလူး၏ စိတ်ဆန္ဒမှ ဖြစ်ပေါ်လာပြီး နယ်မြေထဲ ဝင်လာသူ၏ သိစိတ်ကို သုခဘုံပုံရိပ်ယောင်ထဲ နှစ်မြှုပ်စေကာ ရုပ်နာမ်နှစ်ပါးစလုံးကို ဝါးမြိုစားသောက်၏။]
‘ရှေးဟောင်းပဋိပက္ခ နတ်ဘီလူးကနေ ဖြစ်ပေါ်လာတာလား...’ ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။
ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ကျိုးဖန်ကို ဘယ်သူက အကောက်ကြံတာလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
အမှောင်ဘုရင် တာအိုပညာရှိ။
‘လက်စသတ်တော့ ဒီကောင့်လက်ချက်ကိုး... ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ၊ ကျိုးဖန်လိုမျိုး ခုနစ်ပါးတာအိုပညာရှိရဲ့ ဓမ္မရုပ်တုကိုများ သွားရန်စရဲတယ်’
တွက်ချက်မှုကနေ ကုန်ဆုံးတဲ့ သက်တမ်းချင်း ယှဉ်ကြည့်ရင် အမှောင်ဘုရင် တာအိုပညာရှိက ဘယ်လိုနည်းနဲမှ ခုနစ်ပါးတာအိုပညာရှိကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ကောင်းကင်တာအိုကနေ ထွက်ခွာတာက တက်ကို အန္တရာယ်များတာပါ။ ဘာပဲဖြစ်ဖြစ် ကျိုးဖန်နောက်မှာ ခုနစ်ပါးတာအိုပညာရှိ ရှိနေတဲ့အတွက် ဟန်ကျွယ်ကိုယ်တိုင် လှုပ်ရှားစရာ မလိုတော့ပါဘူး။
ဒီလိုနဲ့ အချိန်တစ်ခု အကြာမှာတော့....
[သင်သည် အသက် ၆၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ ကောင်းကင်ဘုံသို့တိုင်အောင် တာအိုဟောကြားပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့အား လုယူပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပြီး ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ အကောင်းစား ရတနာတစ်ပါးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ် ‘အချိန်ကုန်တာ မြန်လိုက်တာ... နှစ်ငါးသောင်းက မနေ့တစ်နေ့ကလိုပဲ...’
စနစ်ဟာ အရင်လိုမျိုး ဟန်ကျွယ်ကို ဝေခွဲရခက်တဲ့ ရွေးချယ်မှုတွေ မပေးတော့ပါဘူး။ ဒါပေမဲ့ ဆုလာဘ်ကတော့ တော်တော်များပါတယ်။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့၍ မဟာတာအို အပိုင်းအစ တစ်စ၊ အကောင်းစား ရတနာတစ်ပါးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိပါသည်။]
[လွတ်လပ်မှုအဆင့် အကောင်းစားရတနာ - သတ်ဖြတ်ခြင်း တာအိုတံဆိပ်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[သတ်ဖြတ်ခြင်း တာအိုတံဆိပ်: လွတ်လပ်မှုအဆင့် သတ်ဖြတ်ခြင်း အကောင်းစား ရတနာ။ သက်တမ်းနှင့် ကံတရား အထောက်အပံ့အား စတေးပြီး ရန်သူအား သတ်ဖြတ်နိုင်သည်။ သင့်စကားသည် အမှန်ဖြစ်လာလိမ့်မည်။ သင်နှင့် ရေစက်မရှိသော သက်ရှိများအား မသတ်နိုင်ပါ။ တိုက်ပွဲအတွင်း မဟုတ်လျှင် အသုံးပြုခွင့်မရှိပါ။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘တကယ်အံဖွယ်ပဲ’
ဟန်ကျွယ်ဟာ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ကို ထုတ်ယူလိုက်ပါတယ်။ ဒီသတ်ဖြတ်ခြင်း တာအိုတံဆိပ်က ဟန်ကျွယ် ထင်ထားတာနဲ့ တခြားစီပါ။ တံဆိပ်ဆိုတာထက် ဓားအိမ်ထဲကထုတ်ထားတဲ့ ဓားတစ်ချောင်းနဲ့ ပိုတူပါတယ်။ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ဟာ သုံးပေရှည်ပြီး တစ်ကိုယ်လုံး နီရဲနေပါတယ်။ အလင်းတချို့ဟာ ဘေးနားဝန်းကျင်မှာ စီးဆင်းနေပြီး ဒီတံဆိပ်ကိ ကိုင်ဆောင်ထားရုံနဲ့ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ကို ခံစားနိုင်ပါတယ်။ ဟန်ကျွယ်ဟာ အားကောင်းလှတဲ့ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ကြောင့် ကျောချမ်းသွားပါတယ်။
ဟန်ကျွယ်ဟာ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ကို သန့်စင်ပြီး ကိုယ်ပိုင်ပစ္စည်းပြုပါတယ်။ နှစ်ဝက်ကြာတဲ့အခါမှာတော့ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ဟာ ဟန်ကျွယ်အပိုင် ဖြစ်သွားပါတယ်။ ဒါက ဟန်ကျွယ် ပထမဆုံးအကြိမ် တော်တော်ကြိုးစားလိုက်ရတာပါ။ စနစ်ကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ ဒီရတနာကို ကိုယ်ပစ္စည်းပြုနိုင်ဖို့ မလွယ်ပါဘူး။ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ရဲ့ ဝါးမြိုတာကိုတောင် ခံရကောင်း ခံရနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲကို ချက်ချင်းဝင်ပြီး သတ်ဖြတ်ခြင်းရတနာကို စမ်းသပ်ကြည့်ပါတယ်။ အသွင်တူလက်ရည်စမ်းပွဲထဲမှာက သက်တမ်းလည်း မကုန်ဆုံးတဲ့အတွက် ဟန်ကျွယ် ကြိုက်သလို စမ်းကြည့်လို့ရပါတယ်။
ကောင်းကင်အရှင်ဝူဖာကို ရင်ဆိုင်ရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သက်တမ်း ၁ ထရီလီယံကို စတေးပြီး “သတ်” ဆိုတဲ့ စာလုံးကို ပြောလိုက်ပါတယ်။ အသံထွက်လာတာနဲ့ ချက်ချင်း ဆိုသလို ကောင်းကင်အရှင်ဝူဖာဟာ အမှုန့်ဖြစ်သွားပါတယ်။
‘စွမ်းလှချည်လား...’ ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပါတယ်။
သာမန်တာအိုပညာရှိတွေဆိုရင် သက်တမ်းကိုတောင် စတေးစရာ မလိုပါဘူး။ တစ်ခါတည်း အသေသတ်ပစ်ပါတယ်။
‘ဒါက လွတ်လပ်မှုအဆင့် သတ်ဖြတ်ခြင်း အကောင်းစား ရတနာလား...’ ဟန်ကျွယ်ဟာ နှလုံးခုန် ပိုမြန်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတ်ဖြတ်ခြင်း တာအိုတံဆိပ်က ကြမ္မာဆိုးစာအုပ်နေရာနဲ့ လှည့်သုံးလို့ရလို့ပါပဲ။
ဒါပေမဲ့ ကြမ္မာဆိုးစာအုပ်က ဆက်တိုက်သွားတဲ့ လမ်းစဉ်ကို လိုက်တာဖြစ်ပြီး သတ်ဖြတ်ခြင်း တာအိုတံဆိပ်ကတော့ ဗိုလ်ကျတဲ့လမ်းစဉ်ကို လိုက်တာပါ။
ကြမ္မာဆိုးစာအုပ်ကို အသုံးကျယ်ပြီး လူမသိသူမသိ သတ်ပစ်လို့ရပါတယ်။ ဒါပေမဲ့ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ကတော့ တိုက်ပွဲထဲမှာပဲ သုံးလို့ရတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာပုန်းပြီး ရန်သူကို အကောက်ကြံလို့ မရပါဘူး။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို စိန်ခေါ်လိုက်ပါတယ်။ သတ်ဖြတ်ခြင်း တာအိုတံဆိပ် ရှိနေပေမဲ့လည်း ဟန်ကျွယ်ဟာ တစ်ချက်တည်း အသတ်ခံလိုက်ရပါတယ်။
‘ဒီတစ်ခါ ငါ သက်တမ်း ၃၀၀ ပကောဋိကို တစ်ခါတည်း စတေးပစ်မယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲ ထည့်ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ရောက်တာနဲ့ သူ့သက်တမ်းကို တစ်ခါတည်း စတေးလိုက်ပါတယ်။
“သေစမ်း”
ဟန်ကျွယ်ဟာ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ကို ဝှေ့ယမ်းလိုက်တဲ့အခါ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ဟာ ပြင်းထန်စွာ တုန်ခါသွားပြီး အနီရောင်အလင်းတန်း တောက်ပစွာ ထွက်ပေါ်လာပါတယ်။ ဒီတစ်ခါမှာတော့ မြင့်မြတ်လှတယ် တန်ခိုးကြီးလှတယ်ဆိုတဲ့ ဘိုးဘေးရှီတျန်ဟာ ရုတ်တရက် အမှုန့်ဖြစ်သွားပါတယ်။
ဒီရလဒ်ကြောင့် ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။
‘အောင်မြင်ပြီ... နောက်ဆုံးတော့ ငါ မဟာတာအိုပညာရှိကို ယှဉ်နိုင်ပြီပဲ’
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန် ပြန်ပေါ်လာတာကို တွေ့လိုက်ရပြီး “သတ်” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရပါတယ်။ ကြားပြီးတာနဲ့ ဟန်ကျွယ်ဟာ တစ်ချက်တည်း သေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အခုထိ အကြောက်မပြေသေးပါဘူး ‘ငါ ဘိုးဘေးရှီတျန်ကို ရန်စလို့ မဖြစ်ဘူး၊ မဟုတ်ရင် ငါ့သက်တမ်း အကုန်လုံးကို စတေးပြီး လွတ်လပ်မှု အကောင်းစား ရတနာကို သုံးရင်တောင် ဘိုးဘေးရှီတျန်ကို သတ်နိုင်မှာ မဟုတ်ဘူး’
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး သူ့မောက်မာမှုကို ချေဖျက်ပေးတဲ့ ဘိုးဘေးရှီတျန်ကို ကျေးဇူးတင်မိသွားပါတယ်။ ဘိုးဘေးရှီတျန်ကတော့ မသိပေမဲ့ ဘိုးဘေးရှီတျန်က ဟန်ကျွယ်ကို အမြဲတမ်း အားပေးကူညီနေတာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး ရုတ်တရက် အကြံကြီးတစ်ခု ရသွားပါတယ် ‘ငါ ဒီဟာနဲ့ သတ်ဖြတ်ခြင်း တာအိုတံဆိပ်ကို အဆင့်မြှင့်လိုက်ရင် ဘယ်လိုနေမလဲ မသိဘူး...’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စမ်းကြည့်လိုက်ပါတယ်။
[သတ်ဖြတ်ခြင်း တာအိုတံဆိပ်ဟာ အဆင့်မမြှင့်တင်ပါနှင့်။ ဤရတနာ မဟာတာအိုအဆင့်သို့ ရောက်ရှိသွားပါက သင့်အား ဝါးမြိုပြီး မဟာတာအို စိတ်ဝိညာဉ်ကို မွေးဖွားပေးလိမ့်မည်။]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ စာကြောင်းကြောင့် တစ်ကိုယ်လုံး တုံ့ဆိုင်းသွားပါတယ် ‘သေစမ်း... ငါ ကိုယ့်သေတွင်း ကိုယ်တူးမိတော့မလို’
‘ရတနာကလည်း စိတ်ဝိညာဉ် ဖြစ်လာနိုင်တာပဲလား...’
ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် ကြမ္မာဆိုးစာအုပ်ကိုပဲ အဆင့်မြှင့်လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ ကြမ္မာဆိုးစာအုပ်ဟာ ကောင်းကင်တာအို အကောင်းစား ရတနာအဆင့်ကနေ လွတ်လပ်မှု စိတ်ဝိညာဉ်ရတနာအဆင့်ကို ရောက်ရှိသွားပါတယ်။
ကြမ္မာဆိုးစာအုပ်ကို ကိုင်ကြည့်ရင်း ကြမ္မာဆိုးရောင်ဝါက ပိုအားကောင်းလာတာကို ဟန်ကျွယ် ခံစားမိလိုက်ပါတယ်။ မသိမသာနဲ့ ဟန်ကျွယ်ဟာ အလွန့်အလွန် ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာတစ်ကောင်ကို ပြိုးထောင်ခဲ့မိပါပြီ။
‘ငါ တာအိုပညာရှိတစ်ပါးကို သေအောင် ကျိန်စာတိုက်ရင် ကောင်းမလား... ထားလိုက်ပါတော့...’
ဟန်ကျွယ်ဟာ နောက်ထပ် အနန္တကပ်ဘေးကို ထပ်မကြုံချင်တာကြောင့် သူ့အတွေးကို ခေါင်းထဲကနေ ချက်ချင်း ထုတ်လိုက်ပါတယ်။ အခုအချိန်မှာ တာအိုပညာရှိတွေက သူ့ကို ရန်မစတဲ့အပြင် ကောင်းကင်တာအို စနစ်ကျမှုကို ထိန်းသိမ်းပြီး အင်မော်တယ်ကမ္ဘာကို ကာကွယ်ပေးနေပါတယ်။ ဒီထက်ကောင်းတဲ့ ဘာများရှိနိုင်အုန်းမှာလဲ။
တာအိုပညာရှိတွေကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို စီမံနေရတာနဲ့ အေးအေးချမ်းချမ်းတောင် ကျင့်ကြံနိုင်မှာ မဟုတ်ပါဘူး။ ကျင့်ကြံခြင်းလောကမှာ ရန်သူ မိတ်ဆွေ ခွဲခြားဖို့က အတော့်ကို ခက်ခဲလှပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်နဲ့ ပိုပိုပြီးတော့ နီးကပ်လာပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ် နှစ် ၁၀,၀၀၀ အတွင်း အဆင့်တက်နိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ချက် ရှိပါတယ်။
အဲဒါပြီးရင်တော့ ဟန်ကျွယ်ဟာ နှစ် ၁၀၀,၀၀၀ အတွင်း လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်ရှိအောင် ကြိုးစားကျင့်ကြံမှာပါ။
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်၊ ဗုဒ္ဓတာအိုစက်ကွင်း။
ခန်းမထဲမှာ ချုံရှီလိုင်ဟာ ကြာပလ္လင်ပေါ် ထိုင်နေပါတယ်။ သူ့ခန္ဓာကိုယ်ကို ရွှေအလင်းတန်းတွေ ဝန်းရံနေပြီး အလင်းတိုင်ကြီး ဖြစ်နေတဲ့အတွက် အလွန်တရာမှ ကြည်ညိုလေးစားဖွယ် ကောင်းလှပါတယ်။
ချုံရှီလိုင်ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
“ဟန်ကျွယ်က ပိုစွမ်းအားကြီးလာတယ်လို့ ငါ ခံစားရတယ်” ကောင်းကင်တာအို စိတ်ဝိညာဉ်က စိတ်လေးလက်လံ ပြောလိုက်ပါတယ်။
ချုံရှီလိုင်ဟာ မျက်လုံးမဖွင့်ပါဘူး “အဲဒါ အံဩစရာ မရှိပါဘူး၊ သူ့အရည်အချင်းကိုက ယုတ္တိမရှိတာ၊ နောက်ပြီး အခုအချိန်မှာ ငါ သူနဲ့ ရင်ဆိုင်လို့မရသေးဘူး၊ ငါ တာအိုပေါင်းစပ်ပြီးတဲ့အထိ စောင့်အုန်း”
ကောင်းကင်တာအို စိတ်ဝိညာဉ်က ပြောလိုက်ပါတယ် “မင်း တာအိုပေါင်းစပ်ပြီးရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ...”
“မင်း တာအိုဘိုးဘေးရဲ့ စွမ်းအားကို ရရင်တောင် ယှဉ်နိုင်လိမ့်မယ်”
“တာအိုဘိုးဘေးက ပျောက်နေတာကြာပြီ၊ သူ ဘယ်မှာရှိလဲဆိုတာ မင်း သိလား”
“မသိဘူး၊ ဒါပေမဲ့ သူ့ရဲ့ အလောင်းကိုယ်ပွားသုံးလောင်း ရှိတဲ့နေရာကိုတော့ သိတယ်၊ မင်း တစ်လောင်းပဲ ရရင်တောင် ဟန်ကျွယ်ကို အသာလေး သတ်နိုင်လိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။