← Chapters

ဆွမ်တိ

Vol. 53 Ch. 575

ဆွမ်တိ

Vol. 53 Ch. 575

“ဆရာသခင် သေသွားပြီဆိုတော့ ရွမ်လိန့်ကျောင်းတော်က ခေါင်းဆောင်မဲ့သွားပြီ၊ ဂိုဏ်းတူအစ်ကို... ရွမ်လိန့်ကျောင်းတော်က နောက်ထပ် အကြီးဆုံးတပည့် မရွေးရသေးဘူးဆိုတော့ ဒါ ဂိုဏ်းတူအစ်ကိုအတွက် အခွင့်ကောင်းပဲ...”

လီရွှမ်အောက်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်လုံးတွေ အရောင်‌ တောက်သွားပါတယ်။

လီတောက်ခုံးဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ငါတို့က ရွမ်လိန့်ကျောင်းတော် တပည့်တွေ မဟုတ်တော့ဘူး၊ မင်း သူတို့ကို မတိုက်ခိုက်နဲ့၊ ဆရာသခင် မရှိတာနဲ့ ရွမ်လိန့်ကျောင်းတော်က ပျောက်ပျက်သွားလိမ့်မယ်လို့ မင်း ထင်နေတာလား...”

လီရွှမ်အောက်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

လီတောက်ခုံးဟာ ခေါင်းခါလိုက်ပါတယ် “ဂိုဏ်းတူညီလေး... မင်း အမြင်က ကျဉ်းမြောင်းသေးတယ်၊ ကံတရား အထောက်အပံ့ဂိုဏ်းဆိုတာက မင်းထင်သလောက် မရိုးရှင်းဘူး၊ မဟုတ်ရင် ဗုဒ္ဓဂိုဏ်းနဲ့ ကျယ်ကျောင်းတော်က ဘယ်လိုလုပ် ပြန့်ကျဲပြီးမှ ပြန်စုစည်းနိုင်မှာလဲ”

လီရွှမ်အောက်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။

လီတောက်ခုံးဟာ လီရွှမ်အောက်ကို လျစ်လျူရှုပြီး ခန်းမထဲကနေ လမ်းလျှောက် ထွက်သွားပါတယ်။ အဲဒီနောက် လီတောက်ခုံးဟာ အရှေ့အရပ်ကို မျက်နှာမူပြီး အသာဦးညွှတ်လိုက်ပါတယ်။

လီတောက်ခုံးဟာ တာအိုပညာရှိအတု ဖြစ်နေပြီမို့ သူနဲ့ လီမုယဲ့ရဲ့ ကံတရားက ပြတ်တောက်သွားတာကို အာရုံခံမိပါတယ်။ ဒါက လီမုယဲ့ တကယ် သေသွားပြီဆိုတာကို ပြသနေပါတယ်။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ လီမုယဲ့သာ မရှိခဲ့ဘူးဆိုရင် လီတောက်ခုံးဟာ ဒီနေ့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

လီတောက်ခုံးဟာ လီမုယဲ့အတွက် ဦးညွှတ်ပေးရုံပါ။ လီမုယဲ့အတွက်နဲ့ ဟန်ကျွယ်ကို သတ်မှာတော့ မဟုတ်ပါဘူး။ လီမုယဲ့ သူ့နောက်ကို လိုက်တုန်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ဟန်ကျွယ်ကလွဲရင် သူ့ကို ဘယ်သူမှ လက်မခံခဲ့ကြပါဘူး။

“လောကကြီးကို ပြောင်းလဲနေတာပဲ” လီတောက်ခုံးဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး မျက်လုံး ကျဉ်းမြောင်းသွားပါတယ်။ လီတောက်ခုံးဟာ ဖရိုဖရဲ ဖြစ်နေတဲ့ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို မြင်သွားပုံပါပဲ။

နှစ် ၂,၀၀၀ ကုန်ဆုံးသွားပါတယ်။

[လောကဦး ကောင်းကင်ထောင်သည် အကျဉ်းသားအား အောင်မြင်စွာ ကျွန်ပြုလိုက်ပါပြီ။]

[ချုံရှီလိုင်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံးအဆင့်။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ချုံရှီလိုင်ကို စိုက်ကြည့်လိုက်ပါတယ်။

ချုံရှီလိုင်ဟာ အိပ်မက်ကနေ နိုးထလာတဲ့လူလိုမျိုး မျက်လုံးဖွင့်ကာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်း မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို တရိုတသေ ခါးညွှတ်လိုက်ပါတယ်။ ချုံရှီလိုင်ဟာ အတိတ်ကို ပြန်တွေးမိပြီး ရင်ထဲမှာ အပြစ်တင်မှုတွေ ပြည့်သွားပါတယ် “တောင်းပန်ပါတယ်၊ အကြောင်းအရင်း တချို့ကြောင့် ကျွန်တော်... ဟင်း....”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်က မင်းနားမှာ ရှိသေးလား”

ချုံရှီလိုင်ကို ကျွန်ပြုနေတုန်း ဟန်ကျွယ်ဟာ အကြွင်းမဲ့ သန့်စင်ခြင်းနဲ့ ချုံရှိလိုင်ကို သန့်စင်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်ဖို့က မသေချာပါဘူး။

ချုံရှီလိုက်က ပြန်ဖြေပါတယ် “ကျွန်တော် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကောင်းကင်တာအို အမှတ်အသားက ဖယ်ရှားပြီးသွားပြီ၊ ဒါပေမဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကတော့ ရှိနေသေးတယ်၊ ဒါပေမဲ့ ကျွန်တော် တစ်ခါမှ သူ့တည်ရှိမှုကို မဖမ်းဆုပ်မိဘူး”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလိုဆိုရင် ဒီကောင်းကင်တာအို စိတ်ဝိညာဉ်က ငါ့အတွက် အကြီးမားဆုံး ရန်သူပဲ’

“ကောင်းကင်တာအို စိတ်ဝိညာဉ်က မင်းကို လာရှာရင် မီးစင်ကြည့်ကလိုက်၊ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး မထုတ်ဖော်မိစနေဲ့” ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။

ချုံရှီလိုင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ ပြန်ပို့ပြီး ကျန်းကျွယ်ကိုလည်း ကိုယ့်နေရာကိုယ် ပြန်ခိုင်းလိုက်ပါတယ်။

ချုံရှီလိုင် ပြန်ရောက်လာတာ တွေ့တာနဲ့ တခြားတာအိုပညာရှိတွေဟာ ချုံရှီလိုင်ဆီ ရောက်လာပါတယ်။

“ဟန်ကျွယ်က မင်းကို လွှတ်ပေးလိုက်တာလား...”

“မင်း သေပြီလို့ ငါတို့ ထင်ထားတာ၊ အခုလိုမျိုး အသက်ရှင်နေလိမ့်မယ်လို့ ထင်မထားဘူး၊ ဒါနဲ့ လီမုယဲ့ရော...”

“ကျွတ်..ကျွတ်... မင်းက အသက်ရှင်နေသေးတာပဲ၊ နှမြောဖို့ ကောင်းလိုက်တာ”

“ဟန်ကျွယ်ပြောတာ အမှန်ပဲလား... မင်းတို့တွေ တကယ်ကြီး လျိုဟုန်ကို သွားရှာတာလား...”

တာအိုပညာရှိတွေရဲ့ မေးခွန်းကို ရင်ဆိုင်ရပေမဲ့ ချုံရှီလိုင်ရဲ့ အမူအရာဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။

ချုံရှီလိုင်ဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်း လီမုယဲ့က တကယ် သေသွားပြီ၊ ဒါတွေအကုန်လုံး ဟန်ကျွယ် အကောက်ကြံချင်တဲ့ ငါရဲ့ အပြစ်တွေပါ၊ ဟန်ကျွယ်ပြောတာ အမှန်ပဲ၊ ငါတို့နှစ်ယောက် လျိုဟုန်ကို သွားရှာခဲ့တယ်၊ ဒါက ငါတို့ရဲ့ အပြစ်တွေပဲ၊ ဟန်ကျွယ် ငါ့ကို လွှတ်ပေးလိုက်တာက ပြီးခဲ့တဲ့ကပ်ဘေးမှာ သူ့တပည့်ကို ငါ ကယ်ခဲ့လို့ပဲ”

အဲဒီနောက် ချုံရှီလိုင်ဟာ သူ့တာအိုစက်ကွင်းဆီ ပြန်ပါတယ်။

တခြားတာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင် အတန်ကြာအောင် စကားမပြောမိကြပါဘူး ‘ချုံရှီလိုင်က အရှုံးပေးလိုက်တာလား...’

တာအိုပညာရှိတွေဟာ ချုံရှီလိုင်အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ချုံရှီလိုင်က ဒီလိုလွယ်လွယ်နဲ့ လက်လျှော့မဲ့လူ မဟုတ်တာကိုလည်း သူတို့တွေ သိထားပါတယ် ‘ဟန်ကျွယ်က ဘယ်လိုနည်းလမ်းတွေ သုံးလိုက်တာလဲ’

တခြားတစ်ဖက်မှာတော့ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက်တစ်ခု ရောက်လာပါတယ်။

[ဆွမ်တိသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

‘ဆွမ်တိ... တော်တော် ရင်းနှီးတဲ့ နာမည်ပဲ’

ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[ဆွမ်တိ: မဟာတာအိုပညာရှိ၊ အနန္တဧကရာဇ်၊ ဗုဒ္ဓဂိုဏ်း တည်ထောင်သူ။ သင်သည် ချုံရှီလိုင်နှင့် ဆွမ်တိကြားရှိ ရေစက်ကို ဖြတ်တောက်လိုက်သဖြင့် ဆွမ်တိသည် သင့်အား မုန်းတီးသွားခြင်းတည်း။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

‘ကျောက်စိမ်းဗောဓိက ဗုဒ္ဓဂိုဏ်းရဲ့ လောကဦးဘိုးဘေး ဆွမ်တိက ဗုဒ္ဓဂိုဏ်း တည်ထောင်သူ... သူတို့နှစ်ယောက်ကြားမှာရှိတဲ့ ဆက်ဆံရေးက ဘာလဲ’

ဟန်ကျွယ်ဟာ ဆွမ်တိကို ဘဝဟောင်းမှာတုန်းကလည်း ကြားဖူးပါတယ်။ ဘဝဟောင်းမှာတုန်းက ကြားခဲ့တဲ့ ဒဏ္ဍာရီတွေဟာ တာအိုပညာရှိတွေရဲ့ မြင်ကွင်းတွေ ဖြစ်နိုင်ပါတယ်။ ဒဏ္ဍာရီတွေက အကုန်လုံး မမှန်နိုင်ပေမဲ့ သဲလွန်စတချို့တော့ ရှိနေပါတယ်။

ဟန်ကျွယ်ဟာ အလန့်တကြား မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ တာအိုစက်ကွင်းရဲ့ အစီအမံက မဟာတာအိုပညာရှိအဆင့်ထိ ရောက်နေလို့ပါပဲ။ မဟတာာအိုထက် အဆင့်မြင်တဲ့လူတွေရဲ့ ချောင်းကြည့်တာကို ဟန့်တားနိုင်တဲ့အတွက် တာအိုစက်ကွင်းက အလွန်တရာမှ ခိုင်ခံ့ပါတယ်။

‘လီမုယဲ့နောက်မှာရှိတဲ့လူက ငါ့ကို ဘာလို့ မမုန်းတာလဲ၊ အဲဒီလောက်တောင် နှလုံးသားမဲ့တာလား...’

အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့ နှစ် ၂,၀၀၀ အတွင်း အေးအေးဆေးဆေး မကျင့်ကြံခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းကျွယ် စောင့်ကြပ်နေတယ် ဆိုပေမဲ့လည်း ချုံရှီလိုင် လွတ်မြောက်သွားရင် ခက်လှည်ချည်ရဲ့ဆိုတဲ့ အတွေးကြောင့်ပါ။

ဟန်ကျွယ်ဟာ ကျင့်ကြံတာကို စွဲနေပါပြီ။ အချိန်တစ်ခုအထိ ဂူအောင်းမကျင့်ကြံရရင်ကို နေမထိ ထိုင်မထိ ဖြစ်လာပါတယ်။

ဖူစန်းသစ်ပင်အောက်မှာ တပည့်တွေဟာ နေရာခွဲပြီး ကျင့်ကြံအားထုတ်နေကြပါတယ်။ ဝူတောက်ကျန့်ဟာ မျက်လုံးဖွင့်ပြီး စောဒက တက်လိုက်ပါတယ် “ရှင် အမြဲတမ်း အားကြမ်းကြီးကိုပဲ မသုံးလို့ မရဘူးလား”

ထူလင်းအာက ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ငါက မှော်မျိုးနွယ်စုကလေ၊ နောက်ပြီး ဘိုးဘေးမှော်ဆရာရဲ့ သွေးစည်းလည်း ရှိတယ်၊ ပညာရပ်တွေ အကုန်လုံးကို အားကြမ်းအသုံးပြုပြီး ချိုးဖျက်တာက ငါတို့ မှော်မျိုးနွယ်စုတွေရဲ့ အမွေအနှစ်ပဲ”

သူတို့နှစ်ယောက်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်ပြီးခါစဖြစ်ပြီး ဝူတောက်ကျန့် ထပ်ရှုံးသွားပါတယ်။

ဝူတောက်ကျန့် စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ဖူစန်းသစ်ပင်ဟာ ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်လာတဲ့အတွက် သစ်ပင်အောက်မှာရှိတဲ့ တပည့်တွေကို ထိတ်လန့်သွားစေပါတယ်။

ငရဲကြက်နက်က မေးလိုက်ပါတယ် “မင်း ဘာဖြစ်တာလဲ”

ဖူစန်းသစ်ပင်က ပြန်ဖြေပါတယ် “ကျွန်တော် ချိတ်ဆက်ထားတဲ့ တရှီကျဲ့ကမ္ဘာ ပျောက်သွားပြီ၊ အချိန်-အာကာသ ဝဲကတော့လည်း ပိတ်သွားပြီ”

‘တရှီကျဲ့ကမ္ဘာ ပျောက်သွားပြီ’

လုံဟောင်က မေးလိုက်ပါတယ် “ကျွန်တော်တို့တွေ ဆရာသခင်ကို ပြောသင့်လား...”

ငရဲကြက်နက်ဟာ လုံဟောင်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ပြောလိုက်ပါတယ် “တရှီကျဲ့ကမ္ဘာကို သခင်ပိုင်လို့လား၊ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ သခင်ရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်နဲ့”

အဲဒီနောက် ငရဲကြက်နက်ဟာ ဖူစန်းသစ်ပင်ကို ပြန်ကြည့်ပြီး မေးလိုက်ပါတယ် “ဒီကိစ္စက မင်းကို သက်ရောက်မှု ရှိလို့လား”

“မရှိပါဘူး... ကျွန်တော် လန့်သွားရုံတင်ပါ”

“အဲဒါဆိုရင် အပိုတွေ လုပ်မနေနဲ့တော့... မင်းက မိန်းမကျနေတာပဲ”

“အဲဒီစကားက ဘာအဓိပ္ပာယ်လဲ”

ငရဲကြက်နက်ဟာ ရှင်းပြဖို့ ပြင်လိုက်ပေမဲ့ လီယောင်၊ ဝူတောက်ကျန့် ထူလင်းအာနဲ့ ရှောင်အာရဲ့ အကြည့်ကို ရုတ်တရက် ခံစားမိတဲ့အတွက် ချက်ချင်း ပါးစပ်ပိတ်လိုက်ပါတယ်။

ဒီကိစ္စလေးက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို မသက်‌ရောက်ပါဘူး။

ကောင်းကင်ပြင်အောက်မှာ တောတောင်တွေ ဖြစ်ထွန်းပေါ်ပေါက်လာလိုက် ပျက်စီးသွားလိုက်နဲ့ သံသရာ လည်နေပါတယ်။ တောင်တန်းတွေကလည်း နဂါးတွေ မြေပြင်မှာ ဝပ်တွားနေသလိုပါပဲ။ တချို့ ထူးဆန်းတဲ့ တောတောင်တွေကတော့ အတော်လေး ကြီးကျယ် ခမ်းနားပါတယ်။ တောအုပ်ထက်မှာ သားရဲ့ပျံတွေ မကြာခဏတွေ့နိုင်ပြီး သားရဲကြမ်းတွေနဲ့ နတ်ဆိုးသားရဲတွေရဲ့ ဟိန်းဟောက်သံကိုလည်း မကြာခဏ ကြားရလေ့ ရှိပါတယ်။

မြင့်မားတဲ့ တောင်တန်းတစ်ခုပေါ်မှာ တာအိုဘုံကျောင်းတစ်ခု ရှိနေပါတယ်။ ဒီတာအိုဘုံကျောင်းက အလွန်တရာမှ ရိုးရှင်းလှပြီး တာအိုဘုံကျောင်းရဲ့ ဘေးမှာတော့ ရောင်စုံပန်းတွေကို စိုက်ပျိုးထားပါတယ်။

ဒီအချိန်မှာပဲ သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ဟာ တာအိုဘုံကျောင်းရှေ့ ဒူးထောက်နေပါတယ် “အဖေ... ဟန်မိသားစုက အဖေရဲ့ အကူအညီကို တကယ်လိုအပ်နေတာပါ၊ အဖေ ကျွန်တော်တို့ကို တစ်ခါမှ မကူညီခဲ့ဘူး၊ အဖေ ဟန်မိသားစု ပျက်သုဉ်းတာကို တကယ်မြင်ချင်တာလား”

သက်လတ်ပိုင်းယောက်ျားဟာ ဝမ်းနည်းတပန်း ငိုကြွေးလိုက်ပါတယ်။

တာအိုဘုံကျောင်းရဲ့ တံခါးဟာ ရုတ်တရက် ဖွင့်သွားပြီး ဟန်ထော် ထွက်လာပါတယ်။ ဟန်ထော်ရဲ့ မျက်နှာဟာ အလွန်တရာမှ နုပျိုလှပါတယ်။ သက်လတ်ပိုင်း အမျိုးသားနဲ့ နှိုင်းယှဉ်ကြည့်ရင် သားလို့တောင် ထင်ရပါတယ်။ တကယ်ကတော့ ပြောင်းပြန်ပါ။

ဟန်ထောင် ထွက်လာတာကို တွေ့တာနဲ့ သက်လတ်ပိုင်း အမျိုးသားဟာ ဒူးထောက်ရင်း စိတ်လှုပ်ရှားစွာ ရှေ့တိုးလိုက်ပါတယ်။

ဟန်‌ထော်ဟာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲမှာလည်း စိတ်ပျက်မှုတွေ ပြည့်သွားပါတယ်။ ဟန်ထော်ဟာ သူ့သားကို တော်တော်လေး စိတ်ပျက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီကိုလာတိုင်း အမြဲတမ်း ပြဿနာတွေ သယ်လာလို့ပါပဲ။

ဟန်ထော်ဟာ လောကတစ်ခွင် ပြဲပြဲစင်အောင် ခရီးနှင်ပြီး လက်ရှိအဆင့်ကို ရောက်ခဲ့တာပါ။

ဟန်ထော်က ပြောလိုက်ပါတယ် “ငါ မင်းကို နောက်ဆုံးတစ်ခါ ကူညီပေးမယ်၊ မိသားစုထဲက တပည့်တစ်ယောက်ကို ရွေးချယ်လိုက်၊ ငါ သူ့ကို ငါရဲ့ကျင့်စဉ် ထည့်သွင်းပေးမယ်၊ ဒီကိစ္စပြီးတာနဲ့ ငါ ဒီကမ္ဘာကနေ ထွက်သွားတော့မယ်၊ အနာဂတ်မှာ မင်းတို့တွေ ကိုယ့်ဘာသာပဲ မှီခိုကြရလိမ့်မယ်”

ဟန်ထော်ရဲ့ စကားကြောင့် သက်လတ်ပိုင်း ယောက်ျားဟာ နှလုံးလှုပ်သွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် “အဖေက ဘယ်သွားမှာလဲ၊ ဟန်မိသားစုကို တစ်ပါတည်း ခေါ်သွားလို့ မရဘူးလား”

ဟန်ထော်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဘာ ဟန်မိသားစုလဲ၊ မင်းဘာသာ လောဘကြီးပြီး ဖန်တီးထားတာ၊ မင်းက မင်းညီမကို မမီဘူး၊ တော်လောက်ပြီ... ငါစိတ်ပြောင်းအောင် ထပ်မလုပ်နဲ့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters