← Chapters

နာမည်ရှိ မျိုးနွယ်စု၊ ကောင်းကင်အရှင် ရွှမ်တု

Vol. 53 Ch. 576

နာမည်ရှိ မျိုးနွယ်စု၊ ကောင်းကင်အရှင် ရွှမ်တု

Vol. 53 Ch. 576

ဟန်ထော်ရဲ့ လေသံဟာ တော်တော်လေး မကျေမနပ် ဖြစ်နေတာမို့ သက်လတ်ပိုင်း ယောက်ျားဟာ ချက်ချင်း တောင်းပန်လိုက်ပါတယ်။ သားအဖေနှစ်ယောက်ဟာ တစ်ခဏ စကားပြောပြီးနောက် သက်လတ်ပိုင်း ယောက်ျားဟာ သင့်တော်တဲ့တပည့်ကို ရွေးချယ်ဖို့ ထွက်ခွာသွားပါတယ်။ ဟန်ထော်ဟာ ထွက်ခွာသွားတဲ့ သက်လတ်ပိုင်း ယောက်ျားကို ကြည့်ရင်း သက်ပြင်းသာ ချမိပါတော့တယ်။

ဟန်ထော်ဟာ သူ့ကလေးတွေကို မြင်တိုင်း ကွယ်လွန်သွားတဲ့ သူ့ဇနီးရဲ့ မျက်နှာကိုပဲ မြင်ယောင်မိပါတယ်။ ဟန်ထော် သေမျိုးကမ္ဘာကို ဆင်းသက်ပြီး အိမ်ထောင်သားမွေး လုပ်တာကလည်း သူ့စိတ်အခြေအနေကို လေ့ကျင့်ဖို့ပါ။

ဟန်ထော်ရဲ့ အင်မော်တယ်ကမ္ဘာက ဇနီးဟောင်းဟာ ရန်သူလက်ချက်နဲ့ သေဆုံးခဲ့ရပြီး သေမျိုးကမ္ဘာက ဇနီးကတော့ အသက်ကြီးလို့ သေဆုံးသွားခဲ့ရပါတယ်။ ဟန်ထော်ဟာ သူတို့ဘဝတွေက ရိုးရှင်းမယ်လို့ ထင်ထားခဲ့တာပါ။ ဒါ့အပြင် ဟန်ထော်ဟာ သူ့ကလေးတွေက သူ့လိုမျိုး အင်မော်တယ်တာအိုကို လိုက်စားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ပထမတော့ ဟန်ထော်ဟာ သူ့ကလေးတွေအတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ သူ့သားက မတူညီတဲ့လမ်းကြောင်းကိုလိုက်ပြီး အာဏာကို တွယ်တာ မက်မောပေမဲ့ သူ့သမီးကတော့ တာအိုကိုပဲ တည်တည်ငြိမ်ငြိမ် လိုက်စားနေတုန်းပါ။

ရုတ်တရက်ဆိုသလိုပဲ ဟန်ထော်ဟာ သူ့အဖေကို ပြန်တွေးမိလိုက်ပါတယ် ‘အဖေကရော ငါ့ကို ဘယ်လိုမျိုးထင်ခဲ့လဲ မသိဘူး...’ ဟန်ထော်ဟာ သူ့အဖေရဲ့ စကားတွေကို ပြန်ကြားယောင်ရင် နည်းနည်း ရှုပ်ထွေးသွားပါတယ် ‘ငါက အဖေတစ်ယောက်ဖြစ်ဖို့ အရည်အချင်း မရှိဘူးလား...’

“အဖေ... အဖေသာ အသက်ရှင်နေသေးရင်... ဟင်း... အဖေအတွက် အချိန်မီ အင်မော်တယ်ဆေး မရှာပေးနိုင်ခဲ့တဲ့ ကျွန်တော်ရဲ့ အပြစ်တွေပါ” ဟန်ထော်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး ခေါင်းခါကာ အတွေးတွေကို ရှင်းထုတ်လိုက်ပါတယ်။ သေမျိုးကမ္ဘာမှာနေတာ အချိန်ကြာပြီ ဖြစ်တဲ့အတွက် အင်မော်တယ်ကမ္ဘာကိုပြန်ဖို့ အချိန်တန်ပါပြီ။

လဝက်ကြာတဲ့အခါမှာတော့ သက်လတ်ပိုင်း အမျိုးသားဟာ လူငယ်တစ်ယောက်ကို ‌တောင်ပေါ် ခေါ်လာပါတယ်။ ဟန်ထော်ဟာ လူငယ်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ လူငယ်ဟာ ကြမ်းပြင်ပေါ်မှာ တရိုတသေ ထိုင်နေပါတယ်။ လူငယ်လေးဟာ အသက် ၁၃ နှစ် ၁၄ နှစ်ပဲ ရှိသေးပေမဲ့ ကိုယ်ဟန်အမူအရာက သေသပ်လှပါတယ်။

အကြောင်းအရင်းတချို့ကြောင့် ဟန်ထော်ဟာ သူ့ငယ်ငယ်တုန်းကပုံစံကို ပြန်တွေးမိလိုက်ပါတယ်။ ဒီလူငယ်လေးက သူငယ်ငယ်တုန်းကနဲ့ တကယ်ကို တူတာပါ။ ဟန်ထော်ဟာ လူငယ်လေးကို တာအိုကျင့်စဉ် စတင်သင်ကြားပေးပါတယ်။

နှစ် ၃၀၀ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဒီနှစ်သုံးရာအတွင် ဟန်ကျွယ်ဟာ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်နိုင်တာမို့ ဟန်ကျွယ်ရဲ့ စိတ်အခြေအနေဟာ တော်‌တော်လေး ကောင်းနေပါတယ်။ ဟန်ကျွယ်ဟ မတ်တတ်ရပ်လိုက်ပြီး တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို တာအိုဟောကြားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ် တာအို မဟောကြားတာက နှစ်ထောင်ချီ ကြာခဲ့ပြီ မဟုတ်ပါလား။

“တာအိုနားထောင်ဖို့ ပြင်ဆင်ကြတော့...”

ဟန်ကျွယ်ရဲ့ အသံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပဲ့တင်ထပ်သွားပါတယ်။ တပည့်အားလုံး ကျင့်ကြံရာကနေ ထွက်လာကြပါတယ်။

ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို နှစ်တစ်ရာကြာအောင် တာအိုဟောကြားပါတယ်။ နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဟောကြားတာ ရပ်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ငုံ့ကြည့်လိုက်ပါတယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ပါရမီရှင်အသစ်တွေ တိတ်ဆိတ်ဂိုဏ်းထဲမှာ ပေါ်လာပါတယ်။ အများဆုံးကတော့ ကိုယ်ပိုင်တပည့်တွေက တပည့်အဖြစ် လက်ခံထားပါတယ်။ ဒီလို တပည့်လက်ခံတဲ့အထဲမှာ ငရဲကြက်နက်လည်း ပါပါတယ်။

ဟန်ကျွယ်ဟာ နောက်နှစ်တစ်သိန်းအတွင်း ရှကျဲ့မျိုးနွယ်စုကလွဲရင် တိတ်ဆိတ်ဂိုဏ်းထဲမှာ နတ်မင်းအဆင့် ကျင့်ကြံသူ ငါးထောင်နီးပါး ထွက်ပေါ်လာပြီး နောက်နှစ် ဆယ်သန်းအတွင်း ကောင်းကင်ဘဝဂ် ကျင့်ကြံသူ တစ်ရာနီးပါး ထွက်ပေါ်လာနိုင်ချေ ရှိတယ်လို့ ခန့်မှန်းလိုက်ပါတယ်။

အင်မော်တယ်ကမ္ဘာ တစ်ခုလုံးမှာတောင် ကောင်းကင်ဘဝဂ် ကျင့်ကြံသူက တစ်ရာ မရှိနိုင်ပါဘူး။ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းက နောက်နှစ်ဆယ်သန်းကြာရင် ဘယ်လောက်ထိ စွမ်းအားကြီးမလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။

ဒါပေမဲ့... နှစ်ဆယ်သန်းဆိုတာက ကြာညောင်းလွန်းပါတယ်။ တစ်ခါတစ်လေမှာ အရည်အချင်းကောင်း ရှိတာကလည်း ပြဿနာဖြစ်စေနိုင်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို မဖတ်တာ ကြာပြီဖြစ်တဲ့အတွက် သူ့လူတွေ ဘာဖြစ်နေတယ်ဆိုတာကို မသိပါဘူး။

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်ရန်သူ ဆွမ်တိ၏ ဖိနှိပ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်သား ဟန်ထော်သည် ကျို့ယိုငရဲထဲသို့ မတော်တဆ ဝင်ရောက်မိသွားသည်။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ ကျန်းတုကူး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် အမှောင်ဂိုဏ်းအား ဖန်တီးလိုက်သည်။]

[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

‘မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဘယ်လိုလုပ်ပြီး ဆွမ်တိကို သွားရန်စရတာလဲ’ ဟန်ကျွယ်ဟာ နားမလည်နိုင်အောင် ဖြစ်သွားပါတယ်။ ဒီထက်ပိုပြီး ဟန်ကျွယ်ကို ခေါင်းရှုပ်စေတာက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဆွမ်တိကို ရန်စပြီးတာတောင် အသက်ရှင်နေသေးတာပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ ကျင်းတျန်ကုန်း အမှောင်ဂိုဏ်း တည်ထောင်တာက ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ကျယ်ကျောင်းတော်က ထွက်လာပြီးနောက် ကျင်းတျန်ကုန်းမှာ ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းကို တစ်ခါတည်း သိမ်သွင်းဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။

‘ထားလိုက်ပါတော့... အနာဂတ်မှာ ငါ အမှောင်သခင်ကြီးနာမည်ကို ထပ်လိုရင် လိုလာမှာ...’

ဟန်ကျွယ်ရဲ့ မိတ်ဆွေအများစုဟာ စပြီးတော့ လှုပ်ရှားလာကြပါတယ်။ အင်မော်တယ်ကမ္ဘာကလည်း အရင်အင်မော်တယ်ကမ္ဘာလိုမျိုး ပြန်လည်သက်ဝင် လှုပ်ရှားလာပါတယ်။

စာစောင်တွေကို ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံကို ဖြန့်ကျက်ပြီး အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို ကြည့်ရှုလိုက်ပါတယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားက ဒေသသုံးခုဟာ သက်ရှိတွေနဲ့ ပြည့်နှက်နေပါပြီ။ သက်ရှိအများစုကတော့ အသွင်ပြောင်းပြီးနောက်ပိုင်း လူသားပုံစံချည်းပါပဲ။ ဒါပေမဲ့ လူသားမျိုးနွယ်စုကတော့ အင်မော်တယ်ကမ္ဘာမှာ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ရပြီး မျိုးနွယ်စုလေးတစ်စုအဆင့်ပဲ ရှိပါတယ်။ သူတို့တွေဟာ မိုးကောင်းကင်မျိုးနွယ်စု ပိုင်းခြားပေးထားတဲ့ ဒေသတစ်ခုမှာသာ ရှင်သန်နေထိုင်နိုင်ကြပါတယ်။

နတ်ဆိုးတွေပြီးရင် အင်မော်တယ်ကမ္ဘာမှာ အင်အားအကြီးဆုံး မျိုးနွယ်စုကတော့ နာမည်ရှိ မျိုးနွယ်စုပဲ ဖြစ်ပါတယ်။ ဒီမျိုးနွယ်စုကလည်း နတ်ဆိုးတွေလိုပါပဲ။ လောကမှာရှိတဲ့ ဘယ်သူမဆို ထိုက်သင့်သလောက် နာမည်ကျော်ကြားမယ်ဆိုရင် နာမည်ရှိမျိုးနွယ်စုထဲ ဝင်လို့ရတယ်လို့ ကြော်ငြားထားပါတယ်။

နတ်ဆိုးမျိုးနွယ်စုကတော့ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ဖိနှိပ်မှုကြောင့် ထပ်ပြီးတော့ ပြဿနာမရှာရဲသေးပါဘူး။ ဒါပေမဲ့ နာမည်ရှိမျိုးနွယ်စုနဲ့တော့ အင်အားချင်း ပြိုင်ဆိုင်နေကြပါတယ်။

နဂါးမျိုးနွယ်စုကလည်း ပြန်ပြီးတော့ အားကောင်းလာပါတယ်။

တာအိုပညာရှိနေရာကြောင့်နဲ့ တူပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ပါးပြီး တစ်ပါး လောကအနှံ့ ခြေဆန့်ပြီး သူတို့ရဲ့ တာအိုကျင့်စဉ်တွေကို ဖြန့်ကျက်ပါတယ်။ ဒါကြောင့် ကံတရား အထောက်အပံ့ဂိုဏ်းချည်းပဲ ၁၀၀ ကျော် ရှိလာပါတယ်။ ကံတရား အထောက်အပံ့ဂိုဏ်းတိုင်းလိုလိုမှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနဲ့ တာအိုပညာရှိအတုတောင် ရှိနေကြပါတယ်။

ဟန်ကျွယ်ဟာ လေးငါးဆယ်နာရီ ကြည့်ရှုပြီးတဲ့နောက်မှာတော့ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ထော်နေခဲ့တဲ့ သေမျိုးကမ္ဘာကို ကြည့်လိုက်ပါတယ်။ ဟန်ထော် ထားခဲ့တဲ့ ဟန်မိသားစုဟာ ရန်သူတွေရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် ခွေးပြေးဝက်ပြေး ဖြစ်နေပါတယ်။

“ဒီကောင်လေးက ငါ့လိုပဲ နှလုံးသား မဲ့လှချည်းလား” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။

ဟန်မိသားစု အခြေအနေက ကံဆိုးမိုးမှောင်ကျတယ် ဆိုပေမဲ့ ကျူပင်ခုတ် ကျူငုတ်မကျန်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး။ ဟန်မိသားစုထဲမှာ အရည်အချင်းရှိတဲ့ တပည့်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမဲ့ သူတို့ဟာ ငယ်ရွယ်လွန်းတဲ့အတွက် ကြီးပြင်းဖို့ အချိန်လိုနေပါသေးတယ်။

အတွေးတစ်ချက်နဲ့ ဟန်ကျွယ်ဟာ ဟန်မိသားစုကို တောအုပ်တစ်အုပ်ဆီ ရွှေပြောင်းလိုက်ပြီး လောကကြီးနဲ့ သီခြားခွဲထုတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ ချုံရှီလိုင်၊ ကောင်းကင်အရှင်ဝူဖာ၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဖူရှီ၊ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ ဧကရီဟုတ်ထိုတို့ဟာ လီမုယဲ့ရဲ့ တာအိုစက်ကွင်းမှာ စုစည်းနေကြပါတယ်။ တာအိုပညာရှိတွေဟာ လေထဲက အလင်းရောင်တွင်းတစ်ခုကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြပါတယ်။

ဧကရီဟုတ်ထိုက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘယ်သူ လာမှာလဲ”

ဂိုဏ်းချုပ်တျန်ကျွယ်က တည်ငြိမ်စွာ ပြန်ဖြေပါတယ် “ငါလည်း သေချာမသိဘူး၊ မဟာအဂ္ဂ တာအိုပညာရှိက အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ တပည့်သစ် ထပ်လက်မခံဘူးဆိုရင် အဲဒီစီနီယာ လာလောက်တယ်”

ဧကရီဟုတ်ထိုဟာ မျက်မှောင်ကြုတ်သွားပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ချုံရှီလိုင်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက ဘာဖြစ်လို့ ဒီလောက်တောင် တည်ငြိမ်နေတာလဲ၊ လီမုယဲ့က မင်းကြောင့် သေသွားတာလေ”

“သူ့မှာသာ ရည်ရွယ်ချက် မရှိဘူးဆိုရင် ငါ့အစီအစဉ်ကို လက်ခံပါ့မလား၊ ငါက သူ့ကို တွန်းအားပေးခဲ့တာမှ မဟုတ်တာ” ချုံရှီလိုင်ဟာ ခေါင်းခါလိုက်ပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ တခြားတာအိုပညာရှိတွေလည်း ချုံရှီလိုင်ရဲ့ စကားကို လက်မခံနိုင်ကြပါဘူး ‘ဒီကောင်က တကယ်ကို အရှက်မရှိတာပဲ’

ဒီအချိန်မှာပဲ အလင်းရောင်တွင်းထဲကနေ ကျယ်ပြောတဲ့ ဖိအားတစ်ခု ထွက်ပေါ်လာပြီး အဖြူရောင်ဝတ်ရုံနဲ့ ဆံဖြူအကြီးအကဲတစ်ယောက် လမ်းလျှောက်ထွက်လာပါတယ်။ ဒီလူဟာ မြင်းမြီးယ်ကို ကိုင်ထားပြီး သူ့နောက်မှာလည်း အစိမ်းရောင် အလင်းတွေ ဖြာထွက်နေတဲ့ ဓားရှည်တစ်ချောင်း ကပ်ပါလာပါတယ်။ ဓားရိုးအဆုံးမှာတော့ ကြာပလ္လင်လေးတစ်ခု ရှိနေပါတယ်။

ဧကရီဟုတ်ထိုနဲ့ ဖူရှီကလွဲရင် ကျန်တဲ့တာာအိုပညာရှိဟာ တညီတညာ ဦးညွှတ်ပြီး ပြိုင်တူ နှုတ်ဆက်လိုက်ကြပါတယ် “ကောင်းကင်အရှင် ရွှမ်တုကို ကြိုဆိုပါတယ်”

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါ ကောင်းကင်တာအိုရဲ့ အခြေအနေကို သိပြီးပြီ၊ မဟာအဂ္ဂ တာအိုပညာရှိက ရွမ်လိန့်ကျောင်းတော်ကို ထိန်းချုပ်ဖို့ ငါ့ကို တာဝန်ပေးထားတယ်၊ မင်းတို့တွေ အနာဂတ်မှာ ရွမ်လိန့်ကျောင်းတော်ကို ခက်ခဲအောင်မလုပ်ဖို့ ငါ မျှော်လင့်ပါတယ်”

“မလုပ်ပါဘူး” တာအိုပညာရှိတွေက ထပ်ဖြေလိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ချုံရှီလိုင်ကိုကြည့်ပြီး မေးလိုက်ပါတယ် “မင်းဘာလို့ အဲဒီပုဂ္ဂိုလ်နဲ့ ရေစက် ဖြတ်လိုက်တာလဲ’

“ကျွန်တော်ကို ဟန်ကျွယ်ကို ဖမ်းသွားတော့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး၊ ကျွန်တော်နှလုံးသားကတော့ ဗုဒ္ဓဂိုဏ်းမှာ ရှိနေပါသေးတယ်”

ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်လုံးတွေဟာ ချုံရှီလိုင်ကို ထိုးဖောက်မြင်သလိုမျိုး နက်နဲတဲ့ အဓိပ္ပာယ်တွေနဲ့ ရုတ်တရက် ပြည့်နှက်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters