← Chapters

ဟန်ကျွယ် အငြင်းခံရခြင်း

Vol. 53 Ch. 580

ဟန်ကျွယ် အငြင်းခံရခြင်း

Vol. 53 Ch. 580

ဘိုးဘေးရှီတျန်ရဲ့ စကားကို ကြားရတဲ့အခါမှာ ကျောက်စိမ်းဗောဓိက ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်းရှီတျန်... ငါ မင်းစကားကို သိပ်မကြိုက်ဘူး၊ ငါနဲ့ ဗုဒ္ဓဂိုဏ်းက မပတ်သက်တော့တာ ကြာပြီ၊ အမှောင်တားမြစ်နယ်မြေမှာလည်း ငါ့တာဝန်ကို အကောင်းဆုံး ကြိုးစားဖြည့်ဆည်းခဲ့တာပဲ၊ ငါ့ကို အပုပ်မချနဲ့”

ခုနစ်ပါးတာအိုပညာရှိက ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ ငါ နေရတာကလည်း မလွယ်ဘူး၊ ဘိုးဘေးရှီတျန်လိုမျိုး ကောင်းကင်တာအိုရဲ့ ထိပ်ဆုံးမှာထိုင်ပြီး ဘာမှဂရုမစိုက်ဘဲ နေလို့ရတာ မဟုတ်ဘူး”

သိကျွင်းက ဘာမှမပြောပါဘူး။ ဒါပေမဲ့ သူ့အပြုံးက နက်နဲတဲ့အဓိပ္ပာယ်တွေ ပါဝင်နေပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်လေးဦးရဲ့ စကားဝိုင်းဟာ လေးလံသွားပါတယ်။ ဒါပေမဲ့ ဘိုးဘေးရှီတျန်ဟာ ဒေါသထွက်ခြင်း မရှိပါဘူး “မင်းတို့တွေ ကောင်းကင်တာအိုကို ကာကွယ်ဖို့ တာဝန်ယူချင်တယ်ဆိုရင် ငါက မတားပါဘူး”

ဒီတစ်ခါမှာတော့ ကျောက်စိမ်းဗောဓိနဲ့ ခုနစ်ပါးတာအိုပညာရှိက ဘာမှပြန်မပြောတော့ပါဘူး။

ဒီအချိန်မှာ သိကျွင်းက ပြုံးလိုက်ပါတယ် “လာစမ်းပါ... ငါတို့တွေ တွေ့ရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ဒေါသထွက်မနေကြနဲ့၊ မင်းတို့အကုန်လုံးက သက်တမ်းချင်းယှဉ်ရင် ကောင်းကင်တာအိုနဲ့ ယှဉ်နိုင်တဲ့သူတွေချည်းပဲ၊ ပြီးခဲ့တဲ့တိုက်ပွဲရလဒ်က မပြီးပြတ်သေးဘူး၊ ဆက်သတ်ကြရအောင်”

ခုနစ်ပါးတာအိုပညာရှိက ပြောလိုက်ပါတယ် “ရတယ်၊ မင်းမှာသာ သတ္တိရှိရင် ငါ့ကို ပစ်မှတ်မထားနဲ့”

“ရယ်စရာပဲ၊ ငါက ဘာလို့ မင်းကို ပစ်မှတ်ထားရမှာလဲ”

စွမ်းအားကြီးပုဂ္ဂိုလ်လေးပါးရဲ့ စကားဝိုင်းဟာ ရုတ်ခြည်းပြောင်းလဲသွားပြီး သဟဇာတ ပြန်ဖြစ်သွားပါတယ်။

အချိန်တွေ ကုန်ဆုံးသွားပါတယ်။ ပုံမှန်လိုပဲ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာကိုပဲ အာရုံစိုက်ပြီး ကျင့်ကြံမှုတိုးတက်တဲ့ ကျေနပ်အားရမှုကို တစ်ဝကြီး ခံစားပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။

ကောင်းကင်ဘုံ ၉ ဘုံမြောက်မှာ ဖန်းလျန်ဟာ တောင်ဘက်မုခ်မှာ မတ်တတ်ရပ်ပြီး လောကရဲ့ ကံတရား အ‌ထောက်အပံ့ကို စုပ်ယူနေပါတယ်။ သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်းတန်းတွေ ဖြာထွက်နေပြီး သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်လိုလိုပါပဲ။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်လေး...’

ဖန်းလျန်ဟာ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူနေတာ မဟုတ်ပါဘူး။ ဖူစန်းသစ်ပင်လိုမျိုး အင်မော်တယ်ကမ္ဘာရဲ့ သဘာဝရင်းမြစ်ကို စုပ်ယူနေတာပါ။

ဒီလိုလုပ်တာက တာအိုပညာရှိတွေကို ကျိန်းသေပေါက် သတိထားမိစေမှာပါ။ ဖန်းလျန်ဟာ ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့ဖူးတဲ့အတွက် ဒီအကြောင်းကို သိမှာပါ။ သိသိကြီးနဲ့ လုပ်တယ်ဆိုကတည်းက သူ့ကိုယ်သူ ယုံကြည်မှုရှိတာ ဖြစ်နိုင်ပါတယ်။ ဖန်းလျန်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်နေပြီး ဒီနှစ်တွေမှာ သူ့ရဲ့ ကျင့်ကြံမှုက သိသိသာသာ တိုးတက်လာတာ မရှိပါဘူး။ ကြည့်ရတာ ကျင့်ကြံမှုမှာ ပိတ်ဆို့မှုအဟန့်အတားကို တွေ့နေပုံပါပဲ။

ဟန်ကျွယ်ဟာ ဖန်းလျန်ကို မတားပါဘူး။ ဖန်းလျန် ဘာလုပ်ချင်တယ်ဆိုတာကို မြင်ချင်တာလည်း ပါပါတယ်။

ဟန်ကျယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်တဲ့အခါ ၁,၆၂၀ နှစ် ကုန်ဆုံးသွားတာကို တွေ့လိုက်ရပါတယ် ‘အချိန်ကုန်တာ တော်တော်မြန်တာပဲ’

ဟန်ကျွယ်ဟာ ဟန်ထော်ကို ကြည့်လိုက်ပါတယ်။ ဟန်ထော်ဟာ ဒီအတောအတွင်း ယီတျန်နဲ့ ပြန်တွဲနေပါတယ်။ ဟန်မင်းလည်း ပါပါတယ်။ ဟန်ထော်၊ ယီတျန်နဲ့ ဟန်မင်တို့ဟာ ပင်လယ်ရပ်ခြားမှာရှိတဲ့ ရှေးဟေင်းလျှို့ဝှက်နယ်မြေတစ်ခုကို အတူတူ စူးစမ်းရှာဖွေနေကြပါတယ်။

ဟန်ကျွယ်ဟာ ဒီရှေးဟောင်းလျှို့ဝှက်နယ်မြေမှာ ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာတစ်ပါး ဖွက်ထားတာကို အာရုံခံမိပါတယ်။ ဒီရတာကို ချန်ထားခဲ့တဲ့သူကတော့ လီမုယဲ့ပါ။

အခုအချိန်မှာ ဟန်ထော်ဟာ နတ်မင်းအဆင့်ကို ရောက်ရှိနေပြီး အင်မော်တယ်ကမ္ဘာမှာ နေရာတစ်ခု ရသွားပြီလို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ ဟန်ယွီကို ထပ်ကြည့်လိုက်ပါတယ်။ ဘာလိုလိုနဲ့ ဟန်ယွီဟာ အင်မော်တယ်ကမ္ဘာကို ဘုံပျံတက်လာပြီး ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်ခဲ့ပါတယ်။ ဂိုဏ်းထဲမှာ သူ့အဆင့်အတန်းက အတော်ကို နိမ့်ပါးတဲ့အတွက် ဆေးဥယျာဉ်အစောင့် အဆင့်ပဲရှိပါတယ်။

ဟန်ကျွယ်ဟာ သူ့ငယ်ဘဝကို ပြန်တွေးမိလိုက်ပါတယ်။ သူငယ်ငယ်တုန်းကလည်း ဆေးဥယျာဉ်မှာ အလုပ်လုပ်ခဲ့ရတာ မဟုတ်ပါလား ‘ကြည့်ရတာ ဒီကောင်လေးက ငါနဲ့ ကံကြမ္မာပါတယ်နဲ့တူတယ်’

ဟန်ယွီဟာ ဟန်ကျွယ် ကယ်တင်တာကို ခံရပြီးကတည်းက ကျင့်ကြံတာကို စွဲလမ်းနေပါတယ်။ ဟန်ယွီ ဒီလိုဖြစ်နေတာကို ဟန်ကျွယ်က အားရပါတယ်။ ဟန်ထော်က တခြားလမ်းလျှောက်ပြီး ဟန်ယွီကတော့ သူ့လမ်းအတိုင်း လိုက်ပါတယ်။

တစ်ခဏ စဉ်းစားပြီးနောက် ဟန်ကျွယ်ဟာ ဟန်ယွီဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တောင်ခါးပန်းမှာ ဟန်ယွီဟာ ကျောက်တုံးတစ်တုံးပေါ်ထိုင်နေပါတယ်။ ဟန်ယွီရဲ့ရှေ့မှာတော့ ရေအိုင်ထဲမှာ စိုက်ထားတဲ့ ထူးဆန်းတဲ့ပန်းတွေ ရှိနေပါတယ်။ ဟန်ယွီဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတော်ကို ချောမောပါတယ်။

အမျိုးသမီးတပည့် အုပ်စုတစ်စုဟာ ဓားတွေနဲ့ ပျံသန်းလာပြီး ရပ်တန့်လိုက်ပါတယ် “ဂိုဏ်းတူမောင်လေးဟန်.... အပြင်ထွက်ပြီး လေ့ကျင့်ရအောင်” သားသားနားနား ဝတ်စားထားတဲ့ အမျိုးသမီးတပည့်တစ်ဦးကို ပါးစပ်ကို လက်နဲ့ကာပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။ တခြားအမျိုးသမီးတပည့်တွေကလည်း ဟန်ယွီကို စိတ်ဝင်တစား ဝိုင်းကြည့်ကြပါတယ်။

ဟန်ယွီကလည်း ချောလွန်းပါတယ်။ တစ်ဂိုဏ်းလုံးမှာ ပြိုင်ဘက်မရှိပါဘူး။ ဟန်ယွီဟာ မျက်လုံးဖွင့်ပြီး ခေါင်းခါလိုက်ပါတယ် “ဂိုဏ်းတူအစ်မတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဆေးပင်တွေကို စောင့်ကြပ်ရအုန်းမယ်၊ နောက်မှပဲ လိုက်ပါတော့မယ်”

အစိမ်းရောင်ဝတ်ရုံနဲ့ အမျိုးသမီးတပည့်ဟာ နှုတ်ခမ်းမဲ့သွားပါတယ် “ဂိုဏ်းတူမောင်လေးက ပြောလိုက်ရင် နောက်မှချည်းပဲ၊ ငအလေး”

အဲဒီနောက် အစိမ်းရောင်ဝတ်ရုံနဲ့ အမျိုးသမီးတပည့်ဟာ ထွက်ခွာသွားပါတယ်။ တခြားအမျိုးသမီးတပည့်တွေလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားပါတယ်။ အမျိုးသမီးတပည့်တစ်ဦးက မနေနိုင်ဘဲ ပြောလိုက်ပါတယ် “နင်က တော်တော် တုံးတာပဲ၊ ဂိုဏ်းတူအစ်မနောက်ကိုလိုက်ရင် ဒီနေရာမှာ ဆေးပင်တွေကို စောင့်ကြပ်စရာ လိုအုန်းမလား”

ဟန်ယွီဟာ မချိပြုံးပြုံးလိုက်ပြီး ဘာမှပြန်မဖြေပါဘူး။ အမျိုးသမီးတပည့်တွေ ထွက်ခွာသွားတဲ့အခါ ဟန်ယွီဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

“မင်းက မိန်းမတွေကို မကြိုက်ဘူးလား” သရော်သံတစ်သံကို ဟန်ယွီကြားလိုက်ရပါတယ်။ ဟန်ယွီ လှည်ကြည့်လိုက်တဲ့အခါ ဆေးရေအိုင်ဘေးက သစ်ပင်တစ်ပင်ဘေးမှာ ဝတ်ရုံဖြူလူတစ်ယောက် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ သစ်ပင်ရိပ်က ဝတ်ရုံဖြူရဲ့ မျက်နှာကို ကာထားတာကြောင့် ဟန်ယွီဟာ ဝတ်ရုံဖြူရဲ့ မျက်နှာကို သေချာ မမြင်ရပါဘူး။

ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ တစ်ဖက်လူရဲ့ မျက်နှာကို မမြင်နိုင်လို့ပါ။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူရဲ့ ကျင့်ကြံမှုအဆင့်က သူ့ထက် မြင့်မားတယ်ဆိုတာ သိသာလှပါတယ်။

ဟန်ယွီဟာ သတိကြီးကြီးထားပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”

ဝတ်ရုံဖြူလူက တခြားမဟုတ်ပါဘူး။ ဟန်ကျွယ်ပါ။ ဟန်ကျွယ်ဟာ မဆိုစလောက် ပြုံးလိုက်ပါတယ် “ငါ့မေးတာကို အရင်ဖြေစမ်းပါ”

“စိတ်မဝင်စားတာ မဟုတ်ပါဘူး၊ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားတာပါ၊ မိန်းမတွေကြောင့် ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်စေချင်လို့ပါ”

“ဘာဖြစ်လို့လဲ”

“ကျွန်တော်ရဲ့ မိသားစုက တစ်ခါတုန်းက အမြစ်ပြတ်အောင် သုတ်သင်ခံခဲ့ရတယ်၊ အဲဒီမတိုင်ခင်မှာ မိသားစု အရေးကိစ္စတွေကြောင့် ကျွန်တော်ဟာ ကျင့်ကြံမှုကို အာရုံမစိုက်နိုင်ခဲ့ဘူး”

“မင်းက အမြဲတမ်း တစ်ယောက်တည်းနေဖို့ စီစဉ်ထားတာလား”

“ကျွန်တော် စွမ်းအားကြီးလာရင် ဟန်မိသားစုကို ပြန်တည်ထောင်မှာပါ၊ ဒါပေမဲ့ ကျွန်တော်က အဲဒီလောက်အထိ စွမ်းအားမကြီးသေးဘူး”

“အို... ဒါဆို မင်းက ဘယ်‌လောက်ထိ စွမ်းအားကြီးချင်တာလဲ”

“အနည်းဆုံး မဟာညီညွတ်မှု အင်မော်တယ်စစ်လောက်... ခင်‌ဗျားက ကျွန်တော်ကို လှောင်ချင်လှောင်မယ်၊ ကျွန်တော်လိုမျိုး အစေခံက မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်ကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲပေါ့”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။

ဟန်ယွီဟာ ဟန်ကျွယ်ရဲ့ အပြုံးကြောင့် ခါးသီးသွားပါတယ်။

ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ် “ငါ မင်းကို မဟာညီညွတ်မှု အင်မော်တယ်စစ် ရောက်နိုင်တဲ့ တာအိုကျင့်စဉ်ပေးမယ်ဆိုရင် မင်း ငါ့အတွက် ဘာလုပ်ပေးနိုင်လဲ”

ဟန်ယွီဟာ အံဩမှင်သက်သွားပြီး ဒါကို ထောင်ချောက်တစ်ခုလို့ ထင်သွားပါတယ်။ ဟန်ယွီဟာ သေမျိုးကမ္ဘာကနေ အင်မော်တယ်ကမ္ဘာကို တက်လာတဲ့လမ်းမှာ လိမ်လည်လှည့်ဖြားတဲ့ ကျင့်ကြံသူတွေကို မကြုံဖူးတာ မဟုတ်ပါဘူး။

ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် ဟန်ယွီဟာ တစ်ဖက်လူကို ယုံကြည်ချင်နေပါတယ်။ ဒီခံစားချက်က ဟန်ယွီကို ကြောက်လန့်သွားစေပါတယ် ‘ဒီလူက ငါ့ကို ပညာရပ်တစ်ခုခု သုံးလိုက်တာ ဖြစ်မယ်၊ မဖြစ်ဘူး... ငါ သူ့ထောင်ချောက်ထဲ အကျခံလို့ မဖြစ်ဘူး’

ဟန်ယွီရဲ့ မျက်နှာဟာ ရုတ်ခြည်းဆိုသလို လုံးဝပြောင်းလဲသွားပါတယ်။

ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ဒီကောင်လေး ဘာဖြစ်သွားတာလဲ’

တစ်ခဏအကြာမှာတော့ ဟန်ယွီက ပြောလိုက်ပါတယ် “စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ အားကိုးပါရစေ”

“ဒီအခွင့်အရေးကို လွဲချောင်သွားရင် မင်းနဲ့ငါ ထပ်တွေ့ဖို့ဆိုတာ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး၊ မင်း တကယ်ပဲ ငါ့ကို ငြင်းဆန်မှာလား”

“ကျွန်တော် စိတ်ပိုင်းဖြတ်ပြီးပါပြီ...”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ငါ အငြင်းခံလိုက်ရတယ်’ ဟန်ကျွယ်ဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

ဟန်ယွီဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ငါ ဒီနေ့ တော်တော် ခံစားလိုက်ရတာပဲ၊ တော်သေးတယ်၊ ငါ တာအိုနှလုံးသားက ခိုင်ခံ့လို့...’

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ငါက သူ့ကို သနားလို့ အခွင့်အရေးပေးတာကို သူ့က ငါ့ကို ငြင်းရဲတယ်’ ဟန်ကျွယ်ဟာ အငြင်းမခံရတာ ကြာပါပြီ။ ဒီခံစားချက်က တကယ်ကို ထူးဆန်းလွန်းပါတယ်။

‘ဒီလိုဆိုမှတော့... မင်း နောင်တရမလား ငါ သိချင်သေးတယ်’

‘ကောင်စုတ်လေး... ကျင့်ကြံမှုဆိုတာ စိတ်ပိုင်းဖြတ်နိုင်မှု အပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး’

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဒီလိုနဲ့ နှစ်တစ်ထောင်ကြာလို့ ဟန်ကျွယ် ကျင့်ကြံရာက ထလာတဲ့အခါ ပထမဆုံး ကြည့်လိုက်တဲ့လူက ဟန်ယွီပါ။

နှစ်တစ်ထောင် ကြာပြီးနောက်မှာတော့ ဟန်ယွီဟာ တခြားဂိုဏ်းတစ်ခုကို ရောက်နေပါပြီ။ ဟန်ယွီဟာ နာမည်ရှိမျိုးနွယ်စုရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် တောင်ကြားတစ်ခုမှာ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေပါတယ်။

ဟန်ယွီရဲ့ ကျင့်ကြံမှုအဆင့်က မဟာညီညွတ်မှု မြေအင်မော်တယ်အဆင့်ကို ရောက်နေပါပြီ။ ဟန်ယွီဟာ နှစ်တစ်ထောင်ကြာမှ ကျင့်ကြံမှုနည်းနည်းပဲ တိုးတက်လာတဲ့အတွက် အရည်အချင်းက အရမ်းမဆိုးရွားဘူးဆိုရင်တော့ သာမန်ပဲလို့ ပြောလို့ရပါတယ်။

ကောင်းကင်တာအို ပြန်စပြီးနောက် သေမျိုးကမ္ဘာ အသီးသီး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘုံပျံတက်ပြီး အသွင်ပြောင်းလဲတဲ့ နိယာမက အခုထိ မပေါ်လာသေးပါဘူး။ ဒါကြောင့် ဟန်ယွီရဲ့ ကျင့်ကြံမှုဟာ သူ့ဘာသာ တစ်ဆင့်ချင်း ကျင့်ကြံလာခဲ့တာပါ။ သူ ကျင့်ကြံတဲ့ ကျင့်စဉ်ကလည်း ဟန်ထော် သူ့သားအတွက် ချန်ထားခဲ့တဲ့ ကျင့်စဉ်ပဲ ရှိပါသေးတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters