← Chapters

ဟန်ယွီ၏ ဆုံးဖြတ်ချက် ပြတ်သားမှု

Vol. 54 Ch. 586

ဟန်ယွီ၏ ဆုံးဖြတ်ချက် ပြတ်သားမှု

Vol. 54 Ch. 586

ဂျိရှင်းရှန် စိုးရိမ်စိတ် ဝင်နေချိန်မှာ ကောင်းကင်ဘုံ ၉ ဘုံမြောက်မှာရှိတဲ့ ဖန်းလျန်လည်း ထိတ်လန့်သွားပါတယ်။ ဖန်းလျန်ဟာ ကောင်းကင်တာအို မူလစွမ်းအားကို ဆက်တိုက် စုပ်ယူနေတုန်းပါ။ ဒါပေမဲ့ ပုကျိုးနတ်တောင် ပေါ်လာတဲ့အခါမှာ သူ့ရဲ့ စုပ်ယူနှုန်းက နှေးကျသွားပါတယ်။

‘ဘာဖြစ်တာလဲ...’ ဖန်းလျန်ဟာ အထိတ်တလန့် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုက်တရက် ပြောင်းလဲမှုက သူနဲ့ တာအိုဘိုးဘေး ပေါင်းစပ်တာကို သက်ရောက်နိုင်လို့ပါပဲ။ နောက်ပြီး တစ်ဖက်လူက တိတ်ဆိတ်ဂိုဏ်းက ဖြစ်နေတယ် မဟုတ်ပါလား။

‘ဆရာဘိုးဘိုးက မိုးကောင်းကင်မျိုးနွယ်စုကိုရော လီတောက်ခုံးကိုရော ထောက်ပံ့လိုက်တာပဲ၊ ဘာလုပ်ဖို့ စီစဉ်နေတာလဲ မသိဘူး...’ ဖန်းလျန်ဟာ မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။

‘ဒီအတိုင်း ဆက်သွားရင် ကောင်းကင်တာအို တစ်ခုလုံးက ဆရာဘိုးဘိုးလက်ထဲ ရောက်သွားနိုင်တယ်’ ဖန်းလျန်ဟာ တွေးလေလေ လန့်လေလေပါပဲ ‘မသိမသာနဲ့ ဆရာဘိုးဘိုးက နက်နက်ရှိုင်းရှိုင်းကို စီစဉ်ထားတာပဲ... ဒါနဲ့ ဆရာဘိုးဘိုးက ပုကျိုးနတ်တောင်ကို ဘယ်နေရာကနေ ရလာတာလဲ မသိဘူး’

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

နောက်ထပ် နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပုကျိုးနတ်တောင်ကို ပထမဆုံး ကြည့်လိုက်ပါတယ်။ လက်ရှိ ပုကျိုးနတ်တောင်က ကီလိုမီတာ ၉ ထရီလီယံကျော် မြင့်မားပြီး ကောင်းကင်ဘုံ ကိုးဘုံမြောက်နဲ့ ဆက်သွယ်နေပါတယ်။ ပုကျိုးနတ်တောင်ဟာ ဘယ်လောက်ရှည်လျားလဲ အတိအကျ မသိနိုင်ပေမဲ့ အနည်းဆုံး ဒေသဆယ်ခုကျော်ကို သွယ်တန်းထားပါတယ်။

မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ ပုကျိုးနတ်တောင်မှာ နေထိုင်ကြတဲ့အတွက် သူတို့ရဲ့ ကံတရား အထောက်အပံ့ကလည်း ရေတွက်လို့ မရပါဘူး။ ဒီကံတရား အထောက်အပံ့တွေကြောင့် ပုကျိုးနတ်တောင်ရဲ့ အရှင် လီတောက်ခုံးလည်း တာအိုပညာရှိအတု နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။

လီတောက်ခုံးဟာ တပည့်သိန်းချီကို လက်ခံထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အရည်အချင်းတွေက မတူကွဲပြားခြားနားကြပါတယ်။ ဟန်ယွီတောင် လီတောက်ခုံးရဲ့ တပည့်ဖြစ်နေပါပြီ။

နှစ်တစ်ထောင်အတွင်း ပုကျိုးနတ်တောင်ဟာ အင်မော်တယ်ကမ္ဘာရဲ့ လျှော့တွက်လို့မရတဲ့ အဓိကအင်အားစုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအင်အားစုက လောလောဆယ်မှာ ဘာရည်မှန်းချက်မှ မရှိတဲ့အတွက် တခြးအင်အားစုတွေကို ဘာခြိမ်းခြောက်မှုမှ မပေးသေးပါဘူး။

အခုလက်ရှိ အင်မော်တယ်ကမ္ဘာက ပိုပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ မိုးကောင်းကင် မျိုးနွယ်စု၊ နာမည်ရှိ မျိုးနွယ်စု၊ နတ်ဆိုး၊ တစုန်ကောင်းကင်ဂိုဏ်း၊ တာအိုပညာရှိဂိုဏ်းတွေ၊ လူသားမျိုးနွယ်စု၊ ပုကျိုးနတ်တောင်၊ ရှန်နန်းတော်၊ နဂါးနန်းတော်၊ အောက်ကမ္ဘာနဲ့ တခြားအင်အားစု အသီးသီးဟာ ရစ်ပတ်ပွေလိမ်ပြီး ရှုပ်ယှက်ခတ်နေပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိ တစ်ပါးရဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရပါတယ်။ ဘယ်လိုခံစားချက်မျိုးလဲဆိုတော့ အရာအားလုံးကို လက်ထဲမှာ ထိန်းချုပ်ထားတယ်ဆိုတဲ့ ကျေနပ်နှစ်သိမ့်မှုပါ။

ပြောရမယ်ဆိုရင် စစ်တုရင် ကစားသလိုပါပဲ။ ပျင်းလာရင်ပြဲဖြစ်ဖြစ် မကြိုက်တော့ရင်ပဲ ဖြစ်ဖြစ် ကစားပွဲကို ဖျက်လိုက်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်စွမ်းကိုယ်စကိုသုံးပြီး ရန်သူကို အနိုင်ယူရတာက ကစားပွဲကို ဖျက်လိုက်တာထက် ပိုအားရဖို့ ကောင်းပါတယ်။ အခုဟန်ကျွယ်လည်း စစ်တုရင် ကစားနေတာပါ။ အချိန်အကြာကြီး ကျင့်ကြံအားထုတ်ပြီးနောက် မကြာမကြာ ကြံစည်တာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုပါ။

အခုအချိန်မှာ တာအိုပညာရှိတွေက သူ့ကို ပစ်မှတ်မထားတော့သလို သူ့အင်အားစုတွေကိုလည်း ပစ်မှတ်မထားတောပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ အတော်လေး ပျင်းရိငြီးငွေ့လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ တိတ်ဆိတ်ဂိုဏ်း အရွယ်အစား ကြီးလာတာနဲ့အမျှ တာအိုပညာရှိတွေကလည်း မကြာခင်မှာ လှုပ်ရှားတော့မယ်ဆိုတာကို ဟန်ကျွယ် သိနေပါတယ်။

ဟန်ကျွယ်ဟာ ဟန်ယွီကို ကြည့်လိုက်ပါတယ်။ ဟန်ယွီဟာ ပုကျိုးနတ်တောင်ရဲ့ တစ်နေရာမှာ ကျင့်ကြံအားထုတ်နေပါတယ်။ သူနဲ့ လီတောက်ခုံးရဲ့ ရေစက်က အတော်လေး တိမ်ပါတယ်။ ကြည့်ရတာ တစ်ခါမှ မတွေ့ရသေးပုံပါပဲ။ လီတောက်ခုံးရဲ့ စရိုက်အရ ပုကျိုးနတ်တောင်မှာရှိတဲ့ သက်ရှိအကုန်လုံးကို လျှောက်တွေ့ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ထော်ကို ကြည့်လိုက်ပါတယ်။ ဟန်ထော်ဟာ ရှန်နန်းတော်မှာ အစွမ်းပြပြီးမို့ ကျင်းတျန်ကုန်းတောင် ဆက်ပြီးတော့ ခက်ခဲအောင် မလုပ်တော့ပါဘူး။ ဟန်ထော်ရဲ့ ကျင့်ကြံမှုဟာ ယီတျန်ရဲ့ ကျင့်ကြံမှုကို အမီလိုက်လာပါတယ်။

ဟန်ထော်ရဲ့ ကျင့်ကြံမှု တိုးတက်လာတာက ယီတျန်ကိုလည်း လှုံ့ဆော်သလို ဖြစ်သွားပါတယ်။ ယီတျန်ဟာ နေရာတကာ လျှောက်မတိုက်ခိုက်တော့ဘဲ ဒီအတောအတွင်း ဂူအောင်း ကျင့်ကြံပါတော့တယ်။

“အေးချမ်းမှုက တကယ်ကို အရသာရှိတယ်” ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုအေးချမ်းမှုမျိုးကို နှစ်ပေါင်းဘီလီယံများစွာ လိုချင်ပါတယ်။ ဒီလိုသာဆိုရင် ဟန်ကျွယ်ရဲ့ မဟာတာအိုက ပြိုင်ဘက်ကင်းတဲ့ အဆင့်ကို ရောက်ရှိသွားမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်း ဖြစ်သွားရင် ပြဿနာ လျှောက်ရှာဖို့ စိတ်ကူးမရှိပါဘူး။ လောကအနှံ့ ခရီးနှင်ပြီး မြင်ကွင်းမျိုးစုံကို ခံစားမှာပါ။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို နည်းနည်း ထပ်ဖတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

ရှန်နန်းတော်၊ နက်မှောင်သော နန်းတော်တစ်ခု။

ကျင်းတျန်ကုန်းဟာ ပလ္လင်ပေါ်မှာ ပျင်းရိလေးတွဲစွာ ထိုင်နေပါတယ်။ ကျင်းတျန်ကုန်းဟာ သွေးပုံစံရှိတဲ့ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းမှာလည်း သရဖူကို ဆင်မြန်းထားပါတယ်။

ခန်းမထဲမှာ ရုတ်တရက်ဆိုသလို အနက်ရောင်အရိပ်တစ်ခု ပေါ်လာပါတယ်။ ဒီအနက်ရောင်အရိပ်ဟာ ယိမ်းထိုးနေတဲ့ ဖယောင်းတိုင်မီးလိုပါပဲ။

“ဂိုဏ်းချုပ်... ရှန်နန်းတော် တပည့်တွေကြားထဲမှာ စိတ်ဝမ်းကွဲရန်ဖြစ်တာတာ မကောင်းဘူးထင်တယ်” အနက်ရောင်အရိပ်က မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

ကျင်းတျန်ကုန်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့လဲ... တပည့်အများကြီးက သူတို့အရည်အချင်း ညံဖျင်းလို့ စိတ်ပျက်နေကြတာ မဟုတ်ဘူးလား”

အရိပ်နက်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “အရည်အချင်းကြောင့် မဟုတ်ဘူး၊ အမှောင်သခင်ကြီးရဲ့ ဒဏ္ဍာရီက ကြာလှပြီဆိုတော့ တပည့်တွေက မယုံကြည်ကြတာ”

အရိပ်နက်ရဲ့ စကားကြောင့် ကျင်းတျန်ကုန်းဟာ မျက်မှောင်ပိုကြုတ်သွားပြီး ကျိန်ဆဲလိုက်ပါတယ် “ဘာမှမသိတဲ့ လောက်ကောင်တွေ”

အရိပ်နက် ပြောလိုက်ပါတယ် “အမှောင်ဂိုဏ်းရဲ့ တခြားတပည့်တွေက ဂိုဏ်းအသီးသီး ထိုးဖောက်စိမ့်ဝင်ပြီးပြီ၊ အကုန်လုံးရဲ့ အခြေအနေက အကြမ်းဖျဉ်းအားဖြင့် အတူတူချည်းပဲ၊ အမှောင်သခင်ကြီးရဲ့ ဒဏ္ဍာရီက တကယ်နည်းတော့ ယုံကြည်ဖို့ ခက်ခဲတယ်လေ”

ကျင်းတျန်ကုန်းဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။

အရိပ်နက်လည်း တိတ်ဆိတ်သွားပါတယ်။

အတန်ကြာမှာ ကျင်းတျန်ကုန်းဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “သွားတော့... ငါ အမှောင်သခင်ကြီးကို မေးကြည့်အုန်းမယ်၊ မကြာခင်မှာ အမှောင်သခင်ကြီးရဲ့ ကြောက်မက်ဖွယ်အစွမ်းကို သက်ရှိတွေအကုန်လုံး မျက်ဝါးထင်ထင် တွေ့မြင်စေရမယ်”

“ဟုတ်ကဲ့”

အရိပ်နက်ဟာ ပျောက်ကွယ်သွားပါတယ်။ ကျင်းတျန်ကုန်းဟာ ခန်းမထိပ်ကို မော့ကြည့်လိုက်ပါတယ်။ အဲဒီနေရာက ဂလက်ဆီမြင်ကွင်းဖြစ်ပြီး အလွန်တရာ တောက်ပကာ ရှုမငြီးအောင် ရှိနေပါတယ် “အမှောင်သခင်ကြီး... ကျွန်တော်ရဲ့ အိပ်မက်ထဲကို ဘယ်တော့မှ လာလည်မှာလဲ... ကျွန်တော် ထပ်ပြီးတော့ မလုပ်နိုင်တော့ဘူး...”

ကျင်းတျန်ကုန်းဟာ မျှော်လင့်ချက်ကင်းမဲ့သလို နည်းနည်း ဖြစ်သွားပါတယ် ‘ကပ်ဘေးပြီးတော့ အမှောင်သခင်ကြီးက ဘာဖြစ်လို့ ပျောက်ကွယ်သွားရတာလဲ...’

ပုကျိုးနတ်တောင်။

ဟန်ထော်ဟာ တောင်ပေါ်မှာ လျှောက်ကြည့်နေပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံအားထုတ်နေတဲ့ သက်ရှိအများကြီးကို ဟန်ထော် တွေ့ခဲ့ရပါတယ်။ ဒီနေရာမှာ တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာကို တားမြစ်ထားတဲ့အတွက် အလွန်တရာမှ တိတ်ဆိတ်နေပါတယ်။ သက်ရှိတွေဟာ လီတောက်ခုံးကို လှန့်မိမှာစိုးတဲ့အတွက် စကားတောင် ကျယ်ကျယ် မပြောကြပါဘူး။

“စီနီယာလီက တကယ်ကို စွမ်းအားကြီးတာပဲ၊ ဒီလိုမျိုး နတ်တောင်ကိုတောင် ဖန်တီးနိုင်တယ်” ဟန်ထော်ဟာ သက်ပြင်းချလိုက်ပါတယ်။ လမ်းတစ်လျှောက် ပုကျိုးနတ်တောင်ရဲ့ ကြီးကျယ်ခမ်းနားမှုဟာ ဟန်ထော်ကို လန့်သွားစေပါတယ်။

နတ်မင်းအဆင့် ကျင့်ကြံသူအနေနဲ့တောင် ပုကျိုးနတ်တော်ကို ရင်ဆိုင်ရတဲ့အခါမှာ အလွန်တရာ သေးငယ်တယ်လို့ ခံစားလိုက်ရပါတယ်။ တောင်ပေါ်မှာရှိတဲ့ ရှန်တျန်ချီကလည်း အလွန်သိပ်သည်းပါတယ်။ ရှန်နန်းတော်ရဲ့ တာအိုစက်ကွင်းက ဒီနေရာမှာရှိတဲ့ ရှန်တျန်ချီနဲ့ ဘယ်လိုမှ ယှဉ်မရပါဘူး။

လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ထော်ဟာ ဂူတစ်ဂူရှိရာကို ရောက်လာပါတယ်။ ဟန်ထော်ရဲ့ ဒီတစ်ခါခရီး ရည်မှန်းချက်က ဟန်ယွီနဲ့ တွေ့ဖို့ပါ။ ဒါပေမဲ့ ပုကျိုးနတ်တောင်ရဲ့ ကြီးကျယ်ခမ်းနားမှုကြောင့် လေးငါးဆယ်ရက် ကြာပြီးမှ ဟန်ယွီဆီကို ရောက်လာတာ ဖြစ်ပါတယ်။

ဟန်ထော်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ရောင်ဝါတစ်ခုကို ဖမ်းမိလိုက်ပါတယ်။

“ဒါက ငါရဲ့ သွေးမျိုးဆက်ပဲ” ဟန်ထော်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် မသိမသာ နှုတ်ခမ်းတွန့်သွားပါတယ်။ ဟန်ထော်ဟာ သူ့မျိုးဆက်တွေက ဒီလောက်ထိ ထူးချွန်ထက်မြက်နေလိမ့်မယ်လို့ မထင်ထားပါဘူး။ ဟန်ထော်ဟာ တစ်ယောက်တည်း မဟုတ်တော့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

“အထဲက မိတ်ဆွေလေး... အပြင်ထွက်လာပါအုန်း”

ဟန်ထော်ဟာ ပြောပြာဆိုဆို လက်နောက်ပစ်ပြီး စီနီယာပုံစံ ဖမ်းလိုက်ပါတယ်။

ဟန်ယွီဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ဂရုတစိုက် ထွက်လာပါတယ်။ ဟန်ထော်ဟာ ဟန်ယွီကို မြင်မြင်ချင်း မှင်သက်သွားပါတယ် “ဖေဖေ...”

ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပြီး သတိတထားနဲ့ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ ဘာဖြစ်လို့ ကျုပ်ကို ဖေဖေလို့ ‌ခေါ်နေတာလဲ”

ဟန်ထော်ဟာ သတိပြန်ဝင်လာပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါ့နာမည်က ဟန်ထော်”

‘ဟန်ထော်...’ ဟန်ယွီဟာ မျက်လုံးပြူးသွားပါတယ်။ ဟန်ယွီဟာ ဒီနာမည်ကို ဘယ်တော့မှ မမေ့ပါဘူး။

“ကလင်...”

ဟန်ယွီဟာ ဓားဆွဲထုတ်ပြီး ဟန်ထော်ဆီကို ပြေးသွားပါတယ်။ ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပြီး လက်နဲ့ တောက်လိုက်တဲ့အခါ ဟန်ယွီတစ်ယောက် လွှင့်စဉ်ထွက်သွားပြီး တောင်နံရံကို ဝင်တိုက်ပါတော့တယ်။

ဟန်ယွီဟာ အံကြိတ်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ဆက်တိုက်ဖို့ ပြင်လိုက်ပေမဲ့ အား‌ကောင်းတဲ့ ဓမ္မစွမ်းအားတစ်ခုရဲ့ ဖိနှိပ်ခြင်းကို ခံလိုက်ရပါတယ်။ မလှုပ်နိုင်တာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ ဟန်ထော်ရောပါ။

ဟန်ထော်ဟာ တောင်ထိပ်ကို မော့ကြည့်ပြီး ပြောလိုက်ပါတယ် “စီနီယာလီ တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဆက်ပြီးတော့ မတိုက်ခိုက်တော့ပါဘူး၊ သူက ကျွန်တော်ရဲ့ မျိုးဆက်ပါ၊ ကျွန်တော် သူ့ကို လာရှာတ”

လီတောက်ခုံးက ဘာမှပြန်မပြောပါဘူး။ ဒါပေမဲ့ ဟန်ယွီနဲ့ ဟန်ထော်အပေါ်ကို ဖိနှိပ်ထားတဲ့ ကြီးမားတဲ့ဖိအားကတော့ ပျောက်ကွယ်သွားပါတယ်။

ဟန်ယွီဟာ အံကြိတ်လိုက်ပါတယ် “ဘာဖြစ်လို့ အခုမှ လာရှာတာလဲ”

ဟန်ထော်ဟာ ဟန်ယွီ ဒေါသထွက်နေတာကို နားလည်ပါတယ်။ ဟန်မိသားစုတစ်စုလုံး သုတ်သင်ခံလိုက်ရတာ မဟုတ်ပါလား။

“အခု ငါက ရှန်နန်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ၊ ငါ့မှာ အခွင့်အာဏာတချို့လည်း ရှိတယ်၊ ငါ့နောက်ကို လိုက်ခဲ့၊ ဒီလိုဆိုရင် မင်း အနာဂတ်မှာ သိပ်ပြီးတော့ မခံစားရတော့ဘူး” ဟန်ထော်က စိတ်ရှည်လက်ရှည် ပြောလိုက်ပါတယ်။

ဟန်ယွီဟ နှာခေါင်းရှုံ့လိုက်ပါတယ် “မလိုက်ဘူး”

“ဘာဖြစ်လို့လဲ”

“အရင်တစ်ခေါက် ကျွန်တော် တောင်းပန်ခဲ့တုန်းက ခင်ဗျားပေါ်မလာခဲ့ဘူး၊ အခု ခင်ဗျားဆီက ထပ်ပြီးတော့ အကူအညီ မတောင်းတော့ဘူး”

“ဟန်မိသားစု ဖျက်ဆီခံလိုက်ရတာ ငါ့အမှားကြောင့်လို့ မင်းထင်နေတာလား”

ဟန်ယွီဟာ တိတ်ဆိတ်သွားပါတယ်။ တကယ်တော့ ဒီကိစ္စက ဟန်ထော်နဲ့ မဆိုင်ပါဘူး။ ဟန်မိသားစု ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အားနည်းလွန်းလို့ ရန်သူဖျက်ဆီးတာကို ခံလိုက်ရတာ မဟုတ်ပါလား။

ဟန်ယွီဟာ အသက်တစ်ချက် ရှူသွင်းပြီး ပြောလိုက်ပါတယ် “ဒီကိစ္စက ခင်ဗျား အမှားမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ခင်ဗျားနဲ့ မသွားဘူး၊ တစ်နေ့ကျရင် ကျွန်တော် ခင်ဗျားကို ဖိနှိပြမယ်၊ တစ်နေ့ကျရင် ခင်ဗျား ကျွန်တော်ဆီက အကူအညီ ပြန်တောင်းစေရမယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters