ရှန်နန်းတော်အား ထိန်းချုပ်ခြင်း
Vol. 54 Ch. 587
ဟန်ယွီရဲ့ ဒေါသတကြီး အော်သံကို ကြားရတဲ့အခါမှာ ဟန်ထော်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ဟန်ထော်ဟာ ဒေါသမထွက်ပါဘူး။ ဟန်ယွီက အရည်အချင်းရဲ့ အရေးကြီးမှုကို နားမလည်သေးဘူးလို့ပဲ ခံယူလိုက်ပါတယ်။
ဟန်ယွီက ဘယ်လောက်ပဲ စွမ်းအားထက်ပါစေ သူ့ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဟန်ထော်ဟာ သူ့အရည်အချင်းကို ကောင်းကောင်းကြီး သိပါတယ်။ သူ့ဆီမှာ လောကတစ်ခွင် လက်ချိုးရေလို့ရတဲ့ ပဋိပက္ခရုပ်ခန္ဓာရှိနေတယ် မဟုတ်ပါလား။
ဟန်ထော်ဟာ ဟန်ယွီရဲ့ သွေးစည်းက မျိုးဆက်တွေခြားလို့ အားနည်းသွားပြီဆိုတာကို ပြောနိုင်ပါတယ်။ ဟန်ယွီရဲ့ အရည်အချင်းက ဘယ်လောက်ပဲ ထက်မြက်ထက်မြက် ဘိုးဘေးဖြစ်တဲ့ သူ့ကိုမီစရာအကြောင်းကို မရှိတာပါ။
ဟန်ထော်ဟာ ထပ်မေးလိုက်ပါတယ် “မင်းတကယ်ပဲ ငါနဲ့ မလိုက်ဘူးလား”
“မလိုက်ဘူး”
“ကောင်းပြီ”
ဟန်ထော်ဟာ ဘာမှထပ်မပြောတော့ဘဲ ထွက်ခွာသွားပါတယ်။ ဟန်ယွီဟာ ဟန်ထော် ထွက်သွားတာကို ရှုပ်ထွေးတဲ့မျက်နှာနဲ့ ကြည့်ရင်း ကျန်ရစ်ခဲ့ပါတယ်။
“ဟမ်... ခင်ဗျား စောင့်နေ” ဟန်ယွီဟာ နှာခေါင်းရှုံ့လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။ ဟန်ယွီဟာ ဟန်ထော်ကို မမုန်းပါဘူး။ ဘိုးဘေးကို မမှီခိုဘဲ သူ့ဘာသာ လုပ်နိုင်တယ်ဆိုတာကို သက်သေပြချင်ရုံပါ။
ဟန်ယွီဟာ ရုတ်တရက် သူ့ဘိုးဘေးရဲ့ ဘိုးဘေးကို တွေးမိသွားပါတယ် ‘ငါ အင်မော်တယ်ကမ္ဘာကို ရောက်နေတာလည်း ကြာလှပြီ၊ ဘာဖြစ်လို့ အဲဒီဘိုးဘေးနဲ့ မတွေ့သေးတာလဲ’ ဟန်ယွီဟာ အဲဒီဘိုးဘေးက သာမန်မဟုတ်တဲ့ တည်ရှိမှု ဖြစ်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။
“ငါ သူ့ကို သက်သေပြရမယ်” ဟန်ယွီရဲ့ တိုက်ခိုက်လိုက်စိတ်ဟာ ထိုးတက်သွားပြီး မျက်လုံးတွေက ခိုင်မာပြတ်သား သွားပါတယ်။
တစ်ချိန်တည်းမှာပဲ ပုကျိုးနတ်တောင်ရဲ့ တောင်ထိပ်က သာမန်ပုံစံပဲရှိတဲ့ ကျောက်တုံးခန်းမထဲမှာ လီတောက်ခုံး ရှိနေပါတယ် ‘ဒီကလေးက ဂိုဏ်းချုပ်နဲ့ တော်တော်တူတာပဲ၊ ဟန်မိသားစု သုတ်သင်ခံရပြီး သူပဲ ရှင်သန်ကျစ်ရစ်တာကို ငါ တကယ် သတိမထားမိလိုက်ဘူး...’
လီတောက်ခုံးဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ဟန်မိသားစု အခြေအနေကို သိသွားပါတယ်။ လီတောက်ခုံးဟာ ဟန်ယွီအသက်ရှင်အောင် ဟန်ကျွယ်က အထူးတလည် စီစဉ်လိုက်တယ်လို့ ခံစားလိုက်ရပါတယ်။
‘ဒီကောင်လေးက ငါ ထိုးဖောက်မမြင်နိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားလို့လား...’ လီတောက်ခုံးဟာ တွေးလေလေ သူ့ခန်းမှန်းချက်က ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။ ဟန်ယွီကလည်း ဟန်ကျွယ်နဲ့ ဆင်တူလွန်းတယ် မဟုတ်ပါလား။
နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရာက နိုးထလာပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ဟန်ထော်နဲ့ ဟန်ယွီ တွေ့ဆုံတဲ့ အဖြစ်အပျက်ကို သိသွားပါတယ်။ ဟန်ကျွယ်ဟာ ဝမ်းသာသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲကောင်းတစ်ခုကို ကြည့်ရတော့မှာမိုလို့ပါပဲ။
မတော်တဆ အဖြစ်အပျက် မရှိဘူးဆိုရင် ဟန်ယွီက ဟန်ထော်ကို ခြိမ်းခြောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ဟန်ယွီကို နောက်ကနေ ပံ့ပိုးပေးပြီး ဟန်ထော်ကို ရန်စခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ကို ရှေ့ကိုတော့ လူလုံးထွက်ပြမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော် အမှန်ကိုသိပြီး စိတ်တိုမှာကိုတော့ မစိုးရိမ်ပါဘူး။ ဟန်ကျွယ်ဟာ ဟန်ထော်ကို အနောက်ကနေ အကြိမ်များစွာ ကူညီပြီးပါပြီ။ ဒါတောင် မသိတက်ဘူးဆိုရင် ဟန်ကျွယ်ဟာ ဟန်ထော်ကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်မှာပါ။ ဟန်ကျွယ်စိတ်ထဲမှာ ဘယ်သူမှ သူ့ထက် အရေးမကြီးပါဘူး။
ဒီအကြောင်းကြောင့်လည်း ဟန်ကျွယ်ဟာ ဒီအခြေအနေကို ရောက်နိုင်တာပါ။ တခြားသူတွေအတွက် လိုက်စွန့်စားနေမယ်ဆိုရင် ကျင့်ကြံမှုလမ်းစဉ်မှာ ဟန်ကျွယ် သေကောင်း သေသွားနိုင်ပါတယ်။
‘ငါတို့တွေ အနာဂတ်မှာ တွေ့ကြတာပေါ့၊ အခုတော့ ဆက်ကျင့်ကြံထားလိုက်အုန်း’ ဟန်ကျွယ်ဟာ ဟန်ယွီကို ချက်ချင်း မကူညီဘဲ အချိန်တစ်ခုကြာမှ ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စတင် စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် တာအိုပညာရှိအတု တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ဂျိရှင်းရှန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်သားဟန်ထော်သည် ကျိန်စာတိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် တာအိုပညာရှိတစ်ပါးနှင့် တာအိုဆွေးနွေးပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် အကြိမ်များစွာ ကျိန်စာတိုက်ခဲ့သောကြောင့် ကောင်းကင်ပြစ်ဒဏ်ကို ခံစားရပြီး အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
[သင့်မိတ်ဆွေ သိကျွင်းသည် ကံတရားမြစ်ကို ဖြတ်ကျော်ရာ ရှေးဟောင်းပဋိပက္ခနတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
ဟွမ်ဇွမ်တျန် တကယ်ပဲ ရှုံးနိမ့်မှုကို ခံစားလိုက်ရတာပါ။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်အတွက် ဝမ်းနည်းပူဆွေးပေးရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။ ဟွမ်ဇွမ်တျန်က တာအိုပညာရှိအတု ဖြစ်နေပြီမို့ အင်မော်တယ်ကမ္ဘာမှာ သေဖို့ခက်ခဲပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် သေမှာကို မစိုးရိမ်ပါဘူး။
ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးယောင်ဆောင်ပြီး ကျိန်စာတိုက်တဲ့အတွက် ကောင်းကင်ပြစ်ဒဏ်ကို ခံစားသွားရပါတယ်။ ဟန်ကျွယ်ဟာ နောက်ပြီးကျရင် ကျင်းတျန်ကုန်းကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သိကျွင်းကို ရှေးဟောင်းပဋိပက္ခနတ်က တိုက်ခိုက်တာကို တွေ့သွားပါတယ်။ ဒီလိုရှေးဟောင်း တည်ရှိမှုတွေ စာစောင်ထဲမှာ ပေါ်လာတာက အတော်လေးကို ရှားပါတယ်။ ဘိုးဘေးရှီတျန် ကျောက်စိမ်းဗောဓိ ခုနစ်ပါးတာအိုပညာရှိ သိကျွင်းနဲ့ တခြားတာအိုဖြတ်ကျော် ဆရာကြီးတွေဟာ ဟန်ကျွယ် စာစောင်ထဲမှာ တိုက်ခိုက်ခံရဖို့မပြောနဲ့၊ ပေါ်လာတာတောင် အရမ်းရှားပါတယ်။
ဒီအသိုင်းအဝန်းက ဟန်ကျွယ်အတွက်တော့ အထက်တန်းစားကျလွန်းပါတယ်။ တာအိုဖြတ်ကျော် ဆရာကြီးတွေနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ကျင့်ကြံတာကလွဲပြီး တခြားဘာလုပ်လဲ ဆိုတာကိုတော့ ဟန်ကျွယ်လည်း မသိနိုင်သေးပါဘူး။
‘သူတို့တွေ ပျင်းနေမလား မသိဘူး’
အစွမ်းထက်လွန်းပြီး လိုက်စားစရာ မရှိတော့ရင် ဘဝက တကယ်ကို ပျင်းရိငြီးငွေ့ဖို့ ကောင်းသွားမှာပါ။ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရယ်မောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပိုတွေ စိုးရိမ်လွန်နေလို့ပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ သူ့မိတ်ဆွေအကုန်လုံးနီးပါး လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို သတိထားမိသွားပါတယ်။ ဟန်ကျွယ်ဟာ မတွက်ချက်ဘဲနဲ့ ထင်ရာလျှောက်တွေးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုထင်ရာ လျှောက်တွေးတာက ဟန်ကျွယ်အတွက်တော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
စာစောင်တွေ အကုန်လုံးကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးပုံရိပ်ကို အသုံးပြုပြီး ကျင်းတျန်ကုန်းကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်ထဲမှာ ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားသွားပါတယ်။ ကျင်းတျန်ကုန်း အမှောင်သခင်ကြီးကို မတွေ့ရတာကလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ မဟုတ်ပါလား။
ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးရှေ့ ဒူးထောက်ပြီး ဝမ်းသာအားရ ငိုကြွေးပါတယ်။ ဒီအချိန်မှာ ကျင်းတျန်ကုန်းဟာ ကျယ်ကျောင်းတော်ဂိုဏ်းချုပ်နဲ့ရော တာအိုပညာရှိအတုနဲ့ရော တစ်စက်မှကို မတူပါဘူး။
ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးအသံကို အသုံးပြုပြီး ပြောလိုက်ပါတယ် “မင်း ဘာလို့ ဒီအတောအတွင်း ငါ့ယောင်ဆောင်ပြီး ကျိန်စာတိုက်လိုက်တိုက်နေတာလဲ၊ အခု အတွင်းနတ်ဆိုး ဖြစ်နေပြီမလား”
ကျင်းတျန်ကုန်းဟာ ရှက်ရှက်နဲ့ ပြောလိုက်ပါတယ် “ကျွန်တော်က အမှောင်သခင်ကြီးရဲ့ စွမ်းအားကို ပြန်ပြချင်ရုံပါ၊ အမှောင်သခင်ကြီးက တကယ်ကို စွမ်းအားကြီးပဲ၊ ကျွန်တော် ကောင်းကင်တာအိုရဲ့ တန်ပြန်ထိတာကို တကယ်ကြီး အာရုံခံနိုင်တယ်”
ကျင်းတျန်ကုန်းရဲ့ မျက်လုံးထဲမှာ လေးစားမှုတွေ ပြည့်သွားပါတယ်။
“မင်း အမှောင်ဂိုဏ်းနဲ့ ရှန်နန်းတော်ကို ဘယ်လိုထင်လဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“အမှောင်ဂိုဏ်းက အမှောင်ထဲမှာပဲ ပုန်းနေရမှာ၊ ဒါကြောင့် ကျွန်တော် ရှန်နန်းတော်ကို အကာလိုတယ်၊ နောက်ပြီး ရှန်နန်းတော်က အလားအလာ အများကြီးရှိတယ်၊ သူတို့မှာ ပဋိပက္ခရုပ်ခန္ဓာရှိတဲ့ ပါရမီရှင်နှစ်ပါး ရှိတယ်”
‘ငါ ထင်တော့ ထင်သားပဲ၊ ဒီကောင်က ရှန်နန်းတော်ကို သစ္စာဖောက်ဖို့ လုပ်နေတာပဲ’ ဟန်ကျွယ်က ပြောလိုက်ပါတယ် “မလိုဘူး၊ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပြီး ရှန်နန်းတော်ကို အင်အားကြီးလာအောင် ကူညီချည်၊ တစ်နေ့ကျရင် ငါ ပေါ်လာမှာပဲ၊ အဲဒီမတိုင်ခင် ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ စိတ်လိုက်မာန်ပါအလုပ်တွေ လျှောက်မလုပ်နဲ့”
အမှောင်သခင်ကြီးရဲ့ စကားကြောင့် ကျင်းတျန်ကုန်းဟာ နှလုံးသားထဲ ထိသွားပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “မင်း အခုလုပ်ရမှာက တက်နိုင်သလောက် မြန်မြန်စွမ်းအား ကြီးလာဖို့ပဲ”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး ကျင်းတျန်ကုန်းရဲ့ နဖူးကို လက်ညိုးနဲ့ထိုးကာ ဒြပ်စင်ငါးပါး နတ်အလင်းတန်းကို သင်ကြားပေးလိုက်ပါတယ်။
ဒီဆန်းကြယ်စွမ်းအားက ဟန်ကျွယ် ဖန်တီးထားတာ မဟုတ်ပါဘူး။ လောကဦးခေတ်က စွမ်းအားကြီးပုဂ္ဂိုလ် ခုန်ရွှမ်အသုံးပြုခဲ့တာပါ။ ဒီဆန်းကြယ်စွမ်းအားကို တက်မြောက်ပြီးနောက် ဟန်ကျွယ်ဟာ သိပ်မသုံးရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူကို တစ်ချက်တည်းပဲ အသေသတ်လိုက်လို့ပါ။
အငိုက်မိသွားတဲ့ ကျင်းတျန်ကုန်းဟာ ဆန်းကြယ်စွမ်းအားကို အတင်းသင်လိုက်ရပါတယ်။
ဒါပေမဲ့ အတန်ကြာလို့ ကျင်းတျန်ကုန်း မျက်လုံးဖွင့်လိုက်တဲ့အခါ အိပ်မက်က ပြီးဆုံးသွားပါပြီ “ဒီဆန်းကြယ်စွမ်းအားက... တကယ်ကို ဗိုလ်ကျတာပဲ”
ကျင်းတျန်ကုန်းဟာ ကျေနပ်အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီး သင်ပေးလိုက်တဲ့ ဒြပ်စင်ငါးပါး နတ်အလင်းတန်းက ဘယ်ဓမ္မရတနာကိုမဆို အတင်းလုယူနိုင်ပြီး ဘယ်အကာအကွယ် အစီအမံကိုမဆို အားသုံးချိုးဖျက်နိုင်လို့ပါပဲ။
ကျင်းတျန်ကုန်းဟာ ဘေးအန္တရယ်ကြားထဲကနေ အကျိုးအမြတ် ရလိုက်တဲ့အတွက် ဝမ်းသာသွားပါတယ်။ တစ်ချိန်တည်းမှာပဲ အမှောင်သခင်ကြီးနောက်ကို လိုက်ဖို့ ပိုပြီးတော့ ဆုံးဖြတ်ချက် ခိုင်မာသွားပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ စိတ်ကောင်း ဝင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျင်းတျန်ကုန်းရဲ့ သစ္စာရှိမှုက ဟန်ကျွယ်ကို အတော်လေး စိတ်ကျေနပ်စေလို့ပါ။ ကပ်ဘေးပြီးသွားတာတောင် ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးကို လေးစားနေတုန်းပါပဲ။ ဒါက တကယ်ကို တန်ဖိုးရှိလှပါတယ်။ ကျင်းတျန်ကုန်းရဲ့ တစ်ခုတည်းသော အားနည်းချက်က စိတ်လိုက်မာန်ပါ လျှောက်လုပ်တာပါ။
ရှန်နန်းတော်က ဟန်ကျွယ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပါပြီ။ ကျန်းကူရှင်းကလည်း ဟန်ကျွယ် လက်အောက်မှာဆို မမှားပါဘူး။ ကျန်းကူရှင်းသာ ဟန်ကျွယ်ကို ရင်ဆိုင်ချင်တယ်ဆိုရင် ဟန်ကျွယ် အမိန့်တစ်ချက်နဲ့ ကျင်းတျန်ကုန်း လွမ်ဟွေအင်မော်တယ်ဧကရာဇ်တို့က ကျန်းကူရှင်းကို ကျိန်းသေပေါက် ပြန်တိုက်မှာပါ။
ဒါကလည်း ဟန်ကျွယ်လိုချင်တဲ့ အရာပါ။ အဓိက အင်အားစုတွေ အကုန်လုံးက သူ့ထိန်းချုပ်မှုအောက်မှာရှိပြီး အင်အားစုတွေကို အပေါ်ယံမှာ ဦးစီးတဲ့လူတွေက ဟန်ကျွယ်နဲ့ လားလားမှ မသက်ဆိုင်ပါဘူး။ ဒါကြောင့် ခေါင်းဆောင်တွေ ရှုံးနိမ့်ရင်တောင် ကောင်းကင်ပြစ်ဒဏ်က ဟန်ကျွယ်ဆီကို ရောက်လာမှာ မဟုတ်ပါဘူး။
လောလောဆယ်မှာတော့ ဟန်ကျွယ်ဆီမှာ ဘာအကြံအစည်မှ မရှိပါဘူး။ နောက်ဖြစ်လာမဲ့ ကိစ္စတွေကို မျှော်တွေးပြီး ကြိုတင်ပြင်ဆင်ထားရုံပါ။ နောက်ထပ် ဟန်ကျွယ် ပစ်မှတ်ထားမှာက နဂါးနန်းတော်နဲ့ နတ်ဆိုးတွေပါ။
ဟန်ကျွယ်ရဲ့ တပည့် လုံဟောင်က နဂါးနန်းတော်ကို သွားလို့ရပြီး ကျန်းယီ အာတနဲ့ ရှောင်အာက နတ်ဆိုးတွေဆီ သွားလို့ရပါတယ်။ ဒါပေမဲ့ နာမည်ရှိမျိုးနွယ်စုကတော့ လွှတ်စရာလူ မရှိသေးပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
‘နာမည်ရှိမျိုးနွယ်စုကို ရင်ဆိုင်ဖို့ ငါ ဘယ်သူ့ကို သူလျှိုအဖြစ် စေလွှတ်သင့်လဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။