အဆင့်တက်ခြင်း၊ သိပ္ပံယုံကြည်မှု
Vol. 55 Ch. 593
“ငါ သူ့ကို သွားတွေ့လိုက်မယ်”
ဟွမ်ဇွမ်တျန်ဟာ မတ်တတ်ရပ်လိုက်ပါတယ်။ ဗုဒ္ဓဂိုဏ်းက ဗုဒ္ဓတစ်ပါး စေလွှတ်လိုက်တဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ ထိုင်ကြည့်မနေနိုင်တော့ပါဘူး။
သတင်းလာပို့တဲ့ တပည့်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
အဲဒီနောက် ဟွမ်ဇွေတျန်နဲ့ လောကဦးပဋိပက္ခဗုဒ္ဓကြားမှာ တိုက်ပွဲ ဖြစ်ပွားတော့တယ်။
နှစ်ငါးရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ် အဆင့်တက်လို့ အောင်မြင်သွားပြီး ဓမ္မစွမ်းအား ထိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၉၃,၉၀၀/၁၂,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်(ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
‘ကောင်းလိုက်တာ... ငါ့သက်တမ်းက ဆယ်ဆ တိုးသွားပြီ’
ဟန်ကျွယ်ဟာ ရှည်လျားလှတဲ့ ဂဏန်းတွေကိုကြည့်ရင်း ရင်ထဲမှာ ကျေနပ်အားရမှုတွေ ပြည့်နှက်သွားပါတယ်။ ဒီသက်တမ်းက ထာဝရအသက်နဲ့ ညီမျှနေပါပြီ။ အဲဒီနောက် ဟန်ကျွယ်ဟာ စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး ကျင့်ကြံမှုကို ကြံ့ခိုင်အောင် ဆက်လုပ်ပါတယ်။
နှစ်လေးဆယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ တည်တံ့ခိုင်မြဲသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ဖို့ နှစ်ဝက်ကြာ အချိန်ယူလိုက်ရပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို တန်းမကျင့်ကြံဘဲ ဒီအတောအတွင်း ဘာဖြစ်နေလဲဆိုတာကို သိချင်တဲ့အတွက် စာစောင်တွေကို ဖွင့်ဖတ်လိုက်ပါတယ်။
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် အင်မော်တယ်ကမ္ဘာမှ ထွက်ခွာသွား၏။]
[သင့်မိတ်ဆွေ ဟန်မင်သည် အင်မော်တယ်ကမ္ဘာမှ ထွက်ခွာသွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်မိတ်ဆွေ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် လွမ်ဟွေ အာကာသအား ဖန်တီးလိုက်၏။]
[သင့်မိတ်ဆွေ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် ရှေးဟောင်းကပ်ဘေးသခင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ရှန်နန်းတော်သို့ ဝင်ရောက်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
‘လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာနဲ့ ဟွမ်ဇွမ်တျန်က ဘာဖြစ်လို့ တိုက်ခိုက်နေတာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး သူ့သူလျှိုနှစ်ယောက် ဆက်တိုက်မှာစိုးတဲ့အတွက် နှစ်ယောက်စလုံးကို အိပ်မက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနှစ်ယောက်ရဲ့ သစ္စာရှိမှုက ကြယ်ခြောက်ပွင့်တောင် ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ သစ္စာဖောက်ခံရမှာကို မစိုးရိမ်ပါဘူး။ ဟွမ်ဇွမ်တျန်နဲ့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ နှစ်ယောက်စလုံး တစ်ဖက်တည်းမှာ ရှိနေတာကို သိလိုက်ရတဲ့အတွက် ပါးစပ်အဟောင်းသာ ဖြစ်သွားကြပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက် ဟန်ကျွယ်ရှေ့မှာ စိတ်လိုက်မာန်ပါ မလုပ်ရဲတာမို့ ရန်သူမဖြစ်လာဖို့ ကတိပေးလိုက်ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ လီတောက်ခုံးကို အိပ်မက်ပေးလိုက်ပါတယ်။ လီတောက်ခုံးက ခေါင်းမာတဲ့လူမို့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို သေတဲ့အထိ လိုက်တိုက်မှာကို ဟန်ကျွယ် စိုရိမ်နေတာ ဖြစ်ပါတယ်။
လီတောက်ခုံးဟာ အကျိုးအကြောင်း ကြားရပြီးတဲ့နောက် တိတ်ဆိတ်သွားပါတယ်။
အတန်ကြာတဲ့အခါမှာတော့ လီတောက်ခုံးက မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... ဂိုဏ်းချုပ် လူ ဘယ်နှယောက်တောင် လွှတ်ထားတာလဲ’
လီတောက်ခုံးဟာ ဟန်ကျွယ်က ကျင့်ကြံဖို့ပဲသိပြီး ကျန်တာ ဘာမှမသိဘူးလို့ ထင်ထားခဲ့တာပါ။ အခုတော့ သူအမြင်က မှားနေပြီလို့ လီတောက်ခုံး ခံစားလိုက်ရပါတယ်။ ဗုဒ္ဓတစ်ပါးက လက်အောက်ငယ်သား ဖြစ်နေတာလောက် ဘယ်ဟာကများ ပရိယာယ်များနိုင်အုန်းမှာလဲ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီကိစ္စက လူသိလို့မရဘူး၊ ငါ မင်းကို ယုံကြည်တယ်၊ မင်းက အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိ ဖြစ်လာမှာမို့ ကြိုအသိပေးထားတာ”
လီတောက်ခုံးဟာ ခေါင်းညိတ်လိုက်ပါတယ် “ဂိုဏ်းချုပ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်မှာ ပြောစရာ ရှိသေးတယ်၊ ကျွန်တော် ဟန်ယွီကို တပည့်အဖြစ် လက်ခံထားတယ်”
“ငါ သိပြီးပြီ”
“ကျွန်တော် ဟန်ယွီကို ကျွန်တော်ရဲ့ ဆက်ခံသူ ဖြစ်စေချင်တယ်၊ သူ ဒုက္ခရောက်ပြီး သေတောင် သေနိုင်တယ်...”
လီတောက်ခုံးဟာ ဒီစကားကို အရောက်မှာတော့ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်သွားပါတယ်။ လီတောက်ခုံးဟာ ခေါင်းမာပေမဲ့ မတုံးပါဘူး။
“မင်း ကြိုက်သလိုသာလုပ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ အေးစက်စွာ နှာမှုတ်သံ ပြုလိုက်ပါတယ် ‘ငါသာ သူ့ကို ကာကွယ်ချင်ရင် ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ’
ဟန်ကျွယ်ဟာ အရင်လို မဟုတ်တော့ပါဘူး။ ဒီအင်မော်တယ်ကမ္ဘာမှာ ဒီလောက်တော့ ယုံကြည်ချက် ရှိပါသေးတယ်။ ကိစ္စတွေ အကုန်လုံးပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို စပြီးတော့ ကျင့်ကြံလိုက်ပါတယ်။
မဟာညီညွတ်မှုရုပ်သွင်က နောက်ရောက်လာလေလေ ကျင့်ကြံဖို့ ပိုခက်လာလေလေပါပဲ။ ဒီလိုဖြစ်ရတာက နတ်ဘီလူးတွေရဲ့ စွမ်းအားက ပိုကြီးလာလို့ မဟုတ်ပါဘူး။ နတ်ဘီလူးဓမ္မရုပ်တုတွေက တစ်ခုနဲ့တစ်ခု တွန်းကန်တိုက်ခိုက်လို့ပါ။
ဒီတစ်ခါ ကျင့်ကြံမှုက နှစ် ၂၀၀ ကြာပြီး ဟန်ကျွယ်ဟာ နောက်ထပ် ပဋိပက္ခနတ်ဘီလူး ဓမ္မရုပ်တုငါးဆယ်ကို တက်မြောက်သွားပါတယ်။
အဲဒီနတ်ဘီလူးတွေကတော့ ဖီဆန်တာအို နတ်ဘီလူး၊ ထိုးတက် နတ်ဘီလူး၊ ခြေသလုံးအိမ်တိုင် နတ်ဘီလူး၊ ခရုခွေနတ်ဘီလူး၊ လှည့်ဖြားအပြုံး နတ်ဘီလူး၊ လေးဆယ့်ကိုးအာဏာစက် နတ်ဘီလူး၊ နဂါးပုံစံနတ်ဘီလူး၊ ဖန်တီးရှင် နတ်ဘီလူး၊ လောကနတ်ဘီလူး၊ အသုံးမကျနတ်ဘီလူး၊ ဩဇာနတ်ဘီလူး၊ အာရုံခံစား နတ်ဘီလူး၊ မှတ်ဉာဏ်ဝါးမြို နတ်ဘီလူး၊ အကုသိုလ်ကံ နတ်ဘီလူး၊ ကြယ်တာရာ နတ်ဘီလူး၊ နေရာတိုင်းရှိ နတ်ဘီလူး၊ မကောင်းဆိုးဝါးမိစ္ဆာ နတ်ဘီလူး၊ ရေမြုပ် နတ်ဘီလူး၊ ခေတ်လွှမ်းမိုး နတ်ဘီလူး၊ ဘိုးဘေးနတ်ဘီလူး။
ချီနှာလေ နတ်ဘီလူး၊ ကြာစိမ်း နတ်ဘီလူး၊ တိုက်ခိုက်စီးနင်း နတ်ဘီလူး၊ တည်ရှိမှု နတ်ဘီလူး၊ ပြင်ညီနတ်ဘီလူး၊ အကွာအဝေးမရှိ နတ်ဘီလူး၊ ညိုးနွှမ်းနတ်ဘီလူး၊ အချိန် နတ်ဘီလူး၊ ရှေးဟောင်း နတ်ဘီလူး၊ မဟာမိုးကောင်းကင် နတ်ဘီလူး၊ တာအိုများ နတ်ဘီလူး၊ သက်လုံမရှိ နတ်ဘီလူး၊ ဧကရာဇ်တာအို နတ်ဘီလူး၊ ခံစားချက် နတ်ဘီလူး၊ ဘဝပြန်စ နတ်ဘီလူး၊ ရုတ်ခြည်း နတ်ဘီလူး၊ ဂမ္ဘီရဉာဏ် နတ်ဘီလူး၊ ဖန်တီးရှင်သခင် နတ်ဘီလူး၊ ဝိညာဉ်မူလ နတ်ဘီလူး၊ ဖြူဖတ်ဖြူရော် နတ်ဘီလူး၊ ကောင်းကင်စက်ဝန်းအဂ္ဂ နတ်ဘီလူး၊ ထုတ်ဖော် နတ်ဘီလူး၊ ဥပဒေ နတ်ဘီလူး၊ ခွင့်ပြုနတ်ဘီလူး၊ ကောင်းချီးနတ်ဘီလူး၊ သေမျိုးဘဝနတ်ဘီလူးနဲ့ ခေါင်းမာ နတ်ဘီလူးတို့ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး နတ်ဘီလူးဓမ္မရုပ်တု အသစ်တွေရဲ့ စွမ်းအားကို စမ်းသပ်ပါတယ်။
မျက်စိတစ်ခတ် အတွင်းမှာပဲ ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်နဲ့ သိကျွင်းတို့လိုမျိုး တည်ရှိမှုတွေကလွဲရင် ကျန်တဲ့လူတွေအကုန်လုံးကို အသွင်တူလက်ရည်စမ်းပွဲထဲမှာ သတ်ပစ်နိုင်နေပါပြီ။
နတ်ဘီလူးဓမ္မရုပ်တု ၂၂၄ ပါးကို ကျင့်ကြံပြီးနောက် တာအိုပညာရှိအောက်မှာ ဘယ်သူမှ ဟန်ကျွယ်ကို မခုခံနိုင်တော့ပါဘူး။
‘အရမ်းကောင်းတယ်’ စွမ်းအားတိုးတက်လာတာက ဟန်ကျွယ်ရဲ့ သွေးပူတဲ့ အခြေအနေကို ပြန်ရသွားစေပါတယ်။ ဟန်ကျွယ်ဟာ လွတ်လပ်တာအိုပညာရှိနဲ့ တကယ်ကို တိုက်ခိုက်ချင်လာပါတယ်။ ဒါပေမဲ့ စိတ်လိုက်မာန်ပါ မလုပ်သင့်တာမို့ စိတ်ကို ပြန်ထိန်းလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်ပြီး တိတ်ဆိတ်ဂိုဏ်းထဲက သက်ရှိအားလုံးကို တာအိုဟောကြားပေးပါတယ်။ နှစ်တစ်ရာ တာအိုဟောကြားပြီးတာနဲ့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး လွမ်ဟွေအာကာသကို အကဲခတ်လိုက်ပါတယ်။
လွမ်ဟွေအာကာသက အင်မော်တယ်ကမ္ဘာမှာ မဟုတ်ပါဘူး။ အမှောင်တားမြစ်နယ်မြေရဲ့ ထောင့်တစ်နေရာမှာပါ။ အင်မော်တယ်ကမ္ဘာနဲ့ အရမ်းဝေးကွာလွန်းပါတယ်။
တာအိုပညာရှိဖြစ်တဲ့ ဟန်ကျွယ်တောင် လွမ်ဟွေအာကာသရဲ့ အခြေအနေ အတိအကျကို ချောင်းမကြည့်နိုင်ပါဘူး။ ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အိပ်မက်ပေးပြီး အခြေအနေ ပြခိုင်းရပါတယ်။
လက်ရှိမှာ လွမ်ဟွေသမား တစ်ထောင်ကျော်ဟာ မြေအင်မော်တယ်ဧကရာဇ်ရဲ့ ကံတရားမြစ်မှာ စုစည်းပြီး ပုံရိပ်ယောင်ကမ္ဘာတစ်ရာကျော်ကို ဖြစ်တည်စေပါတယ်။
ဒီနေရာမှာ ကမ္ဘာတစ်ခု ဖန်တီးတာက ဓမ္မစွမ်းအား အများကြီးလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကံတရားမြစ်မှာ တည်ရှိနေတာကြောင့်ပါ။ လွမ်ဟွေ အင်မော်တယ်သမားတွေက ပုံရိပ်ယောင်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို ပြောင်းလိုက်လဲရင် ဒီဟာက ကံတရားမြစ်ကို သက်ရောက်စေပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က လွမ်ဟွေအာကာသရဲ့ မြင်ကွင်းတွေကို ပြသပါတယ်။
လွမ်ဟွေအာကာသထဲမှာ မြို့တစ်မြို့ရှိပြီး ကီလိုမီတာတစ်သန်းကျော် ကြီမားကျယ်ဝန်းပါကာ လွမ်ဟွေသမားတွေ အေးဆေး အနားယူလို့ ရပါယ်။ ဒီမြို့က ရှေးဟောင်းမြို့နဲ့ ဆင်တူပေမဲ့ နည်းပညာဟန်တွေလည်း ပါဝင်နေပါတယ်။
“မြေအင်မော်တယ်ကမ္ဘာမှာ ကျင့်ကြံတာတွေ မရှိတော့ဘူး၊ အခုလူကြိုက်များနေတာက သိပ္ပံလို့ခေါ်တဲ့ အရာတစ်ခုပဲ၊ သိပ္ပံကို အသုံးပြုပြီး သက်ရှိတွေက သူတို့ကြယ်ကနေ ထွက်ခွာပြီး ပဋိပက္ခကို စူစမ်းလေ့လာကြတယ်၊ ဒီသိပ္ပံကို ဖန်တီးတဲ့လူက ပဋိပက္ခနတ်ဘီလူးတစ်ပါးပဲ၊ သူက စိတ်ဝိညာဉ်ချီကို ဖြတ်တောက်ပြီး မြေအင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးရဲ့ ယုံကြည်မှုနဲ့ သူ့ကံတရား အထောက်အပံ့ကို သန်မာစေတယ်၊ ဒါပေမဲ့ ဒီပဋိပက္ခနတ်ဘီလူးက ကျန့်ယွမ်ဇီက ကြောက်လို့ ကိုယ်ထင် သိပ်မပြရဲဘူး”
လွမ်ဟွေ အင်မော်တယ်ရဲ့စကားကြောင့် ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒါက သိပ္ပံရဲ့ နောက်ကွယ်က အမှန်တရားလား၊ သိပ္ပံရဲ့ အဆုံးသတ်က ဘာသာတရားလား၊ နတ်ဘုရားတွေရဲ့ အလိမ်အညာတစ်ခုလား...’
ဟန်ကျွယ်က မေးလိုက်ပါတယ် “အဲဒီမှာ ကမ္ဘာမြေလို့ခေါ်တဲ့ ဂြိုဟ်တစ်လုံး ရှိလား”
“ရှိတယ်၊ ဒီကမ္ဘာမြေက မြေအင်မော်တယ်ကမ္ဘာရဲ့ ဗဟိုဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ တော်တော်လေး အားနည်းနေပြီ”
“ကမ္ဘာမြေမှာ ဘယ်နှစ်ရှိပြီလဲ”
“ကမ္ဘာမြေတည်ရှိတာ ဆယ်ဘီလီယံ ရှိသွားပြီ၊ ဂလက်ဆီနှစ် ၃၂၀၀”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဒီကမ္ဘာမြေက ဟန်ကျွယ် လာခဲ့တဲ့ ကမ္ဘာမြေ ဟုတ်ရင်ဟုတ် မဟုတ်ရင်လည်း ဟန်ကျွယ် လာခဲ့တဲ့ ကမ္ဘာမြေက အများကြီး ပြောင်းလဲသွားလောက်ပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘဝဟောင်းက ကမ္ဘာမြေကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ် ဂရုစိုက်တာက လက်ရှိဘဝပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။