← Chapters

တာအိုဘိုးဘေး ဖြစ်လာခြင်း

Vol. 55 Ch. 594

တာအိုဘိုးဘေး ဖြစ်လာခြင်း

Vol. 55 Ch. 594

“ဂိုဏ်းချုပ်က ကမ္ဘာမြေကို အရမ်းစိတ်ဝင်စားလို့လား” လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က စပ်စုလိုက်ပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ အမြင်မှာ ကမ္ဘာမြေက သာမန်ဂြိုဟ်တစ်လုံးသာ ဖြစ်ပြီး မြေအင်မော်တယ်ကမ္ဘာထဲမှာ ဘာမှမဟုတ်တဲ့ တည်ရှိမှုတစ်ခုပါ။

“ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်းပဲ သိချင်လို့၊ ကမ္ဘာမြေက သမိုင်းကလွဲရင် တခြားထူးခြားတာ ဘာရှိလို့လဲ”

ဟန်ကျွယ်ရဲ့ စကားကြောင့် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်လည်း ကမ္ဘာမြေရဲ့ သမိုင်းကြောင်းကို သိပါတယ်။ ကမ္ဘာမြေဟာ တစ်ချိန်တုန်းကက မြေအင်မော်တယ်လောကရဲ့ ဗဟိုဒေသ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။

ကျန့်ယွမ်ဇီ မြေအင်မော်တယ်ကမ္ဘာကနေ ထွက်သွားကတည်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ပဋိပက္ခနတ်ဘီလူးတစ်ပါး ကျူးကျော်လာတဲ့အတွက် မြေအင်မော်တယ်ကမ္ဘာဟာ ဘာမှမရှိတဲ့ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဟန်ကျွယ်ဟာ လွမ်ဟွေသမားတွေနဲ့ ပတ်သက်ပြီး တချို့အရာတွေကို မေးမြန်းလိုက်ပါတယ်။ လွမ်ဟွေအာကာသက လွမ်ဟွေသမားတွေကို အချိန်အမှတ်တစ်ခုတည်းက လိုက်စုဆောင်းတာ မဟုတ်ပါဘူး။ မြေအင်မော်တယ်လောကရဲ့ အချိန်မျဉ်း အကုန်လုံးက လိုက်စုစည်းတာပါ။ ဒါပေမဲ့ ဒီအချိန်မျဉ်းက လူတစ်ယောက်ကို ရွေးချယ်လိုက်ပြီဆိုရင် တခြားအချိန်မျဉ်းတွေက ဒီလူကို ထပ်ရွေးလို့ မရတော့ပါဘူး။ နားလည်လွယ်အောင် ပြောရရင် အချိန်မျဉ်း ဘယ်လောက်ရှိရှိ လူတစ်ဦးကို တစ်ခါပဲ စုဆောင်းလို့ ရတာပါ။

လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ အစွမ်းနဲ့ အချိန်ကို ဖြတ်သန်းသွားတာက ဘာမှမခက်ခဲပါဘူး။

ဟန်ကျွယ်ဟာ တခြားသူတွေက အချိန်ခရီးသွားပြီး သူငယ်ငယ်တုန်းက ဘဝကို ဒုက္ခသွားပေးမှာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိစ္စကို သူ အာရုံခံနိုင်တာကြောင့်ပါ။

လေးငါးဆယ်နာရီ အကြာမှာတော့ အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။

လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ နက်မှောင်တဲ့ ခန်းမတစ်ခုမှာ ထိုင်နေပြီး သူ့ဘေးနားမှာ ခမ်းနားထည်ဝါတဲ့ ရုပ်တုနှစ်ခု ရှိနေပါတယ်။

လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ရှေ့မှာ ဝတ်ရုံနက်အမျိုးသားတစ်ဦး ပေါ်လာပါတယ် “ဆရာ... မြေအင်မော်တယ်လောကရဲ့ တချို့ မျိုးနွယ်စုတွေက ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ရှာတွေ့သွားပြီး ရန်လိုကြောင်း ပြသလိုက်ကြတယ်”

လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ဒါက လွမ်ဟွေသမားတွေကို တာဝန်အသစ်ပေးဖို့ အခွင့်အရေးကောင်းတစ်ခုပဲ၊ ငါ ဓမ္မရတနာအသစ်တွေကို ထုတ်ပေးမယ်၊ မင်း သတင်းဖြန့်လိုက်”

“နောက်ပြီး အထက်နတ်ဘုရား ၁၂ ပါး ရွေးချယ်ချည်၊ ဒီအထက် နတ်ဘုရား ၁၂ ပါးက အနာဂတ်မှာ လွမ်ဟွေအာကာသကို စီမံရလိမ့်မယ်၊ ငါက ကျင့်ကြံရအုန်းမှာဆိုတော့ နောက်မှာပဲ နေမယ်”

ဝတ်ရုံနက်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဝတ်ရုံနက်ကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ဝတ်ရုံနက်လည်း တစ်ဖက်လှည့်လိုက်တဲ့အခါ သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ ထွက်ပေါ်လာပါတယ် ‘ငါ အထက်ကို ရောက်တော့မယ်’

အချိန်ဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်နေပမဲ့ ကျင့်ကြံလိုတဲ့ဆန္ဒ ရှိနေတုန်းပါပဲ။

အင်မော်တယ်ကမ္ဘာမှာ ဟန်ကျွယ်က အကြွင်းမဲ့ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုဆိုပေမဲ့ အင်မော်တယ်ကမ္ဘာက အမြဲတမ်း တည်ရှိနေလိမ့်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်ပါတယ်။

ရုတ်တရက် နတ်ထူးဆန်းဟာ ဟန်ကျွယ်ဆီ ပျံသန်းလာပါတယ်။ နတ်ထူးဆန်းဟာ ဟန်ကျွယ်ဆီ မလာတာ အတော်ကြာပါပြီ။ နတ်ထူးဆန်းဟာ နေရာတစ်ခုရှာပြီး ကျင့်ကြံအားထုတ်နေခဲ့တာ ဖြစ်ပါတယ်။ နတ်ထူးဆန်းရဲ့ ကျင့်ကြံမှုက ဟန်ကျွယ်နဲ့ ဆက်စပ်နေပါတယ်။ ဟန်ကျွယ် စွမ်းအားကြီးလေလေ နတ်ထူးဆန်းကလည်း စွမ်းအားကြီးလေလေပါပဲ။

အခု နတ်ထူးဆန်းက တာအိုပညာရှိတစ်ပါးရဲ့ စွမ်းအားရှိနေပေမဲ့ တာအိုပညာရှိနေရာကိုတော့ မပိုင်ဆိုင်ပါဘူး။ ဟန်ကျွယ်ကို မီဖို့လည်း အဝေးကြီး လိုပါသေးတယ်။

ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို တစ်ချက်ကြည့်ပြီး မျက်လုံးနဲ့ မေးလိုက်ပါတယ်။

နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို ပြန်ပြီးတော့ တိတ်တဆိတ် လက်ဝှေ့ယမ်း ပြပါတယ်။

စိတ်ချင်းဆက်သွယ်မှုကနေ နတ်ထူးဆန်းက မကောင်းဆိုးဝါးနတ်ရဲ့ တည်ရှိမှုကို အာရုံခံမိကြောင်း ဟန်ကျွယ် သိလိုက်ရပါတယ်။ မကောင်းဆိုးဝါးနတ်က အင်မော်တယ်ကမ္ဘာကို စိမ့်ဝင်လာတာ ဖြစ်ပါတယ်။

မကောင်းဆိုးဝါးနတ်ဟာ အမှောင်တားမြစ်နယ်မြေမှာရှိတဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေကနေ ဖြစ်တည်လာတာဖြစ်ပြီး တစ်ကောင်ဖြစ်ဖို့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပါတယ်။

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘မကောင်းဆိုးဝါးနတ်က အင်မော်တယ်ကမ္ဘာကို ဘာလာလုပ်တာလဲ၊ ကောင်းကင်တာအိုက ဘာလို့ မငြင်းဆန်တာလဲ’

တစ်စုံတစ်ခုကို တွေးမိသွားပြီး ဟန်ကျယ်ဟာ ကောင်းကင်ပေါ်ကို ရုတ်တရက် မော့ကြည့်လိုက်ပါတယ်။ ကောင်းကင်ဘုံ ၉ ဘုံမြောက်မှာ ခရမ်းရောင် အလင်းတန်းတွေ ပြည့်နှက်နေပြီး ကျယ်ပြန်တဲ့ ကောင်းကင်တန်ခိုးတစ်ခု ပေါ်ပေါက်လာဖို့ အစပြုနေပါတယ်။ ဒီကောင်းကင်တန်ခိုးရဲ့ အလယ်မှာတော့ ရုပ်သွင်တစ်ခု မတ်တတ်ရပ်နေပါတယ်။

ဖန်းလျန်။

ဖန်းလျန်ရဲ့ ရောင်ဝါဟာ ပြောင်းလဲသွားပြီး အလွန်တရာ နူးညံသိမ်မွေ့ကာ သမုဒ္ဒရာလိုနက်ရှိုင်း လာပါတယ်။ ဟန်ကျွယ်တောင် ဖန်းလျန်ကို ထိုးဖောက် မမြင်နိုင်တော့ပါဘူး။ ဖန်းလျန်ရဲ့ ကျင့်ကြံမှုက တာအိုပညာရှိအတု အဆင့်ပဲ ရှိပေမဲ့ ဖန်းလျန်ရဲ့ ရောင်ဝါနဲ့ ဝိညာဉ်နှစ်က အလွန်တရာ နက်ရှိုင်းလာတာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်တဲ့အခါ ဖန်းလျန်က တာအိုဘိုးဘေး ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။

‘ဖန်းလျန်က တာအိုဘိုးဘေး ဖြစ်လာပြီး ကောင်းကင်တာအို ဝရုန်းသုန်းကား ဖြစ်သွားလို့ မကေင်းဆိုးဝါးနတ်က အင်မော်တယ်ကမ္ဘာထဲကို စိမ့်ဝင်ဖို့ အခွင့်အရေး ရသွားတာလား...’

‘ဖန်းလျန်က တာအိုဘိုးဘေး ဖြစ်လာပြီဆိုတော့ တခြား တာအိုပညာရှိတွေက ဘာလို့ မလှုပ်ရှားတာလဲ’

ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်ထဲမှာ ဟန်ကျွယ်ဟာ ဒီမေးခွန်းကို တိုက်ရိုက် မေးလိုက်ပါတယ်။ လောကဦး ကောင်းကင်ထောင်ရဲ့ ကျွန်ပြုမှုကို ခံရပြီးနောက်မှာ ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို အကြွင်းမဲ့ သစ္စာရှိပါတယ်။

ချုံရှီလိုင်က ထူးဆန်းတဲ့ မျက်နှာနဲ့ ပြန်ပြောလိုက်ပါတယ် “ဖန်းလျန်က ဆရာရဲ့ တပည့်မလား၊ တာအိုပညာရှိတွေက ဘယ်လိုလုပ်ပြီး မတွက်ချက်မိဘဲ နေမှာလဲ၊ အဲဒါကြောင့် ဘယ်သူ့မှ စောဒက မတက်ရဲတာလေ”

ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ငါ့ကြောင့်လား..’ ဟန်ကျွယ်ဟာ သေချာတွေးကြည့်ပြီး ချုံရှီလိုင်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။

ဘယ်တာအိုပညာရှိမှ သူ့ကို ရန်မစရဲတာ အံဩစရာတော့ မရှိပါဘူး။ ကောင်းကင်အရှင်ရွှမ်တုတောင် သူ့ကို တန်းတူထားပြီး ဆက်ဆံတာ မဟုတ်ပါလား။ ဒါကြောင့် တာအိုပညာရှိတွေရဲ့ အမြင်မှာ ဖန်းလျန်ရဲ့ ပြောင်းလဲမှုက သူ့ကြောင့်လို့ တွေးထင်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

“တစ်ခါတုန်းက ဖူရှီ ကျွန်တော်ဆီလာပြီး ဒီအကြောင်း မေးဖူးတယ်၊ တကယ်တော့ စကားနှိုက်တာပါ၊ အဲဒီနောက်ပိုင်း တာအိုပညာရှိတွေက ဖန်းလျန်ကို လျစ်လျူရှုထားလိုက်တယ်၊ ဒါနဲ့ ဖန်းလျန်က ဘာဖြစ်လို့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို စုပ်ယူနိုင်ရတာလဲ”

ဒီတော့မှာ တာအိုပညာရှိတွေဟာ ဖန်းလျန်က ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို စုပ်ယူနေတယ်လို့ပဲ သိထားပြီး တာအိုဘိုးဘေး အသွင်ပြောင်းလဲတာကို မသိထားကြောင်း ဟန်ကျွယ် သဘောပေါက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ ချုံရှီလိုင်ကို အမှန်အတိုင်း ပြောလိုက်ပါတယ်။

ချုံရှီလိုင်ဟာ မျက်လုံးပြူးသွားပါတယ် “သွားပြီ” ချုံရှီလိုင်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး မျက်နှာတစ်ခုလုံး ‌လေးနက်သွားပါတယ်။

“ဘာဖြစ်လို့လဲ” ဟန်ကျွယ်က မနေနိုင်ဘဲ မေးလိုက်ပါတယ်။

“တာအိုဘိုးဘေး ထွက်မသွားခင်မှာ ဆက်ခံသူ ရွေးချယ်ထားခဲ့တယ်၊ အဲဒီဆက်ခံသူက ရွမ်လိန့်ကျောင်းတော်ရဲ့ အရင်တာအိုပညာရှိပဲ၊ ဒါပေမဲ့ သူ အကောက်ကြံခံရပြီး သေဆုံးသွားလို့ ကောင်းကင်တာအိုကနေ ထွက်သွားတဲ့ လီမုယဲ့က ရွေးချယ်စရာမရှိဘဲ ပြန်လာရတာ”

ဟန်ကျွယ်ဟာ ရွမ်လိန့်ကျောင်းတော်မှာ ကောင်းကင်တာအိုပညာရှိ မရှိတာကို ရုတ်တရက် ပြန်တွေးမိလိုက်ပါတယ်။ သူတို့မှာ ရှိနေခဲ့တာက လောကဦး ခရမ်းရောင်ချီပါ။

“တာအိုဘိုးဘေးသာ ပြန်ရှင်လာပြီး ဒီကိစ္စကို သိသွားရင် ကျွန်တော်တို့ တာအိုပညာရှိတွေ ဒီကိစ္စကို တာဝန်ခံရလိမ့်မယ်၊ တစ်ခါတုန်းက ဘုန်းတန်ခိုးကြီးမားပါတယ်ဆိုတဲ့ ကောင်းကင်ဂိုဏ်းချုပ်တောင် ရှေးပျက်သုဉ်းနယ်မြေမှာ အခုထိ ဖိနှိပ်ခံထားရတုန်း” ချုံရှီလိုင်ဟာ ပြောလေလေ ကြောက်လေလေပါပဲ။

တာအိုပညာရှိတွေရဲ့ စိတ်ထဲမှာ တာအိုဘိုးဘေးက အစွမ်းအထက်ဆုံး တည်ရှိမှုဖြစ်ပြီး အလေးစားဆုံး တည်ရှိမှုတစ်ခုလည်း ဖြစ်ပါတယ်။ တာအိုဘိုးဘေးရှိသာ ရှိနေမယ်ဆိုရင် တာအိုပညာရှိတွေဟာ အချင်းချင်း တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။ အခု တာအိုဘိုးဘေး ပြန်လာတော့မယ်ဆိုတော့...။

ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို နှစ်သိမ့်ပေးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ဖန်းလျန်က တာအိုဘိုးဘေး နာမည်ကိုပဲ ရထားတာ၊ တကယ် တာအိုဘိုးဘေးအစစ် မဟုတ်ဘူး”

“တကယ်လား...”

“အင်း”

ချုံရှီလိုင်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဒီကိစ္စကို လျှောက်မပြောဖို့ မှာကြားပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တယ်ဆိုရင် နတ်ထူးဆန်းဟာ ဟန်ကျွယ်ဆီကို ရောက်လာပါတယ်။

“မင်းက အပြင်ထွက်ချင်လို့လား”

နတ်ထူးဆန်းက အရူးအမူး ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “ငါ မင်းကို အပြင်ထွက်ခွင့်ပေးမယ်၊ ဒါပေမဲ့ ကောင်းကင်တာအိုကနေ ထွက်မသွားရဘူး၊ မကောင်းဆိုးဝါးနတ်ကလွဲရင် တခြားသက်ရှိတွေကို ဒုက္ခမပေးရဘူး၊ မဟုတ်ရင် မင်းကို ကောင်းကင်တာအို နိယာမက မင်းကို ဆန့်ကျင်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါ မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”

နတ်ထူးဆန်းဟာ လက်ဝှေ့ယမ်းပြီး ကတိပေးပါတယ်။ ဟန်ကျွယ်လည်း အင်္ကျီလက်စကို ဝှေ့ယမ်းပြီး နတ်ထူးဆန်းကို အပြင်ဘက် ပို့လိုက်ပါတယ်။ နတ်ထူးဆန်းကလည်း ဟန်ကျွယ်လို သတိကြီးသူပါ။ မကျိန်းသေလို့ရှိရင် ဟန်ကျွယ်ကို လာရှာမှာ မဟုတ်ပါဘူး။ ကြည့်ရတာ မကောင်းဆိုးဝါးနတ်တော့ ဒုက္ခရောက်ပါပြီ။

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက ထွက်ပြီး သူ့ဘေးနားက တာအိုဘုံကျောင်းဆီ လျှောက်သွားကာ တံခါးခေါက်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို တံခါးပွင့်သွားပြီး ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို လာကြိုပါတယ်။ ဟန်ကျွယ် အထဲ ရောက်သွားတဲ့အခါမှာတော့ တံခါး ပြန်ပိတ်သွားပါတယ်။ ကျန်းကျွယ်နဲ့ ကြက်သွေးရောင် မြေခွေးနီဟာ ဒီကိစ္စကို မမြင်သလိုမျိုး ဆက်လက် ကျင့်ကြံကြပါတယ်။

ဟန်ကျွယ်ဟာ စားပွဲလေးဆီ လျှောက်သွားပြီး ထိုင်ချလိုက်ပါတယ်။ အဲဒီနောက် လက်ဖက်ရည် ကောက်ငှဲ့ပြီး မေးလိုက်ပါတယ် “ဒီအတောအတွင်း ကျင့်ကြံရတာ အဆင်ပြေရဲ့လား”

ရှင်းဟုန်ရွှမ်ဟာ ပန်းလေးတစ်ပွင့်လို လှပစွာ ပြုံးလိုက်ပါတယ် “မဆိုးပါဘူး၊ မိန်းမ ကောင်းကင်ဘဝဂ်အဆင့်နဲ့ ပိုပိုနီးလာပြီ၊ ဒါပေမဲ့ မိန်းမ ဘယ်တော့မှ တာအိုပညာရှိအတု ဖြစ်လာပြီး ယောက်ျားအတွက် ကလေးမွေးပေးနိုင်မလဲ မသိဘူး”

ရှင်းဟုန်ရွှမ်ဟာ ပြန်လည်မွေးဖွားခဲ့တဲ့အတွက် အရည်အချင်း ပြောင်းပြီး လူသားဧကရာဇ်ရဲ့ ကံတရား အထောက်အပံ့ကို ရရှိခဲ့ပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက်မှာ ကောင်းကင်ဘဝဂ် အဆင့်နဲ့ နီးကပ်လာတာက အံဩစရာ မရှိပါဘူး။

ဟန်ကျွယ်က ဒေါသတကြီး ပြောလိုက်ပါတယ် “ကလေးက ဘာလုပ်ဖို့လဲ၊ ကလေးရှိရင် ကလေးကို ဂရုစိုက်ရတာနဲ့ ကျင့်ကြံဖို့အားမှာ မဟုတ်ဘူး”

ရှင်းဟုန်ရွှမ်ဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ် “မိန်းမက ယောက်ျားအတွက် မျိုးဆက် ချန်ထားပေးချင်တာပါ၊ တစ်နေ့ကျလို့ ယောက်ျား တိတ်ဆိတ်ဂိုဏ်းကနေထွက်ပြီး စွန့်စားခရီးထွက်ရင် သားယောက်ျားလေး တစ်ယောက် ရှိနေမှ တိတ်ဆိတ်ဂိုဏ်းကို ယောက်ျားအတွက် ထိန်းချုပ်နိုင်မှာလေ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ ပါရမီရှင်တွေ အကုန်လုံးက မာနကြီးတဲ့လူတွေချည်းပဲ၊ ယောက်ျားမရှိရင် သူတို့ကို ဘယ်သူက ထိန်းချုပ်နိုင်မှာလဲ၊ ကျိန်းသေပေါက် တစ်ခုခု ဖြစ်လိမ့်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters