← Chapters

စိတ်ထောင်ချောက်

Vol. 9 Ch. 15

စိတ်ထောင်ချောက်

Vol. 9 Ch. 15

စိတ်ပေါက်ပေါက်နဲ့ထွက်လာပြီး နာရီအတော်ကြာတဲ့နောက်မှာတော့ လီဆာက မြို့ငယ်လေးတစ်ခုမှာ ဆင်းသက်ခဲ့တယ်။ အနက်ရောင်ခံစစ်လိုင်းကို သူကျော်လာခဲ့တာကြာပြီ။ အခုက လုံးဝကို ရန်သူနယ်မြေထဲမှာပါ။ ဒါပေမဲ့ လီဆာက သူ့ကိုယ်သူယုံကြည်မှုရှိနေတယ်။

“ဒီမြို့က တစ်ခုခုမှားနေသလိုပဲ။ မီးတွေထွန်းထားပေမဲ့ လူတစ်ယောက်မှရှိမနေဘူး။”

လီဆာက နဂါးတစ်ဝက်ပုံစံကို ဆက်ထိန်းထားရင်းနဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ ညပိုင်းဖြစ်တာမလို့ တစ်မြို့လုံးမီးတွေလင်းထိန်နေအောင် ထွန်းထားတာ သိပ်တော့မထူးဆန်းဘူး။ ထူးဆန်းတာက ဒီနေရာဟာ ပိုးကောင်တွေသာ ရှိနေသင့်တဲ့ နောက်တန်းနေရာတစ်ခုပါ။

“လူလည်းမရှိသလို ပိုးကောင်လည်းမရှိဘူး။ ထူးဆန်းလိုက်တာ။”

လီဆာက သတိရှိရှိနဲ့ လမ်းပေါ်မှာဆက်လျှောက်တယ်။ လမ်းတွေပေါ်မှာ ကားအသွားအလာလုံးဝမရှိဘူး။ ညကောင်းကင်ပေါ်က လဟာ မြို့အနှံထွန်းထားတဲ့ မီးအလင်းရောင်တွေကြောင့် မှေးမှိန်နေတယ်။ အိမ်တွေထဲကို လှမ်းကြည့်ရင်လည်း လှုပ်ရှားမှုမရှိဘူး။ ဒါပေမဲ့ အခန်းတိုင်း မီးအပြည့်ထွန်းထားတာပါ။ မှောင်မိုက်နေတဲ့ နေရာမျိုးမဟုတ်ပေမဲ့ လူမရှိဘဲ မီးတွေလင်းထိန်နေတာက တစ်မျိုးကျက်သီးထဖို့ကောင်းနေတယ်။

“သေခြင်းတရားအငွေ့အသက်” လမ်းဆုံတစ်နေရာကိုရောက်တော့ လီဆာက မျက်မှောင်ကြုတ်လိုက်ပြီး မြေပြင်ကို ခြေထောက်နဲ့ဆောင့်ကန်ကာ အပေါ်ကိုခုန်တက်လိုက်တယ်။ ပြန်ပြီးငုံကြည့်တော့ ဓားခုတ်ကောင်တစ်ကောင်ရောက်နေပြီး သူ့ရဲ့လည်ပင်းရှိနေခဲ့တဲ့နေရာက လက်နဲ့ခုတ်ပိုင်းလျက်သားပုံစံတွေ့ရတယ်။

“ထင်ထားတဲ့အတိုင်းပဲ ဒီနေရာမှာ ဖုတ်ကောင်တွေရှိနေတာပဲ။” လီဆာက လေထုထဲမှာတင် ကိုယ်နေဟန်ထားပြောင်းလိုက်ပြီး ဓားခုတ်ကောင်ရဲ့ခေါင်းကိုအမြီးနဲ့ရိုက်ချပစ်လိုက်တယ်။ ဓားခုတ်ကောင်က နေရာကနေ လွင့်ထွက်သွားပြီး အိမ်တစ်လုံးကိုဝင်တိုက်ကာ ပြန်ထမလာတော့ဘူး။ ရုန်းကန်နေသေးပေမဲ့ လီဆာရဲ့ရိုက်ချကြောင့် ကျောရိုးနဲ့ခေါင်းက ဆိုးဆိုးဝါးဝါးပျက်စီးနေပြီးပြီ။

လီဆာက မြေပြင်မှာပြန်ရပ်လိုက်ပြီး အရပ်မျက်နှာတိုင်းကို အလျက်အမြန်စစ်ဆေးလိုက်တယ်။ နေရာတိုင်းမှာ မီးတွေလင်းနေတာကလွဲပြီး ပုံမှန်မရှိသလိုထင်ရပေမဲ့ သူ့နားတွေကနေ လှုပ်ရှားသွားလာနေတဲ့အသံတွေနဲ့ မျက်လုံးထောင့်ကနေ ရိပ်ခနဲဖြတ်ခနဲမြင်နေရတဲ့ပုံရိပ်တွေကြောင့် သူတစ်ယောက်တည်းမဟုတ်မှန်း ကောက်ချက်ချလိုက်တယ်။

“မှောင်ရိပ်ခိုတာမဟုတ်ဘဲ၊ အလင်းရောင်အောက်မှာ ငါ့ကိုကစားချင်တာလား။” လီဆာက သူ့ရန်သူတွေဟာ သူလိုက်ကြည့်နိုင်တဲ့နှုန်းထက် ပိုပြီးမြန်မြန် လှုပ်ရှားဖို့လုပ်နေကြမှန်းသိလိုက်ပြီး အနားကဓာတ်တိုင်ကို လက်နဲ့ဖမ်းဆုပ်လိုက်ပါပြီ။

“ငါ့ကိုလာစမ်းဖို့မကြိုးစားနဲ့။”

ဘုန်း....

လီဆာက ဓာတ်တိုင်ကိုဆွဲချွတ်ပြီး အနားက ထရန်စဖော်မာကို လှမ်းပစ်လိုက်တယ်။ ထရန်စဖော်မာက ဓာတ်တိုင်နဲ့ရိုက်မိတဲ့ဒဏ်ကြောင့် ချက်ချင်းရှော့ဖြစ်သွားပြီး တစ်မြို့လုံးမှောင်ကျသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ လီဆာက သူ့တစ်သတ်မမေ့နိုင်မယ့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေရဲ့။

“ဟမ်... သူတို့က ငါ့ကိုဝိုင်းထားပြီးကြပြီလား။” မီးပျက်တာကြောင့် မှောင်သွားပြီဖြစ်တဲ့ မြို့ပတ်ဝန်းကျင်ကို လီဆာမျက်စိကစားကြည့်တော့ တောက်ပနေတဲ့ ပိုးကောင်မျက်လုံးတွေက အရပ်ရှစ်မျက်နှာမှာအပြည့်ရှိနေတာ တွေ့လိုက်ရတယ်။ သူတို့ထဲမှာ မျိုးကွဲပိုးကောင်တွေပါနိုင်မှန်းလည်း သူ့ကိုယ်သူသတိပေးလိုက်သေးတယ်။

“နင်တို့ကို ဒီနေရာမှာ နောက်ဆံတင်းနေစရာ ဘာမှမရှိဘူး။” လီဆာက သူ့သွားစွယ်တွေပေါ်တဲ့အထိ ပြုံးလိုက်ပြီး ခန္ဓာကိုယ်က ကြွက်သားတွေကို ညှစ်လိုက်တယ်။ လမ်းမျက်နှာပြင်က ကျောက်သားတွေအက်ကွဲကုန်ပြီး သူ့ဝမ်းဗိုက်မှာ ခြောက်ပိုင်းအပြည့်ဝမ်းဗိုက်ကြွက်သွားက အထင်းသားပေါ်လာတယ်။ လက်မောင်းနဲ့ခြေသလုံးတွေကို နဂါးကြေးခွံတွေက ဖုံးအုပ်သွားပြီး မျက်ဆံအဝါက ကန့်လန့်ဖြစ်သွားပြီ။ နောက်တော့ လက်သည်းတွေရှည်ထွက်လာပြီး နဂါးဦးချိုနဲ့အတောင်ပံလည်းပေါက်လာပါတော့တယ်။

ဝုန်း....

လီဆာက အရပ်မျက်နှာရွေးမနေတော့ဘဲ ရှေ့ကိုတည့်တည့်ပြေးသွားလိုက်တယ်။ ပိုးကောင်တွေရဲ့အော်သံတွေက ညကောင်းကင်တစ်ခုလုံး ဆူညံ့နေအောင် ပဲ့သင်သံထွက်စေပြီး သူတို့ရဲ့ချီတက်လာတဲ့ခြေသံတွေက မြို့ကြီးတစ်ခုလုံးကို တုန်ခါနေစေတယ်။ မှောင်မိုက်နေလို့ အရေအတွက်အတိအကျ ရေတွက်ဖို့မဖြစ်နိုင်ပေမဲ့ ရာထောင်ချီနေမှာ ကျိန်းသေပါတယ်။ ပြီးတော့ အကုန်လုံးက သေဆုံးပြီးသား ဖုတ်ကောင်တွေပါ။

ဘုန်း... ဘုန်း....

လီဆာက ပိုးကောင်တွေနဲ့စတင်ရင်ဆိုင်မိမိချင်းမှာပဲ လက်ဖျံတွေကိုဆန့်ထုတ်ပြီး ပိုးကောင်တွေရဲ့ခေါင်းပိုင်းကို ဦးတည်တိုက်ခိုက်တယ်။ ဖုတ်ကောင်တွေဖြစ်တာကြောင့် သူတို့ကိုညှာတာတိုက်ခိုက်နေဖို့ အချိန်မရှိဘူး။ အဝေးကနေကြည့်မယ်ဆိုရင် ပိုးကောင်တွေက လီဆာဆီကို ဆက်တိုက်ပြေးဝင်နေကြပြီး လီဆာကတော့ သူ့ဆီကို ပြေးဝင်လာသမျှပိုးကောင်တွေကို ဖျက်ဆီးပစ်နေတာကြောင့်ပိုးကောင်သေတွေက လီဆာ့ခြေထောက်အောက်မှာ တောင်လေးတစ်တောင်လိုပုံခံနေတာ တွေ့မြင်နိုင်တယ်။

“နင်တို့ဟာက မကုန်နိုင်တော့ဘူးလား။” ကြာလာတော့ လီဆာက စိတ်မရှည်တော့ဘဲ ပိုးကောင်နှစ်ကောင်ကို ခါးကနေ ကောက်ကိုင်ပြီး သုံးရာ့ခြောက်ဆယ်ဒီဂရီတစ်ပတ်လည် လှည့်ယမ်းတယ်။ တခြားပိုးကောင်တွေကတော့ အဲဒီပိုးကောင်နှစ်ကောင်ရဲ့ခန္ဓာကိုယ်နဲ့ရိုက်မိပြီး လဲပြိုကျကုန််တယ်။ လီဆာက အဲဒီနှစ်ကောင်ကိုကိုင် ငါးမိနစ်လောက်ဝေ့ယမ်းနေပြီးမှ လွှတ်ပေးလိုက်ပြီး အနားမှာရှိနေတဲ့ ဟိုင်းလက်ကားတစ်စီးကိုဆွဲမကာ ကောင်းကင်ပေါ်ပျံတက်တယ်။ ပျံနိုင်တဲ့ပိုးကောင်တွေက နောက်ကလိုက်လာပေမဲ့ လီဆာ့အမြီးရိုက်ချက်တွေကြောင့် အကုန်ပြုတ်ကျကုန်လေရဲ့။

“သေကြစမ်း...” လီဆာက ကားကိုလမ်းပေါ်ပြန်ပစ်ချတယ်။ ကားက ဆီတိုင်ကီပွင့်သွားပြီး သတ္တုနဲ့ကတ္တရာလမ်းခြစ်မိရာကနေ ထွက်ပေါ်လာတဲ့မီးပွားက ပေါက်ကွဲမှုကြီးတစ်ခုကို အစပျိုးလေးလိုက်တယ်။

ဘုန်း.....

အနားမှာရှိနေတဲ့ ပိုးကောင်ဒါဇင်နဲ့ချီလေပေါ်မြောက်တက်သွားပြီး လီဆာကတော့ မီးရောင်ကနေတစ်ဆင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းပိုမြင်လာရတယ်။ သူ့နဂါးမျက်လုံးတွေက ညဘက်မှာလည်းမြင်နိုင်ပေမဲ့ အခုတော့ ပိုးကောင်အသင်္ချေနဲ့တိုက်ခိုက်ခဲ့ရာကနေပြီး ဖြစ်လာတဲ့တိုက်ပွဲလက်ကျန်တွေကို သူမအံ့ဩဘဲ မနေနိုင်ဘူး။ သူဖျက်ဆီးထားတဲ့ ပိုးကောင်သေအရေအတွက်တင်ထောင်ချီနေပြီဖြစ်ပြီး နောက်ထပ်ထောင်ပေါင်းများစွာသော ပိုးကောင်သေတွေက သူ့ဆီထပ်လာနေဆဲပါ။

ဝီ... ဝီ....

ရုတ်တရက်ဆိုသလိုပဲ သေဆုံးပြီးသား မျိုးကွဲပိုးကောင်ခေါင်းဆောင်သုံးကောင် ကောင်းကင်အမြင့်ကိုဖြတ်ပျံပြီး လီဆာဆီကို ပြေးဝင်လာတယ်။ လီဆာကလည်း သူတို့လာတိုက်မှာကို အသင့်ပြင်ထားပြီးသားပါ။ သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်တယ်။

ရွှတ်....

ဧရာမလေဓားချက်ကြီးကက S rank အဆင့်ပိုးကောင်နှစ်ကောင်ရဲ့အတောင်ပံတွေကို ရိုက်ချိုးပစ်လိုက်နိုင်ပေမဲ့ နောက်ဆုံးနကျယ်ကောင်တစ်ကောင်ကတော့ ရှေ့ကိုရောက်လာပြီး သူ့လည်မျိုကို အဆူးနဲ့ထိုးဖောက်ဖို့ကြိုးစားတဲ့အတွက် လက်ကနေကိုင်ပြီး မြေပေါ်ကိုပစ်ချကာ ခြေထောက်ကိုမြှောက်ပြီး မြေပေါ်ခုန်ကျဆောင့်နင်းပစ်လိုက်တယ်။

အုန်း....

လီဆာရဲ့ခြေထောက်နဲ့မြေပြင်ထိတာနဲ့ ကားလမ်းက နိမ့်ဆင်းကျသွားပြီး အနီးအနားလေထုတစ်ခုလုံး အလိုလိုပွင့်ထွက်သွားတယ်။ ရပ်ထားတဲ့ကားတွေရဲ့မှန်တွေနဲ့အိမ်ပြတင်းပေါက်တွေကွဲကုန်ပြီး ကားအလန်းတွေထမြည်ကုန်ပြီ။ လီဆာကတော့ မနားတမ်း ဆက်တိုက်နေတုန်းပဲ။

...

နေရောင်ထွက်လာတဲ့အချိန်မှာတော့ လီဆာက တိုက်နေတာကို ရပ်လိုက်တယ်။ မနက်ခင်းနေရောင်ခြည်က မြို့ပေါ်ကို အနည်းငယ်ဖြာကျနေပြီဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုပါပြီ။ ညက အကောင်းအတိုင်းရှိနေခဲ့တဲ့ မြို့ငယ်လေးရဲ့အိမ်တွေက တစ်စစီပြကျနေပြီဖြစ်ပြီး လမ်းတွေကလည်း ရစရာမရှိအောင် ပြိုကွဲနေပြီ။ လီဆာအနေနဲ့ အရင်က ဒီလောက်အထိ မီးကုန်ယမ်းကုန်ကြမ်းခွင့်ရတဲ့ တိုက်ပွဲမျိုးနဲ့မကြုံဖူးသေးဘူး။

တစ်ညလုံးတိုက်ခိုက်နေခဲ့တာကြောင့် ပင်ပန်းနေပြီဖြစ်ပြီး နားချင်နေတာကြောင့် လီဆာက ပိုးကောင်ကင်းစင်တဲ့ ကြမ်းပြင်တစ်ခုမှာပဲ ထိုင်ချလိုက်တယ်။ အဲဒီနောက် ညောင်းညာကိုက်ခဲနေပြီဖြစ်တဲ့ သူ့လက်ချောင်းတွေကို အနားပေးဖို့ လက်သီးဆုပ်ကိုဖြေပြီး လက်ပေါ်ကသွေးရည်ကြည်တွေကို ဖယ်ရှားလိုက်ပါတယ်။

ဖြောင်း... ဖြောင်း... ဖြောင်း....

တစ်နေရာကနေပြီး လက်ခုပ်သံကြားလိုက်ရတဲ့အတွက်လီဆာ အသံလာရာကိုကြည့်လိုက်တော့ အနက်ရောင် နည်းပညာချပ်ဝတ်ကိုဝတ်ထားတဲ့ ပိန်ပိန်လူတစ်ယောက်ရှိနေပြီး ဓာတ်တိုင်တစ်တိုင်ကိုမှီကာ လက်ခုပ်တီးနေတာပါ။ အဲဒီလူဘယ်ချိန်ကတည်းက ရောက်နေမှန်း လီဆာမသိဘူး။ အခုလေးတင်ရောက်တာလား၊ တစ်ညလုံးစောင့်ကြည့်နေခဲ့တာလား၊ သူတကယ် မပြောတတ်ဘူး။

“ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ပိုးကောင်အကောင်ခြောက်ထောင်ကို အနိုင်ယူနိုင်တာ အထင်ကြီးစရာပဲ။ ဒီတော့ မင်းက ငါ့ကိုလိုက်ရှာနေတဲ့သူပေါ့။”

လီဆာက မျက်မှောင်ကြုတ်လိုက်ပြီး ထိုင်ပြီးနားနေရာကနေ အဲဒီလူကိုကြည့်လိုက်တယ်။ ဒီလူ့မျက်နှာကို သူသိပ်ကိုရင်းနှီးတယ်။ လောလောဆယ် ဒီကမ္ဘာမှာ လီဆာအမုန်းဆုံးသူက ဘယ်သူလဲဆိုရင် သူပဲ။

“ရေဂင်...” လီဆာက ရေရွတ်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ခန္ဓာကိုယ်က ချက်ချင်းလှုပ်ရှားသွားပြီး ရေဂင်ရဲ့ရှေ့ကိုရောက်သွားပြီ။ လီဆာက နေရာကနေ ခုန်ထွက်လာတာဖြစ်ပြီး လေထဲမှာမြောက်နေကာ အပေါ်စီးအခြေအနေမှာရှိနေတယ်။ သူ့လက်က လက်သည်းတွေရှည်ထွက်လာပြီး ရေဂင်ရဲ့လည်မျိုကို ဦးတည်ကာ ကုတ်ချလိုက်တယ်။

“တခြားလူတစ်ယောက် စကားပြောနေတုန်းတိုက်ခိုက်တာ ရိုင်းရာကျမှန်း မင်းမသိဘူးလား။”

ရေဂင်က အပေါ်မှာရှိနေတဲ့ လီဆာကို မော့ကြည့်ပြီး ပြုံးပြလိုက်တယ်။ လီဆာလည်း မျက်နှာပျက်သွားတယ်။ သူ့ခန္ဓာကိုယ်က အောက်ကိုပြန်ဆင်းမရတော့ဘဲ လေထဲမှာပဲတန့်နေတဲ့အတွက် ငုံကြည့်လိုက်တော့ မိစ္ဆာကြီးတစ်ကောင်ရဲ့လက်လို့ထင်ရတဲ့အရာက သူ့ခါးကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမှန်း သတိထားမိလိုက်တယ်။ လက်က ရေဂင်ရဲ့အရိပ်ထဲကနေ ထွက်ပေါ်လာတာဖြစ်ပြီး သေခြင်းတရားအငွေ့အသက်တွေနဲ့ ဝိုင်းရံနေပါတယ်။

“နင်ကများ....” လီဆာက သူ့လက်နှစ်ဖက်လုံးကိုဆုပ်ပြီးရေဂင်ရဲ့မိစ္ဆာလက်ကြီးကို ထုချလိုက်တယ်။ လက်က သေခြင်းတရားစွမ်းအင်တွေနဲ့ စုစည်းထားတာဖြစ်လို့ ခိုင်မာပေမဲ့ လီဆာရဲ့ခွန်အားကလည်း မသေးတာကြောင့် အက်ကွဲသွားတယ်။

“ဒီလောက်တောင်တိုက်ချင်နေတယ်ဆိုမှတော့ တိုက်ကြတာပေါ့။” ရေဂင်က လှောင်ချင်တဲ့အမူအရာနဲ့ ပြုံးလိုက်ပြီး လီဆာကို သူ့အနားဆွဲယူလိုက်ကာ ညာလက်ကိုဖွဖွလေးဆုပ်ပြီး သူ့ပခုံးနားအထိမြှောက်ကာ အလျင်အမြန်ပဲ လီဆာ့ရင်ဝကို ထိုးချလိုက်တယ်။ ရေဂင်က မိစ္ဆာလက်ပါ လွှတ်လိုက်တဲ့အတွက် လီဆာက အထိန်းအကွပ်မဲ့စွာနဲ့ လေထဲမှာမျောလွင့်နေပြီ။

ဝေါ့...

လီဆာက သွေးတွေအန်ထုတ်လိုက်ရပြီး သူ့ရှေ့ကိုကြည့်ကာ တံတောင်ကိုမြှောက်ပြီး ရေဂင်ရဲ့တိုးဝင်လာနေတဲ့ ခြေကန်ချက်ကို တားဆီးလိုက်တယ်။

“မင်းက ငါ့ကိုအရင်တုန်းကတည်းက နိုင်တဲ့သူမှမဟုတ်တာ။ အခုပိုပြီးတော့ နိုင်ဖို့မဖြစ်နိုင်တော့ဘူး။”

ရေဂင်က အော်ဟစ်ရင်းနဲ့ သူ့နတ်ဆိုးတောင်ပံတွေကိုသုံးကာ ကန်ချက်ထဲအားပိုထည့်တယ်။ လီဆာကလည်း အတောင်ပံရှိပေမဲ့ ရေဂင်က လက်ဦးမှုယူထားတဲ့သူဖြစ်လို့ ဟန်ချက်ပျက်သွားပြီး လမ်းပေါ်ကို ပြန်ပြုတ်ကျလာတယ်။ ဒါပေမဲ့ တိုက်ပွဲအတွေ့အကြုံ အနည်းနဲ့အများရှိလာပြီဖြစ်ဖို့ များပြားတဲ့ဖိအားတွေကြားထဲကနေ လမ်းပေါ်ကို ဒူးတစ်ဖက်ထောက်ချပြီး အပေါ်ကနေလိုက်ဝင်လာတဲ့ ရေဂင်ကို အမြီးနဲ့ရိုက်တယ်။

“မင်းအမြီးက အသုံးမဝင်ဘူးကွ။” နောက်ထပ် မိစ္ဆာလက်ကြီး ထပ်ထွက်လာပြီး ရေဂင်က လီဆာရဲ့အမြီးကို ဖမ်းဆွဲလိုက်တယ်။ အဲဒီနောက်တော့ လီဆာကိုအမြီးကနေပြီး စတင်မွေ့ယမ်းကာ အပြန်အပြန်အလှန်လှန်လမ်းမြေပြင်နဲ့ မျက်နှာကို မိတ်ဆက်ပေးတယ်။

ဘုန်း... ဘုန်း... ဘုန်း... ဝုန်း....

ရေဂင်က ဒီလိုလုပ်ရတာကို ငြီးငွေ့လာတော့မှာ လီဆာကို အဝေးကြီးကိုမြှောက်ပစ်လိုက်တယ်။ အဲဒီနောက် နောက်ကနေပြီး အသံမြန်နှုန်းအထက်ပြေးကာလိုက်တယ်။ လီဆာလေထုထဲကနေ ကျလာပြီး ကြမ်းပြင်နဲ့ ထိခါနီးတော့ ရေဂင်ကကြိုရောက်နေပြီး လိဆာရဲ့ခန္ဓာကိုယ်ကို ဖမ်းကိုင်ကာ ခါးကိုဒူးနဲ့ခံချိုးချလိုက်တယ်။

“အား.....” လီဆာဆီကနေ ငယ်သံပါအောင်အော်သံပေါ်ထွက်လာပြီး နားထဲက အရိုးကျိုးသံကြောင့်ခေါင်းနပန်းကြီးသွားတယ်။ ရေဂင်က ခါးရိုးကို ချိုးချပစ်လိုက်တာပါ။

“ဟားဟားဟား....” ရေဂင်က လီဆာ့နားမှာ ဒူးထောက်ချလိုက်ပြီး လှိုက်လှိုက်လှဲလှဲရယ်မောလိုက်တယ်။

“ငါ့မှာအဲဒီကောင်ရဲ့စွမ်းအားရှိနေသမျှ မင်းတို့ရဲ့တိုးတက်လာနေတဲ့ စွမ်းအားတွေကို ကြောက်စရာမလိုတော့ဘူး။ ဘာလို့ဆိုရင် ငါကိုယ်တိုင်လည်း ကြောက်စရာကောင်းလောက်အောင် ပိုပြီးစွမ်းအားကြီးလာနိုင်ပြီလေ။”

ရေဂင်က လီဆာရဲ့ခေါင်းက ဆံပင်တွေကို ဆုပ်ကိုင်ပြီး ဆွဲထူလိုက်တယ်။ လီဆာက ချက်ချင်းနဂါးပုံပြောင်းပြီး ပြန်တိုက်ချင်ပေမဲ့ ခါးရိုးကျိုးနေတာကြောင့် ပြောင်းရင်ဖြစ်ပေါ်လာမယ့်ဝန်ကို သူ့ခန္ဓာကိုယ်က မခံနိုင်သေးဘူးဖြစ်နေတယ်။ ပြန်လည်ကုစားနိုင်စွမ်းကြောင့် ဖြည်းဖြည်းချင်းပြန်ကောင်းလာနေတာကို သူသတိထားမိပေမဲ့ အချိန်မကျသေးဘူး။ အထူးသဖြင့် ရေဂင်ရဲ့သေခြင်းတရားအငွေ့အသက်တွေက သူ့ရဲ့ပြန်ကောင်းနိုင်စွမ်းကို အနှောင့်အယှက်ပေးနေတယ်။

“ပြောစမ်းပါဦး၊ မင်းငါ့ကိုရှာဖို့ မျိုးပွားမိခင်ရဲ့ဦးမှင်ကို သုံးခဲ့သေးတာလား။”

လီဆာက ရေဂင်ဆီကနေပြီး နားလည်ရခက်တဲ့ မေးခွန်းတစ်ခုကို ကြားလိုက်ရတဲ့အတွက် မျက်စိလည်သွားပါပြီ။ မျိုးပွားမိခင်ဦးမှင်ဆိုတဲ့ပစ္စည်းကို လီဆာမသိဘူး။ ဒါပေမဲ့ လီဆာသိတာကတော့ ရေဂင်ကို သူနဂါးပုံစံနဲ့ချဖို့လိုပြီး အချိန်ဆွဲဖို့လိုတယ်ဆိုတာကိုပဲ။

“ဘာမျိုးပွားမိခင်ရဲ့ဦးမှင်လဲ၊ ရှင့်အနံကို ကျွန်မမြောက်အမေရိကကနေတောင်ရနေတာ။”

ဖြောင်း....

လီဆာရဲ့အဖြေကြောင့် ဒေါသထွက်သွားတဲ့ ရေဂင်က လီဆာ့ပြားကို ဖြတ်ရိုက်ပစ်လိုက်တယ်။ လီဆာက သူ့ပါးစပ်ထဲက ကျွတ်ထွက်သွားတဲ့ သွားနှစ်ချောင်းကို ထွေးထုတ်လိုက်ပြီး ရေဂင်ကို နာကျည်းစွာကြည့်လိုက်တယ်။ ဒီကောင်ကို သူသတ်ဖို့ ဆုံးဖြတ်ချက်ချပြီးသွားပြီ။

“မင်းမှာ သေခြင်းတရားအငွေ့အသက်ကို အာရုံခံနိုင်တဲ့စွမ်းအားရှိမှန်းငါသိတယ်။ ဒါပေမဲ့ ငါဆင်ထားသမျှ ထောင်ချောက်တိုင်းကို ဝင်မိနေပုံထောက်ရင် ဒီလောက်တိကျပုံမပေါ်ဘူး။”

မကြာခင်မှာပဲ ရေဂင်က သူ့မေးခွန်းကိုသူ ဖြေလိုက်မိမှန်း နားလည်သွားတယ်။ အဲဒီနောက် သူက လီဆာရဲ့ဆံစတွေကို ဖြေလွှတ်လိုက်ပြီး မတ်တပ်ရပ်ကာ စဥ်းစားတယ်။

“ဒါဆိုရင် ဘယ်သူက မျိုးပွားမိခင်ဦးမှင်ကိုသုံးပြီး ငါ့ရဲ့တည်နေရာကို ခြေရာခံနေတာလဲ။ ပြီးတော့ သူတို့က ငါ့ပိုးကောင်တွေကို အဲဒါနဲ့တောင် အမိန့်ပေးလိုက်သေးတယ်။”

ရေဂင်က စဥ်းစားနေရင်းကနေပြီး မျက်နှာတစ်ခုလုံးဖြူဖျော့လာတယ်။ သူ့စိတ်ကူးထဲမှာ တစ်စုံတစ်ယောက်ရဲ့ကောက်ကျစ်တဲ့အပြုံးကို မြင်ယောင်လာမိလို့ပါ။

“သေပေတော့....”

ရေဂင်သတိလွတ်နေတဲ့တစ်ခနမှာပဲ လီတာက မာန်ဟုန်သွင်းပြီး နဂါးအဖြစ်ကို ပြောင်းလိုက်တယ်။ ဒဏ်ရာတွေက လုံလောက်အောင်ပြန်မကောင်းသေးပေမဲ့ သူ့ကိုယ်သူဖိအားပေးပြီး နဂါးအဖြစ်ပြောင်းကာ ရေဂင်ကိုတိုက်ဖို့ပြင်တယ်။ ရေဂင်သတိလွတ်နေတဲ့အချိန် လက်ဦးမှုရမှ သူ့မှာနိုင်ခြေရှိမှာပါ။ သူတွက်မိသလောက် အခုရေဂင်က ဟိုတစ်ခါကထက် အများကြီးပိုအစွမ်းထက်နေပါပြီ။

“ဟမ့်... ကလေးကလားအကွက်တွေ။” ရေဂင်က လီဆာကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက သေခြင်းတရားအငွေ့အသက်တွေနဲ့ တောက်ပနေပြီး အဲဒီအကြည့်တွေကြောင့် တစ်ကိုယ်လုံးတောင့်တင်းသွားတယ်။

ဘာ....

လီဆာက သူ့ခန္ဓာကိုယ် ဖြည်းဖြည်းချင်း နဂါးအဖြစ်ကို ပြောင်းလဲနေမှန်း သတိထားမိတယ်။ သူ့အကြေးခွံတွေ တစ်လွှာချင်းထူထဲလာနေတာ ခံစားမိတယ်။ ဒါပေမဲ့ သူ့စိတ်က အဲဒီနေရာကိုမရောက်နိုင်ဘဲ သူ့ရှေ့က ထပ်ဖန်တလဲလဲ ပြသနေတဲ့မြင်ကွင်းကိုသာကြည့်ပြီး မျက်ရည်တွေစီးကျလာတယ်။ အဲဒီမြင်ကွင်းက လင်ဒါကို ကလေးမလေးက နှလုံးထိုးဖောက်နေတဲ့မြင်ကွင်းဖြစ်ပြီး မက်ဒါနာက ဘေးကနေ ကောက်ကျစ်စွာထိုင်ကြည့်နေတဲ့ မြင်ကွင်းပါ။

“သနားစရာပဲ... စွမ်းအားကြီးပေမဲ့ ငါ့ရဲ့စိတ်ထောင်ချောက်ကို ခုခံနိုင်တဲ့စွမ်းအားမရှိဘူးပဲ။”

ရေဂင်က ပိုးကောင်ထောင်ပေါင်းများစွာကို သတ်ပြီးတဲ့နောက် မယုံနိုင်စရာကောင်းတဲ့ စွမ်းအားပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားပြီးပြီ။ တကယ်လို့ သူ့ကိုရင်ဆိုင်တဲ့သူက ယာမီကိုယ်တိုင်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ နိုင်ဖို့အာမမခံနိုင်တော့ဘူး။

....

ငွေရောင်စစ်သည်နဲ့အေမီက ပျက်စီးနေတဲ့ နယ်စပ်မြို့လေးမှာ ဆင်းသက်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်တယ်။ နေရာတိုင်းမှာ ပိုးကောင်သေတွေရှိနေပြီး ခန္ဓာကိုယ်အခြေအနေအရ အသတ်မခံရခင်ကတည်းက တစ်ခါသေဆုံးပြီးသား ဖုတ်ကောင်တွေမှန်းသိနိုင်ပါတယ်။

“ဒီနေရာက အဆောက်အဦးတွေမှာ နဂါးလက်သည်းရာတွေရှိနေတယ်။ လီဆာဒီမှာရှိနေခဲ့တာ သေချာတယ်။” မက်ဒါနာက သုံးသပ်လိုက်တယ်။

ဘရာဇီးက နယ်မြေကျယ်ကြီးဖြစ်တဲ့အတွက် လီဆာဘယ်ထွက်သွားလဲ ခန့်မှန်းဖို့ မက်ဒါနာတို့အတွက်ခက်ခဲခဲ့တယ်။ ဦးတည်ရာကိုတော့ အမေဇုန်နယ်စပ်ဖြစ်နိုင်တယ်လို့ သူတို့သတိထားမိလို့ ချက်ချင်းခရီးဆက်ခဲ့ပေမဲ့ ရီယိုဒီဂျနေးရိုးနဲ့အမေဇုန်က မက်ဒါနာတို့အတွက်တောင် သိပ်ဝေးတဲ့ခရီးဖြစ်နေတုန်းပဲ။ ပိုဆိုးတာက တောစပ်ရဲ့ဧရိယာက အလွန်ကြီးမားပြီး လီဆာဘယ်နားမှာရှိနေလဲဆိုတာ သူတို့မသိနိုင်ပြန်ဘူး။ ဒီတော့ သူတို့သိထားတဲ့ ရေဂင်ရဲ့ခန့်မှန်းနေရာကိုပဲသုံးပြီး ဖြည်းဖြည်းချင်းလိုက်လာတာ။ တိုက်ပွဲကိုအာရုံခံမိမိချင်း အဲဒီကိုပြေးလာပြန်ပေမဲ့ ဝေးလွန်းနေပြီး ထပ်အချိန်ကုန်ခဲ့ပြန်ပါတယ်။

အေမီကလည်း ဂြိုဟ်တုဂိုင်ယာနဲ့ချိတ်ဆက်နေရင်းကနေ မက်ဒါနာကို ပြောလိုက်ပါပြီ။ “မမလေး၊ ဒီနေရာမှာ မနေ့က ကျွန်မတို့အာရုံခံမိတဲ့ ပိုးကောင်အုပ်ကြီးနဲ့လီဆာရဲ့တိုက်ပွဲအပြင် ရေဂင်ရဲ့အသံလှိုင်းနဲ့တူတဲ့လှိုင်းတွေလည်း ရှိနေခဲ့တာတွေ့တယ်။ ကျွန်မတို့ရောက်မလာခင် မိနစ်ပိုင်းကမှ အဲဒီလှိုင်းတွေပျောက်သွားတာ။”

https://mmxianxia.com/wp-content/uploads/2024/03/received_8596909553658472-170x300.jpeg

ငွေရောင်စစ်သည်က ကောင်းကင်ကြီးကို မော့ကြည့်ရင်းနဲ့ ပြောလိုက်တယ်။ “နင်ဆိုလိုတာက ငါတို့နောက်ကျသွားတယ်ပေါ့။”

All Chapters