မြေးအဘိုးကြားကပြိုင်ပွဲ
Vol. 35 Ch. 681
သလင်းကျောက်အလွှာကိုဖြတ်ပြီးနောက် ပေထင်းဟွမ်၏အကြည့်သည် ပေထင်းမိသားစုနေရာတွင်ထိုင်နေသည့် အဘိုးကြီးဆီသို့ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် တောင်ငယ်တစ်လုံးကဲ့သို့ ကြံ့ခိုင်သန်မာကာ အစ်ကိုဖြစ် သူ၏မျက်နှာကို ခပ်ရေးရေးတွေ့နိုင်သည်။ သူမ၏အစ်ကိုသည် ဤအဘိုးကြီး နှင့် အနည်းငယ်တူသည်။ သို့သော် သူမ၏မျက်လုံးထြတွင် မျက်နှာထားမှလွဲပြီး မတူပေ။
“အစ်ကို အဲတုန်းက အဲဒီအဘိုးကြီးက ကျွန်တော့်ကို ဘာလို့နှင်ထုတ်ခဲ့ တာလဲ”
ပေထင်းဟွမ်သည် ရှုပ်ထွေးစွာမေးလေသည်။
ပေထင်းကျင်သည် ခေါင်းခါပြီး အနည်းငယ်သုန်မှုန်စွာကြည့်လေသည်။ သခင်အိုသည် ပေထင်းဟွမ်အားကူပြီး ထိုဓားရှည်ကိုယူပေးလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ ထိုအခိုက်အတန့်တွင် သူသည် ငေးငိုင်နေမိတုန်းပင်ဖြစ် သည် “အသေးစိတ်ကိုတော့ ငါလည်းမသိဘူး.. မင်း အမေ့ဗိုက်ထဲမှာရှိတုန်းက သူမကအလိုက်ခံရပြီး ပျောက်သွားခဲ့တယ်.. သူလည်း ပေထင်းမိသားစုရဲ့ လက်ရွေးစင်ကိုဦးဆောင်ပြီး သူမကိုသွားရှာခဲ့တယ်၊ ပြန်လာတဲ့အချိန်ကျ မင်းကို ခေါ်လာခဲ့တယ်၊ အမေ အလိုက်ခံရတုန်းက မင်းကိုမွေးခဲ့တာ၊ သူက မင်းကို ဝိညာဉ်ခွဲချောက်က အသူရာရွှံ့နက်အစွန်းမှာတွေ့ခဲ့တာ”
“ဒါဆို ကျွန်တော့်နောက်ခံက...”
တခြားသူမျာသည် ပေထင်းဟွမ်ပြောလိုသည်ကို နားမလည်ဘဲရှိလိမ့် မည်။ သို့သော် ယန်ယဲ့နှင့် ပေထင်းကျင်တို့ နားလည်သည်။ ပေထင်းကျင်သည် ယန်ယဲ့အားကြည့်လိုက်ရာ သူ မျက်တောင်မခတ်ဘဲ ခေါင်းအနည်းငယ်ငုံ့သွား သည်ကို မြင်လိုက်ရသည်။ သူသည် ပေထင်းဟွမ်အား လွန်ခဲ့သည့် ၁၄ နှစ်က အဖြစ်ကို ပြောပြသည် “သူ အမိန့်ပေးခဲ့တာ.. သူက အကြီးအကဲတွေ ကန့်ကွက် တာကိုတောင် လျစ်လျူရှုပြီး မင်းက မကျင့်ကြံနိုင်တဲ့အမှိုက်ဆိုပြီး လော့ပေမြို့ ကိုပို့ခဲ့တာ”
ပေထင်းဟွမ် နှင်ထုတ်ခံရသည့်အကြောင်းကိုပြောရလျှင် ပေထင်းကျင် သည် မုန်းတီးစွာဖြင့် အံကြိတ်ထားဆဲဖြစ်သည်။ သူသည် နားမလည်နိုင်သေး ပေ။ ပေထင်းချင်းသည် သူတို့၏အဘိုးအရင်းဖြစ်ကာ ပေထင်းမိသားစုသည် သာမန်မိသားစုမဟုတ်ပေ။ ရှောင်ကျို့သည် အမှန်တကယ် အမှိုက်ဖြစ်သည့် တိုင်အောင် သူ၊ ဦးလေးနှင့် အဒေါ်တို့ ပျိုးထောင်လျှင် ပြဿနာမရှိနိုင်ပေ။ သို့သော် အဘိုးဖြစ်သူသည် ကန့်ကွက်မှုများအားလုံးကို လျစ်လျူရှုကာ ရှောင်ကျို့အား အဝေးသို့ပို့ခဲ့သည်။
ပေထင်းကျင်မသိသည့်အရာကို ပေထင်းဟွမ်လည်းမသိပေ။ ထိုနောက် ကွယ်တွင် သူတို့မသိသည့်တစ်စုံတစ်ရာကို ဖုံးကွယ်ထားလိမ့်မည်ဟု သူမ သိထားသော်လည်း စွန့်ပစ်ခံရသည့်ခံစားချက်ကို မဖယ်ရှားနိုင်ပေ။ သူမသည် နှာမှုတ်လိုက်ပြီး သူမ၏ကြည်လင်သောအသံဖြင့် လေလံပွဲတစ်ခုလုံးကြား အောင်ပြောလိုက်သည် “အဘိုးကြီး ကျွန်တော့်အတွက် ဝိညာဉ်လက်နက် ဝယ်ပေးတာနဲ့ပဲ ခင်ဗျားကိုခွင့်လွှတ်လိုက်ပြီလို့မထင်လိုက်နဲ့.. ၁၅ နှစ်ပြည့် မွေးနေ့အတွက် ကိုယ့်ဘာသာမဝယ်နိုင်ဘူးလို့ ထင်နေတာလား.. ဟင်း ပတ္တမြား ၅ သန်း”
ပေထင်းဟွမ်သည် အေးစက်စွာဖြင့် လေလံစက်ကို နှိပ်လိုက်ရာ သူမ ပေး သည့်ဈေးသည် ဈေးဖန်သားပြင်တွင်ပေါ်လာသည်။ ပတ္တမြား ၅ သန်း။
ဝိုး...
ထိုရုတ်တရက်ဆန်လှသော အဖြစ်အပျက်သည် ထိုနေရာတွင်ရှိနေသူ များကို ထိတ်လန့်သွားစေသည်။ မထင်မှတ်စွာပင် သူတော်စင်မ၏ ရန်စမှုသည် အလုပ်မဖြစ်ပေ။ ထိုအစား ပေထင်းဟွမ်သည် ပေထင်းမိသားစုခေါင်းဆောင်နှင့် တိုက်ခိုက်နေသည်။
အားလုံးသည် ပေထင်းချင်းအား လှည့်ကြည့်ကြသည်။ သူတို့သည် သူ့ မျက်နှာတွင် ဝမ်းနည်းမှုအရိပ်အယောင်မြင်ရလိမ့်မည်ဟု ထင်ထားသော်လည်း အံ့ဩရသည်မှာ ပေထင်းချင်းတွင် အပြုံးတစ်ခုသာရှိနေသည်။ သူသည် အထူးသဖြင့် ဂုဏ်ယူနေပုံပေါက်သည်။ သူသည် ထိပ်တန်းအထူးခန်းအား စိတ်သက်သာရာရစွာဖြင့် ကြည့်ပြီး တည်ငြိမ်စွာဖြင့် ဈေးကိုမြှင့်ပြန်သည် “၆ သန်း”
ဝိညာဉ်လက်နက်တစ်ခုသည် ပတ္တမြား ၁ သန်းမှ ၆ သန်းအထိ မြင့်လာခဲ့ သည်။ ၆ ဆဖြစ်နေပြီဖြစ်၏။ ၎င်းသည် ပင်မတိုက်ကြီး၏ လေလံပွဲတွင် ရှားပါး သောဖြစ်ရပ်ဖြစ်သည်။ ထိုအချိန်တွင် ရင်ပြင်ထဲမှ လေထုသည် ဈေးမြင့်လာ သည်နှင့် အသက်ဝင်လာသည်။ အားလုံးသည် စိတ်ထဲမှ အနိုင်ရသူကို ခန့်မှန်း နေကြသည်။
မြေးအဘိုးပီသပါပေတယ်။ ခေါင်းမာလိုက်တာလည်း တူတယ်။ “၇ သန်း” ပေထင်းဟွမ်သည် တွေဝေမှုမရှိ ဈေးပေးလေသည်။ သူမ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဖြည်းဖြည်းချင်းပေါ်လာရာ တုန်ဖန်းကျောက်နှင့် ပေထင်းကျင်ကို ပင် ကြောက်ရွံ့မှုကြောင့် တုန်သွားစေသည်...
ဒီလူက ဘာအဓိပ္ပာယ်လဲ။ ဘာလို့ လူတစ်ယောက်ကို လျှို့ဝှက်ကြံစည်နေ တဲ့ပုံပေါက်နေတာလဲ။