အဘိုးကို လှည့်စားတဲ့မြေး
Vol. 35 Ch. 682
“၈ သန်း” ပေထင်းချင်းသည် အံကြိတ်ထား၏။ သူသည် စိတ်ပိုင်းဖြတ်ပြီး သားဖြစ်သည်။ တစ်နေ့ ဤကောင်လေးသာ သူ့လက်ထဲရောက်လာလျှင် သူ၏ ဖင်ကို စော်ပလော်တီးမည်ဖြစ်သည်။
“၉ သန်း” ပေထင်းဟွမ်သည် မေးစေ့ကိုအသာမြောက်ကာ ဈေးကိုပိုမြင့် ပေးလိုက်သည်။
“၁၀ သန်း” ပေထင်းချင်းသည် ဒေါသထွက်လာကာ မတည်ငြိမ်နိုင်တော့ ပေ။ သူ၏ရင်ဘတ်သည် အကြမ်းပတမ်းလေးလံလာသည်။ ဝိညာဉ်လက်နက် တစ်ခုအတွက် ၁၀ သန်းပေးနေရသည်။ ထိုပိုက်ဆံသည် သူ၏ ကိုယ်ပိုင်စုငွေထဲ မှလာခြင်းပေ။ မြေးဆီက ရိုက်စားလုပ်ခံရတဲ့ ခံစားချက်က ဘယ်လိုလုပ် မနာဘဲရှိမလဲ။ သူသာ ယနေ့ နှလုံးဖောက်ခဲ့လျှင် ဤကောင်လေး ဝတ္တရား မကျေပွန်မှုအတွက် တရားစွဲမိမည်မှာသေချာသည်။
ပေထင်းချင်းစကားဆုံးသည်နှင့် ပေထင်းဟွမ်၏ ထောင်လွှားသောအသံ သည် လေလံခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသည် “ဂုဏ်ပြုပါတယ် သခင်အို.. ကျွန်တော့်မွေးနေ့လက်ဆောင်အဖြစ်ပေးမယ့် ဒီဝိညာဉ်လက်နက်ကို စောင့်နေပါမယ်”
သူ နောက်ဆုံးတော့ လေလံဆွဲတာကို လက်လျော့လိုက်ပြီလား။ ထို အခိုက်အတန့်တွင် စိတ်အေးသွားကြသူများသည် ချက်ချင်းဆိုသလိုပင် ပြန်ပြီး စိတ်လှုပ်ရှားလာကြသည်။ သူတို့ ဘာမြင်လိုက်ရတာလဲ။ ၁ သန်းနဲ့ ဈေးစခေါ် တဲ့ ဝိညာဉ်လက်နက်တစ်ခုက ၁၀ သန်းအထိတောင် ဈေးရောက်သွားတယ်။ ခေါ်ဈေးထက် နောက်ဆုံးဈေးသည် ၁၀ ဆဖြစ်သွားရာ ပင်မတိုက်ကြီးရှိ လေလံ မှတ်တမ်းကို ချိုးသွားလေပြီဖြစ်၏။
ဤအခိုက်အတန့်တွင် အားလုံးသည် သခင်အိုအား သနားသောမျက်လုံး များဖြင့်ကြည့်ကြသည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် ၁၀ နှစ်က ပေထင်းမိသားစု ၏ သခင်အိုသည် အားလုံး၏အမြင်ကိုဆန့်ကျင်ကာ ၄ နှစ်သားအရွယ် မြေးလေး ကို လော့ပေမြို့သို့ ပို့ခဲ့ခြင်းဖြစ်လိမ့်မည်။ ပြောရလျှင် နေ့တိုင်း ကမ္ဘာကို မွှေနှောက်နေသည့် ဤကဲ့သို့မြေးမျိုးကို မည်သူက လိုချင်မည်နည်း။
ပေထင်းဟွမ်သည် မြို့တော်သို့ပြန်ရောက်ကတည်းကပင် သခင်အိုကို အရိုအသေပြုရန် မဆိုထားနှင့် မျိုးနွယ်ကြီးလေးခုဆီသို့ပင် မသွားဟု ပြောကြ သည်။ ယနေ့ သခင်အိုသည် အလွန်ကြင်နာပြီး မြေးဖြစ်သူ၏ ၁၅ နှစ်ပြည့် မွေးနေ့အတွက် ထိုဝိညာဉ်လက်နက်ကို လက်ဆောင်ပေးချင်သည်ဟု ပြောခဲ့ သည်။ ဤအမြတ်ထုတ်တတ်သော လူငယ်သည် ပင်မတိုက်ကြီးတစ်ခုလုံးရှေ့ တွင် သခင်အိုကြီးနှင့် စကားများရဲသေးသည်။
ပတ္တမြား ၁ သန်းနှင့် စတင်ခဲ့သောလေလံပစ္စည်းသည် ၁၀ သန်းနှင့် အဆုံးသတ်သွားသည်။ ကောင်းကင်နှင့်မြေကြီး၏ ကြီးမားမှုကို မသိတတ်သော မိသားစုကြီးမှ သခင်လေးပီသသည်။
ပေထင်းချင်းသည် ဒေါသထွက်လွန်းရာ ရင်ပင်လှိုက်ချည်ဖိုချည်ဖြစ်နေ သည်။ သူ၏အသက်ရှူသံသည် လေရဟတ်ကဲ့သို့ မြန်ဆန်နေသည်။ သူ့ဘေး တွင်ထိုင်နေသော တခြားမိသားစုခေါင်းဆောင်များသည် သူ့အား အထူးသဖြင့် သနားကြည့်ဖြင့်ကြည့်ကြသည်။ သူ့ကို အမြဲတမ်း မနှစ်သက်သော နန်ကုန်းမိသားစုခေါင်းဆောင်ပင်လျှင် သူ၏ အဆင့်အတန်းမြင့်လက်ကို ဆန့်ကာ ပေထင်းချင်း၏ကျောကိုပုတ်ပေးလေသည် “ဟူး.. အဘိုးကြီး ဝမ်းနည်းပါတယ်.. ကျုပ်တို့မှာ မသိတတ်တဲ့သားရှိနေရင် ဘာမှမတတ်နိုင်ဘူး”
“လစ်လိုက်တော့” ပေထင်းချင်းသည် နန်ကုန်းချန်း၏လက်ကိုရုတ်ထုတ် ကာ သူ့လက်ကိုတွန်းထုတ်လိုက်သည်။ အဘိုးကြီး.. သူ့ကို နှစ်သိမ့်နေတာ မဟုတ်ဘဲ ကြည်နူးနေတာကို မသိဘူးမထင်လိုက်နဲ့။ “သူက မသိတတ်တဲ့သား ဆိုတာကို သိမှတော့ ကျုပ်မြေးက ခင်ဗျားမြေးမကို ထိခိုက်အောင်လုပ်ပါတယ် လို့ နောက်ဆို စောဒကလာမတက်နဲ့တော့”
ထိုစကားများသည် တခြားစကားများထက် ပို၍ရက်စက်သည်။ နန်ကုန်းချန်းသည် စကားလုံးမဲ့သွား၏။
နောက်ဆုံးတွင် ပတ္တမြား ၁ သန်းတန် ဝိညာဉ်လက်နက်သည် ၁၀ သန်း ဖြင့် ရောင်းထွက်သွားသည်။ လေလံစင်မြင့်မှ လေလံပစ်သူအလှလေးသည် ပို၍ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူမသည် နားဝင်ချိုပြီး ဆွဲဆောင်မှုရှိသော အသံကိုသုံးကာ ဈေးကိုသုံးကြိမ်သုံးခါအော်လေသည် “၁၀ သန်း တစ်ကြိမ်၊ ၁၀ သန်း နှစ်ကြိမ်၊ ၁၀ သန်း သုံးကြိမ်” ထို့နောက် သူမသည် တားဆီးမှုမရှိဘဲ နောက်ဆုံး ဆုံးဖြတ်ချက်ချလေသည်။
တခြားသူ လေလံဈေးခေါ်ချင်သူရှိလျှင် သူတို့သည် သေချာပေါက် အရူး များပင်ဖြစ်လိမ့်မည်။ ၎င်းသည် ရွှေဒင်္ဂါး ၁၀ သန်းမဟုတ်ဘဲ ပတ္တမြား ၁၀ သန်း ပင်။ ကြီးမားသောဂိုဏ်းတစ်ခုအတွက်ပင်လျှင် နတ်လက်နက်မဟုတ်ဘဲ ဝိညာဉ်လက်နက်အတွက် ထိုမျှများပြားသော ပိုက်ဆံထုတ်ပြီးချိန်တွင် အထိနာ မည်ဖြစ်သည်...