အထူးပစ္စည်း၊ ၁ ဘီလီယံမှ စဈေးခေါ်ခြင်း
Vol. 35 Ch. 683
မရပ်မနားပွက်ပွက်ညံ့နေသော စီရင်ချက်ဗိမာန်၏သူတော်စင်မပင် ဤ အခိုက်အတန့်တွင် သူမ၏ နေရာ၌ နှုတ်ဆိတ်စွာထိုင်နေသည်။ သူမသည် ပြန် ထရန် စိတ်ကူးမရှိတော့ပေ။
ပေထင်းချင်းသည် သူမအား ပြက်ရယ်ပြုခဲ့သော်လည်း အရူးတစ်ယောက် မဟုတ်သည်မှာ ထင်ရှားလွန်းသည်။ နောက်ဆုံးတွင် သူသည် မြေးဖြစ်သူ၏ လှည့်စားခြင်းကိုခံရသည်မှာ သူ့အတွက် ခံစားရသည်ထက်ပင် ပိုသည်။ လူ အများအပြားရှေ့တွင် အရူးတစ်ယောက်နှင့် စကားများခြင်းသည် သူတော်စင်မ ယဲ့ဟွာလုပ်မည့်အရာမျိုးမဟုတ်ပေ။
ပေထင်းမိသားစုကို ပြန်ပေးဆပ်ခိုင်းမယ်။ ယဲ့ဟွာသည် ခက်ထန်စွာ တွေးလိုက်သည်။
ပထမဆုံးပစ္စည်းကို မြင့်မားသောဈေးနှုန်းဖြင့် ရောင်းချလိုက်ရသည်။ လေလံပစ်သူအလှလေးသည် သေချာပေါက်ထင်မထားပေ။ ပွဲအသက်ဝင်လာ ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ရတနာများကို ပို့လာကြသည်။ ဝိညာဉ်လက်နက်၊ ချပ်ဝတ်တန်ဆာ၊ အမတဆေးပင်များ၊ ဝိညာဉ်သစ်သီးများ၊ ငယ်ရွယ်သည့် မွန်မြတ်သောသားရဲများနှင့် နတ်သားရဲ၏ မှော်အမြုတေများ.. ၎င်းတို့သည် တလက်လက်တောက်ပလွန်းသည်။
လေလံအိမ်ထဲမှ လေထုသည် လှိုင်းလုံးကြီးများသဖွယ် အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ ဤပင်မတိုက်ကြီးမှလူများသည် ခွန်အားကို အလေးစားဆုံးဖြစ် သည်။ ထိုရတနာများသည် ထိုနေရာတွင်ရှိနေကြသောလူများ၏ နှလုံးကို မွှေနှောက်ပစ်နိုင်သည့် ခွန်အားရှိကြသည်။ သူတို့သည် အချိန်အတော်ကြာ ချို့တဲ့ခဲ့ရသည့် သန်မာသောယောက်ျားများကဲ့သို့ပင်။
ကိုယ်လုံးတီးမိန်းမပျိုကိုတွေ့သည်နှင့် သူမအား ပိုင်ဆိုင်လိုစိတ် တဖွားဖွားပေါ်ပေါက်ခဲ့ရသည်။
သို့သော် ပေထင်းဟွမ်သည် လုံးဝစိတ်မဝင်စားပေ။ သူမတွင် မှော်သားရဲ များနှင့် တိုက်ပွဲချပ်ဝတ်တန်ဆာများရှိသည်။ ၎င်းတို့သည် သူမအတွက် များများစားစား အသုံးမဝင်ပေ။ ဝိညာဉ်လက်နက်ဆိုသည်မှာလည်း သူမတွင် နတ်လက်နက်တစ်ခုနှင့် ပိုင်ရှင်၏ခွန်အားအတိုင်း အဆက်မပြတ် အဆင့်တက် နိုင်သည့် ထူးဆန်းသောလက်နက်တစ်ခုရှိသည်။ သူမသည် အမှန်တကယ်ပင် တခြားအရာများကို ဂရုမစိုက်ပေ။ အမတဆေးပင်နှင့် ဝိညာဉ်သစ်သီးမှာလည်း သူမ၏သိုလှောင်ခန်းတွင် ကောင်းကင်အသီးရှိနှင့်ပြီးသားပင်။ ထိုနေရာတွင်ရှိ သော ရတနာများသည် ထိုအရာများနှင့် မယှဉ်နိုင်ပေ။
ပေထင်းဟွမ်သည် ပျင်းရိလာ၍ အိပ်ပျော်တော့မလိုဖြစ်ချိန်တွင် လှုပ်လှုပ်ရှားရှားအသံများကို ကြားလိုက်ရသည်။ သူမလည်း သိချင်စိတ်ကြောင့် ထထိုင်ပြီး ငုံ့ကြည့်လိုက်သည်။ သူမသည် စင်ပေါ်တွင် ရွှေရောင်အသက် လှောင်အိမ်တစ်ခုပေါ်လာသည်ကိုမြင်လိုက်ရသည်။ အရင်ကဆိုလျှင် ထိုလှောင်အိမ်တွင် မှော်သားရဲများဖြင့် ပြည့်တတ်သော်လည်း သည်တစ်ခါတွင် လူသားတစ်ယောက်သာဖြစ်သည်။
မှန်သည်။ ၎င်းသည် အထွတ်အမြတ်သားရဲမဟုတ်ဘဲ လူသားတစ်ဦးပင်။ ထိုလူတွင် လူသားရောင်ဝါရှိသည်။
ဝယ်သူအား ထိန်းသိမ်းနိုင်ရန်အတွက် လေလံတင်ရောင်းချရာတွင် ရတနာ၏အသွင်အပြင်ကို အခြေခံဈေးနှုန်းအတိုင်း စီစဉ်ထားသည်။ ဈေးနှုန်းကို နိမ့်ရာမှမြင့်ရာသို့ စဉ်ထားသည်။ ထိုအချိန်တွင် လေလံပွဲသည် ပြီးဆုံးလုနီးပါးဖြစ်သည်။ ထိုအထူးပစ္စည်း၏ဈေးနှုန်းကို သိန်း ၅၀ သတ်မှတ် ထားသည်။
အသက်လှောင်အိမ်၏ ရွှေရောင်အလင်းသည် လှောင်အိမ်ထဲမှ လူ၏ လှပသောမျက်နှာကို မဖုံးကွယ်နိုင်ပေ။ အသက်လှောင်အိမ်၏ ဖန်သလင်းနှင့် ကျဉ်းကျပ်သောအလင်းကိုဖြတ်၍ လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသူ မှာ အသက် ၂၀ ဝန်းကျင်ရှိ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကို ပေထင်းဟွမ်မြင်နိုင်သည်။ သူမသည် သူမ၏ကျောက်စိမ်းနှင့်တူသော ခန္ဓာကိုယ်ကို မဖုံးကွယ်နိုင်သည့် ထိုးဖောက်မြင်ရလုနီးပါး အဝတ်အစားကို ဝတ်ဆင်ထားသည်။ ဆန့်ကျင်ဘက်အနေနှင့် သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အချို့သည် မှုန်ဝါးဝါးဖြစ်နေသဖြင့် လူအများ၏ စိတ်ကိုအရိုင်းဆန်စေသည်။ သူမသည် အလွန်လှပသည်။ သူမ၏မျက်နှာတွင် အမုန်းတရားလည်းရှိနေ သည်။ သူမ၏မျက်လုံးများသည် အေးစက်နေကာ ထိုနေရာရှိလူများကို အေးစက်သောအကြည့်ဖြင့် ကြည့်နေလေသည်။
“ဒီအထူးပစ္စည်းရဲ့ စခေါ်ဈေးက ၁ ဘီလီယံပါ” လေလံပစ်သူအလှလေး စကားဆုံးပြီးနောက် ခေတ္တမျှရပ်လိုက်လေသည်။ ခေါ်ဈေးသည် အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည်ကိုမြင်ပြီး သူမ ဆက်ပြောလေသည် “ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးဆိုတာ အရမ်းအရည်အချင်းရှိတယ်၊ ပြီးတော့ ကြယ် ၃ ပွင့်နတ်သားရဲ ကောင်းကင်ကာ ဘီလုံးငှက်လည်းပိုင်တယ်.. အားလုံးသိတဲ့ အတိုင်းပဲ ကောင်းကင်ကာ ဘီလုံးငှက်က ရှေးနတ်သားရဲဟင်္သပဒါးသွေးသားပဲ ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်ကောင်းကင်မီးရှိတဲ့ နတ်သားရဲပဲ.. အကုန်လုံးက ဒီလူ့ရဲ့ သရုပ်မှန်နဲ့ မရင်းနှီးလို့ဖြစ်မယ်၊ သူမက အရင်ငွေလရောင်အင်ပါယာဧကရာဇ် ကိုယ်တိုင် ခန့်အပ်ထားတဲ့မင်းသမီးပဲ.. သူမနာမည်က စူးလော့အာပ.. သူမရဲ့ အမေက မင်းသားချူဖုန်းရဲ့အမေပဲ.. သူမက အဲမိသားစုကပဲလာတာ.. သူမရဲ့ တိုက်ခိုက်ရေးခွန်အားက ငွေလရောင်အင်ပါယာရဲ့ ၁၀ ယောက်ပါတဲ့ မွန်မြတ် တဲ့သားရဲကိုတောင် ခုခံနိုင်တယ်..”