← Chapters

မိတ်ဆွေဟောင်း ငါရမှဖြစ်မယ်

Vol. 35 Ch. 684

မိတ်ဆွေဟောင်း ငါရမှဖြစ်မယ်

Vol. 35 Ch. 684

ရင်ပြင်တစ်ခုလုံးသည် မုန်တိုင်းတိုက်လိုက်သကဲ့သို့ ပွက်ပွက်ညံသွား သည်။ ငွေလရောင်အင်ပါယာ၏ လူ ၁၀ ယောက်ပါသည့် မွန်မြတ်သော သားရဲအဖွဲ့ကို တစ်ယောက်တည်းတိုက်ခဲ့သည့် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီး ဖြစ်သည်။ ပင်မတိုက်ကြီး၏အင်ပါယာလေးခု အားကောင်းလာရခြင်း အကြောင်းအရင်းမှာ သူတို့လက်ထဲတွင်ရှိသည့် ဝှက်ဖဲများကြောင့်ဖြစ်သည်။ အင်ပါယာတစ်ခုချင်းစီ၏ မြို့တော်တစ်ခုစီကို လူရာချီပါသည့် မွန်မြတ်သော သားရဲ မြင်းတပ်သားများ စောင့်ကြပ်ခြင်းကြောင့်ဖြစ်သည်။

ဤမိန်းကလေးသည် အလွန်ဆွဲဆောင်မှုရှိကာ ထိတ်လန့်စရာကောင်း သည့် တိုက်ခိုက်ရေးခွန်အားရှိသူဖြစ်သည်။

လေထုတစ်ခုလုံး မွှေနှောက်သွားသည်ကိုကြည့်ပြီး လေလံပစ်သူအလှ လေးသည် ထိတ်လန့်ဖွယ်ရာသတင်းကို ဆက်ထုတ်ဖော်လေသည် “လွန်ခဲ့တဲ့ ၁၄ နှစ်က ယွဲ့မုန့်ယင်၊ ယွဲ့မုန့်ချင်နဲ့ သူတို့အစေခံတွေက ပင်မတိုက်ကြီးရဲ့ အင်အားစုတွေနဲ့ပေါင်းပြီး လေဟာနယ်ကဆင်းလာတဲ့သူတွေနောက်ကို လိုက် ခဲ့ကြတာ မှတ်မိကြလား.. သူတို့ရဲ့ အဆုံးမရှိတဲ့နည်းလမ်းတွေကို မှတ်မိကြဦး မယ်လို့ထင်တယ်.. ဟုတ်ကြလား၊ ဒီမိန်းကလေးအစေခံက ငွေလရောင်အင်ပါ ယာ ၁၀ ယောက်ပါ မွန်မြတ်တဲ့သားရဲအဖွဲ့ကို ခုခံဖို့ သူ့အမေသုံးခဲ့တဲ့ နည်းလမ်း ကိုသုံးခဲ့တယ်၊ စဉ်းစားကြည့်ကြပါ ဒီလိုမျိုးအားကောင်းတဲ့ မိန်းကလေးအစေခံ ရမယ်ဆိုရင် အဲဒီလေဟာနယ်က ရတနာမရမှာကို ဘာလို့ကြောက်နေဦးမှာလဲ”

ထိုလေဟာနယ်သည် ပင်မတိုက်ကြီး၏ လေဟာနယ်ထက် ပို၍မြင့်၏။ ထိုနေရာမှရောက်လာသည့် လက်နက်သည် နတ်လက်နက်ထက်ပင် ပို၍ အားကောင်းသည်။

လေလံပစ်သူ၏စကားများသည် အားလုံးကို အတွေးထဲနစ်မျောသွားစေ သည်။ တချို့သောအကြီးအကဲများသည် ထိုနေ့က ပြင်းထန်သည့် တိုက်ပွဲ အကြောင်းကို မတွေးဘဲမနေနိုင်တော့ပေ။ ထိုလေဟာနယ်မှဆင်းလာသည့်လူ များသည် ကိုယ်ပွားများသာဖြစ်ကြပြီး ပင်မကိုယ်ထည်များမဟုတ်ကြပေ။ သို့သော် လေဟာနယ်၏ ဖိနှိပ်ခြင်းခံရပြီးနောက် လက်တစ်ချက်လှန်လိုက် သည်နျင့် နှစ်ပေါင်းတစ်သောင်းကြာအောင် ဆက်ခံလာသော ဂိုဏ်းတစ်ခုကို ပြိုကွဲသွားစေသည်။

အချိန်မည်မျှကြာသွားသည်မသိပေ။ ပေထင်းမိသားစုနေရာမှ လေးလံ သောသက်ပြင်းတစ်ခုထွက်လာရာ အားလုံးကို သတိပြန်ဝင်လာစေသည်။ ချက်ချင်းဆိုသလိုပင် လေလံပွဲရင်ပြင်တွင် ရုတ်ရုတ်သဲသဲများဖြစ်လာသည်။ ထိုမိန်းကလေးသည် အလွန်ဆွဲဆောင်မှုရှိရာ ယောက်ျားများသည် သူမ၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရလေသည်။ သူမတွင် ရှေးနတ်သားရဲသွေးသားဖြစ် သည့် ကြယ် ၃ ပွင့်နတ်သားရဲတစ်ကောင်ရှိကာ ပိုမြင့်သည့်နေရာမှ ဆင်းသက် လာသည့် အထူးရတနာတစ်ခုရှိသည်။ ဤကဲ့သို့ပုံရိပ်သည် အင်ပါယာတွင်ပင် ထိပ်တန်းတည်ရှိမှုဖြစ်သည်။

လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။ အဖွဲ့အစည်းတော်တော်များများ သွေးဆောင်ခံလိုက်ရသည်ကိုမြင်နိုင်သည်။ ဤကဲ့သို့မိန်းကလေးရှိခြင်းသည် ဝိညာဉ်သခင်နှင့် နတ်သားရဲများ၏ အားကောင်းသောပေါင်းစည်းမှုကို ရလိုက် ခြင်းနှင့် ညီမျှသည်။ ၎င်း၏တန်ဖိုးသည် မတိုင်းတာနိုင်ပေ။

ခေါ်ဈေးသည် မနိမ့်လှသော ပတ္တမြား ၁ ဘီလီယံဖြစ်သည်။

“သူမက ဒေါ်လေးယွဲ့မုန့်ချင်ရဲ့အစေခံရဲ့သမီးလား” ပေထင်းဟွမ်၏ အကြည့်သည် ချက်ချင်းပင် စူးရှလာသည်။ မှော်သားရဲလိုမျိုး အသက်လှောင် အိမ်ထဲမှာ အကျဉ်းချပြီး လေလံပစ်ခံနေရတာလား။ သာမန်လူတောင် ဒီလို အရှက်ကွဲတာကို မခံနိုင်တာ။ အဆင့် ၃ ရောက်နေတဲ့ ကျွင်းကျင်သူဆို ပြော မနေနဲ့တော့။

ပြောစရာမလိုအောင်ပင် ဤလုပ်ရပ်သည် ငွေလရောင်အင်ပါယာ၏ လက်ချက်ဖြစ်သည်ကို ပေထင်းဟွမ် ခန့်မှန်းမိသည်။ စူးလော့အာသည် တစ်ဖက်လူ၏ မွန်မြတ်သောသားရဲအဖွဲ့နှင့် တိုက်ခိုက်ပြီး အဖမ်းခံရပြီးနောက် လေလံပစ်ရန် ဤနေရာသို့အပို့ခံလိုက်ရခြင်းပင်။ “ငါသာ ငွေလရောင်အင်ပါ ယာကို မဖျက်ဆီးနိုင်ရင် လူမဟုတ်ဘူးလို့ ကျိန်တယ်”

ပထမဆုံးအကြိမ်အနေနှင့် ပေထင်းဟွမ်သည် အလွန်စိတ်အားထက်သန် ခဲ့သည်။ သူမ မတ်တတ်ရပ်ပြီး သလင်းကျောက်နံရံဆီသို့ လျှောက်သွားခဲ့သည်။ သူမ၏ စူးရှသည့်မျက်လုံးများသည် နေရာတစ်ခုလုံးကို စိုက်ကြည့်နေသည်။ သည်တစ်ခေါက် သူမနှင့် စူးလော့အာကို ပြိုင်လုသူသည် သေမင်းကို ဆင့်ခေါ် လိုက်ခြင်းပင်။

“ဟွမ်အာ.. ညအရှင်အိမ်တော်က ပတ္တမြားမရှားဘူး.. မင်းလိုချင်သလောက် ဈေးပေးလို့ရတယ်၊ ဒါပေမဲ့ အတိုးနဲ့ပြန်ပေးရမယ်ဆိုတာ ကိုတော့ မမေ့နဲ့” ဤမိန်းကလေးကို ထုတ်လာချိန်ကတည်းကပင် ယန်ယဲ့သည် ဤရလဒ်ကို ခန့်မှန်းမိပြီးသားပင်။ ထင်ထားသည့်အတိုင်း ပေထင်းဟွမ်နှင့် ပေထင်းကျင်တို့မောင်နှမသည် ငြိမ်မနေနိုင်တေ့ပေ။ သူတို့မျက်လုံးများမှ မီးပွားများထွက်လာနေသည်။

တုန်ဖန်းအောင်သည် ငွေလရောင်အင်ပါယာအတွက် စိတ်ထဲမှ ဖယောင်းတိုင်မီးညှိပြီးသားဖြစ်သည်။ အားကောင်းတဲ့အင်ပါယာဖြစ်နေလည်း ဘာလုပ်ရမှာလဲ။ ပေထင်းဟွမ်ကို ဒေါသထွက်အောင်လုပ်ခဲ့တာမလား။ ဒါက သေလမ်းရှာလိုက်တာပဲ။ သူသည် ပေထင်းဟွမ်မှ ငွေလရောင်အင်ပါယာအား ချေမှုန်းပုံကို မြင်ယောင်ပြီးသားဖြစ်သည်...

All Chapters