သူတို့ကိုလည်း အခက်တွေ့အောင်လုပ်ချင်တယ်
Vol. 35 Ch. 685
အတိုးနဲ့ဟုတ်လား။ ပေထင်းဟွမ်သည် ခေါင်းလှည့်ကာ ယန်ယဲ့အား ကြည့်လိုက်သည်။ သူမသည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည် “ဒီလိုကိစ္စမျိုး ရှိတာ ဘာလို့ကြိုမပြောတာလဲ” သူမ သူ့ကို လူသိရှင်ကြား ရှုတ်ချမှာမို့လို့လား။ ယန်ယဲ့သည် မတတ်သာစွာဖြင့် နားထင်ကိုပွတ်ပြီး ထကာ ပေထင်းဟွမ်ဘေး သို့လျှောက်သွားလေသည် “ဟွမ်အာ.. သူမအကြောင်းကြားတုန်းက ငါ့စိတ်ထ မရှိဘူး.. ငါလည်းပေါ့ဆမိတဲ့အချိန်တွေရှိတာပဲ.. ငါသာစောစောကသိရင် သူမ ကို အဲဒီစင်ပေါ်ရောက်တဲ့ထိ ခွင့်ပြုမှာမဟုတ်ဘူး.. ဟွမ်အာ စိတ်တိုနေပြီဆို တော့ ဒီလိုဆိုရင်ရော.. ညအရှင်အိမ်တော်က ရှင်းပေးမယ်လေ ဘယ်လိုလဲ”
“ဟင်း ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးလို့ထင်နေတာလား.. ကျွန်တော့် အထွတ်အမြတ်သားရဲရဲ့ အတွင်းအမြုတေရောင်းပြီးရင် ပိုက်ဆံကလုံးခနဲဝင် လာမှာ” ပေထင်းဟွမ်သည် ခံစားချက်လုံးဝမကောင်းပေ။ သူမသည် မျက်လုံး များကို ကျဉ်းမြောင်းကာ ယန်ယဲ့၏ ချောမောသောမျက်နှာကို စိုက်ကြည့်နေ သည်။ သူမသည် ဗြောင်းဆန်စေလိုသည် “ကျွန်တော့်ကို အထင်မသေးနဲ့”
မပေးလျှင်လည်း အပြစ်၊ ပေးလျှင်လည်း အပြစ်ပင်။ မိန်းကလေးများ သည် အကျိုးအကြောင်းဆီလျော်သော လူသားများမဟုတ်ကြပေ။
ယန်ယဲ့သည် သူမနှင့်ထိုအကြောင်းကို ဆက်မဆွေးနွေးချင်တော့ပေ။ သူသည် လက်မြှောက်ကာ မျက်နှာချင်းဆိုင် ဒုတိယအထိပ်မှ သီးသန့်ခန်းကို ညွှန်ပြလေသည် “ဟွမ်အာ ဒေါသလျှော့လို့မရဘူးလား.. ဒီလေလံပစ္စည်းကို ငွေလရောင်အင်ပါယာက ပို့လိုက်တာပဲ၊ ငါသာမမှားရင် ဒါကမင်းဝမ်းကွဲအစ်ကို ကို ထွက်လာဖို့အတွက် သွေးဆောင်တာပဲ.. သူတို့လူတွေက ဒီမှာရှိနေတယ်၊ သူတို့ ဒီနေရာကနေ ထွက်သွားရင်...”
ပေထင်းဟွမ်၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များ ဖျက်ခနဲ လင်းသွားသည်။ သူမသည် အန္တရာယ်ပြုမည့်အကြည့်ဖြင့် ကြည့်လိုက်ရာ သူမ ၏ အားကောင်းသော နတ်အာရုံသည် ခံစားမိလေသည်။ သူမ နှာမှုတ်လေ၏ “ကောင်းကင်အဆင့်ကျွမ်းကျင်သူ ၁၀ ယောက်လား၊ လုံးဝအထင်ကြီးလောက် စရာပဲ.. သူတို့တွေက ဒီမှာလာရန်စနေတာပဲ.. သေအောင်လုပ်ပေးရမှာပေါ့”
၎င်းသည် ငွေလရောင်အင်ပါယာမှ စစ်ကြေညာသည်ဟု ပြောနိုင်သည်။
“ခဏနေ မင်းကိုငါ အဖော်ပြုပေးမယ်” ယန်ယဲ့သည် ပေထင်းဟွမ်၏ ပခုံးပေါ်လက်တင်ထားသည်။
“သူတို့တွေက မင်းကိုဒေါသထွက်အောင်လုပ်ရဲမှတော့ သေအောင် ပြင်ဆင်ထားရတော့မယ်”
ယန်ယဲ့သည် ပေထင်းဟွမ် ပျော်အောင်လုပ်နေခြင်းပင်။ သူ့အသံတွင် အာဏာသံမပါဘဲ အနည်းငယ်ထူသည်၊ နိမ့်သည်၊ ဆွဲဆောင်နိုင်သည်။ ၎င်းသည် နားဝင်ချိုလှသည်။ သို့သော် ဤအချိန်တွင် ပေထင်းကျင်နှင့် တုန်ဖန်းအောင်တို့ ထိုအသံကိုကြားသောအခါ သူတို့နားသို့ဖြတ်သွားသည့် လေအေးကဲ့သို့ ခံစားရသည်။ သူတို့သည် ကျောရိုးထဲထိစိမ့်သွားပြီး ငရဲမှ လက်တစ်ဖက်သည် သူတို့လည်ပင်းကို ဆုပ်ကိုင်ပြီး ဆွဲချသွားသကဲ့သို့ ခံစားရ လေသည်။ မသိလိုက်ခင်မှာပင် သူတို့ခန္ဓာကိုယ်ကို ချွေးအေးများဖြင့် လွှမ်းသွား သည်။
“သူတို့ကိုနှိပ်စက်တဲ့အချိန်ကျရင် ခင်ဗျားကို တိုက်ခိုက်ခွင့်မပြုဘူး၊ အဲကောင်တွေကို ကျွန်တော်လက်နဲ့ကိုယ်တိုင်သတ်မယ်” ပေထင်းဟွမ်သည် ဒေါသကို ချုပ်တည်းထားသည်။ ရန်သူများသည် အဆင့်နိမ့်ဓားကြယ်ဝိညာဉ် သခင်များသာဖြစ်သော်လည်း သူတို့သည် သူမမျက်စိအောက်တွင် လှုပ်ရှားရဲ သည်။ သူတို့သည် အသက်ရှင်ရန် ငြီးငွေ့နေခြင်းဖြစ်မည်။
“ရှောင်ကျို့.. ငါတို့ မင်းနဲ့အတူသွားမယ်” တုန်ဖန်းအောင်သည် မတ်တတ်ရက်ကာ လျှောက်သွားလေသည်။
“ရှောင်ကျို့ အစ်ကိုကြီးက မင်းနဲ့အတူရှိမယ်” ပေထင်းကျင်သည်လည်း ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်တော့ပေ။ စူးလော့အာနှင့် သူသည် တစ်ယောက်နှင့် တစ်ယောက်မသိကြသော်လည်း သူ၏မိခင်ဖြစ်သူသည် လွန်ခဲ့သည့် ၁၄ နှစ်က ထိုတိုက်ပွဲတွင် ဆုံးပါးသွားခဲ့သည်။ သူမ၊ ချူဖုန်းနှင့် မုချင်းလင်တို့သည် ပေထင်းကျင်နှင့် ညီမဖြစ်သူတို့ကဲ့သို့ မောင်နှမအရင်း မဟုတ်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် မောင်နှမကဲ့သို့ ဆက်ဆံ ကြသည်။
“ဟုတ်ပြီ” ပေထင်းဟွမ် သဘောတူလိုက်သည်။ ယန်ယဲ့ည် သူမပခုံးပေါ် လက်တင်ထားပြီး နွေးထွေးသောခံစားချက်ဖြင့် သူမနှလုံးခုန်မြန်နေသည်ကို ငြိမ်အောင်လုပ်ပေးလေသည်။ သူမသည် အနောက်မှ ယန်ယဲ့ မနာလိုသည့် အသံဖြင့်ပြောလိုက်သည်ကို ကြားလိုက်ရသည် “ဟွမ်အာက ဘက်လိုက်တယ်၊ ဒါပေမဲ့လည်း ကူပေးရမှာပေါ့ ဘယ်တတ်နိုင်မလဲ”
ပေထင်းဟွမ်သည် သူ့အား ဒေါသတကြီးကြည့်လေသည်။ “ခင်ဗျားက လက်တစ်ချက်ဝေ့တာနဲ့တင် သူတို့ကိုဖျက်ဆီးနိုင်တယ်လေ၊ ခင်ဗျားသာ လှုပ်ရှားရင် ကျွန်တော်တို့က ဘာဝင်ပါစရာလိုသေးလို့လဲ”
သူမလိုချင်သည်မှာ ချူဖုန်းနှင့် စူးလော့အာတို့အပေါ် ကျူးလွန်ခဲ့သည့် အရှက်တရားများကို ဆေးကြောရန် ထိုလူများ၏သွေးကိုအသုံးပြုရန်ဖြစ်သည်။
“ပတ္တမြား ၁.၅ ဘီလီယံ”
“၂ ဘီလီယံ”
“၃ ဘီလီယံ”
အောက်ထပ်တွင် လေလံပစ်သူ မိတ်ဆက်ပြီးသည်နှင့် လေလံဆွဲသံများ ထွက်ပေါ်လာသည်။ ပြိုင်ဆိုင်မှုသည် မုန်တိုင်းတစ်ခုဖြတ်သွားသကဲ့သို့ ပြင်းထန်လာကာ လှိုင်းလုံးကြီးများ ထ,လာသည်။ အဆင့်မြင့်မွတ်မြတ်သော သားရဲ၏ လေလံဈေးနှုန်းသည် ပတ္တမြား ၃ ဘီလီယံကျော်သည်။ စူးလော့အာ သည် အဆင့်မြင့်မွန်မြတ်သောသားရဲထက် မနိမ့်သောခွန်အားရှိသည့် ကျွမ်းကျင်သူဖြစ်သည်။ သူမတွင် သန့်စင်သောသွေးသားနှင့်နတ်သားရဲကိုပါ တွဲဖက်လိုက်သောအခါ အားလုံးသည် တုံ့ဆိုင်းမှုမရှိ ဈေးပေးကြသည်...