သူ့မိန်းကလေးပီသပါပေတယ်
Vol. 35 Ch. 686
“မဆိုးဘူး မဆိုးဘူး.. ဒီကိုယ်လုံးကိုယ်ပေါက်နဲ့ဆို အပျိုပေါက်ဆိုတာ သေချာတယ်… ငွေလရောင်အင်ပါယာဧကရာဇ်က သူမကို ဘယ်လိုလုပ် လေလံပစ်ရက်တာလဲမသိဘူး.. အဲအကြည့်ကိုကြည့်ပါဦး အကျင့်ကလည်း တော်တော်ကြမ်းတာပဲ၊ ဒါငါကြိုက်တဲ့ပုံစံပဲ ၅ ဘီလီယံ” အလယ်ခုံတွင်ထိုင်နေ သည့် သက်လတ်ပိုင်းအရွယ်လူကြီးသည် ကောက်ကွေ့နေသောမုတ်ဆိတ်ကို ပွတ်သပ်ကာ စူးလော့အာအား တပ်မက်သောမျက်လုံးများဖြင့် အကဲခတ်နေ လေသည်။ ထိုလူ သူမအားကြည့်နေသည့်အကြည့်သည် မြင်သူများကို မနေ့ည က စားထားသည်မှာ ပြန်အန်ထွက်စေသည်။ ထိုလူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ရင်ဘတ်ပေါ်တွင် လေသင်္ကေတသုံးခုကို ချည်ပန်းထိုးထား သည်။ သူ့ခွန်အားသည် ဓား ၅ လက်ကြယ်ဝိညာဉ်သခင်ကြီးအဆင့်ခန့်ရှိသည်။
“သူက လေအသင်္ချေဂိုဏ်းကပဲ” ယန်ယဲ့သည် တိုက်ကြီး၏ အချက်အလက်များကို ပေထင်းဟွမ်အား စိတ်ရှည်လက်ရှည် ရှင်းပြနေသည် “ဟွမ်အာ.. မင်းက လေအသင်္ချောဂိုဏ်းက သခင်လေးကို သတ်ခဲ့တာ မမေ့လိုက်နဲ့ဦး”
သူမ လေအသင်္ချေဂိုဏ်းမှလူများနှင့် တိုက်ခိုက်ခဲ့သည်ကို သူမ ဘာကြောင့် မမှတ်မိသနည်း။ ယန်ယဲ့သည် သူမ စိတ်မရှည်စွာ မျက်မှောင် ကြုတ်ပြီး ချက်ချင်းပင် အတွေးပျောက်သွားသည်ကိုမြင်လိုက်ရသည်။ သူသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းပြီး သူမကို သတိပေးလိုက်သည် “ဝမ်သယ့်ဟွေ့ သူက မြန်မြန်ပြီးတယ်ဆိုပြီးတော့တောင် မင်းက လှောင်ပြောင်ခဲ့သေးတယ် လေ၊ သူနဲ့ ရှန်းယန်ပို နှစ်ယောက်တွဲတိုက်ပွဲမှာသတ်ခဲ့တဲ့ ကာဂါတို့က ဝမ်းကွဲ တွေပဲ”
“သူက ယင်ကောင်သေးသေးလေးပဲကို သူ့ကိုမှတ်မိနေရဦးမှာလား” ပေထင်းဟွမ်သည် အမှန်တကယ်ပင် ဆွံ့အမိသည် “သူက လူရွှင်တော်ပဲလေ၊ လေအသင်္ချေဂိုဏ်းက ကျွန်တော့်ကိုလာရှာရဲရင် သူတို့လည်း လာပြိုင်လို့ရတာ ပဲ”
လွှမ်းမိုးနိုင်လိုက်တာ။ ထောင်လွှားလိုက်တာ။
ယန်ယဲ့၏နှုတ်ခမ်းများသည် အပြုံးအဖြစ် ဖြည်းဖြည်းချင်းကွေးတက်သွား ကာ သူ့မျက်လုံးများသည် ခရမ်းရောင်အလင်းများဖြင့် ပြည့်နှက်သွားသည်။ သူ့ ခန္ဓာကိုယ်မှ ရွှေရောင်ချည်နှင့်ထိုးထားသော ပင့်ကူနီနှင်းပန်းများ အချိန်မရွေး ပွင့်လာသည်မှာ သူ့ခံစားချက်ကောင်းမွန်နေသည်ကို ညွှန်ပြနေသည်။ သူ့ မိန်းကလေးပီသသည်။ သူသည် ဤကဲ့သို့ပုံစံမျိုးကို သဘောကျသည်။
“၈ ဘီလီယံ”
“၉ ဘီလီယံ”
ပေထင်းဟွမ်သည် စိတ်မရှည်နိုင်တော့ပေ။ သူမသည် ရုတ်တရက် လေလံဆွဲသည့်ဘုတ်ပြားကိုရိုက်လိုက်သည်။ သူမ၏ကြည်လင်သောအသံ သည် လေအေးသဖွယ်တိုက်ခတ်ကာ လေလံခန်းမကြီးတစ်ခုလုံးကို အေးခဲသွားစေသည်။ လက်ရှိအေးစက်မှုအရ အားလုံးသည် မရဏဘုံသို့ ရောက်သွားသလိုပင်။ “ပတ္တမြား ၁ ဘီလီယံ၊ မင်းတို့လေလံဆွဲထားတဲ့ ဈေးတွေအကုန်ချေလိုက်တော့၊ ငါ့ကိုခက်ခဲအောင်လုပ်ပြီး ဒီမိန်းကလေးကို မကြောက်မရွံ့ဝယ်ရဲရင် တစ်ခါ တည်းမင်းတို့အခေါင်းကိုပါ ပြင်ထာလိုက်တော့.. ငါမင်းတို့ကို အဆုံးထိ ကောင်းကောင်းဆက်ဆံပေးမယ်၊ မင်းတို့ကို ငရဲပို့ပြီး မင်းတို့မိသားစုကိုပါ အဖော်ထည့်ပေးမယ်”
အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ပေထင်းဟွမ် ဤမျှထောင်လွှားလိမ့်မည်ဟု ယန်ယဲ့၊ ပေထင်းကျင်နှင့် တုန်းဖန်းကျောက်တို့ ပင် ထင်မထားကြပေ။ တော်ဝင်လေလံပွဲမှာ ဒီလိုမျိုးကောင်းကင်ကို အံတုတဲ့ စကားမျိုးပြောတာ တိုက်ကြီးတစ်ခုလုံးကို ရန်သူအဖြစ်လုပ်ချင်နေတာ မသိသာလွန်းဘူးလား။
ပေထင်းမိသားစုနှင့် မိသားစုကြီးလေးခုမှ လက်မလျော့ဘဲ သူမအနောက် မှာ ရပ်တည်ပေးရင်တောင် ဒါက အကြီးကြီးလောင်းကြေးထပ်လိုက်တာ မဟုတ်ဘူးလား။ မိသားစုကြီးလေးခုက အင်အားပေါင်းလိုက်ရင်တောင် ဒါကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။
သူတို့နှစ်ယောက်သည် ပေထင်းဟွမ်၏ဘေးတိုက်ပုံစံကို အလန့်တကြား ကြည့်လေသည်။ သူမသည် ယန်ယဲ့၏ရင်ခွင်ထဲတွင် မတ်တတ်ရပ်နေရာ သူမ ၏ အနည်းငယ်ပိန်ပါးသောပုံရိပ်သည် ယန်ယဲ့၏ မြင့်မားပြီးကျယ်ပြန့်သော ရင်ခွင်ထဲတွင် ရောက်နေသော်ငြား သူမ၏ ဓားနှင့်တူသော ထက်ရှမှုကို မဖုံးကွယ်နိုင်ပေ။ သူမသည် လှံကဲ့သို့ မားမားမတ်မတ်ရပ်နေကာ စစ်သူကြီး ရောင်ဝါသည် သူမ၏ပတ်ပတ်လည်တွင်ရစ်ဝဲလျက်ရှိသည်။ သူမသည် ဇက်ကြိုးမှလွတ်ကာ အချိန်မရွေးပြေးလွှားနိုင်သော မြင်းတစ်ကောင်နှင့်တူ သည်။
လေလံခန်းမမှလူအားလုံးသည် အသက်ရှူရန်မေ့လျော့ကာ ဘာမှမကြား နိုင်တော့ပေ။ လေလံပစ်သူသည် စင်ပေါ်တွင်ရပ်ကာ မှင်တက်ရင်းကြည့်နေ သည်။ ထိုအလှလေးသည် အတွေ့အကြုံရှိသောလေလံပစ်သူဖြစ်သည်။ သို့သော် ပေထင်းဟွမ်၏ အကျိုးအကြောင်းမဆီလျော်သော ဖော်ပြချက်ကို မခံနိုင်ပေ။ ဟာသတစ်ခုပင်။ ဈေးပြိုင်သူသည် အခြေခံဈေးနှုန်း ၉ ဘီလီယံထိ ပေးပြီးသော်လည်း သခင်လေးပေထင်းဟွမ်သည် ၁ ဘီလီယံအထိ လျှော့ချနေ သည်။ သူမသည် လူများကိုခြောက်လှန့်ရန် မဟုတ်တမ်းတရားများပြောနေ ခြင်းပင်။
သို့သော် သခင်လေး ၉ သည် ထိပ်တန်းလေလံခန်းတွင်ရောက်နေရာ သူမ ဘာလုပ်သင့်သနည်း...