Chapters

ငွေလက အသက်ရှင်ရတာငြီးငွေ့နေပြီပဲ

Vol. 35 Ch. 687

ငွေလက အသက်ရှင်ရတာငြီးငွေ့နေပြီပဲ

Vol. 35 Ch. 687

ထိုအချိန်တွင် ဒုတိယအထပ်ရှိ ငွေလရောင်အင်ပါယာမှ ကောင်းကင် အဆင့်ကျွမ်းကျင်သူ ၁၀ ယောက်သည် ပြတင်းပေါက်ရှေ့တွင် တစ်ပြိုင်နက် တည်းရပ်ကာ ဒင်္ဂါး ၁ ဘီလီယံရတနာများကို ထုတ်ပြနေသည်။ သူတို့သည် အဆင့်နိမ့်အထူးခန်းတွင် တာဝန်ပေးခံရသူများဖြစ်ကြသည်။ ထိုအချိန်တွင် ထိုလူများသည် သလင်းကျောက်နံရံရှေ့တွင်ရပ်ကာ ပေထင်းဟွမ်ရှိရာဘက်သို့ ကြည့်ကြသည်။ တစ်ဖက်တွင် သူတို့သည် ပေထင်းဟွမ်၏ မပြည့်ဝမှုကို သက်ပြင်းချကြသည်။ သို့သော် တခြားတစ်ဖက်တွင် သူတို့ပျော်ကြ၏။ သူတို့ ချလိုက်သည့်ငါးစာသည် အလုပ်ဖြစ်ကာ နောက်ဆုံးတွင် သူတို့၏သားကောင် ကို ဖမ်းမိတော့မည်ဖြစ်သည်။

“မသိတတ်လိုက်တဲ့ကလေး.. မင်းက အမွေးတောင်မစုံသေးဘူး၊ မင်းက အလှလေးကို ဝယ်ပြီးနေ့တိုင်း အပျော်ထိုင်ကြည့်ချင်တာလား” တော်ဝင် မိသားစု ဝတ်စုံဝတ်ဆင်ထားသည့် အဘိုးကြီးပြောလေသည်။ သူ၏ အထင်သေးသောအသံသည် လေလံခန်းမတစ်ခုလုံးကို ပျံ့လွင့်သွားသည်။ “မင်းက ပေထင်းမိသားစုရဲ့ သခင်လေးဆိုပြီးတော့ လာမထောင်လွှားနဲ့၊ ဒါက မျိုးနွယ်ကြီးလေးခုမြို့ပဲ၊ အိမ်ပြန်ပြီး နို့ပဲသွားသောက်နေလိုက်”

“ဟေ့လူ” ပေထင်းဟွမ် ဘာမှမပြောခင်မှာပင် ပေထင်းချင်းသည် ထိုအဘိုးကြီးအား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ခင်ဗျားက ကျုပ်မြေးကို သင်ခန်းစာပေးဖို့ ဘယ်တုန်းကအလှည့်ကျသွားတာလဲ.. ဒါက ငွေလမြို့တော်မဟုတ်ဘူး ထင်သလိုနေလို့ရမယ့်နေရာမဟုတ်ဘူး”

“ခွေးအိုကြီးပေထင်းချင်း ခင်ဗျားမြေးလုပ်ချင်တဲ့အတိုင်း ခွင့်ပြုမှာ သေချာလို့လား” အဘိုးကြီး၏အသံသည် အလွန်မာသည်။ သူသည် အစေးမကပ်သဖြင့် ဘာမှမတွေးဘဲပြောချလိုက်သည် “ဟင်း ခင်ဗျားက အသက်ကြီးပြီး ဦးနှောက်မပါတဲ့လူပဲ.. အစက ခင်ဗျားကစီရင်ချက်ဗိမာန်ကို ပြစ်မှားတယ် အခုကျုပ်ငွေလကလူနဲ့ ရန်သူဖြစ်ချင်နေတယ်၊ ပေထင်း မိသားစုက နှစ်တစ်သောင်းကြာအောင် ဆင်းသက်လာတာ.. ခင်ဗျားမြေး လက် ထဲမှာ မိသားစုတစ်ခုလုံးကို ပြာကျအောင်ထားဖို့များ စီစဉ်ထားတာလား”

“ဘယ်သူ့ကို ခွေးအိုကြီးကို လာခေါ်နေတာလဲ” ပေထင်းဟွမ်သည် ပေထင်းမိသားစု၏ ခေါင်းဆောင်ကို မလေးမစားဆက်ဆံခဲ့သည်။ သို့သော် ယခုအခါ ငွေလရောင်အင်ပါယာမှ လူသည် ပေထင်းချင်းအား စော်ကားနေ သည်ကို မခံနိုင်ပေ။ သူမသည် နှာမှုတ်ပြီးပြောလိုက်သည် “စီရင်ချက်ဗိမာန်က ဘာမှမဟုတ်ဘူး.. ငွေလက သူတို့တင်ပါးကိုလျှာနဲ့လျက်ချင်တာနဲ့ လူတိုင်းက အဲလိုလုပ်ချင်တာမဟုတ်ဘူး.. ငွေလက မြေကြီးပေါ်က ပိုးကောင်နဲ့တောင် မယှဉ်နိုင်ဘူး.. ဘယ်ကိုလာပြီးအော်ရဲတာလဲ အသက်ရှင်ရတာငြီးငွေ့ပြီထင် တယ်”

သေစမ်း၊ ဒီလေလံပွဲက မကြုံစဖူးပဲ။ ဤအခိုက်အတန့်တွင် ထိုနေရာတွင် ရှိနေသောလူများ၊ အထူးသဖြင့် မိန်းမငယ်လေးများသည် နားကိုအုပ်ထားချင်မိ သည်။ ထိုစကားကိုကြားသောအခါ သူတို့၏မျက်နှာများနီရဲလာရုံတင်သာမက ဘဲ ကြောက်လန့်မှုကြောင့် တုန်ယင်လာသည်။ အားလုံးသည် ခံစားချက်ပါပါ သက်ပြင်းချလိုက်သည်။ သခင်ပေထင်းဟွမ်ရှေ့တွင် ထိုထောင်လွှားပြီး ရမ်းကားယုတ်မာသောလူသည် သူမ၏ဖိနပ်ကိုပင် သယ်ဆောင်ရန် မထိုက်တန်ပေ။

ပေထင်းဟွမ်သည် ရဲရင့်ပြီး ကြီးစိုးလွန်းသည်ဟု ဆိုရမည်။ သူမသည် လူငယ်များကပင် သူမနောက်လိုက်ချင်စိတ်ဖြစ်ရသည်အထိ ရဲရင့်သည်။

ပေထင်းချင်း၏ မျက်နှာသည် နီရဲလာသည်။ သူသည် ဝိညာဉ်သခင်ကြီး ဖြစ်သဖြင့် သူ့ကို ဖြူဖျော့သွားစေသည့် နှလုံး၊ ဦးနှောက် သို့မဟုတ် သွေးကြော ဆိုင်ရာရောဂါများမရှိပေ။ သူသည် ဤမြေး၏ အရှက်မဲ့ခြင်းကြောင့် အရှက်မကွဲ ပေ။ အဆင်းသာရှိပြီး အချင်းမရှိသည့်မြေးသည် အပြင်လူများဆီမှ သူ့ကို ကာကွယ်ပေးသဖြင့် စိတ်လှုပ်ရှားနေခြင်းပင်။

အသက်လှောင်အိမ်ထဲမှ စူးလော့အာသည် ထိုလူငယ်၏အသံကိုကြား သောအခါ မူလက စိတ်ပျက်အားငယ်နေသော မျက်လုံးများထဲမှ မျှော်လင့်ချက် များဖြစ်ပေါ်လာသည်။ သူမသည် ထိပ်တန်းအထူးခန်း၏ သလင်းကျောက် နံရံ ကိုစိုက်ကြည့်နေသည်။ သူမသည် အထဲကိုမမြင်နိုင်သော်လည်း သူမ၏ နှလုံးသားသည် လှုပ်ခတ်၍နေသည်။ သူမ၏နှလုံးသားအောက်ခြေမှ ရေပူစမ်း တစ်ခုစီးစင်းပြီး တစ်ကိုယ်လုံးကိုပြန့်သွားသကဲ့သို့ သူမကို သက်တောင့်သက်သာ ခံစားမိစေသည်။

လူငယ်၏အသံသည် ခွဲခြားမရသော်လည်း အလွန်လွှမ်းမိုးနိုင်သည်။ စူးလော့အာသည် သူ၏သရုပ်မှန်ကိုမသိသော်လည်း ထိုကဲ့သို့ရောင်ဝါရှိသူသည် တပ်မက်မှုမရှိကြောင်းကို သူမ အခိုင်အမာယုံကြည်ထားသည်။ ဤလူသည် သူမအတွက်နှင့် တိုက်ကြီးတစ်ခုလုံးကို ရန်သူဖြစ်လာရန် ဆန္ဒရှိခဲ့သည်။ သူမသာ အသက်ရှင်ပြီး ဤလူငယ်၏ဘေးသို့သွားနိုင်လျှင် သူမ၏အသက်ကို ထိုလူငယ်အတွက် စတေးရန်ဆန္ဒရှိသည်။