← Chapters

ယန်ယဲ့လှုပ်ရှားခြင်း၊ လေလံပစ္စည်းက မှောင်ခိုပစ္စည်း ဖြစ်လာခြင်း

Vol. 35 Ch. 688

ယန်ယဲ့လှုပ်ရှားခြင်း၊ လေလံပစ္စည်းက မှောင်ခိုပစ္စည်း ဖြစ်လာခြင်း

Vol. 35 Ch. 688

တုန်ဖန်းအောင်နှင့် ရှီမန်ဆုန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ရာ တစ်ယောက်ချင်းစီ၏မျက်လုံးထဲတွင် ချစ်မြတ်နိုးသည့်အရိပ် အယောင်များတွေ့လိုက်ရသည်။ သူတို့သည် ပေထင်းဟွမ်ကို ချစ်ကြသည်။ ထိုကောင်လေးသည် ထောင်လွှားလွန်းကာ အကြောက်အလန့်မရှိနေထိုင်ခဲ့၏။ သို့သော် သူတို့တွင် ရွေးချယ်စရာမရှိပေ။ သူတို့ သူမကို တွေ့သည့်နေ့ကစပြီး သူမကို သူတို့၏ညီအရင်းကဲ့သို့ ချစ်ခဲ့ကြသည်။

ပေထင်းဟွမ်သာ ဤမိန်းကလေးကြောင့် တိုက်ကြီးတစ်ခုလုံးကို ရန်သူ ဖြစ်ချင်လျှင် သူမအနောက်တွင်ရပ်ပြီး ဘေးချင်းယှဉ်တိုက်ခိုက်မည်ဖြစ်သည်။

“ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ်” ငွေလရောင်အင်ပါ ယာအဖွဲ့အား ဦးဆောင်လာသည့် အဘိုးကြီးသည် ပေထင်းဟွမ်ကြောင့် ရူးသွပ် သွားသည်။ သူသည် အနှစ် ၂၀၀ ကျော်ကြာအောင်နေထိုင်လာခဲ့သည်။ သို့သော် ဤကဲ့သို့လူမျိုးကို တစ်ခါမှမမြင်ဖူးပေ။ ဤအဖြစ်သည် မကြုံစဖူးပင်။ သူ့ အကြည့်သည် သလင်းကျောက်နံရံကိုဖြတ်ကာ စီရင်ချက်ဗိမန်ရှိသည့်နေရာသို့ ရောက်သွားသည်။ သူသည် စီရင်ချက်ဗိမာန်မှလူများ၏ မျက်နှာပေါ်မှ နာကြည်းသော မျက်နှာထားကိုမြင်ရသည့်အတွက် စိတ်မပျက်ပေ။ “သခင်လေး ၉ ရဲ့ရောင်ဝါက လေးစားစရာပါပဲ.. သခင်လေး ၉ နဲ့ပေထင်း မိသားစုတစ်ခုလုံးက တိုက်ကြီးတစ်ခုလုံးနဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်ပြီးပြီပဲ၊ ဒီနေ့ အခြေအနေကို ကျုပ်တို့ကြည့်ပြီးသွားပြီ ဒီမှာ တိုက်ကြီးရဲ့ အင်အားစု ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်၊ သခင်လေး ၉ က ငွေလရောင်အင်ပါယာကို အထင် သေးပြီး စီရင်ချက်ဗိမာန်ကို အလေးအနက်မထားတာပဲ၊ ဒါဆိုရင် တခြား အင်အားစုတွေကရော၊ သခင်လေး ၉ က ဖိအားပေးပြီး အနိုင်ပိုင်းဖို့ဆုံးဖြတ်ပြီး ပြီလား၊ သခင်လေး ၉ က ဘယ်တုန်းက နတ်ဘုံကျွမ်းကျင်သူဖြစ်သွားတာလဲ”

နတ်ဘုံအဆင့်ကျွမ်းကျင်သူကသာ ဤတိုက်ကြီးကို ဖိနှိပ်ရန် အရည်အချင်းပြည့်မှီသည်။ အားလုံးသိသည့်အတိုင်းပင် သခင်လေး ၉ သည် အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင် တစ်ဦးသာဖြစ်သည်။ သူ့အရည်အချင်းသည် ကောင်းကင်ကိုအံတုနိုင်သော်လည်း နတ်ဘုံအဆင့်မဟုတ်သေးပေ။ သူသည် တိုက်ကြီးကို ချေမွရန် မလုံလောက်သေးပေ။

“ဟားဟား” ရယ်သံတစ်ခုသည် အဘက်ဘက်မှ ပေါ်ထွက်လာပြီး အားလုံး၏ နားထဲတိုးဝင်သွားလေသည်။ ထိုအသံသည် သူတို့နားထဲတွင် တဝဲလည်လည်ဖြစ်ပြီး သူတို့၏တစ်ကိုယ်လုံးကို ရစ်ပတ်နေသလိုပင်။ လက်အေးကြီးတစ်ဖက်သည် သူတို့၏လည်ပင်းကို ဆုပ်ကိုင်လိုက်သလိုပင်။ ထိုအသံကိုကြားလိုက်သည်နှင့် ဆံပင်မွေးများထောင်လာသည်။ ခန္ဓာကိုယ်တွင် စီးဆင်းနေသော သွေးများပြောင်းပြန်စီးဆင်းပြီး သူတို၏အကြောများလည်း တောင့်တင်းသွားကာ သူတို့၏သွေးကြောမှ ပြင်းထန်သောနာကျင်မှုများ လှိမ့် တက်လာသည်။ အားလုံး၏ ခန္ဓာကိုယ်များကို ချွေးအေးများဖြင့် လွှမ်းမိုးထား သည်။ သူတို့အားလုံးသည် စိတ်ထဲတွင်တွေးနေကြသည် “အားကောင်းလိုက် တာ၊ အားကောင်းလိုက်တာ”

ကံကောင်းစွာပင် ထိုခံစားချက်သည် အနည်းငယ်သာကြာသည်။ ထိုလူသည် အားလုံး၏ အသက်ကိုလိုချင်၍မဟုတ်ဘဲ သတိပေးခြိမ်းခြောက်ချင် ရုံမျှသာဖြစ်သည်။ သူ့တွင် အားလုံးကို အရှင်ထားနိုင်သည့် ခွန်အားရှိသည်။ ထိုအရာကို သဘောပေါက်သည်နှင့် ပင်မအင်အားစုများသည် အသိစိတ် ကြောင့်ပင် ထိတ်လန့်ကြောက်ရွံ့သွားကြသည်။

“သခင်လေး ၉ က နတ်ဘုံအဆင့်မဟုတ်ရင် ကျုပ်ကရော... သခင်လေး ၉ က မင်းတို့ကို ၁ ဘီလီယံပေးတတောင် မင်းတို့ကို အများကြီးတွေးပေးထားတာ” ညအရှင်သခင်၏ အသံဖြစ်သည်။ အားလုံးသည် သူတို့ အသက်ရှူလိုက်လျှင် ထိုကျွမ်းကျင်သူ၏ အာရုံစိုက်မှုကိုခံရမည်စိုးသောကြောင့် အသက်အောင့်ထား ကြသည်။ သူ၏အသံသည် အားလုံး၏ဝိညာဉ်အနက်ရှိုင်းဆုံးထိ ပဲ့တင်ထပ်သွား သည် “ငွေလရောင်အင်ပါယာက တိုင်းပြည်ထဲကို မိန်းကလေးအစေခံကို တသီးတသန့်သွင်းလာတာ၊ သူတို့က ရာယာအင်ပါယာကိုတောင် အကြောင်း မကြားဘူး၊ ငါ့အမိန့်ကို ထုတ်ပြန်လိုက်၊ ဒီမိန်းကလေးအစေခံကို သိမ်းမယ်၊ မင်းတို့ ၁၀ ယောက်ကိုတော့ လမ်းဖွင့်ပေးလိုက်မယ်၊ ညမရောက်ခင် ဒီမြို့တော် ကနေ ထွက်သွားကြ၊ မဟုတ်ရင် ရက်ရက်စက်စက်အသတ်ခံရမယ်”

ဘာတွေဖြစ်ကုန်တာလဲ။ မည်သူမှ ဤအားကောင်းသော ရောင်ဝါမှ အလျင်အမြန် သတိပြန်မဝင်နိုင်ကြပေ။ သူတို့၏ နတ်အသိစိတ်သည် သူတို့ဆီ သို့ပြန်ရောက်ချိန်တွင် စင်ပေါ်မှ မိန်းကလေးအစေခံ၏ပုံရိပ်ကို မမြင်ရတော့ ပေ။ မိန်းကလေးအစေခံသည် စင်ပေါ်တွင် မရှိခဲ့ဖူးသလိုပင်။

“ဘာတွေဖြစ်ကုန်တာလဲ လေလံပစ္စည်းရော”

“မသိဘူးလေ.. ခေါ်ဈေးက ၁ ဘီလီယံမလား၊ ဘာလို့ မှောင်ခိုပစ္စည်းဖြစ် သွားတာလဲ၊ ညအရှင်အိမ်တော်က သိမ်းသွားတာပဲ”

“သေစမ်း ဒါက မိုက်လွန်းနေတာမဟုတ်ဘူးလား မိုးနတ်မင်းရေ ငါ နောက်ဆုံးတော့ နားလည်သွားပြီ ငါတို့ ဒီပင်မတိုက်ကြီးကို ပြစ်မှားလို့ရတယ်၊ ဒါပေမဲ့ သခင်လေး ၉ ကို ပြစ်မှားလို့မရဘူး”

အပူတပြင်းဆွေးနွေးမှုများသည် လေလံခန်းမထဲတွင် လှိုင်းလုံးကြီး သဖွယ် ဖြတ်သွား၏။ မည်သူကမှ သခင်လေး ၉ ကိုမမြင်လိုက်ရပေ။ သူတို့သည် အလယ်တွင်ရှိသော ပေထင်းမိသားစုနေရာအား အာရုံစိုက်ထားကြ သည်။ ပေထင်းဟွမ်ကဲ့သို့ ထူးခြားသည့်လူမျိုးကို မည်ကဲ့သို့မိသားစုက မွေးထုတ်ပေးနိုင်သလဲဆိုသည်ကို သူတို့ ကြည့်ချင်ကြသည်...

All Chapters