← Chapters

နောက်ဆုံး၊ ရတနာကြီးပေါ်လာခြင်း

Vol. 35 Ch. 689

နောက်ဆုံး၊ ရတနာကြီးပေါ်လာခြင်း

Vol. 35 Ch. 689

တခြားမိသားစုသုံးခုသည် အကြည့်များကြောင့် သက်ရောက်မှုကို ခံစားရ လေသည်။ အတန်ကြာပြီးနောက် သူတို့ မခံနိုင်ကြတော့ပေ။

တုန်ဖန်းအောင်သည် အထူးခန်းတွင်ထိုင်ပြီး အကြည့်စူးစူးများဖြင့် အကြည့်ခံနေရသည့် အလယ်တွင်ရှိသော မိသားစုလေးခုမှလူများကို ကြည့်နေ သည်။ သူသည် သက်ပြင်းချပြီး ဘေးတွင်ရှိနေသော ရှီမန်ဆုန်းအား ပြောလေ သည် “ဟူး.. ကျုပ်သာ ဒီမကောင်းဆိုးဝါးလေးနဲ့ ပေါင်းမယ်ဆိုရင် နာမည်ကျော် ဖြစ်လာတော့မှာပဲ”

ရှီမန်ဆုန်းသည် တခစ်ခစ်ရယ်ပြီး ထိပ်တန်းအထူးခန်းအား ချစ်ခင်သော အကြည့်ဖြင့်ကြည့်နေသည်။ “ဒါပေမဲ့ မင်းအရမ်းပျော်ရမယ်လို့ ဘာလို့မတွေး တာလဲ၊ တစ်နေ့ ငါ ပြဿနာဖြစ်ရင် ငါ့ကိုအရင်ဆုံးလာကယ် မယ့်သူက မိသားစုမဟုတ်ဘဲ သူဖြစ်လိမ့်မယ်လို့ တစ်ခါတလေကျတွေးမိတယ်”

မှန်သည်။ တုန်ဖန်းအောင်သည် ချက်ချင်းပင် နားလည်လိုက်သည်။ သူသည် ရှီမန်ဆုန်းကဲ့သို့ ခံစားချက်မများသော်လည်း သူလည်း ထိုသို့ ခံစားရ သည်မဟုတ်ပါလား။ ပေထင်းဟွမ်ကို သူ ယုံကြည်စေရသည့်အချက်မှာ ပေထင်းဟွမ်၏ခွန်အား သို့မဟုတ် နည်းလမ်းများမဟုတ်သော်လည်း သူမ၏ သူငယ်ချင်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အတွက် တိုက်ကြီးတစ်ခုလုံးကို တွန်းလှန်ရဲသည့် သတ္တိဖြစ်သည်။

၎င်းသည် သူမ၏ဆွဲဆောင်မှုရှိသည်။ သူမအနားမှလူများကို ဆွဲဆောင်နိုင်သည့်အရာဖြစ်သည်။

“ကောင်လေးက အဲဒီမိန်းကလေးအစေခံကို ခေါ်သွားတယ်လို့ ဘာလို့ ထင်တာလဲ” သူ့စိတ်မှာ အနည်းငယ်လေးလံ၍လားမသိပေ၊ တုန်ဖန်းအောင် သည် ပေထင်းဟွမ်အား စနောက်ချင်စိတ်ဖြစ်ပေါ်မိသည် “ငွေလရောင်အင်ပါ ယာက အဲဒီအဘိုးကြီးပြောတာမှန်တယ်၊ ကောင်လေးက အရွယ်မရောက်သေး ဘူး”

ရှီမန်ဆုန်းသည် ရယ်မောကာ ခေါင်းခါလိုက်သည် “မင်းမှာ အစွမ်းအစရှိ ရင် ဒီအကြောင်းကို သူ့ကိုကိုယ်တိုင်သွားပြောလိုက်လေ၊ စူးလော့အာရဲ့ အမေက သူ့အဒေါ်ရဲ့အပျိုတော်ပဲ”

သူတို့နှစ်ယောက်သည် စနောက်နေကြသည်။ စင်ပေါ်တွင် ပိုတန်ဖိုးကြီး သည့် ရတနာများစွာကို ခင်းကျင်းထားသည်။ ၁ ဘီလီယံထက် ကျော်လွန်သော ရတနာမှသာလျှင် မျိုးနွယ်ကြီးလေးခု စိတ်ဝင်စားပြီး လေလံဆွဲကသည်။ ပစ္စည်းတချို့ကို ဝယ်ယူစုဆောင်းပြီးနောက် အချိန်တစ်ဝက်ကျော် ကုန်ဆုံးသွား လေသည်။

လေလံပွဲပြီးဆုံးတော့မည်ဖြစ်ရာ လေထုသည် ပြန်၍ ထူးဆန်းလာသည်။ အားလုံး၏ စိတ်နှလုံးသည် အထူးသဖြင့် အနားမရဘဲ မျက်နှာများမှာလည်း ဇာတ်ရှိန်အမြင့်ဆုံးကို တွေ့ကြုံနေရသည့်အလား စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ သို့သော် ထိုအပျော်လေးပျောက်ပျက်သွားမည်ကို စိုးသဖြင့် မည်သူကမှ စကားမပြောရဲပေ။

ပေထင်းဟွမ်သည် ညောင်စောင်းပေါ်တွင် မှီကာ လက်တစ်ဖက်ဖြင့် မေးစေ့ထောက်ထာသည်။ သူမသည် အထွတ်အထိပ်သားရဲအတွင်း အမြုတေ သယ်ဆောင်လာသည့် စင်မြင့်တဖြည်းဖြည်း မြင့်တက်လာသည်အထိ အောက်ဘက်ရှိစင်ကို စိုက်ကြည့်နေသည်။ လေလံပစ်သူ၏ အသက်ရှူသံပင် စိတ်လှုပ်ရှားလာသည်။ သူမသည် ထိုင်ကာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့် ရောက်လာမည့်အချိန်ကိုစောင့်သည်။

တိတ်ဆိတ်နေသည်။ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေ သည်။ ချက်ချင်းဆိုသလိုပင် မည်သူမှ အသက်ကြာကြာမအောင့်နိုင်ပေ။ လေလံပွဲတစ်ခုလုံးသည် စတင်မောဟိုက်လာသည်။

လေလံပစ်သူအလှလေးသည် အသက်ကိုနက်နက်ရှိုင်းရှိုင်းရှူပြီး သူမ၏ ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်လုပ်နေရသည်။ ထို့နောက် တုန်ယင်သောအသံနှင့် ရောထွေးသော စကားလုံးများဖြင့် ကြေညာ လိုက်သည် “နောက်တစ်ခုက ဒီလေလံပွဲမှာ မတော်တဆရလိုက်တဲ့ အကြီးဆုံး ရတနာဖြစ်ပါတယ်၊ ဒါက နောက်ဆုံးရတနာ ဝိညာဉ်အရည်ထက်တော့ မနိမ့်ပါ ဘူး”

အထွတ်အမြတ်သားရဲ အတွင်းအမြုတေကို အုပ်ထားသည့် အနီရောင် အဝတ်ကို ဖယ်ရှားလိုက်သည့် သူမ၏လက်များသည် တုန်ယင်နေသည်။ ချက်ချင်းဆိုသလိုပင် မှောင်မိုက်သောအလင်းရောင်သည် ရေကန်တစ်ခုပေါ်ရှိ လှိုင်းများ ပျံ့နှံ့သွားသကဲ့သို့ မမြင်နိုင်သော ဖိအားတစ်ခုသည် နေရာတစ်ခုလုံး တွင် ပျံ့နှံ့သွားလေသည်။

ဝိုး...

လူအုပ်သည် ထိုပုလဲနက်အကြောင်းကို မသိကြပေ။ ၎င်းသည် ကလေးတစ်ယောက်၏ လက်သီးဆုပ်အရွယ်အစားရှိသည်။ ပုလဲ၏ မျက်နှာပြင် တွင် ရေလွှမ်းနဂါးတစ်ကောင် ကူးခတ်နေသည်။ ၎င်းသည် မျိုချပြီးရှိုက်သွင်း လိုက်သည်နှင့် အရာအားလုံးကို ဝါးမျိုနိုင်မည့်ပုံပေါက်သည်။ မြူခိုးမည်းများ သည် လေထဲတွင်ပြည့်သွားသည်။ ရေလွှမ်းနဂါးမှတဆင့် ကြီးမားသောဖိအား ကို ခံစားရလေသည်။

အားကောင်းလိုက်တဲ့ စွမ်းအားပဲ။

ထိုအရာသည် အားလုံးစဉ်းစားနေသည့်အရာဖြစ်သည်။ အလယ်တွင် မျိုးနွယ်ကြီးလေးခုမှ ခေါင်းဆောင်များသည် အတူမတ်တတ်ရပ်လိုက်ကြသည်။ ပထမတန်းစားအဆင့် ခေါင်းဆောင်ဖြစ်သည့် စီရင်ချက်ဗိမာန်နှင့် အမှောင် နတ်မိစ္ဆာခန်းမတို့သည်လည်း စင်ပေါ်မှ ပုလဲကို အထိတ်တလန့် စိုက်ကြည့်နေ ကြသည်...

All Chapters