← Chapters

သခင်ပေထင်းချင်းက တကယ်ကံမကောင်းတာပဲ

Vol. 35 Ch. 690

သခင်ပေထင်းချင်းက တကယ်ကံမကောင်းတာပဲ

Vol. 35 Ch. 690

“ဒါက ဒါ.. ဒါက”

မျိုးနွယ်ကြီးလေးခုမှ ခေါင်းဆောင်များသည် တခြားအင်အားစုမှလူများ ထက် ပို၍အသိအဉာဏ်ကြွယ်ဝသည်။ သို့တိုင် ထိုအရာသည် သူတို့စိတ်ထဲတွင် တွေးနေသည့်အရာ ဟုတ်မဟုတ်ကို မသေချာမရေရာဖြစ်နေသည်။

“မဆိုးဘူး” လိုချင်သည့်သက်ရောက်မှုကို ရပြီးနောက် လေလံပစ်သူ အလှလေးသည် မျိုးနွယ်ကြီးလေးခုနှင့် ခန်းမနှစ်ခုအင်အားစုတို့ကို ကျေနပ်စွာဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ သူမသည် အားလုံးကို ဆက်ရှင်းပြလေ သည် “ဒါက အထွတ်အမြတ်သားရဲရဲ့ အတွင်းအမြုတေဖြစ်ပါတယ်၊ ဒါက လေလံပွဲအတွက် သခင်ပေထင်းဟွမ်ပေးထားတဲ့ ရတနာပါ၊ နတ်ပစ္စည်းဆို လည်းဟုတ်ပါတယ်၊ အားလုံးသိကြတဲ့အတိုင်းပဲ အထွတ်အမြတ်သားရဲရဲ့ အတွင်း အမြုတေက နတ်သားရဲ ဒါမှမဟုတ် မွန်မြတ်တဲ့သားရဲတို့ရဲ့ အတွင်း အမြုတေထက် သန့်စင်တဲ့နေရာမှာ ပိုလွယ်ကူပါတယ်၊ အဲဒါကြောင့် အဆင့်နိမ့် သန့်စင်သူတောင်မှ သာမန်ကမ္ဘာမြေကြီးနဲ့ နတ်လက်နက်ကို သန့်စင်နိုင်ပါ တယ်”

၎င်းသည် သဘာဝကပေးသည့် ရွေးချယ်မှုပင်။ သို့သော် ကမ္ဘာကြီးသည် မျှတသည်။ မှော်သားရဲအမြုတေ အဆင့်နိမ့်လျှင် သန့်စင်ရန်ခက်သည်။ တစ်ဖက်တွင် အားကောင်းသောမှော်သားရဲများသည် ဖမ်းဆီးရန်မလွယ်လူပေ။ မှော်သားရဲ၏ အတွင်းအမြုတေမှာလည်း အားနည်းလေ့ရှိကြသည်။

အထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေပီသသည်။

ရင်ပြင်တစ်ခုလုံးသည် ရေဆူပွက်လာသည့်အလား ဟိန်းသံထွက်လာ၏။ စင်ပေါ်မှ အတွင်းအမြုတေကို ကောင်းကောင်းမြင်ရရန် အားလုံးသည် မတ်တတ်ရပ်ပြီး ရှေ့သို့ကိုင်းကြည့်ကြသည်။ ထိုနေရာသည် ရာယာအင်ပါယာ ၏ တော်ဝင်လေလံပွဲရင်ပြင်သာမဟုတ်လျှင် ထိုလူများသည် ထွက်လာပြီး စတင်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။

အထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေသည် သူတို့၏ မိုင်ပေါင်း သန်း ချီခရီးသွားခဲ့သည်ထက်ပင် ပို၍တန်ကြေးရှိသည်။ သူတို့သည် ဤနေရာတွင် ညတစ်ဝက်လုံး အသည်းတယားယားနှင့်ဖြစ်ခဲ့ကြသည်။

“အထွတ်အမြတ်သားရဲရဲ့ အတွင်းအမြုတေ၊ ငါ့ဘဝမှာ ဒီလိုမျိုး နတ်ပစ္စည်းမျိုးမြင်ရလိမ့်မယ်လို့ ထင်မထားဘူး၊ အသက်ရှင်ရတနာ အလကား မဖြစ်ဘူးပဲ”

“နတ်လက်နက်တစ်ခုက နတ်အဆင့်ကျွမ်းကျင်သူကိုတောင် တစ်ခါ တည်းသတ်နိုင်တယ် ဟူး.. ဒီတိုက်ကြီးက ထပ်ပြီးငြိမ်းချမ်းတော့မှာမဟုတ်ဘူး”

“သခင်ကြီးပေထင်းချင်း ခင်ဗျားက ကံမကောင်းတာပဲ၊ ဒီအထွတ်အမြတ် သားရဲအမြုတေကို သခင်ပေထင်းဟွမ်က ရောင်းဖို့ပေးလိုက်တာပဲ၊ မိုက်လိုက် တဲ့ကောင်လေး၊ ကျုပ်မှာသာ အဲလိုမြေးရှိရင် သူ့ကို အသေရိုက်ပစ်မှာ”

“ဟူး.. သူက အထွတ်အမြတ်သားရဲအမြုတေကိုတောင် ရအောင်လုပ်နိုင် တာ၊ သူ့ကို အသေရိုက်ပြီးမှ ဘာလို့ကျုပ်ကိုလာမတွေ့လဲ”

ခန်းမထဲတွင် မရေမတွက်နိုင်သော အသံများထွက်ပေါ်လာသည်။ မျက်လုံးများအားလုံးသည် အထွတ်အမြတ် အတွင်းအမြုတေဆီသို့ ရောက်နေ ကြသည်။ မျိုးနွယ်ကြီးလေးခုမှ ခေါင်းဆောင်များ၊ စီရင်ချက်ဗိမာန်၊ အမှောင် နတ်မိစ္ဆာခန်းမနှင့် တိုက်ကြီးရှိ တပ်ဖွဲ့များနှင့် ပြိုင်ဆိုင်ခြင်းမရှိသော ကုန်သွယ် ရေး အဓိကသုံးဖွဲ့ပင်လျှင် ဤအထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေကို အရယူမည်ဟု အခိုင်အမာယုံကြည်ထားကြသည်။

နတ်လက်နက်။ နတ်လက်နက်နှင့်ဆိုလျှင် မိသားစုမျိုးနွယ်တစ်ခု၏ ခွန်အားသည် နောက်တစ်ဆင့်တက်နိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ သူတို့ သာ တိုက်စစ်ဆင်နိုင်သည့် နတ်လက်နက်ကို သန့်စင်နိုင်လျှင် နတ်ဘုံအဆင့် ကျွမ်းကျင်သူကိုပင် တိုက်ခိုက်ရန် ခွန်အားရှိမည်ဖြစ်သည်။ ဤကဲ့သို့သော နတ်လက်နက်သည် သူတို့၏ ပြိုင်ဘက်ထံသို့ လုံးဝအကျမခံနိုင်ပေ။

နတ်ဘုံရတနာသည် ထိုအဖွဲ့အစည်းများ၏ နှလုံးသားကို ကိုင်လှုပ်နိုင် သည်။

ထိုလက်နက်သည် သူတို့လက်ထဲတွင် ပျက်စီးသွားလျှင်တောင် ရန်သူ၏ စခန်းထဲသို့ ရောက်သွား၍မဖြစ်ပေ။

“လေလံစဈေးက ၁၀၀ ဘီလီယံပါ၊ အားလုံးပဲ လေလံစတင်ပါပြီ” တခြား ရတနာများနှင့်မတူဘဲ အရှိန်အဟုန်ကို ဖန်တီးရန် စကားများလိုအပ်သည်။ အထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေပေါ်လာသည်နှင့် အားလုံးသည် ထိတ်လန့်ပြီးသားဖြစ်သည်။ လေလံပစ်သူအလှလေးသည် လေကုန်ခံရန် မလို တော့ပေ။ သူမသည် ထိုအင်အားစုများ အသေအကြေတိုက်ခိုက်သည်ကို ကြည့်ချင်သည်။

“၁၀၀ ဘီလီယံ”

ထိုကြမ်းခင်းဈေး ကြေညာပြီးသည်နှင့် ထိုနေရာတွင်ရှိနေသည့် လူတစ် ဝက်ကျော်သည် နာကြည်းစွာဖြင့် ပြန်ထိုင်ကြလေသည်။ ဤအမြင့်ဆုံးရတနာ ကို ရနိုင်ခြေမှာ မမြင့်သည်ကိုသိသော်လည်း နတ်ပစ္စည်းတစ်ခု၏ သွေးဆောင် မှုကို မည်သူမှ မခံနိုင်ကြပေ။ ဤအခိုက်အတန့်တွင် သူတို့သည် အနည်းငယ် နာကြည်းကြသည် “သခင်ပေထင်းဟွမ် ဘာလို့ ပိုက်ဆံပဲတိုက်ရိုက်လုလိုက် တာမဟုတ်ဘူး”

၁၀၀ ဘီလီယံ။ သူတို့သည် တိုက်ကြီးတွင် ဤမျှကြောက်စရာကောင်း သည့် ဂဏန်းမျိုးကို မမြင်ဖူးပေ။

All Chapters