← Chapters

အမှောင်နတ်မိစ္ဆာခန်းမ

Vol. 35 Ch. 691

အမှောင်နတ်မိစ္ဆာခန်းမ

Vol. 35 Ch. 691

“အဲဒါဘာရတနာလဲဆိုတာ ဘာလို့မကြည့်တာလဲ၊ နတ်ဘုံရတနာက တိုက်ကြီးပေါ်မှာ အမြဲတမ်းအဖိုးမဖြတ်နိုင်ဘူးလေ၊ ဒီနှစ်တွေမှာ နတ်ဘုံနဲ့ ပတ်သက်တဲ့ရတနာမျိုး လေလံပွဲမှာပေါ်လာခဲ့တာ ဘယ်အချိန်ကလဲ” ကုန်သွယ်ရေးခန်းမခေါင်းဆောင်သည် ခေါင်းခါလေသည်။ သူ၏မိသားစုသည် ကုန်သည်များဖြစ်ကြကာ နှစ်စဉ်နှစ်တိုင်း နေရာတိုင်းတွင် လေလံပွဲများကို စီစဉ်ခဲ့သည်။ ထို့ကြောင့်ပင် ဤကဲ့သို့နတ်ပစ္စည်း၏ တန်ဖိုးနှင့် လေလံအဖွင့် ဈေးကို သိသည် “ပတ္တမြား ၂၀၀ ဘီလီယံ”

ဝိုး

လေလံဆွဲရန် ခွန်အားမရှိသည့် အင်အားစုများသည် အထိတ်တလန့်ဖြစ် ကုန်ကြသည်။ တိုက်ကြီးတွင် အချမ်းသာဆုံးအင်အားစု ပီသပါပေသည်။ သူတို့ သည် အဖွင့်ဈေးကို နှစ်ဆတက်လိုက်သည်။ သေစမ်း သခင်ပေထင်းဟွမ်က အသေသတ်လိုက်ပြီပဲ။

လေလံပွဲအား အေးစက်စက်စောင့်ကြည့်နသော ပေထင်းဟွမ်သည်လည်း ကုန်သွယ်ရေးခန်းမ၏ လေလံဈေးနှုန်းကြောင့် ကြောက်လန့်သွားမိသည်။ သူမ၏ နှုတ်ခမ်းရဲရဲများသည် အံ့အားသင့်မှုကြောင့် အနည်းငယ်ပွင့်ဟသွားကာ သူမ၏ ချစ်စရာကောင်းသောပုံစံသည် ယန်ယဲ့အား ငေးကြည့်မိစေသည်။ သူသည် သူမဘေးမှ ရှင်းပြလေသည် “ကုန်သွယ်ရေးခန်းမက လူတွေမှန်တယ်၊ ဈေးကွက်ထဲမှာ နတ်ဘုံပစ္စည်းတွေက ပျောက်ကွယ်လုနီးပါးပဲ၊ မင်းလိုမျိုး အထွတ်အမြတ်သားရဲအတွင်းအမြုတေကို တစ်ခါတည်းထုတ်လိုက်တဲ့လူဆိုကို မရှိဘူး၊ ပတ္တမြား ၂၀၀ ဘီလီယံနဲ့ဆို အဆင့်နိမ့်နတ်လက်နက်တစ်ခုတောင် ဝယ်လို့မရဘူး၊ ဒီအထွတ်အမြတ်အတွင်းအမြုတေသာရရင် သူ့ဘိုးဘေးကြီး တွေက ကောင်းချီပေးကြမှာပဲ”

“ကုန်သွယ်ရေးခန်းမက စီးပွားရေးပဲ ကောင်းကောင်းလုပ်ဖို့လိုတာလေ၊ ဘာလို့နတ်လက်နက်လိုတာလဲ” ထိုအချိန်တွင် အမှောင်နတ်မိစ္ဆာခန်းမမှ အနက်ရောင်ဝတ်ထားသော လူတစ်ယောက် ရောက်လာသည်။ သူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူ့အသံကိုနားထောင် ကြည့်လျှင် အလွန်ငယ်ရွယ်ပုံပေါက်သည်။ သူသည် နှာမှုတ်ပြီး ဈေးအော်လိုက် သည် “၃၀၀ ဘီလီယံ”

“၄၀၀ ဘီလီယံ”

“၅၀၀ ဘီလီယံ”

မရပ်မနားပင်။ တစ်ခါတိုးတိုင်းတွင် ၁၀၀ ဘီလီယံတိုးပေးကြသည်။ အားလုံး၏ နှလုံးသားများသည် ထိုဂဏန်းများ၏ ဖိနှိပ်ခြင်းကိုခံရလေသည်။ တစ်ခဏအတွင်းမှာပင် ဈေးသည် ၈၅၀ ဘီယီယံထိရောက်သွားသည်။ ၎င်းသည် ထိတ်လန့်စရာကောင်းကာ ထိုလူများပြောနေသည့် ငွေကြေးသည် ပတ္တမြားမဟုတ်ဘဲ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများအကြောင်း ပြောနေကြသလိုပင်။

ပေထင်းဟွမ်သည် မတည်ငြိမ်နိုင်တော့ပေ။ အရင်တစ်ခေါက် သူမ စူးလော့အာအတွက် လေလံဆွဲစဉ်က ၁ ဘီလီယံပင် သူမအတွက် ခက်ခဲနေခဲ သည်။ သူမသည် ၁ ဘီလီယံမဆိုထားနှင့် သန်း ၁၀၀ ကိုပင် မထုတ်နိုင်ပေ။ ဈေးနှုန်းသည် ၉ ဘီလီယံထိ တက်သွားသည်ကိုမြင်သောအခါ စိတ်လှုပ်ရှားလာ သည်။ မဟုတ်လျှင် သူမ ဘာကြောင့် ဤကဲ့သို့ ကြမ်းတမ်းသောစကားများကို ဆိုမည်နည်း။

ဟူး.. ပိုက်ဆံက သူရဲကောင်းတစ်ယောက်ရဲ့ အခြေခံသတ္တိပဲကိုး။ ထို စကားလုံးများသည် မှန်ကန်သည်။ သူမတွင် ပိုက်ဆံမရှိခြင်းကြောင့်သာမဟုတ် လျှင် တိုက်ကြီးတစ်ခုလုံးနှင့် ရန်သူဖြစ်အောင် ပြောရဲမည်မဟုတ်ပေ။

ပေထင်းဟွမ်ထောင်လွှားသည်မှာ ပိုက်ဆံမရှိသောကြောင့်ဟု အားလုံး သိကြလျှင် ဒေါသထွက်၍ သွေးအန်ကြမည်လား။

ကမ္ဘာပေါ်က ၉၀ ရာခိုင်နှုန်းသော ငွေကြေးသည် ၁၀ ရာခိုင်နှုန်းသာရှိ သော လူများ၏လက်ထဲတွင်ရှိသည်ဟု ဆိုကြသည်။ ၎င်းသည် မမှားပေ။ ထို အဖွဲ့အစည်းများကို ကြည့်လျှင်သိနိုင်သည်။

သူတို့သည် ဘီယီယံရာချီကို မည်သည့်ဖိအားမှမရှိဘဲ လေလံဆွဲနေ၏။ ပေထင်းဟွမ်သည်လည်း စိတ်အားထက်သန်လာည်။ ထိုလူများသည် လုံးဝကြီး ချမ်းသာလွန်းသည်။ သူတို့နှင့်ယှဉ်လျှင် သူမသည် ဆင်းရဲသည်။

ဤလေလံပွဲတွင် နတ်ဘုံအဆင့်ရတနာပေါ်လာလိမ့်မည်ဟု မည်သူမှ မမျှော်မှန်းထားပေ။ အဖွဲ့အစည်းများသည် သူတို့၏ပိုင်ဆိုင်မှု ထုတ်လာရန်မှာ မလွယ်ကူလှပေ။ သူတို့သည် အသေးစိတ် စစ်ဆေး၊ဆွေးနွေးပြီးမှ သေချာသည့် ပိုက်ဆံပမာဏကိုယူဆောင်လာကြသည်။

လေလံပွဲတစ်ချီပြီးနောက် ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။ အဖွဲ့အစည်းကြီးအမျိုးမျိုးသည် လေသံဖြင့်ပြောဆိုကသည်။ သူတို့သည် သူတို့ ၏ အောက်ခြေစည်းမျဉ်းအကြောင်း ဆွေးနွေးနေကြသည်။

“ငါတို့ပြန်သွားပြီး အကြီးအကဲအဖွဲ့က မေးခါန်းထုတ်ရင်တောင် ငါတို့ ဒီနတ်ပစ္စည်းကို ရမှဖြစ်မယ်၊ ငါတို့သာ ဒီနတ်ပစ္စည်းကို ဆုံးရှုံးလိုက်ရရင် ပြန်ရောက်တာနဲ့ နတ်သခင်ကြီးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” စီရင်ချက်ဗိမာန်မှ အကြီးအကဲ ၂ သည် အံကြိတ်ကာ ပစ္စည်းကို လေလံဆွဲလေသည် “၉၀၅ ဘီလီယံ”

၉ ရာနဲ့ ၅ ဘီလီယံ။

သူတို့တွေ ကျန်တဲ့လူကို အခွင့်အရေးပေးပါဦးလား။ နေရာတစ်ခုလုံး သည်တိတ်ဆိတ်နေကြသည်။ အားလုံးသည် အသက်အောင့်ထားကာ စီရင်ချက်ဗိမာန်မှလူများကို စိုက်ကြည့်နေသည်။ မျိုးနွယ်ကြီးလေးခုပင်လျှင် မှင်တက်နေကြသည်။ ၎င်းသည် မျိုးနွယ်ကြီးလေးခုကို အတူပေါင်းစည်းရန် တတ်နိုင်သည့် ပမာဏဖြစ်သည်။ အားလုံး၏မျက်လုံးထောင့်များ တွန့်တက် သွားပြီး စကားမပြောနိုင်လောက်အောင် ထိတ်လန့်နေကြသည်...

All Chapters