← Chapters

နတ်မိစ္ဆာသခင်မှ ပေထင်းဟွမ်အား မွေးနေ့လက်ဆောင် ပေးခြင်း

Vol. 35 Ch. 692

နတ်မိစ္ဆာသခင်မှ ပေထင်းဟွမ်အား မွေးနေ့လက်ဆောင် ပေးခြင်း

Vol. 35 Ch. 692

“သေစမ်း စီရင်ချက်ဗိမာန်က လုံးဝကိုမိုက်နေတာပါလား၊ သူတို့မှာ ပိုက်ဆံအများကြီးရှိတာပဲ၊ သေစမ်း ငါ ကြယ်တာရာလခြမ်းလေဟာနယ်ကို သွားပြီး သန့်စင်တဲ့မြို့တောကို ဓားပြတိုက်မယ်” မိသားစုကြီးလေးခုမှလူများ သည် သူတို့၏စိတ်ထဲမှ ကျိန်ဆဲသံများကို မတားကြပေ “သူတို့မှာ ပိုက်ဆံများ လည်းဘာလုပ်ရမှာလဲ၊ နောက်ဆုံးတော့ အဲဒီပိုက်ဆံက သခင်လေး ၉ အိတ်ထဲ ရောက်သွားမှာပဲမလား”

“၉၀၅ ဘီလီယံ တစ်ကြိမ်၊ ၉၀၅ ဘီလီယံ နှစ်ကြိမ်၊ ၉၀၅ ဘီလီယံ..” တူငယ်တစ်ခုကိုကိုင်ထားသော လေလံပစ်သူအလှလေး၏ လက်သည် တုန်ယင်နေသည်။ သူမသည် တစ်စုံတစ်ရာမှားယွင်းသွားမည်ကို ကြောက်နေ သည်။ သူမ ဤနယ်ပယ်ထဲတွင် နေလာသမျှတွင် ပထမဆုံးအကြိမ်ကြုံဖူးခြင်း ဖြစ်သည်။

အမှောင်နတ်မိစ္ဆာခန်းမမှလူများသည် ထိပ်တန်းအထူးခန်းရှိရာဘက်သို့ ကြည့်ကြသည်။ လေလံပစ်သူအလှလေး၏ တူအောက်သို့ကျသွားသည်နှင့် သူတို့၏လက်များသည် လေလံခလုတ်ကို ဖြည်းဖြည်းချင်းနှိပ်ချလိုက်သည်။

လေလံ အသံထွက်လာကာ လေလံပစ်သူလှလေး၏ အသံကို အနှောင့်အယှက်ဖြစ်သွားစေကာ အားလုံး၏ စိတ်များတောင့်တင်းသွားပြန်၏။ အားလုံးသည် အသံလာရာဆီခေါင်းလှည့်ကြပြီး အမှောင်နတ်မိစ္ဆာခန်းမနေရာ သို့ကြည့်လိုက်ကြသည်။ ထိုနေရာတွင် အမြဲတမ်းသိုသိုသိပ်သိပ်နေတတ်သော လူလေးယောက်ရှိသည်။ သူတို့အားလုံးကို အနက်ရောင်ဝတ်ရုံဖြင့် ခေါင်းအစ ခြေအဆုံးဖုံးအုပ်ထားသည်။ သူတို့သည် ထူးဆန်းစွာဝတ်ဆင်ထားသော်လည်း လူအုပ်ထဲတွင် မထင်မရှားဖြစ်တုန်းပင်။ ဤအခိုက်အတန့်တွင် အားလုံး၏အာရုံ သည် သူတို့ဆီသို့ရောက်သွားသည်။

“၁ ထရီလီယံ”

သူတို့ထဲမှတစ်ယောက်သည် အားလုံး၏ အာရုံကိုလုံးဝဂရုမစိုက်ပေ။ သူသည် စကားများကို ဖြည်းညင်းစွာပြောသော်လည်း ရင်ပြင်တစ်ခုလုံးကို ရူးသွပ်သွားစေသည်။ အားလုံးသည် ထိတ်လန့်သွားကြလေသည်။ သူတို့၏ ပါးစပ်များမှာ ငှက်ဝင်ဥရလောက်အောင် အဟောင်းသားဖြစ်နေကြသည်။ သူတို့သည် အတန်ကြာသည်အထိ ပါးစပ်မပိတ်နိုင်ကြပေ။

“နတ်မိစ္ဆာခန်းမ၊ ဘာလို့ နတ်မိစ္ဆာခန်းမဖြစ်နေတာလဲ” စီရင်ချက်ဗိမာန်မှ အကြီးအကဲ ၂ သည် ဒေါသတကြီးခြေထောက်ဆောင့်လေသည်။ စီရင်ချက် ဗိမာန်နှင့် နတ်မိစ္ဆာခန်းမတို့သည် နှစ်ပေါင်းတစ်သောင်းကြာ ရန်သူဖြစ်ခဲ့ကြ သည်။ ဤနတ်လက်နက်သာ မျိုးနွယ်ကြီးလေးခုထဲသို့ရောက်သွားလျှင်တောင် နတ်မိစ္ဆာခန်းမလက်ထဲ ရောက်သည်ထက် ပိုကောင်းသည်။

“ဟူး” မျိုးနွယ်ကြီးလေးခုမှ ခေါင်းဆောင်များသည် လေးလံစွာသက်ပြင်း ချပြီး ခုံကိုမှီထားကြသည်။ သူတို့သည် စီရင်ချက်ဗိမာန်နှင့် ကြီးမားသောရန်စ ကို အခုလေးတင် လုပ်ခဲ့ကြသည်။ ပေထင်းဟွမ်သည် တိုက်ကြီးတစ်ခုလုံးရှေ့ တွင် သူတော်စင်မဟောင်းကို ကန်ကာ တန်ဖိုးမရှိသူဟု ပြောခဲ့သည်။ ထိုရန်ငြိုး သည် ကြီးထွားလာခဲ့သည်။ သူတို့အတွက် ဤနတ်ပစ္စည်းသည် စီရင်ချက်ဗိမာန်လက်ထဲရောက်သွားသည်ထက် အမှောင်နတ်မိစ္ဆာခန်းမလက် ထဲရောက်သည်က ပိုကောင်းသည်။

“မိုးနတ်မင်းရေ အမှောင်နတ်မိစ္ဆာခန်းမက ထက်တိုးတော့မှာလား”

“သူတို့တွေက ဘယ်တုန်းက ငြင်းဖူးလို့လ၊ သူတို့က စီရင်ချက်ဗိမာန်လို မျိုး ထောင်လွှားတာမဟုတ်ဘူး”

“သူတို့လေးယောက်က အရမ်းအားကောင်းတာ၊ ဒီနေရာမှာ ထိုင်နေတာ ကြာနေပြီ၊ သူတို့သာစကားမပြောရင် သူတို့ရှိနေတာကို ခံစားမိမှာတောင် မဟုတ်ဘူး”

ဆွေးနွေးချက်များ ထွက်ပေါ်လာသည်။ ပေထင်းဟွမ်ပင်လျှင် သူတို့ လေးယောက်ကို စိတ်ဝင်စားလာသည်။ သူမသည် သူတို့ကို အတန်ကြာအောင် စိုက်ကြည့်ပြီး တစ်ခါမှမမြင်ဖူးသလို ခံစားလာရသည်။ သူမ မျက်မှောင်ကြုတ် ပြီး သူတို့လေးယောက်ကို အကဲခတ်နေပုံကို ‌ယန်ယဲ့သည် ရယ်မိသည်။ သူမ ယခုလိုပုံစံဖြစ်နေသည်မှာ ရှားသည်။ ပေထင်းဟွမ်သည် သူတို့လေးယောက် အားစိုက်ကြည့်နေကာ သူသည် သူမအား ကြည့်မဝဖြစ်နေသကဲ့သို့ စိုက်ကြည့် နေသည်။

အနက်ရောင်ဝတ်ရုံဝတ်ထားသောလူသည် ရွှေရောင်သလင်းကျောက် ကဒ်ကိုထုတ်လိုက်သည်။ လက်ချောင်းလှန်လိုက်သည်နှင့် ထိုကဒ်သည် စင်ပေါ်မှ လေလံပစ်သူအလှလေးဆီသို့ပျံသွားလေသည်။ အစပိုင်းတွင် သူ့ ရောင်ဝါသည် ဓားပျံကဲ့သို့ အထူးစူးရှသည်။ အစက ယုံကြည်ချက်အပြည့်ရှိနေ သော လေလံပစ်သူအလှလေးသည် ဖြူဖျော့လာသည်။ သို့သော် ကဒ်မှာ စင်ပေါ်သို့ပျံသွားသည်နှင့် ၎င်းသည် တဖြည်းဖြည်းနှင့် အထွတ်အမြတ်သားရဲ ၏ အတွင်းအမြုတေဘေးသို့ ဆင်းသက်လေသည်။

ထိုပြသမှုသည် ပတ္တမြားထရီလီယံထက်ပင် ပို၍ကြောက်ဖို့ကောင်းသည်။ စီရင်ချက်ဗိမာန်မှလူများကို ကြည့်လိုက်ချိန်တွင် ဟာသတစ်ခုလိုဖြစ်နေသည်။ အမှောင်နတ်မိစ္ဆာခန်းမနှင့် ရန်သူဖြစ်သည်ဟု အမြဲတမ်းကြွားဝါတတ်သော စီရင်ချက်ဗိမာန်သည် ထိုလူလေးယောက်ရှေ့တွင် လက်တစ်ချောင်းပင် မလှုပ်ရဲတော့ပေ။

“အထဲမှာ ပတ္တမြား ၁ ထရီလီယံရှိတယ်၊ အထွတ်အမြတ်သားရဲ အမြုတေ က သခင်ကြီးပေထင်းဟွမ် ၁၅ နှစ်ပြည့်မွေးနေ့အတွက် ငါတို့နတ်မိစ္ဆာသခင်က လက်ဆောင်ပေးတာ၊ ကျေးဇူးပြုပြီး ပေးလိုက်ပါ” အနက်ရောင်ဝတ်ထားသော လူသည် ပြောပြီးသည်နှင့် ပေထင်းဟွမ်ရှိရာဘက်သို့ ဦးညွှတ်လေသည် “မင်းရဲ့ ဂုဏ်သရေက တစ်သက်လုံးမြဲသွားပါစေလို့ နတ်မိစ္ဆာသခင်ကပြောလိုက်တယ်.. ငါတို့လက်ဆောင်ကို အထင်မသေးဖို့မျှော်လင့်ပါတယ်”

All Chapters