မင်းလိုချင်တဲ့ပစ္စည်းထွက်လာပြီ
Vol. 35 Ch. 693
အထင်မသေးနဲ့ဟုတ်လား။ သေစမ်း၊ ဒီစကားတွေက ဘာလို့ ငေါ့သလို ဖြစ်နေတာလဲ။ အထွတ်အမြတ်သားရဲရဲ့ အတွင်းအမြုတေကို ဘယ်သူက အထင်သေးမှာလဲ။ နတ်လက်နက်ကို ဘယ်သူက ငြင်းမှာလဲ။
ပြီးတော့ နတ်မိစ္ဆာခန်းမရဲ့ နတ်မိစ္ဆာသခင်က အထွတ်အမြတ်သားရဲ အတွင်းအမြုတေကို သခင်ပေထင်းဟွမ်အတွက် ၁၅ နှစ်ပြည့်မွေးနေ့ လက်ဆောင်အဖြစ်ပေးခဲ့တာလေ။ ဒါက ဘာအဓိပ္ပာယ်လဲ။
အစမှအဆုံးထိ အမှောင်နတ်မိစ္ဆာခန်းမမှ လူများသည် မလှုပ်ကြပေ။ နောက်ဆုံးအချိန်မှပင် အထွတ်အမြတ်အတွင်းအမြုတေအတွက် များပြားလှ သောပမာဏကိုသုံးခဲ့သည်။ သို့သော် သူတို့သည် ထိုပစ္စည်းကို ပြန်ပေးခဲ့သည်။
အားလုံးသည် အမှောင်နတ်မိစ္ဆာခန်းမမှ လူလေးယောက်အကြောင်းကို အလွန်သိချင်နေကြသည်။ သို့သော် ထိုလေးယောက်သည် အနက်ရောင်ဝတ်ရုံ ဖြင့် ခေါင်းအစခြေအဆုံးဖုံးထားရာ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူတို့၏ ရောင်ဝါများကို ဖုံးအုပ်ထားရာ လုံးဝအကဲခတ်၍မရပေ။ သူတို့သည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သည်။
ယန်ချင်းသည် ထိုလူလေးယောက်ကို အလွန်မုန်းတီးသည်။ သူ့လက်ထဲ မှရတနာ အလုခံလိုက်ရရုံတင်သာမကဘဲ တစ်ဖက်လူ၏ နောက်ခံကိုလည်း မဖော်ထုတ်နိုင်ပေ။ သူပြန်ရောက်လျှင် မည်သို့ရှင်းပြရတော့မည်နည်း။ သူသည် မိန်းကလေး၏ နည်းလမ်းနှင့် တစ်ခုမဟုတ်နှစ်ခုဖော်ထုတ်နိုင်မလား ဟု သူတော်စင်မယဲ့ဟွာကိုကြည့်လိုက်သည်။
ယဲ့ဟွာသည်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော လူလေးယောက်ကို သိချင်နေသည်။ ထိုလေးယောက်သည် သူတို့၏ရောင်ဝါကို ဖုံးအုပ်ထားရန်နှင့် သရုပ်မှန်ခွဲမရအောင် ဝိညာဉ်လက်နက်တစ်ခုခုသုံးထားခြင်းဖြစ်မည်။ သူမ ရှေ့သို့လျှောက်သွားသည်။ သူမသည် သူတို့၏မျက်ခုံးများကို ရှင်းရှင်းလင်းလင်း မြင်ရလျှင်တောင် အသုံးဝင်နိုင်သည်။
မထင်မှတ်စွာပင် ယဲ့ဟွာ သူတို့အနားသို့မရောက်ခင် သူတို့လေးယောက် သည် နေရာမှထသွားကြသည်။ ခြေတစ်လှမ်းနှင့်အတူ သူတို့သည် လေလံပွဲ ခန်းမဝင်ပေါက်သို့ရောက်သည်နှင့် ပေထင်းဟွမ်ရှိရာဘက်သို့ ဦးညွှတ်ပြီး ထွက်သွားကြလေသည်။
ပေထင်းဟွမ်သည် ကြက်သေသေနေသည်။ ဘာတွေဖြစ်သွားတာလဲ။ သူမက အဲလူတွေကို သိတောင်မသိဘူး။ အမှောင်နတ်မိစ္ဆာခန်းမက သူမကို ခေါ်ချင်ရင် အစကနေ အဆုံးထိ အရိပ်အယောင်ပေးမှာမဟုတ်ဘူး။ ပေထင်းဟွမ်သည် ဤကဲ့သို့ ဈေးကြီးသော လက်ဆောင်ကိုလက်မခံရဲပေ။
“ယန်ယဲ့ နတ်မိစ္ဆာသခင်ပေးတဲ့ လက်ဆောင်ကို လက်ခံသင့်လား လက်မခံသင့်ဘူးလား” ပေထင်းဟွမ်သည် ယန်ယဲ့ဆီသို့ ပြုံးပြီးချည်းကပ်သွား ကာ ခက်ခဲလှသော မေးခွန်းမေးလေသည်။ ထိုလူသည် တိုက်ကြီးပေါ်မှ အင်အားစုများ၏ ခေါင်းဆောင်များကိုသိသဖြင့် နတ်မိစ္ဆာသခင်ကြီးကိုလည်း ကောင်းကောင်းသိလိမ့်မည်ဟု သူမ သေချာနေသည်။ ထိုလူသည် မြေခွေးတစ် ကောင်ကဲ့သို့ ကောက်ကျစ်သည်။ အန္တရာယ်ကို အကဲဖြတ်ရန် သူ့အတွက် အသင့်တော်ဆုံးဖြစ်သည်။
ယန်ယဲ့သည် ထိုမေးခွန်းနှင့် အရင်ဆုံးချည်းကပ်လာလိမ့်မည်ဟု ထင်မထားပေ။ သူသည် အလွန်ပျော်ရွှင်သည်။ သူ ပေထင်းဟွမ်အား ပြုံးပြပြီး သူမ၏ ခေါင်းကို ချစ်မြတ်နိုးစွာဖြင့် ပွတ်သပ်လိုက်သည်။ ထိုငရဲဆန်သည့် လူ၏ အေးစက်သည့်မျက်လုံးကို ကြည့်ရသည်မှာ စူးရှလှသည်။ “သေချာပေါက် ယူရမှာပေါ့၊ သူများက မင်းကို စိတ်ရင်းနဲ့ပေးတာပဲ၊ စိတ်ချလက်ချနဲ့ လက်ခံ လိုက်”
“ဟင်” ပေထင်းဟွမ်သည် မယုံနိုင်ပေ။ သူမသည် မျက်ခုံးများကိုပင့်ကာ ယန်ယဲ့အားကြည့်လိုက်သည်။ သူသည် သူ၏ဆွဲဆောင်မှုရှိလှသော ခရမ်းရောင် မျက်လုံးများဖြင့် တည်ငြိမ်စွာကြည့်ပြီး ပြောလေသည် “မင်းကြည့်ချင်တာကို ငါ ကြည့်ခွင့်ပြုမှာပါ” ပေထင်းဟွမ်သည် ဘာမှမပြောနိုင်တော့ပေ။ သို့သော် စဉ်းစားကြည့်ရာ ဈေးကြီးသည့်လက်ဆောင်ကို ပေါ်တင်လက်ခံသည်မှာ ထိုလူ ၏ ပုံစံဖြစ်သည်။ သူမ ခေါင်းညိတ်လိုက်သည် “ကျွန်တော့်ကိုလက်ခံခိုင်းတာ ခင်ဗျားနော်၊ နတ်မိစ္ဆာသခင်က အာမခံလက်မှတ်ထိုးစေချင်ရင် ခင်ဗျားလည်း ထိုးရမယ် အဖော်လုပ်ပေးမှာမဟုတ်ဘူး”
ဟာသတစ်ခုပင်။ ပတ္တမြား ၁ ထရီလီယံ။ ၎င်းသည် ရွှေဒင်္ဂါးများဆိုလျှင် သူမ လက်ရှိတွင် အားထုတ်နိုင်သည့်အရာမဟုတ်ပေ။ တစ်ဖက်လူသည် အမှောင်နတ်မိစ္ဆာခန်းမဆိုလျှင်တောင် ကစားရန် ပိုက်ဆံအမြောက်အများ သုံး မည်မဟုတ်ပေ။
“ဟူး အဟွတ် အဟွတ် အဟွတ်” ယန်ယဲ့သည် လက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်လိုက်သည်။ သူသည် စုတ်သောက်နေရာမှ ပြန်အန်ထွက်တော့ မလိုပင်။ သူသည် ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ ချောင်းဆိုးလေသည်။ ဒီကောင်မလေးတော့ စကားနာမထိုးလို့မရဘူးလား။ သူသည် နှင်းဖြူရောင် လက်ကိုင်ပုဝါထုတ်ကာ ပါးစပ်ထောင့်ကို တင့်တယ်စွာသုတ်လိုက်သည်။ သူ၏ အပြုအမူသည် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ကာ မျိုးရိုးမြင့်များထက်ပင် ပို၍ တင့်တယ်လေသည်။ သူသည် အောက်မှ လေလံပွဲရင်ပြင်ကို ညွှတ်ပြလေသည် “ကြည့်လိုက်.. မင်းအလိုချင်ဆုံးပစ္စည်းထွက်လာပြီ”