မူလအရည်၊ စီရင်ချက်ဗိမာန်အား ချေမွလိုက်ခြင်း
Vol. 35 Ch. 694
အဖြစ်အပျက်များသည် ရုတ်တရက်ဆန်ပြီး အထူးသဖြင့် ထူးဆန်းနေ သော်လည်း ပေထင်းဟွမ်သည် ထိုအမျိုးသားလေးယောက်ကို ရင်းနှီးနေသလို ခံစားရသည်။ ယန်ယဲ့ရှိနေသဖြင့် ပေထင်းဟွမ်သည် များများစားစား တွေးမနေ တော့ပေ။ ပြဿနာမရှိနိုင်ဟု သူပြောသဖြင့် သူမ မလိုအပ်ဘဲ စိတ်ပူနေရန် မလိုပေ။
ပြသထားသောစင်ပေါ်ရှိ အနီရောင်ကတ္တီပါဗန်းထဲတွင် ထိုးဖောက်မြင် နိုင်သော ကျောက်စိမ်းပုလင်းသည် အပြာနုရောင်အရည်များဖြင့် ပြည့်သွားလေ သည်။ တလက်လက်ထနေသော ငွေရောင်အလင်းများနှင့် များပြားလှသော စွမ်းအင်များသည် ချိပ်စည်းပိတ်ထားသည့် ကျောက်စိမ်းပုလင်းကိုဖြတ်ပြီး လျှံထွက်လာသည်။ ကြီးမားသောလေလံခန်းမကြီးသည် ထိုအားကောင်းမှုများ နှင့် ပြည့်သွားသော်လည်း နွေးထွေးသော စွမ်းအင်ဖြစ်ရာ အားလုံးကို လန်းဆန်း သွားစေသည်။
ပေထင်းဟွမ်သည် ပြန်ပြီးစိတ်လှုပ်ရှားလာသည်။ ရာယာအင်ပါယာ၏ တော်ဝင်လေလံပွဲသည် ဂုဏ်သတင်းနှင့်ထိုက်တန်သည်။ အဆုံးမရှိသော ရတနာများပါဝင်သည်။ နှစ်စဉ်နှစ်တိုင်း နောက်ဆုံးပစ္စည်းသည် ယန်းမြို့တော် မှ ဤတိုက်ကြိးကိုပေးထားသည့် တန်ဖိုးကြီးမူလအရည်ဖြစ်သည်။
ယန်းမြို့တော်မှ လေလံပစ်သည့် မူလအရည်၏ သန့်စင်မှုသည် တိုက်ကြီး ပေါ်ရှိ မူလအရည်များအကြားတွင် အမြင့်ဆုံးဖြစ်သည်ကို အားလုံးသိကြသည်။ လေလံပွဲမှရလာသော ပိုက်ဆံသည်လည်း ရာယာအင်ပါယာ၏တော်ဝင်မိသား စုဆီသို့ စီးဆင်းသည်။ အကြောင်းမှာ ညအရှင်သခင်သည် ရာယာအင်ပါယာ၏ တော်ဝင်မိသားစုဝင်ဖြစ်သောကြောင့်ဟု ဆိုကြသည်။
၎င်းသည် နောက်ဆုံးရတနာဖြစ်သည်။ လေလံပစ်သူသည် စိတ်အေးနေပုံ ပေါက်သည်။ သူမသည် စားပွဲပေါ်မှ ကျောက်စိမ်းပုလင်းကိုကောက်ကာ လေလံ ခန်းမတစ်ခုလုံးကို ပြသလေသည်။ အားလုံး၏ နှလုံးသားသည် လည်ချောင်းထိ တက်လာကာ လေလံပစ်သူသည် လက်ချော်ပြီး ကျောက်စိမ်းပုလင်းကို ခွဲလိုက်မိမည်ကို စိုးရိမ်နေကြသည်။
“အားလုံးပဲ ကြည့်ကြပါ၊ ဒါက ဒီနှစ်လေလံပွဲအတွက် ယန်းမြို့တော်က ပေးတဲ့ မူလအရည် ၁၀ စက်ပါ၊ ခေါ်ဈေးက နှစ်တိုင်းမပြောင်းလဲပါဘူး၊ ပတ္တမြား ၁ ဘီလီယံပါ၊ စပြီးဈေးခေါ်လို့ရပါပြီ” လေလံပစ်သူအလှလေးသည် လက်ကိုဆန့်ထုတ်ကာ ဝယ်သူများကို အချက်ပြလိုက်သည်။
မူလအရည် ၁ စက်၏ဈေးကွက်တွင်း ဈေးနှုန်းသည် ပတ္တမြား ၁ ဘီလီယံ ဖြစ်သည်။ သို့သော် မူလအရည် ၁၀ စက်၏ ခေါ်ဈေးသည် ဈေးကွက်ဈေးနှုန်း ထက် များစွာနိမ့်သည်။ ငွေလရောင်အင်ပါယာမှ လေလံပစ်သည့် မိန်းကလေး အစေခံ ခေါ်ဈေးနှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။ အားလုံးသည် ယန်းမြို့တော် ကို မြင့်မြတ်လှသည်ဟု မမျှော်လင့်ကြဘဲ တာဝန်ယူထားသူမှာ ဤပြည်မကြီး တွင် နတ်ဘုံကျွမ်းကျင်သူဖြစ်လိမ့်မည်ဟု ထင်ကြသည်။ ထိုလူသည် ဤပြည်မ ကြီးနှင့်ပတ်သက်၍ ခံစားချက်များစွာရှိလိမ့်မည်ဟု အားလုံးမမျှော်မှန်းထားကြ ပေ။ အရာအားလုံးသည် ညအရှင်သခင်ကြောင့်ဖြစ်သည်။
“ပတ္တမြား ၂ ဘီလီယံ” တခြားသူမှ မူလအရည်ကိုလုသွားမည်ကို စိုးရိမ် သဖြင့် စီရင်ချက်ဗိမာန်မှအကြီးအကဲ ၂ သည် ချက်ချင်းပင် လေလံစက်ကို နှိပ် ပြီး ခေါ်ဈေးကို ၂ ဆမြှင့်လိုက်သည်။
ပေထင်းဟွမ်သည် နှာမှုတ်ပြီး လေလံစက်ကို လက်ဖဝါးဖြင့် နှိပ်လိုက် သည်။ ထိပ်တန်းအထူးခန်း၏ လေလံဘုတ်ပြားပေါ်တွင် ဈေးနှုန်းပေါ်လာသည် “ပတ္တမြား ၄ ဘီလီယံ”
ထိုလူသည် ညအရှင်သခင် မဖြစ်နိုင်ပေ။ ညအရှင်သခင်သာ မူလအရည် ကိုလိုချင်လျှင် လေလံအိမ်ကိုလာရန်ပင်မလိုပေ။ ထို့အပြင် မူလအရည်သည် ကောင်းသော်လည်း ပထမဆုံးသုံးသည့်အချိန်သာ အသုံးဝင်သည်။ အသုံးများ လျှင်လည်း မည်သည့်သက်ရောက်မှုမှမရှိပေ။
သို့ဆိုရာ လေလံဆွဲသူသည် သခင်ပေထင်းဟွမ်ဖြစ်နိုင်သည်။
“သခင်ပေထင်းဟွမ်ပဲ၊ သခင်ပေထင်းဟွမ်ဆိုမှတော့ ငါတို့လည်း သူနဲ့ အတူလိုက်ဈေးပေးလိုက်ရမလား”
“မင်းက ရူးနေတာလား သခင်ပေထင်းဟွမ်မှာ ပတ္တမြား ၁ ထရီလီယံရှိ တယ်၊ မင်းမှာရှိလို့လား”
“သခင်ပေထင်းဟွမ်က အခု အဆင့်မြင့်ကြယ်ဓားဝိညာဉ်သခင်ဖြစ်နေပြီ၊ သူက မူလအရည်နဲ့ ဝိညာဉ်သခင်ကြီးအဆင့်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာ လား၊ မိုးနတ်မင်းရေ သူက ၁၄ နှစ်အရွယ် ဝိညာဉ်သခင်ကြီးဖြစ်တော့မှာပဲ၊ သူက ဒီလောက်ကြောက်ဖို့ကောင်းတာလား”
“မင်း သိရင်လည်းကောင်းတာပဲ၊ ကြည့်ရတာ သခင်ပေထင်းဟွမ်က မူလအရည်ရဖို့ စိတ်ပိုင်းဖြတ်ပြီးပြီထင်တယ်၊ သူ့ကို မပြစ်မှားနဲ့တော့”
ပေထင်းဟွမ် လေလံခလုတ်ကိုနှိပ်ပြီးသည်နှင့် မည်သူမှ လိုက်မလာကြ တော့ပေ။ ရင်ပြင်ထဲမှ ဆွေးနွေးချက်များကိုကြားပြီးနောက် ယန်ချင်းသည် သွေးအန်ချင်လာသည်။ သူသည် အထွတ်အမြတ်သားရဲအတွင်းအမြုတေကို ဆုံးရှုံးရပြီးပြီ။ မူလအရည်ကိုတော့ လက်လွှတ်ခံမည်မဟုတ်ပေ။ သူသည် လေလံခလုတ်ကို စိတ်ဆိုးမာန်ဆိုးနှင့် နှိပ်ပြီး ဒေါသတကြီးအော်လိုက်သည် “၄.၁ ဘီလီယံ”
“၈.၂ ဘီလီယံ”
ကြည်လင်သောအသံသည် အသံချဲ့စက်မှထွက်လာရာ ခန်းမတစ်ခုလုံး ချက်ချင်းပင် ပေါက်ကွဲသွားလေသည်...