သခင်ပေထင်းဟွမ်နဲ့ ရန်မဖြစ်နဲ့
Vol. 35 Ch. 695
သူ၏ လွှမ်းမိုးနိုင်သောအသံနှင့် ရဲတင်းမှုသည် ခန်းမထဲမှ အမျိုးသားငယ် အမျိုးသမီးငယ်တို့ကို ထကာ ထိပ်တန်းအထူးခန်းဆီသို့ ကြည့်စေသည်။ သူတို့ သည် ပေထင်းဟွမ်ကို ချက်ချင်းတွေ့ရန် မစောင့်နိုင်တော့ပေ။ သူတို့အကြား တွင် သလင်းကျောက်နံရံရှိသော်ငြား သူမ၏ရောင်ဝါသည် သူတို့၏ ခံစားချက် များကို မွှေနှောက်နိုင်သည်။
“တကယ်ကြီး သခင်ပေထင်းဟွမ်ပဲ၊ သူပဲ ကောင်းလိုက်တာ သခင် ပေထင်းဟွမ်ပဲ၊ နောက်ဆုံးတော့ ငါတို့ ၁၄ နှစ်အရွယ် ဝိညာဉ်သခင်ကြီးကို တွေ့ရတော့မယ်”
“သခင်ပေထင်းဟွမ်နဲ့ပြိုင်ပြီး လေလံဆွဲတဲ့သူကတော့ မြည်းအကန်ခံရ တာပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ စီရင်ချက်ဗိမာန်ကလူတွေက အကုန်လုံး ငတုံး တွေချည်းပဲ၊ ဒီမူလအရည်က နှစ်တိုင်းလေလံဆွဲနေတာပဲ၊ နောက်တစ်နှစ် စောင့်လိုက်ရင် သူတို့က သေသွားမှာတဲ့လား၊ သခင်ပေထင်းဟွမ်က ရဖို့မလွယ် တာကို သူတို့က အတင်းလိုက်လုနေတယ်”
“အင်း ဟုတ်တယ်၊ သူက တော်တော်ရူးနေတာပဲ၊ သူ ပြဿနာရှာတဲ့ချိန် တိုင်း ပေထင်းဟွမ်က နတ်ဘုရားရဲ့ဂုဏ်သရေကြောင့် တောက်ပနေတာလား လို့ ပြောနေသလိုပဲ၊ သူက ဘာလို့သခင်ပေထင်းဟွမ်ကို လိုက်တိုက်ခိုက်နေတာ လဲ”
ခန်းမထဲတွင် အသံမထွက်လာခြင်းမဟုတ်ပေ။ အားလုံးသည် ကျိန်ဆဲနေ ခြင်းပင်။ အတွေ့အကြုံမရှိသော အမျိုးသားငယ်၊ အမျိုးသမီးငငယ်တို့သည် စီရင်ချက်ဗိမာန်၏ ယုံကြည်မှုများကြောင့် ဦးနှောက်ဆေးခံရခြင်းမျိုး မရှိခဲ့ပေ။ သူတို့သည် သူရဲကောင်းများနောက်ကိုလိုက်ပြီး ခွန်အားကို ထောက်ခံသည့် အရွယ်များဖြစ်ကြသည်။ ပေထင်းဟွမ်သည် သူတို့ထဲမှတစ်ယောက်ဖြစ်သလို လူငယ်မျိုးဆက်ထဲမှ သူရဲကောင်းဟု သူတို့ သိကြသည်။ သူမသည် ငယ်ငယ် ရွယ်ရွယ်နှင့် အားကောင်းသော ဂုဏ်သတင်းရှိသည်။ အရေးအကြီးဆုံးမှာ သူမ ဆီမှ သတ္တိနှင့် အကြောက်အလန့်ကင်းသော ဝိညာဉ်သည် သူတို့အားလုံးကို လေးစားစေသည်။
စီရင်ချက်ဗိမာန်တစ်ခုလုံးသည် တိုက်ကြီး၏ ပြည်သူ့ရန်သူဖြစ်လာသည်။ ဤကဲ့သို့သော အခမ်းအနားသို့ လာရောက်နိုင်သည့် အမျိုးသားငယ် အမျိုးသမီး ငယ်တို့သည် တိုက်ကြီးရှိ အင်အားစုများ၏ တိုက်ရိုက်ဆက်ခံသူများဖြစ်ကြ သည်ကို သိထားရမည်။ စီရင်ချက်ဗိမာန်မှလူများသည် ပေထင်းဟွမ်အား ဆန့်ကျင်ပြီး မူလအရည်ကိုလုကာ စော်ကားချင်နေကြသည်။
နတ်ဘုရားမအဖြစ် နှစ်ပေါင်းများစွာ နာမည်ရလာသော စီရင်ချက်ဗိမာန် ၏ သူတော်စင်မယဲ့ဟွာပင်လျှင် ဤတိုက်ကြီး၏ နတ်ဘုရားမမဖြစ်နိုင်တော့ ပေ။ တိုက်ကြီး၏ အမျိုးသားငယ် အမျိုးသမီးငယ်တို့သည် သူမနောက်သို့လိုက် ပြီး သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ် စံနမူနာထားတော့မည်မဟုတ်ပေ။ ပေထင်းဟွမ် မှာတော့ လူအများရှေ့ ပေါ်ထွက်လာသည်နှင့် လူအများ၏ နှလုံးသားကို အောင်နိုင်ပြီးသားဖြစ်သည်။ ယဲ့စွာသည် ဒေါသထွက်ရာ မျက်နှာပင်စိမ်းဖန့်လာ သည်။
“အားလုံးပဲ နားထောင်ကြပါ၊ ဒါက မျှတတဲ့ပြိုင်ပွဲပါ၊ အားလုံးက ကျင့်ကြံ သူတွေပဲ၊ အဲဒါကြောင့် ကျင့်ကြံသူတွေက ခွန်အားနောက်လိုက်ကြတယ်ဆိုတာ သိသင့်တယ်၊ စီရင်ချက်ဗိမာန်က မူလအရည်ကိုလိုချင်တယ်ဆိုတာက တိုက်ကြီးအတွက် နတ်ဘုရားရဲ့တမန်တော်ကို ပျိုးထောင်နိုင်ဖို့ပဲ၊ စီရင်ချက် ဗိမာန်ကို စောဒကမတက်ကြပါနဲ့” ယဲ့ဟွာသည် မတ်တတ်ရပ်ကာ မျက်နှာမှာ ပြုံးထားပြီး ပေထင်းဟွမ်အတွက် ပုန်ကန်ချင်ကြသည့် လူငယ်များကို ချော့မော့ ရန် ကြိုးစားလေသည်။
ထိုအခိုက်အတန့်တွင် ယဲ့ဟွာသည် ပေထင်းဟွမ်၏ ဘိုးဘေး ၁၈ ဆက် လောက်ကို စိတ်ထဲမှကျိန်ဆဲပြီးဖြစ်သည်။ ထိုကောင်လေးသည် လူအများ၏ နှလုံးသးကို မည်သို့သိမ်းပိုက်လိုက်သည်ကို သူမ တကယ်မသိတော့ပေ။ ယဲ့ဟွာ သည် အသက်ပြင်းပြင်းရှူလိုက်သည် “နတ်ဘုရားရဲ့အလင်းအောက်မှာ ကျွန်မ တို့က အလင်းနောက်ကိုလိုက်တဲ့ နတ်သမီးတွေပဲ၊ အားလုံးအခုမြင်တဲ့အတိုင်း ပဲ ပေထင်းဟွမ်က အမှောင်နတ်မိစ္ဆာခန်းမနဲ့ အနေနီးတယ်၊ မဟုတ်ရင် နတ်မိစ္ဆာသခင်က သူ့ကို ၁ ထရီလီယံပေးမှာမဟုတ်..”
ယဲ့ဟွာ စကားမဆုံးခင်မှာပင် တိုက်ကြီး၏ အဓိကကုန်သွယ်ရေးခန်းမ သုံးခုထဲမှ တစ်ခုဖြစ်သည့် ကုန်သွယ်ရေးခန်းမအပြာမှ လူငယ်တစ်ယောက် သည် ရှေ့တိုးလာသည် “သူတော်စင်မယဲ့ဟွာ၊ သူများကို မယိုးစွပ်ပါနဲ့၊ တခြား သူတွေက မင်းကိုပဲ လေးစားရမယ်လို့ထင်နေတာလား၊ အမှောင်နတ်မိစ္ဆာခန်းမ က လူတွေက သခင်ပေထင်းဟွမ်ကို လေးစားလို့မရဘူးလား၊ ပြီးတော့ သခင် ပေထင်းဟွမ်က အမှောင်နတ်မိစ္ဆာခန်းမနဲ့ ရင်းနှီးတော့ ဘာဖြစ်လဲ၊ သခင် ပေထင်းဟွမ်က သူ့ယုံကြည်မှုသူရွေးခွင့်မရှိဘူးလား”
“ဟုတ်တယ် ဘာတရားမျှတဲ့ပြိုင်ပွဲတွေလာပြောနေတာလဲ၊ ကံကောင်း လို့ နတ်မိစ္ဆာခန်းမက နတ်မိစ္ဆာသခင်က အထွတ်အမြတ်သားရဲအမြုတေကို ၁ ထရီလီယံနဲ့နိုင်သွားတာ၊ မဟုတ်ရင် သခင်ပေထင်းဟွမ်က ဘယ်လိုလုပ် မင်း တို့နဲ့ မူလအရည်ကို ပြိုင်ဝယ်နိုင်မှာလဲ”
“ဟုတ်တယ်၊ သခင်ပေထင်းဟွမ်က တစ်ယောက်တည်း၊ စီရင်ချက်ဗိမာန် က အဖွဲ့လိုက်ကြီး၊ ဒါကိုဘယ်လိုလုပ် တရားမျှတတဲ့ ပြိုင်ပွဲလို့ပြောရတာလဲ၊ စီရင်ချက်ဗိမာန်ကလူတွေက အရှက်မရှိကြဘူးလား”