မူလအရည်၊ ရရှိခြင်း
Vol. 35 Ch. 696
လေလံခန်းမသည် ဟိန်းထွက်သွားသည်။ အကြီးအကဲ ၂ ၏ မျက်နှာသည် ပိုပိုပြီးမည်းလာကာ သူတော်စင်မယဲ့ဟွာအား စိတ်ပျက်သောမျက်လုံးများဖြင့် ကြည့်လေသည်။ ဤနှစ်များစွာတွင် သူမသည် နတ်ဘုရားမအနေနှင့် တိုက်ကြီး ပေါ်မှလူငယ်များ၏ နှလုံးသားကိုရရန် စီရင်ချက်ဗိမာန်သည် ငွေကြေး အမြောက်အများ သုံးခဲ့သည်။ ဤမိန်းကလေးသည် အသုံးမကျလိမ့်မည်ဟု သူ ထင်မထားပေ။
ပြီးတော့ တိုက်ကြီးပေါ်က လူငယ်တွေက ရူးသွားကြတာလား။ အမှောင် နတ်မိစ္ဆာခန်းမက နတ်မိစ္ဆာသခင်ကြီးက အထွတ်အမြတ်အတွင်းအမြုတေကို မရရင် သခင်ပေထင်းဟွမ်က မူလအရည်အတွက် စီရင်ချက်ဗိမာန်နဲ့ ပြိုင်မလု နိုင်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ စီရင်ချက်ဗိမာန်က အတွင်းအမြုတေရဖို့ ပိုက်ဆံသုံးဖို့မလိုတာလား။
ပြီးတော့ စီရင်ချက်ဗိမာန်က အဲဒီအမြုတေကိုရရင် အခုဘယ်လိုဖြစ်မှာ လဲ။
သို့သော် ထိုစကားများသည် ပေထင်းဟွမ်အား ရူးသွပ်သများအတွက် အဓိပ္ပာယ်မရှိလှပေ။ သုန်မှုန်သောမျက်နှာထားဖြင့် သူသည် လေလံခလုတ်ကို နှိပ်ပြီး စူးရှသောအသံဖြင့် အော်လိုက်သည် “ပတ္တမြား ၈.၃ ဘီလီယံ”
သူ စကားမဆုံးခင်မှာပင် ခန်းမထဲမှ ကျိန်ဆဲသံများသည် ပိုပိုပြီးကျယ် လောင်လာသည်။ သည်းမခံနိုင်သောအသံများသည် စီရင်ချက်ဗိမာန်နေရာအား လွှမ်းမိုးလုနီးပါးပင်။ အကြီးအကဲ ၂ သည် သွေးအန်မိလောက်အောင်ပင် ဒေါသ ထွက်လေသည် “သေစမ်း ဒီအဘိုးကြီးက ဈေးပေးပြန်ပြီလား၊ သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
“အဲဒီအဘိုးကြီးကို သတ်လိုက်ကြမ်းပါ၊ သူသာ သခင်ပေထင်းဟွမ်နဲ့ ဈေးပြိုင်ပေးရဲသေးရင် ဒီနေ့ ရင်ပြင်ထဲက စီရင်ချက်နတ်ဘုရားရုပ်ထုကို ဖျက်ပစ်မယ်”
“ဟုတ်တယ် ဖျက်ပစ်မယ်”
“စီရင်ချက်နတ်ဘုရားကို ဖျက်ပစ်မယ်”
အသံများတညီတညာတည်း လေလံခန်းမထဲတွင် ပေါ်ထွက်လာသည်။ အားလုံးသည် သွေးဆူကြသည့်လူငယ်များဖြစ်ကြသည်။ သူတို့သည် ထိုင်နေရာ မှထကာ ညာဘက်လက်သီးကိုဝေ့ကာ စီရင်ချက်ဗိမာန်ရှိရာဘက်သို့ ကြိမ်းမောင်းလေသည်။ သူတို့၏ လက်ဆွဲဆောင်ပုဒ်သည် “စီရင်ချက် နတ်ဘုရားကို ဖျက်မယ်”
နှစ်ပေါင်း တစ်သောင်းအတွင်း ပထမဆုံးအနေနှင့် စီရင်ချက်ဗိမာန်သည် လူအများ၏ ပစ်မှတ်ဖြစ်လာသည်။ ဤကိစ္စသာ ကြယ်တာရာလခြမ်းလေဟာ နယ်သို့ ပြန့်သွားပါက အကြီးအကဲ ၂ သည် အကြီးအကဲအဖွဲ့အစည်းတွင် အခက်တွေ့မည်ဖြစ်သည်။ အကြီးအကဲ ၂ ရာထူးပင် ထိန်းသိမ်းရန် ခက်သွား မည်။ ထို့အပြင် ဤကဲ့သို့အရာသည် စီရင်ချက်နတ်ဘုရားအား ယုံကြည်မှုကို မှေးမှိန်သွားစေသည်။ နတ်သခင်ပင်လျှင် ထိုလေဟာနယ်မှလူများကို အဖြေ ပေးရန် ခက်သွားသည်။
ဤအခိုက်အတန့်တွင် စီရင်ချက်ဗိမာန်မှလူအားလုံးသည် ပေထင်းဟွမ် အား အရိုးထဲမှ မုန်းတီးမိသည်။ အတွေးများသာ လူသတ်နိုင်ပါက ပေထင်းဟွမ် သည် အကြိမ်ပေါင်းတစ်ထောင်ကျော်ကြာအောင် သေနိုင်သည်။
“၈.၄ ဘီလီယံ” အံ့အားသင့်လောက်စရာပင် ပေထင်းဟွမ်သည် ဈေးကို နှစ်ဆမပေးပေ။ သူမ ပြုံးပြီးပြောလိုက်သည် “အကြီးအကဲ ၂ ဆက်ချင်သေး လား၊ ဆက်ချင်ရင် ပိုပြီးဒဲ့တိုးပဲလုပ်ကြတာပေါ့၊ နောက်လည်းကျနေပြီ ကျွန်တော်လည်းတခြားလုပ်စရာတွေရှိသေးတယ်၊ မနက်ဖြန်က ကျောင်းပြိုင်ပွဲ ဆိုတာသိမှာပါ၊ ကျွန်တော် အချိန်မဖြုန်းနိုင်ဘူး”
“ကောင်းလိုက်တာ၊ မနက်ဖြန် သခင်ပေထင်းဟွမ်ကို ကွင်းထဲမှာတွေ့ရ တော့မယ်”
“ဟားဟားဟား သခင်ပေထင်းဟွမ် ငါ့စံပြပုဂ္ဂိုလ် မင်းကို သေလောက် အောင်ချစ်တယ်”
“စီရင်ချက်ဗိမာန် သွားလိုက်တော့၊ မူလအရည်က သခင်ပေထင်းဟွမ်ရဲ့ အပိုင်ပဲ၊ ကျုပ်တို့ သခင်ပေထင်းဟွမ်ကို ထောက်ပံ့တယ်၊ ကျုပ်တို့ ပြိုင်ပွဲကြည့် ဖို့ မြို့တော်မှာနေခဲ့မယ်”
ယန်ချင်းသည် ပါးစပ်အဟောင်းသားဖြစ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူ လိုက်သည်။ သူသည် ဒေါသတကြီးမတ်တတ်ရပ်ကာ ပေထင်းမိသားစုအား စိုက်ကြည့်လေသည် “သခင်ကြီး ဒီနေ့ဖြစ်ခဲ့သမျှကို ပေထင်းမိသားစုက စီရင် ချက်ဗိမာန်ကို တရားဝင်ရှင်းပြချက်မပေးရင် စီရင်ချက်ဗိမာန် အပြစ်ပေးတာကို စောင့်နေမယ်”
“အပြစ်ပေးမယ်ဟုတ်လား” ပေထင်းဟွမ်သည် သလင်းကျောက်နံရံရှေ့ တွင်ရပ်လိုက်သည်။ ပေထင်းချင်း ပြောသည်ကိုပင် မစောင့်ဘဲ ကျယ်လောင်စွာ ပြောလိုက်သည် “ခင်ဗျားတို့နာမည်မှာ 'နတ်' ဆိုတဲ့နာမည်တပ်လိုက်တာနဲ့ နတ်ဘုရားဖြစ်ပြီလို့ထင်နေတာလား၊ ဘာနတ်ဘုရားလဲ၊ နတ်သခင်က ဘယ်လောက်ပဲ အားကောင်းပါစေ သာမန်ကျင့်ကြံသူတွေထက် သန်မာရုံပဲရှိ တယ်၊ အပြစ်ပေးတယ်ဆိုတဲ့စကားပြောပိုင်ခွင့်ရှိလား၊ ကောင်းကင်က သန်မာ တယ်၊ လူကြီးလူကောင်းတစ်ယောက်က တိုးတက်အောင်လုပ်ဖို့ ရပ်တန့်သွား မှာမဟုတ်ဘူး၊ နယ်မြေကကျယ်ပြန့်တယ် အမျိုးကောင်းသားက သီလရှိကြ တယ်၊ သူက ဘာမှပြန်မတောင်းဘဲပေးတာလေ၊ ဒါက စစ်မှန်တဲ့နတ်ဘုရားပဲ၊ မနက်ဖြန်ကျရင် အဲဒီနတ်သခင်ကိုသွားပြန်ပြောလိုက်၊ ပွဲကြီးပွဲကောင်း ကြည့်ဖို့ ဖိတ်ပါတယ်လို့...”